Pages

Translate

Wednesday, October 2, 2013

Sony Company ကတော့ လုပ်ချလိုက်ပြန်ပြီ (Sports W Series Waterproof MP3 Player)

ကမ္ဘာကျော် နည်းပညာ Company ဆိုနီ ကတော့ နားမှာတစ်ခါတည်း တပ်ဆင်လို့ရတဲ့ ရေစိုခံ Walkman (Sports W Series Waterproof MP3 Player) တစ်ခုကို ကြေညာပွဲထုတ်လိုက် ပါတယ်။ တစ်လက်စတည်း ပြောရမယ်ဆိုရင် ယနေ့ခေတ်မှာ လူတွေ သွားလေရာ သီချင်းနားထောင်နေကြခြင်းရဲ့ကနဦးအစ အိုင်ဒီယာဟာ Sony Walkman တွေကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။
 
အခု ထုတ်လုပ်လိုက်တဲ့ နားကြပ်ပုံစံ Walkman ကတော့ ရေကူးနေရင်းနဲ့တောင် သီချင်းတွေ နားဆင်နိုင်မှာ ဖြစ်တယ်လို့ SONY က ပြောကြားထားပါတယ်။ အဲဒီထဲမှာ သီချင်းပုဒ်ရေ နှစ်ထောင်ကျော်လောက် ဆန့်မယ့် 8GB Memory လည်း ပါဝင်တဲ့အပြင် နားကြပ်တွေဟာ ရေစိုခံပြီး အထူးကောင်းမွန်အောင် သေချာစီမံ ဖန်တီးထားတာ ဖြစ်ပါတယ်။ ရေအောက် အနက် နှစ်မီတာအထိ သွားနိုင်ပြီး ရောင်းဈေး ယူရို ၈၀လို့ သတ်မှတ်ထားကြောင်း သိရပါတယ်။ ကဲ… ဒီတော့ Music Crazy တွေ လက်မလွှတ်သင့်တဲ့ ရေစိုခံ Walkman လေး တစ်ခုပါ…

kangyi (MM Social Sky)
Ref: http://shannnews.blogspot.com

0 comments:

Post a Comment