Pages

Translate

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, July 29, 2013

Bul-Ray Disc အကြောင်းသိကောင်းစရာ

 
Blu-Ray Disc ကို အတိုကောက်အနေနဲ့ BD လို့ ခေါ်ပါတယ်။ High Definition Video နှင့် Data တွေ
 သိုလှောင်ဖို့အတွက် နောက်ဆုံးပေါ် နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ Disc လေးပါ။ ယနေ့ခေတ်မှာ
 တွင်ကျယ်စွာ အသုံးပြုနေတဲ့ DVD တို့ CD တို့နဲ့ အလားသဏ္ဍာန် တူပါတယ်။ အပြာရောင် Laser 
အလင်းတန်းကို အသုံးပြုပြီး ဖတ်ရ၊ ရေးရတဲ့အတွက် Blue Ray Disc လို့ ခေါ်တာပါ။ အနီရောင်
 Laser အလင်းတန်းကို အသုံးပြုတဲ့ ရိုးရိုး DVD Format ထက်ကို Data ပမာဏများများ သိုလှောင်နိုင်
ပါတယ်။ နှစ်ဖက်စလုံး အသုံးပြုနိုင်တဲ့ Two Layer DVD ထက်ကို (၆)ဆသာတာကိုတွေ့ရပါတယ်။ 
တဖက်တည်းသုံးလို့ရတဲ့ Single Layer DVD ထက်ကို ဆယ်ဆခွဲလောက် ပိုဆန့်ပါတယ်။

 Blu-Ray ဟာ HD DVD နဲ့ အပြိုင် ထွက်ခဲ့တာပါ။ နောက်ဆုံးမှာတော့ Blu-Ray က အနိုင်ရတယ်ပဲ ဆိုကြပါစို့။ ဘာကြောင့်လဲဆိုတော့ HD DVD ထုတ်တဲ့ Company တွေဟာ Blu-Ray ကို  စိတ်ဝင်
စားလာကြလို့ပါပဲ။ Blu-Ray Disc ကို Blu-Ray Disc Association ကနေ ထုတ်လုပ်တာပါ။ Blu-Ray ရဲ့
 CD/DVD တွေ အပေါ် အဓိက အားသာချက်ကတော့ Data တွေကို ကျစ်ကျစ်လစ်လစ်နဲ့ များများ 
သိုလှောင်နိုင်တဲ့ စွမ်းရည်ပါပဲ။
 ယနေ့ခေတ်မှာ Electronic ပစ္စည်းတွေ၊ Recording Media တွေ Video Game နဲ့ Music တွေထုတ်လုပ်
တဲ့ Company ပေါင်း ၁၀၀ လောက်က Blu-Ray Technology ကို အသုံးပြုလာကြပါပြီ။
 
Blu-Ray က Data တွေ ဘယ်လိုဖတ်မလဲ
Blu-Ray Disc က Data တွေကို 1.1 mm အထူရှိတဲ့ Poly Carbonate Layer ရဲ့ အပေါ်မှာ သိမ်းပါတယ်။
Data သိမ်းတဲ့ Layer က Data ဖတ်မယ့် မှန်ဘီလူးနဲ့ နီးကပ်နေတာကြောင့် အလင်းတန်းတွေဖြာထွက်
သွားတာမျိုးလို Data ဖတ်ရာမှာ ကြုံရမယ့် ပြဿနာတွေကို ကာကွယ်ပေးပါတယ်။ ဒါမှမဟုတ် Disc အနေအထား ပျက်သွားလို့ ဖတ်မရတော့ဘူးဆိုတဲ့ ပြဿနာလည်း ရှိမှာ မဟုတ်တော့ပါဘူး။ Data
 တွေ သိမ်းတဲ့နေရာဟာ Disc ရဲ့ မျက်နှာပြင်နဲ့ ပိုမို နီးကပ်လာတာကြောင့် ခြစ်ရာတွေနဲ့
လက်ဖွေရာတွေကနေ ကာကွယ်ဖို့အတွက် Disc ရဲ့ မျက်နှာပြင်မှာ မာကျောတဲ့ အလွှာတစ်ခုနဲ့ Coated
 လုပ်ထားပါတယ်။Blu-Ray Disc ရဲ့ Design ထုတ်ထားပုံကလည်း Disc ထုတ်လုပ်မှုစရိတ်ကို လျော့ကျစေ
ပါသတဲ့။ ရိုးရိုး DVD တွေကတော့ Recording Layer ကို 0.6 mm စီထူတဲ့ Disc ပြား နှစ်ခုနဲ့ညှပ်ထားတာ
ပါ။ Discနှစ်ခု ပေါင်းထားတာရယ်၊ Recording Layer ဟာ Disc တခုခုမှာ အသေတပ်ထားရတာ
ရယ်တို့ကြောင့် အလင်းတန်းလာတဲ့အခါ ဖြာထွက်မသွားအောင် ဂရုတစိုက် ထုတ်လုပ်ထားရတာပါ။
Blu-Ray ကတော့ 1.1 mm အထူရှိတဲ့ Disc တစ်ခုတည်းမှာ Recording Layer ကိုမျက်နှာပြင် နားကပ်ပြီး
 ထားတာ ဖြစ်ပါတယ်။ Disc တစ်ခုတည်း သုံးထားတဲ့အတွက် သူ့ကို ထုတ်လုပ်တဲ့ စရိတ်လျော့ကျ
သွားတယ် ဆိုပေမယ့် သူ့ရဲ့အပေါ်ကနေ အလွှာတစ်လွှာ ထပ်အုပ်ပေးရတဲ့ ကုန်ကျစရိတ်နဲ့ ဆိုရင်တော့ 
သိပ်မထူးခြားပါဘူး။ Blu-Ray Disc တစ်ချပ်ကို ၀ယ်မယ်ဆိုလျင်တော့ ယနေ့ ဈေးကွက်မှာ ရှိတဲ့ 
Blu-Ray Disc တွေရဲ့ တန်ဖိုးက တစ်ချပ်ကို $20 ကနေ $50 ကျော်ထိ ရှိပါတယ်။
 
