Pages

Translate

Friday, July 12, 2013

HTC Root လုပ်နည်းများ

RegawMOD EVO 4G LTE Rooter သုံးပြီး HTC EVO 4G LTE ကို Root နည်း


RegawMOD EVO 4G LTE Rooter သုံးပြီး HTC EVO 4G LTE ကို Root လို့ရတဲ့နည်းလေး မျှဝေချင်ပါတယ်..
ပထမဆုံး လိုအပ်တာလေးတွေ. ဒေါင်းပါ..
1. RegawMOD EVO 4G LTE Rooter For 32bit  HERE or HERE
    RegawMOD EVO 4G LTE Rooter For 64bit        HERE
2. HTC Driver
3. .Net Frame 4.0

ဒေါင်းပြီးသွားရင်.. Driver နဲ့ .Net 4.0 မရှိသေးသူက Install လုပ်လိုက်ပါအုံးနှော်..
ကဲ. စမယ်..
1. ကိုယ့် Windows OS အလိုက် RegawMOD EVO 4G LTE Rooter For 32bit (သို့မဟုတ်) RegawMOD EVO 4G LTE Rooter For 64bit ကို Run ပါ..
2. ဖုန်းကို USB Debugging နဲ့ Unknown Source ကို On ထားပြီး USB ကြိုးသုံးကာ ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ..
3. Driver ကိုသိတယ်. ဆိုရင် Computer မှာ ဖုန်းပုံတက်လာပြီး အဲဒီထဲမှာ ROOT ME ဆိုပြီး ပေါ်လာမှာဖြစ်ပါတယ်.. အဲဒါကိုနှိပ်လိုက်ပါ.. အဲဒီမှာ Warning တွေ တက်လာနိုင်ပါတယ်.. USB Debugging ကို On မထားတာတို့. Driver မသိတာတို့ပေါ့ဗျာ.. အားလုံး သိတယ် . ဆိုရင်တော့ အဆင်ပြေပါတယ်.. သူ့အလိုလိုလုပ်သွားပါလိမ့်မယ်.. နောက်ဆုံး ပြီးခါနီးလေးမှာ Root ပြီးကြောင်းကို Warning တက်သလို တက်လာမှာဖြစ်ပါတယ်.. ဒီအတိုင်းထားလိုက်ပါ.. ဖုန်းပုံမှာ အစိမ်းရောင်စာတွေ အလုပ်လုပ်ရင်း နောက်ဆုံးတော့ အားလုံးပြီးဆုံးသွားမှာဖြစ်ပါတယ်..


အဆင်ပြေပါစေခင်ဗျာ..


HTC တွေကို Root နိုင်တဲ့ HTC Super Tool v3.0 နဲ့ Root လုပ်နည်းအပြည့်အစုံ


ဒီ Root Tool ကတော့ HTC တွေအတွက် ထုတ်လုပ်ခဲ့တာဖြစ်ပြီး 2012 ထိ တွင်တွင်ကျယ်ကျယ်ပဲ အသုံးပြုခဲ့ကြတာပါ.. ခုနောက်ပိုင်းတော့ ဗားရှင်း အမြင့်တွေ ထပ်ထွက်လာတာ မတွေ့မိပါဘူး..
Forum-Xada က အာမခံပေးထားတဲ့ HTC တွေအရတော့-
HTC Sensation
Evo Design 4g
Evo 4g
Evo 3d
Evo Shift
G2
MT3Gs
MT4G
MT4Gs
Inspire
Sensation
Incredible
Wildfire S
Amaze - တွေကို HTC Super Tool နဲ့ Root အောင်မြင်ထားတယ်လို့ဆိုပါတယ်...

Download  HTC Super Root Tool v3.0 :


HTC Super Root Tool နဲ့ Root လုပ်နည်း
*****************************
1. ပထမဆုံးလိုအပ်တာက Driver ဖြစ်ပါတယ်..

Download Driver:

2. Driver တွေ တင်ပြီးသွားရင်တော့ ဖုန်းကို USB ကြိုးသုံးပြီးကွန်ပျူတာမှာ ချိတ်လိုက်ပါ..
ဖုန်းမှာ Unknown Source နဲ့ USB Debugging ကို On ထားဖို့တော့ လုံးမမမေ့စေလိုပါ.. ဖုန်းကို ကွန်ပျူတာက သိဖို့သိပ်အရေးကြီးပါတယ်..

3. အထက်ကအဆင့်တွေပြီးသွားရင် HTC Super Tool ကို Run လိုက်ပါ..
ပုံထဲကလို အမဲရောင်ပေါ်မှာ အပြာရောင်စာသားတွေနဲ့တက်လာမှာဖြစ်ပါတယ်...


