Pages

Translate

Saturday, July 27, 2013

Viber ၏ Webiste တိုက်ခိုက်ခံရ



Smart phoneများတွင် အသုံးများသော viber app၏ sub domainဖြစ်သော http://support.viber.com/ အား Syrian Electronic Armyမှ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ databaseတချို့တဝက်အား back upလုပ်ယူနိုင်ရန် ဆောင်ရွက်ခဲ့သောကြောင့် Viber၏ Systemတစ်ခုလုံးအာ မတိုက်ခိုက်နိုင်ခဲ့ကြောင်း SEAမှ hackerတစ်ဦးက ပြောကြားခဲ့သည်။

SEA hackerများမှ Viber Usersများအနေနှင့် Viberအား မိမိဖုန်းများမှ Uninstallလုပ်ထားသင့်ကြောင်း အကြံပေးခဲ့သည်။ အကြောင်းရင်းမှာ Viber Companyသည် userများ၏ IP addressများ အပေါ်တွင် ပြထားသကဲ့သို့ databeတွင် သိမ်းဆည်းကာ စုံစမ်းထောက်လှမ်းနေသောကြောင့် ဖြစ်သည်။ ယခုနှစ်အစောပိုင်းတွင် viberရဲ့ သတင်းထုတ်ပြန်ချက်အရ Viberအသုံးပြုသူ သန်းနှစ်ရာကျော်သွားပြီ ဖြစ်ကြောင်းသိရသည်။

Viber websiteကို hackလိုက်ကြောင်း SEAမှ ကြေညာပြီးသည်နှင့် တပြိုင်နက် Viber Admin Teamမှ ထိုsite domainပိတ်ထားလိုက်ပြီ ဖြစ်သည်။ defaceအား ကြည့်ရှုချင်ပါက mirror linkဖြစ်သော http://www.zone-h.org/mirror/id/20342711 တွင်ကြည့်နိုင်ပါသည်။

Viberမှ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ၄င်းဝန်ထမ်းတစ်ဦးအား email pishingနည်းဖြင့်တိုက်ခိုက်ကာ minor systemနှစ်ခုအား ထိန်းချုပ်ရယူသွားခြင်း ဖြစ်ကြောင်း၊ userများ၏ dataများမှာ လုံခြုံမှုရှိကြောင်း ပြောကြားခဲ့သည်။ တိုက်ခိုက်ခံရသော minor systemနှစ်ခုမှာ Customer Support Panel နှင့် Support Administration Systemတို့ဖြစ်ပြီး တစ်ခုမှာ ပုံတွင် ပြထားသည့်အတိုင်း ဖြစ်သည်။

Userများ၏ အရေးကြီးသော dataများမှာ လုံခြုံမှုရှိကြောင်းနှင့် hackခံရာတွင် မပါဝင်ကြောင်း viberမှ ပြောခဲ့သည်။” ဒီလိုတိုက်ခိုက်မှုမျိုးဖြင့် ဝင်ရောက်လို့ မရနိုင်သော ပိုမိုလုံခြုံသောsystemဖြင့် userများ private dataများအား ကျွန်တော်တို့ ထိန်းသိမ်းထားပါတယ်။ နောင်မှာ ဒါမျိုး မဖြစ်ပွားအောင်လဲ ကျွန်တော်တို့ ကြပ်မတ်လုပ်ဆောင်နေပါတယ်။”

Star Tek
(Admin)
Ref : ITgroup 

0 comments:

Post a Comment