Blu-Ray ဘယ်လို Read/Write လုပ်သလဲဆိုတာ အထက်ပါ ပုံမှာ ပြထားပါတယ်။ ပုံမှာ 1.1 mm ထူတဲ့
 Poly Carbonate Layer Disc တစ်ခုတည်းကို သုံးထားတာ တွေ့ရပါတယ်။ 405 nm Blue Laser ဆိုတာက လှိုင်းအလျား 405nm သာရှိတဲ့ အပြာရောင် Laser အလင်းတန်းကို ပြောတာပါ။ DVD မှာ သုံးတဲ့ အနီရောင် အလင်းတန်းက 650nm ရှိပါတယ်။    လှိုင်းအလျားပိုသေးငယ်ခြင်းက Disc ဖတ်ရာမှာ 
Track Pitch တွေကို ပိုမိုပြီး သေးငယ်စေတယ်။ အဲဒီတော့ Data တွေ ပိုသန့်စေတာပေါ့။ Blu-Ray ကို အထင်ကရ ဖြစ်စေတဲ့အချက်တွေထဲမှာ Tack Pitch သေးငယ်ခြင်းက အဓိကပါ။ Track Pitch ဆိုတာက 
Laser အလင်းတန်းက တစ်ခါဖတ်လိုက်တဲ့အခါ အဲဒီအလင်းတန်းလေးက Disc ပြားပေါ်မှာယူတဲ့နေရာလေး
ပါ။  Blue-Ray Technology မှာ အဲဒီ Tack Pitch နေရာလေးက 0.3 micrometer ပဲ ရှိပါသတဲ့။
Blu-Ray Disc ကို သုံးမယ်ဆိုရင်
 ၁။ Blu Ray ဟာ Data တွေကို ပိုများများ သိမ်းနိုင်ရုံတင်မကဘဲ Interactive ဖြစ်ပါတယ်။ Interactive
 ဖြစ်တယ်ဆိုတာက အနီးစပ်ဆုံး ဘာသာပြန်လျင် အသက်ရှင် လှုပ်ရှားနိုင်တာကို ပြောတာပါ။
 ဒီနေရာမှာတော့ အသက်ရှင်တယ်လို့ ပြောလို့ မရပါဘူး။ ဒီ Blu-Ray ကို အသုံးပြုဖို့အတွက် Blu-Ray
 Format နဲ့ Subtitle တွေ Movie တွေကို Internet ပေါ်ကနေ အလွယ်တကူ ယူလို့ရတာကို ပြောချင်
တာပါ။
၂။ Blu-Ray က HDTV တွေကို အရည်အသွေး မကျစေဘဲ Record လုပ်နိုင်ပါတယ်။
၃။ Disc ပေါ်မှာ ရှိနေတဲ့ ခြစ်ရာတွေ၊ အစင်းရာတွေကိုလည်း အလွယ်တကူကျော်ပြီး ဖတ်နိုင်တယ်လို့
 ဆိုပါတယ်။
၎။ Disc ပေါ်က Program တစ်ခုကို ကြည့်နေစဉ်မှာပဲ ၎င်း Disc ပေါ်မှာ အခြား Program တစ်ခုက Record လုပ်နိုင်ပါတယ်။
၅။ Playlists တွေကိုလည်း ကိုယ်တိုင် ဖန်တီးနိုင်ပါတယ်။
၆။ Disc ပေါ်မှာ Record လုပ်ပြီးတဲ့ Program တစ်ခုကို ပြန်ပြင်ချင်တယ်ပြန်ပြီးတည်းဖြတ်ချင်တယ်
ဆိုရင်လည်း ပြန်ပြင်ပြီး Record ပြန်လုပ်ထားလို့ရပါတယ်။
၇။ ရှိပြီးသား Program တစ်ခုပေါ်မှာ ထပ်ပြီးတော့ မကူးမိစေဖို့အတွက် နေရာလွတ်တွေကို
 အလိုအလျောက် ရှာပေးနိုင်တဲ့ စွမ်းရည်လည်း ရှိပါတယ်။
Blu-Ray ရဲ့ ဖွဲ့စည်းပုံ
 Disc တွေဟာ Video တွေ Audio တွေ Data တွေ Pits တွေပေါ်မှာ သိမ်းပါတယ်။ Pits ဆိုတာ ဓာတ်ပြား
ပေါ်မှာ Data တွေ သိမ်းတဲ့ Megnetic Spot လေးကို ပြောတာပါ။ ဓာတ်ပြားရဲ့ အတွင်းကနေ အပြင်ဘက်
ကို အကြောင်းရာအတိုင်း ခရုပတ်ခွေလို ရစ်ပြီးထွက်သွားတဲ့ ပုံသဏ္ဍာန် ရှိပါတယ်။ Blu-Ray မှာ Data တွေ များများသိမ်းနိုင်တယ်ဆိုတော့ ဒီလမ်းကြောင်းလေးကလည်း ပိုပြီး စိပ်ဖို့လိုတာပေါ့။ ဒီလမ်းကြောင်းလေး
တွ ပိုပြီးစိပ်လေလေ သူ့ကိုတိုးပြီးဖတ်မယ့် Laser အလင်းတန်းကလည်း သေးငယ်ပြီး တိကျဖို့ လိုလာပြီလေ။
 