  • 1 ကိုနှိပ်ပါ. အလုပ်လုပ်ပြီး ခဏနေရင် ဒီ Main Menu ကိုပြန်ရောက်လာပါမယ်..
  • 4 ကိုနှိပ်ပါ.. ( ဒါက S-Off လုပ်တာပါ.. S-Off လုပ်ပြီးသားဖုန်းဆိုရင် 4 ကိုနှိပ်စရာမလိုပါဘူး
  • 3 ကိုနှိပ်လိုက်ပါ.. ဒါဆိုရင် Root လုပ်သွားပါလိမ့်မယ်.. 
ဒါဆိုရင် ဖုန်းက သူ့အလိုလို Root သွားပြီး Restart ကျသွားပါလိမ့်မယ်.. ပြန်တက်လာလို့ App List မှာ Superuser တွေ့ရင် Root ပြီးပါပြီခင်ဗျာ...

* Bootloader Unlock လုပ်ဖို့လိုအပ်တဲ့ဖုန်းဆိုရင် 3 ကိုမနှိပ်ခင် 5 ကိုနှိပ်ခဲ့ရပါမယ်...


အဆင်ပြေပါစေ...


HTC Wildfire Root for HBoot 1.01.0002 S-ON

ဒီဖုန်း root လုပ်နည်းလေးက မေးထားတဲ့သူလဲများတယ် ဟိုနားမှာတွေ့ဒီနေမှာလည်း လုပ်နည်းလေးတွေ အကူညီတောင်း ထားတာလေး တွေ့လို့ရေးပေးလိုက်တာပါ ကြာတော့ကြာပါပြီ သုံးတဲ့သူလည်းရှားသွားပါပြီ လုပ်နည်းအဆင့်လေးတွေကများလို့ ရေးပေးလိုက်တာပါ။ လိုအပ်မဲ့ဖိုင်လေးတွေအရင်ဒေါင်းလိုက်ပါ့မယ်နော်။
HTC Driver
>> Download <<
Hboot Driver
>> Download <<
Revolutionary
>> Download <<
Buzzdrowngrade
>> Downlaod <<

su-2.3.6.1-ef-signed.zip

>> Download <<
အရင်ဆုံး Htc driver အရင်သွင်းထားပါ။  sd card 2 GB လောက်ကို fat32 နဲ့ format ရိုက်ပြီး ဖုန်းထဲထည့်ထားပါ။ ဖုန်းကို unknow source နဲ့USB Debugging On ပေးထားပါ။
ကွန်ပျူတာနဲ့ချိတ်ပါ ။ charging mode only ကိုရွေးပေးလိုက်ပါ။
 ပြီးရင်ဒေါင်းထားတဲ့ buzzdrowngrade ဖိုင်လေးကိုကိုဖြည်ပြီး အထဲက 1 bat ကို run လိုက်ပါ။


သူဖာသူလုပ်သွားပြီး buzz အောက်ဆင်းဖို့ gold card ဖိုင်ကိုဖွင့်ပါ run ထားတဲ့ဖိုင်ကိုမပိတ်ပါနဲ့။
ပြီးရင် gold card get cid ကိုနှိပ်လိုက်ပါ။ load လုပ်ပြီးတော့ နံပါတ်တွေ တတ်လာပါလိမ့်မယ် အဲဒီနံပါတ်တွေကိုကူးလိုက်ပါ ။
ပြီးရင် gold card ထဲကနေ သူဆိုက်ကိုသွားလို့ရမဲ့လိပ့်စာ link လေးကိုနှိပ်လိုက်ပါ ။ ရှာမတွေ့ရင်လည်း ဒီနေရာလေးကသွားလိုက်ပါ။  http://psas.revskills.de/?q=goldcard    cid ထည့်ပေးရမဲ့နေရာလေးမှာ  ခုနက ကူးထားတဲ့ cid လေးကို ထည့်ပေးလိုက်ပါ။ .bin လေးကို ဒေါင်းလိုပ်ဆွဲမလားမေးရင် ဆွဲလိုက်ပါ။ ပြီးရင် လူကူမဲ့ desktop တင်ထားလိုက်ပါ။ ပြီးရင်တော့ gold card ထဲက load ဖိုင်လေးကို နှိပ်ပြီး ဖုန်းရဲ့ အပေါ်ဘားလေးကိုဆွဲပြီး charging ကနေ disk drive ကိုပြောင်းပေးလိုက်ပါ။ success ဖြစ်သွားရင် ရပါပြီ။


ပြီးရင်တော့ 2 bat ကိုဆက် run ပေါ့နော်
 drowngrade ဆင်းသွားပါလိမ့်မယ်။ အမဲရောင် screen ပေါ်မှာ HTC ခဲရောင်စာလုံးနဲ့ အတန်းလေးသွားနေတာမြင်နေရမှာပါ ပြီးအောင်တော့ စိတ်ရှည်လက်ရှည်စောင့်ပေးပါ။ အာလုံးပြီးသွားရင်တော့ ဖုန်းက တတ်လာမှာပါ တတ်မလာရင်လည်း ပါဝါဖွင့်လိုက်ပါခင်ဗျာ။ ဒါဆိုရင်တော့ hboot 1.01.0001 သို့ဆင်းသွားပါပြီ အဲဒီ version ရောက်ရင်တော့ revolutionary.io မှာ ဖုန်းရဲ့ s:n/ လေးနဲ့ beta code လေးတောင်းရမှာပါ။ တောင်းရင်လည်း ဒီလိုမျိုးလေးရွေးပေါ့နော်။
 
