Pages

Translate

Wednesday, October 2, 2013

အပူချိန် မြင့်တက်ခြင်းမှ ကာကွယ်ရန် Liquid Cooling စနစ် ထည့်သွင်းပေးထားတဲ့ NEC Medias X စမတ်ဖုန်း

အပူချိန် မြင့်တက်ခြင်းမှ ကာကွယ်ရန် Liquid Cooling စနစ် ထည့်သွင်းပေးထားတဲ့ NEC Medias X စမတ်ဖုန်း

သင့်အနေနဲ့ စမတ်ဖုန်းတွေမှာ CPU တွေကို မြန်နှုန်းမြှင့်ထားတဲ့ ကွန်ပြူတာတွေမှာလို ရေဖြင့် အအေးပေးစနစ် (liquid cooling system) လိုအပ်တယ်လို့ တွေးမိဖူးပါသလား။ မထင်ပါဘူး။ ပြဿနာမရှိပါဘူး။ ကျွန်တော်တို့ မြန်မာ့ စားသုံးသူလမ်းညွှန် အဖွဲ့သားများ အနေနဲ့လည်း လိုအပ်တယ်လို့ မထင်ပါဘူး။

ဒါ့ကြောင့်လည်း ဂျပန်အခြေစိုက် NEC ကုမ္ပဏီကနေ NTT Docomo ဆက်သွယ်ရေးအတွက် ထုတ်လုပ်ပေးထားတဲ့ Medias X N-60E စမတ်ဖုန်းမှာ liquid cooling system ပါဝင်တယ်လို့ ဆိုခဲ့တာကြောင့် အံ့အားသင့်ခဲ့ရပါတယ်။

အခြားတစ်ဖက်မှာလည်း ဒီစမတ်ဖုန်းဟာ liquid cooling system လိုအပ်တဲ့ မြန်နှုန်းမြှင့်ထားတဲ့ ပရော်ဆက်ဆာ တပ်ဆင်ထားတယ်လို့ မထင်လိုက်ပါနဲ့ဦး။ Medias X စမတ်ဖုန်းဟာ သာမန် 1.7 GHz Qualcomm Snapdragon 600 ပရော်ဆက်ဆာပဲ အသုံးပြုထားတာပါ။ ဒါ့ကြောင့် liquid cooling စနစ် မပါပဲနဲ့တောင် အပူချိန် မြင့်တက်လာစရာအကြောင်း မရှိပါဘူး။

ဒါဆိုဘာလို့များ ဒီဟာကြီးကို မလိုအပ်ပဲ ထည့်ထားသလဲလို့ မေးစရာ ရှိနေပါတယ်။ NEC ရဲ့ အဆိုအရတော့ ယနေ့စမတ်ဖုန်းတွေဟာ အသုံးပြုမှုများတဲ့အချိန်မှာ CPU ရဲ့ အပူချိန် မြင့်တက်လာလေ့ရှိပြီး သုံးစွဲမှုအပေါ် အနှောက်အယှက် ပေးနိုင်တာကြောင့် ယခုလို ထည့်သွင်းပေးထားခြင်းလို့ ဆိုပါတယ်။
 
 
 

0 comments:

Post a Comment