DVD Vs Blu Ray
 ၁။ DVD က အနီရောင် Laser အလင်းတန်းကို သုံးပါတယ်။ Blu Ray က အပြာရောင် Laser
 အလင်းတန်းကို Data တွေ ရေး/ဖတ်ဖို့အတွက် သုံးပါတယ်။
၂။ DVD မှာ အသုံးပြုတဲ့ အနီရောင် Laser အလင်းတန်းရဲ့ လှိုင်းအလျားသည် 650 nanometer ရှိပြီး
 Blu-Ray မှာ သုံးတဲ့ အပြာရောင် Laser အလင်းတန်းကတော့ လှိုင်းအလျား 405 nanometer ရှိပါတယ်။
၃။ အလင်းတန်းရဲ့ အရွယ်အစားကိုလိုက်ပြီး Disc ပေါ်ကို အလင်းနဲ့ထိုးပြီး ဖတ်တဲ့အခါ ယူတဲ့နေရာ
ပမာဏလည်း ကွာသွားပါတယ်။ အဲဒီနေရာလေးကို Track Pitch လို့ ခေါ်ပါတယ်။ DVD ရဲ့Track Pitch သည်  0.74 micrometer ရှိပြီူး Blu-Ray ရဲ့ Track Pitch ကတော့ 0.3micrometer သာရှိပါတယ်။
၎။ Data တွေကို Disc ပြားပေါ် သိမ်းတဲ့အခါ ဓာတ်ပြားဖတ်တဲ့လမ်းကြောင်းပေါ်မှာ Megnetic အပုံလေး
တွေ  ပုံပြီးသိမ်းတာကို သိကြပြီး ဖြစ်မှာပါ။ အဲဒီ Megnetic Spot လေးတွေကို Pit လို့ ခေါ်ပါတယ်။
 DVD မှာ Pit တစ်ခုရဲ့ အတိုဆုံးအချင်းဟာ 0.4micrometer ရှိပါတယ်။ Blu-Ray မှာတော့  0.15 
micrometer သာ ရှိပါတယ်။
၅။ Tack Pitch ကလည်း ငယ်တယ်။ Pit ကလည်း သေးတယ်ဆိုတော့ Disc တချပ်တည်းပေါ်မှာ Data
 အများကြီး သိုလှောင်နိုင်တယ်ဆိုတဲ့ Blu-Ray ရဲ့Technology ကို အံ့သြစရာတော့ မရှိတော့ပါဘူး။ DVD
 တချပ်ဟာ ပမာဏ 8GB လောက် သိုလှောင်နိုင်နေတဲ့အချိန်မှာ  Two Layer Blu-Ray Disc တချပ်က
 50GB အထိ သိုလှောင်နိုင်စွမ်း ရှိနေပါတယ်။
၆။ DVD နဲ့ Blu-Ray Disc တို့ရဲ့ ဖွဲ့စည်းပုံ Format ကလည်း အနည်းငယ် ကွဲပြားပါတယ်။ Blu-Ray Disc (BD)  Format သုံးမျိုးရှိပါတယ်။ နံပါတ်(၁)က BD-ROM လို့ ခေါ်ပါတယ်။
Software တွေ Game တွေ Movies တွေကို တခါတည်း အသင့်သွင်းပြီး ပြန်ကြည့်နိုင်တဲ့ Recording Type မှာ သုံးဖို့ပါ။
နံပါတ်(၂)က BD-R က HDTV နဲ့ PC Data တွေ သိမ်းဖို့အတွက်ပါ။
နံပါတ်(၃) BD-RE က ပြန်ဖျက်၊ ပြန်ရေးနိုင်တဲ့ အမျိုးအစားပါ။ HDTV နဲ့ PC Data တွေ အတွက်ပါ။