Download for window ကိုရွေးပေါ့နော်
 ပြီးရင်တော့ Generate key ကိုနှိပ်ပြီ အပေါ်ကို နဲနဲပြန်တတ်လိုက်ပါ beta key လေးပေးထားတာတွေ့ပါလိမ့်မယ် ကူးထားလိုက်ပါ။ s-off လုပ်ဖို့ revolutionary ကိုသုံးရင် အသုံးလိုပါတယ်ခင်ဗျာ။ s-off လုပ်ဖို့ revolutionary.exe ကို run လိုက်ပါ။ ဖုန်းကို unknow နဲ့ usb debug on ပြီးချိတ်လိုက်ပါ။ ဖုန်းရဲ့ sn လေးဘေးမှာ ကုဒ်တောင်းပါလိမ့်မယ် site က ချပေးထားတဲ့ beta key လေးထည့်ပေးပြီး enter ခေါက်လိုက်ပါ။ thank တွေပါတွေပေါ်ပြီးဆက်လုပ်ပါ့မယ် သူဖာသာသူ fastboot mode ရောက်သွားပါလိမ့်မယ် hboot driver မသိရင်တော့ဘာမှ ဆက်မလုပ်ပါဘူး ဒီအတိုင်းရပ်နေမှာပါ ။ အဲလိုရပ်နေခဲ့ရင်တော့ hboot driver ကို desktop ပေါ်မှာဖြည်ထားပေါ့ ပြီးရင်တော့ device manager ကနေသွင်းလိုက်ပါ။ သွင်းပုံသွင်းနည်းကတော့ ဒီလိုလေးပါ။ hboot driver လေးကို ဖုန်းကို ဘာမှ မလုပ်ချင် အရင်သွင်းထားချင်တယ်ဆိုရင်လည်း hboot mode ၀င်ပြီးသွင်းထားနိုင်ပါတယ် ၀င်ရမဲ့ခလုပ်ကတော့ ဖုန်းကိုပါဝါပိတ်ထားပြီး volume down + Power ပါခင်ဗျာ။
Android 1.0 မှာ အ၀ါစက်ကလေးပြနေပါလိမ့်မယ်။ right click နှိပ်ပေါ့ update driver ကိုရွေး
Browse my computer for driver software ကိုထပ်ရွေးပြီး
ကိုသိမ်းထားတဲ့နေရာက hboot driver ကိုရွေးလိုက်ပါ Install လုပ်သွားပါလိမ့်မယ်။
ဒါဆိုရင်တော့ ကွန်ပျူတာကိနေဖုန်းကို သိပါပြီ ။သူဟာသူ s-off လုပ်သွားပါလိမ့်မယ်။ recovery သွင်းမယ်ဆိုလည်း သွင်းမှာလား y/n မေးပါလိမ့်မယ် y နှိပ်ပေးလိုက်ရင်တော့ အင်တာနက်ကနေဒေါင်းပြီး သွင်းသွားမှာပါ။ revovery သွင်းပြီးရင်တော့ install from sd card ကနေ root မယ်ဆိုင် su-2.3.6.1-ef-signed.zip ဖိုင်လေးနဲ့ လုပ်ပါ။ revolutionary cwm ကိုရောက်ရင်တော့ volume down နဲ့ရွေးပြီး တစ်ခုတည်းပါသော Home key ကိုနှိပ်ပြီး activate လုပ်ပေးပါခင်ဗျာ။ မသွင်းချင်ဘူးဆိုလည်း ဖုန်းကို Normal mode မှာပဲ unlock root 2.31,Superoneclick  လောက်နဲ့ root လို့ရပါပြီခင်ဗျာ။ ကျွန်တော်လည်း အတတ်နိုင်ဆုံးရင်းအောင်ရေးပေးထားပါတယ် နားမလည်တာရှိရင်လည်းခွင့်လွတ်ပေးစေချင်ပါတယ်။
သူငယ်ချင်းအားလုံးအဆင်ပြေကြပါစေခင်ဗျာ။

ဒီပို့စ်ကို ကျွန်တော် မလုပ်ကြည့်ရသေးပါဘူး.. လုပ်ကြည့်နေရင် အချိန်မမီမှာစိုးလို့ တိုက်ရိုက်တင်ပေးလိုက်ပါတယ်.. ကျွန်တော်ရလာတာက Mutual Friend (ပြည်) ရဲ့ဆိုဒ်မှာ Ko Ko Wynn(ပြည်) ရေးထားတဲ့ပို့စ်ကို ယူတင်တာပါ...

ခင်မင်လေးစားလျက်

 


 


 

0 comments:

Post a Comment