 HD DVD Vs BD
တဖက်တည်းပဲ အသုံးပြုလို့ရတဲ့ BD တချပ်ဟာ 25 GB ဆန့်ပါတယ်။ HD DVD ကတော့ 15GB ဆန့်ပါ
တယ်။ BD က 25GB ရတယ်လို့ ဆိုပေမယ့် တကယ်တော့ သူ့ဆီမှာက သုံးမျိုးရှိတာပါ။ 23.3GB BD ရယ်၊ 25GB BD ရယ် 27GB BD ရယ် ဆိုပြီးတော့ ရှိပါတယ်။ HD DVD မှာ မရနိုင်တဲ့ အားသာချက် တစ်ခု
ကလည်း BD မှာ ရနိုင်ပါသေးတယ်။ အဲဒါကတော့ Dual-Layer Technology ပဲ ဖြစ်ပါတယ်။
  
Dual Layer အရဆိုရင် 46.6GB၊ 50GB၊ 54GB အထိ ဆန့်တဲ့ BD တွေကို ရမှာပါ။ အနာဂတ်မှာတော့ 
100GB ကနေ 200GB အထိဆန့်တဲ့ 4-Layer ကနေ 8-Layer အထိရှိတဲ့ BD တွေကိုသုံးစွဲခွင့်
ရတော့မှာ ဖြစ်ပါတယ်။

Facebook Auto Like လုပ်ပေးသည့် Site Lists များ

အခု Internet လိုင်းတွေက အရမ်းကိုနှေးနေပါတယ်...

File တွေ တင်ပြီး  စိတ်ဝင်စားစရာ Tutorial လေးတွေ ပြပေးချင်ပေမယ့်... လိုင်းက အရမ်းစုတ်နေတော့..

ဘယ်လိုမှ မတတ်နိုင်လို့ပါ.... အခု ကျွန်တော့် ဆိုက်ထဲမှာ မှတ်စုအဖြစ်ရေးခဲ့ တဲ့ ပို့စ်လေးပြန်တင်ပေး

လိုက်ပါတယ်... ဒါကတော့ Fake ပေါ့ဗျာ.. ဗဟုသုတ အနေနဲ့ပေါ့....



မိမိရဲ့ Facebook Page ကို Autolike လုပ်ပေးမယ့် Sites တွေပဲ ဖြစ်ပါတယ် 
သူ့ဆိုက်မှာ Register or Sign up လုပ်ပေးရပါမယ် သူခိုင်းတာလေးတွေ အတိုင်းလိုက်လုပ်ပေးလိုက်ရင်
သူတို့ဆိုက်ကနေ ကိုယ့် Page ကို Auto Like လုပ်ပေးပါတယ်.....
သူငယ်ချင်းတွေ ကို "ငါ့ Page ကို ကြည့်စမ်း Like တွေအများကြီးပဲ" ဆိုပြီး ကြွားလို့ရတာပေါ့ဗျာ.....
ကျွန်တော် Text File တစ်ခုနဲ့ တင်ပေးလိုက်ပါတယ် Download လုပ်လိုက်ပါ


ဒါနဲ့ ကျွန်တော်က Facebook နဲ့ ပတ်သက်တာတွေ မှပဲ တင်တာ လို့ ထင်ကောင်းထင်နိုင်ပါတယ်..
နောက်ပိုင်း ပိုလန်းတဲ့ ပို့စ်လေးတွေ လာပါဦးမယ်.... အခုတော့ ဒီလိုင်းနဲ့ မို့ ဒီလောက်ပဲပေါ့ဗျာ...

အားလုံးပဲအဆင်ပြေပါစေ.... www.mmithelper.com

ရက်လွန် ၁၅၀၀ တန် Sim Card များအား သက်တမ်းတိုးနိုင်ပြီ


 ရက်လွန် ၁၅၀၀ တန် Sim Card များအား သက်တမ်းတိုးနိုင်ပြီ
================================

၁၅၀၀ တန် Sim Card များအား သက်တမ်းတိုး ဆောင်ရွက်နိုင်ကြောင်း အဆိုပါ မိုဘိုင်းဖုန်းနှင့် ပတ်သက်သည့် Hot Line (3456) မှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့၌ အသုံးပြုသည့် တန်ဖိုးနည်း ၁၅၀၀ တန် Sim Card များအား သက်တမ်းတိုး ဆောင်ရွက်လိုပါက ဗိုလ်အောင်ကျော်လမ်းရှိ ဗဟိုစာတိုက်ကြီး အပေါ်ထပ်တွင် ဆောင်ရွက်နိုင်ကြောင်း သိရသည်။ အကြောင်း အမျိုးမျိုးကြောင့် ရက်လွန်ပါက သက်တမ်းတိုး လျှောက်ထားနိုင်မည်ဖြစ်ပြီး လျှောက်ထားရန် စာချုပ်၊ ဖုန်းကတ်၊ မှတ်ပုံတင် မိတ္တူတို့ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ အကယ်၍ သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ ဌာနတို့မှ စာချုပ်ထုတ်ပေးထားခြင်း မရှိပါက စာချုပ်ထုတ်မပေးရသေးကြောင်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံး၊ ဌာနတို့ မှ ထောက်ခံချက် ပါရှိရမည်ဖြစ်ကြောင်း၊ ရက်လွန် ၁၅၀၀ တန် ဆင်းကတ်များ သက်တမ်းတိုး လျှောက်ထားနိုင်ခြင်းနှင့် ပတ်သက်၍ ဇူလိုင်လ ၂၅ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

သက်တမ်းလွန်ရခြင်းအတွက် ထောက်ခံချက် (ကတ်ထုတ်ပေးသည့် သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံး၊ ဌာန၏ ထောက်ခံချက်) ပိုင်ရှင်၏ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူတစ်စောင် စသည့် စာရွက်စာတမ်းများနှင့် တိုင်းဒေသကြီးမန်နေဂျာထံ လိပ်မူ၍ လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။ ဖုန်းကတ်ဝယ်ယူထားသည့်နေ့မှစ၍ ၁၅ရက်အတွင်း တယ်လီဖုန်းဆင်းကတ်တွင် မူလထည့်သွင်းပေးထားသည့် တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ ကျပ် မကုန်မီ တယ်လီဖုန်းသုံးစွဲသူသည် အနည်းဆုံး ၅၀၀၀ ကျပ်တန် ကြိုတင်ငွေဖြည့်ကတ်ဖြင့် ငွေဖြည့်သုံးစွဲရမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်ထားသည်။

ဆင်းကတ်ကို အခြားသူတစ်ဦးဦးသို့ လက်ဆင့်ကမ်းရောင်းချခြင်းမှ ကာကွယ်ရန်အတွက် ၁၅ ရက်အတွင်း အသုံးပြုခြင်းမရှိပါက အဆိုပါဖုန်းကတ်သည် အလိုအလျောက် လိုင်းပိတ်သွားမည် ဖြစ်ကြောင်းသိရသည်။ ၎င်း တန်ဖိုးနည်း မိုဘိုင်းဖုန်းများကို လစဉ် ကြိုတင်ငွေဖြည့်ကတ်ဖြင့် ပြောဆိုခ ကျပ် ၂၅၀၀ အနည်းဆုံး သုံးစွဲရန် သတ်မှတ်ထားပြီးဖြစ်၍ နှစ်လပြည့်သော်လည်း ကြိုတင်ငွေဖြည့်ကတ် မှ ၅၀၀၀ ကျပ်ကို အပြည့်မသုံးစွဲပါက အလိုအလျောက် ကျပ် ၅၀၀၀ ပြည့်သည်အထိ ဖြတ်တောက်သွားမည်ဖြစ်ကြောင်း၊ ဖြည့်သွင်းထားသောငွေ ကုန်ဆုံးပြီးနောက် ၁၅ ရက်အတွင်း ငွေထပ်မံဖြည့်သွင်းခြင်း မရှိပါက အဆိုပါဖုန်းကတ်သည် အလိုအလျောက် လိုင်းပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။

 
Ref: Internet Journal

Samsung Galaxy Phone/Tablet တွေကို လွယ်လွယ်ကူကူ Root လုပ်နည်း


Samsung Galaxy Phone/Tablet တွေကို လွယ်လွယ်ကူကူ Root လုပ်နိုင်တဲ့ Root Apk  လေးတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်.. တော်တော်များများ ဒီ Apk လေးကိုသိကြမှာပါ

အခုမှ Samsung galaxy Phone/Tablet တွေ စသုံးတဲ့ ဘော်ဒါတွေ Root ဖောက်ဖို့ တိုင်ပတ်နေတဲ့ဘော်ဒါတွေအတွက် Computer မလိုဘဲ အလွယ်တစ်ကူ Root ဖောက်လို့ ရပါတယ် ကျွန်တော် Samsung Tablet/Phone တော်တော်များများစမ်းပြီသွားပါပြီ အာလုံးအဆ်ပြပါတယ်... အရင်ဆုံး Root မလုပ်ခင်မိမိဖုန်းကို အင်တာနတ်ချိတ်ပေးထားရပါမယ်...


Root Apk ဖိုင်းကိုဒေါင်းရန်


ပြီရင် zip ဖြည်ပြီး အထဲက Apk ဖိုင်လ်ကို ဖုန်းထဲကိုသွင်းပေးလိုက်ပါ...

ပြီးရင် ဖွင့်ပေးလိုက်ပါ....

ဒီပုံအတိုင်တက်လာပါမယ် ဒါဆို Root device နေရာမှာနှိပ်ပေးလိုက်ပါ

ဒါပုံတက်လာပြီဆိုရင် Grant  နေရာမှာနှိပ်ပါ

SuperSU app လေးတက်လာပါမယ် ဒါဆို SuperSU app ကိုဖွင့်ပေးလိုက်ပါ

ဒီပုံအတိုင်တက်လာပါမယ် ဒါဆို Continue မှာရွေးပေးလိုက်ပါ

ဒါဆို root ဖောက်လို့ အောင်မြင်ပါပြီ...


Post By : SmartGhost
 Credit : ထိုင်းရောက် IT လူငယ်များအဖွဲ့

Sony Ericsson Xperia Mini Pro (SK17i) Root နည်း + မြန်မာစာ ထည့်သွင်းနည်း


 Sai Sai Myo Myat: အစ်ကိုရေ Sony Ericsson mini sk17i ကို မြန်မာ ဖောင့် လေး ထည့်ချင်တာကို ကူညီပါအုံး..
ဒီဖုန်းလေးကတော့ ကြာခဲ့ပါပြီ ဒါမဲ့ C-Box မှာ တောင်းဆိုထားလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်.... မြန်မာ Font ထည့်ဖို့ဆိုရင် အရင်ဆုံး ဖုန်းကို Root လုပ်ရပါ့မယ်... Root Access ရသွားပြီဆိုရင် မြန်မာစာ ထည့်ရတာ မခဲယဉ်းတော့ပါဘူးးး 
အောက်မှာ တင်ေးထားတဲ့ Root Tool လေးနဲ့ Root ပေးရမှာပါ ...။ ဒါပေမဲ့ (4.0.2.A.0.62 Firmware) ကိုတော့ Root လုပ်မပေးနိုင်ပါဘူး...။ မိမိဖုန်းဟာ ဘာ ဖန်းဝဲလ် တင်ထားလဲဆိုတာ Setting > About Phone> Bulid number ကို ကြည့်နိုင်ပါတယ်.... (4.0.2.A.0.62 Firmware) မဟုတ်ခဲ့မှ အဆင်ပြေမှာပါ...။
 အရင်ဆုံးး ဒီ adb drivers ကို ကွန်ပျူတာမှာ Install လုပ်ပါ...။
Menu\Settings\Applications\Development ကတဆင့်  "USB DEBUGGING"  ကို အမှန်ခြစ်ပေးပါ..။
နောက်တစ်ခါ Menu\Settings\Applications ကတဆင့် "UNKNOWN SOURCES" အမှန်ခြစ်ပေးပါ..။
USB Cable နဲ့ ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ....။
PC Companion Software ရှိလို့ တတ်လာရင် Skip ကို နှိပ်ပါ...။

 ဒီအောက်က Root Tool လေးကို ဒေါင်းပါ...။

 ရလာတဲ့ Rar ဖိုင်လ်လေးကို ဖြည်ပြီး "RUNME.bat" ကို Click နှစ်ချက်နဲ့ Run ပေးလိုက်ပါ.....။
သူ့ဘာသာသူ Root လုပ်နေပါလိမ့်မယ် .. ဘာမှ မလုပ်ပဲ ထိုင်ကြည့်နေလိုက်ပါ.... ပြီးတာနဲ့ သူ့အလိုလို Reboot ကျသွားပါလိမ့်မယ်... ဖုန်း ပြန်တတ်လာလို့ အောက်ကပုံအတိုင်း Super User အိုင်ကွန်လေး ရောက်လာရင် Root လုပ်တာ အောင်မြင်သွားပါပြီ...။



မြန်မာ Font ထည့်ဖို့ အတွက်ကတော့..
Root Access ရပြီဆိုရင် ကိုအောင်သီဟ ရေးထားတဲ့  ဒီ Zawgyi Installer  လေးနဲ့ မြန်မာ Font ကို   Install ပေးလိုက်ပါ ... ပြီးတာနဲ့  Reboot ကျသွားပါလိမ့်မယ်... သူ့ဘာသာသူ ဖုန်းပြန်တတ်လာပါလိမ့်မယ်..။
မြန်မာလို ရေးနိုင် ဖတ်နိုင်ဖို့ ကတော့ 
Setting > Language & input > Forzen Keyboard ကို အမှန်ခြစ်ပေးပြီး Default မှာ Frozen Keyboard ကို အမှန်ခြစ်တပ်ပေးလိုက်ပါ.... ဒါဆိုရင် သင့်ဖုန်းက မြန်မာလို ရေး/ဖတ် လို့ရသွားပါပြီ...။
အဆင်ပြေပါစေ....
 ခင်မင်လျက်
ဝင်းကမ္ဘာကျော်

www.winkabarkyaw.net

ကွန်ပျူတာ desktop ကို အလှဆင်လိုသူများအတွက် Window 7 Angry Bird Theme (14.8MB)

Angry birds ချစ်သူများ အတွက် window 7 angry birds theme လေး တင်ပေးလိုက်ပါတယ်။ အရမ်း လန်းပါတယ်။ မိမိကွန်ပျူတာdesktopကို အလှဆင်လိုသူများ အကြိုက်တွေ့စေမယ့် ဆော့ဝဲလ်လေး ဖြစ်ပါ
တယ်။ Theme တစ်ခုနှင့် တစ်ခု အချိန်းအပြောင်းမှာ အသံလေးတွေပါပြီး computer/ recycle bin icon,etc.....တို့ပြောင်းသွားပါတယ်။ Window 7 အတွက်ပါ။ Window 8 မှာလည်း အသုံးပြုလို့ရပါတယ်။
 Download=>> Link 1, Link 2 

Android ဖုန်းတွေကိုဘက်ထရီကုန်သက်သာအောင် LUX AUTO BRITGHNESS သုံးမယ်

မိမိတို့  android ဖုန်းတွေမှာကိုယ်လိုသလိုအလင်းအမှောင်ချိန်ခြင်းဖြင့် ဘက်ထရီကုန်ခြင်းမှသက်သာစေတဲ့ lux auto brightness 1.51 apk နောက်ဆုံးထွက်အသစ်စက်စက်လေးဗျာ။မသုံးဘူးတဲ့ သူငယ်ချင်းတွေစမ်းသုံးကြည့် စေချင်ပါတယ်။google play store မှာဆိုရင် 156 bhat တောင်ပေးရပါတယ်။အသုံးဝင် တဲ့ ကောင်လေးမို့ လက်မနှေးစေချင်ဘူးဗျာ။

ဒါကတော့ အမည်းကြည့်ရအောင်ပါ။
 ဒီမှာဝင်ဒေါင်းယူလိုက်ပါခင်ဗျာ။
Download [Mirror 1] Zippyshare

Download [Mirror 2] Sharebeast

Download [Mirror 4] Multiupload

 
ကျွန်တော့် ဘလော့ လေးကိုလာလည်ကျတဲ့ သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါတယ်။

အင်တာနက် search engine တွေမှာ professional တစ်ယောက်အဖြစ်လိုချင်တာကိုအလွယ်တကူရှာကြမယ်

ဒီနေ့ အင်တာနက်မှာကိုလိုချင်တာကို pro တစ်ယောက်လိုရှာကြမယ်ဗျာ။
google ; Yahoo ;lii;Dmz  စသည်ဖြင့် search engine တွေမှာ မိမိလိုချင်တဲ့ အကြောင်းအရာကိုရှာတဲ့ အခါမှာ မိမိအထူးပြုတဲ့ အကြောင်းအရာကိုဖော်ပြပေးနိုင်မှသာ rescult အများကြီးကိုရှောင်ရှားနိုင်ပြီးကိုယ် လိုချင်တဲ့ အကြောင်းအရာကိုမြန်မြန်ဆန်ဆန်ရှာနိုင်မှာပါ။ကဲအောက်မှာကြည့် လိုက်ကျရအောင်ဗျာ
(၁)  အပေါင်း(+)သင်္ကေတ ဒီစာလုံးကတော့ eg; (+)challenger columbia ဆိုပြီးရှာရင် အဲဒီအပေါင်းလက္ခာဟာ columbia ကိုအဓိကထားပြီးရှာပေးပါတယ်။

(၂)  အပေါင်းသင်္ကေတ(+) challenger ( - ) columbia လို့ တွဲသုံးပြီးရှာရင်တော့  အနှုတ်( - )သင်္ကေတ ကို  columbia ရဲ့ ရှေ့ မှာခံသုံးတဲ့ အတွက်ကြောင့်  columbia ဆိုတဲ့ စကားစုကိုအလိုလိုထုတ်ပြီးရှာပေးမှာဖြစ်ပါတယ်။
(၃) "      "  သင်္ကေတကတော့  (စကားလုံးအုပ်စုကိုရှာပေးပါတယ်) eg;  " who eat my cake " လိုစကားလုံးအုပ်စုအတွဲတွေကိုရှာပေးပါတယ်။
(၄)  (+) " white house " (+) clinton ( - ) lewinsky လို့ သုံးပြီးရှာရင်တော့ အနှုတ် ( - ) ရဲ့ နောက်က lewinsky ဆိုတဲ့ စကားလုံးမပါဘဲရှာပေးပါတယ်။
(၅)းMinister ဆိုပြီးအကြီးစာလုံးသင်္ကေတ နဲ့ ရှာရင်တော့  အကြီးစာလုံးကို ကိုယ်စားပြုပြီးရှာပေးပါတယ်။
(၆)  (* ) library * နဲ့ ဒီလိုရှာရင်တော့  အလားတူစကားလုံးတွေကိုရှာပေးပါတယ်။
(၇)  OR သင်္ကေတကတော့  college or university or compus လို့ ရှာရင်တော့  rescult များများကိုရှာပေးပါတယ်။
(၈)  " And " သင်္ကေတ  truth and justice and ethics လို့ ရှာရင် rescult နည်းပါတယ်။
(၉)   " Adj "  သင်္ကေတ ကတော့  clinton adj presiedent လို့ ရှာရင်  president clinton ဆိုပြီးပြောင်းပြန်ရှာပေးပါတယ်။
(၁၀)  Near ဆိုတဲ့ သင်္ကေတ ကတော့ သိပ်မသေချာတဲ့ အကြောင်းအရာတွေကိုရှာပါတယ်။ 




အင်တာနက် ဂျာနယ် အတွဲ (၁၄) အမှတ် (၂၉) (29.7.13)


အင်တာနက်ဂျာနယ်ကို အပတ်စဉ် တနင်္လာ တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ အင်တာနက်ဂျာနယ် ကိုဖတ်ချင်သူများအတွက်မူရင်းဆိုဒ်က နေဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်တာပါဗျာ။ အင်တာနက်ဂျာနယ်
ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ အင်တာနက် ဂျာနယ် အတွဲ (၁၄) အမှတ် (၂၉)ကို တင်ပေး
လိုက်ပါတယ်ဗျာ။ ဒီနေ့ 29 ရက်နေ့ထွက် Update လေးပါ ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက်အဆင် မပြေ
သောနေရာဒေသမှ သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။     http://adf.ly/T4eNf

Sparky 0.83 APK လေးနဲ့ မိမိတို့ ဖုန်းscreen ကို လော့ ချမယ်


Sparky 0.83 APK  လေးနဲ့ မိမိတို့ ဖုန်းscreen ကို လော့ ချမယ် ဗျာ။ဒီကောင်လေးကbeta  version လေးပါ။smart phone အားလုံးမှာအသုံးပြုလို့ ရပါတယ်။ဖိုင်ဆိုဒ်ကတော့  9 -mb ပဲရှိပြီး
သူ့ ကိုအသုံးပြုမယ်ဆိုရင် Android version 2.1 နှင့် အထက်ဖုန်းတွေမှာသုံးလို့ ရပါတယ်ခင်ဗျာ။ကဲအောက်မှာဒေါင်းလုပ်ဆွဲနိုင်ပါပြီဗျာ။

ဒါမျိုးပုံတွေနဲ့ အလန်းနော်
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm3nqYfDgRiMsclfTlvwFFmRlTxCpa2QShG7J4GdCsP3vjFRjaaR3BVTbhtvPCKgQRbHpknHPersdfwEh6v6NBgWEQRNh8-tdishVxBcFrrOUyNkid1V5u861E51JBj4cie4v8yImKg-Q/s1600/Sparky+Lock+Screen+1.jpg
ဒီအောက်မှာဒေါင်းလုပ်ယူပါခင်ဗျာ
 Download [Mirror 1] Zippyshare

Download [Mirror 2] Sharebeast

Download [Mirror 4] Multiupload
ကျွန်တော့် ဘလော့ လေးကိုလာလည်ကျတဲ့ သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါတယ်။

အလွန်အသုံးဝင်တဲ့ မြန်မာစားသောက်ဆိုင် App (mmfoodies) For Android

အခုတင်ပေးလိုက်တဲ့ App လေးကတော့ အားလုံးကြိုက်နှစ်သက်ကြမယ်လို့မျှော်လင့်ပါတယ်။ မိတ်ဆွေသူ ငယ်ချင်းတို့ ခရီးသွားရင်ပဲဖြစ်ဖြစ်၊ တစ်နေရာရာရောက်ရှိ နေရင်ပဲဖြစ်ဖြစ် အဲဒီ့မြို့နယ်မှာရှိတဲ့ စားသောက်ဆိုင်တွေကို ဒီ App လေးက ပြပေးပါလိမ့်မယ်။ Internet တော့လိုတယ်နော်။ အင်တာနက်ဖွင့်ပြီး
ဆော့ဝဲလ်ကိုဖွင့်ပြီး ဆော့ဝဲလ်ထဲက map icon ကိုနှိပ်လိုက်တာနဲ့ မိတ်ဆွေတို့ ရောက်ရှိနေတဲ့ မြို့နယ်က
စားသောက်ဆိုင်တွေကို mmfoodies ရဲ့ map က ပြသပေးပါလိမ့်မယ်။ အင်တာနက်ဖွင့်ထားရင် စားသောက်ဆိုင် အသစ်တွေထပ်ထည့်တဲ့အခါ မိတ်ဆွေတို့ရဲ့ဖုန်းထဲကို စားသောက်ဆိုင် အသစ်များ အလို
အလျောက် ရောက်ရှိပါလိမ့်မယ်။ 
 https://www.facebook.com/mmfoodies
Download=>> Link 1, Link 2

Connection နှေးနေတဲ့အချိန်မှာ Facebook ကို ဘယ်လိုသုံးမလဲ?

နှေးတဲ့ ကွန်နက်ရှင်မှာ Facebook သုံးနည်း


နှေးတဲ့ ကွန်နက်ရှင်မှာ Facebook သုံးနည်း
ဟုတ်ကဲ့ ….။
ကျနော်တို့ မြန်မာနိုင်ငံမှာလည်း ကမ္ဘာကျော် လူမှုကွန်ယက် ဝက်ဘ်ဆိုက်ကြီးဖြစ်တဲ့ Facebook ကို အတော်များများ အသုံးပြုလာကြပါပြီ။ ကျနော်တို့ဆီက အင်တာနက် ကွန်နက်ရှင်ကတော့ သိတဲ့အတိုင်း ဖွတ်ချပ်ချပ်ရယ် …။ ဒီကွန်နက်ရှင်မျိုးနဲ့ Facebook သုံးရတာ တစ်ခါတစ်လေ ကျတော့ အတော် စိတ်ညစ်ဖို့ ကောင်းပါတယ်။ ကွန်နက်ရှင်က လူသုံးများတဲ့ အချိန်ဆို ပိုပြီး နှေးနေတတ်ပါတယ်။

အခု ကျနော် ပြောမယ့် နည်းလမ်းကတော့ ဒီလို အင်တာနက် ကွန်နက်ရှင် နှေးကွေးနေတဲ့ အချိန်မျိုးမှာ Facebook ကို အသုံးပြုနိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။ ဘယ်လို သုံးရမှာလဲဆိုတော့ Facebook ရဲ့ Mobile Version နဲ့ သုံးမှာပါ။ အဲ့ဒီထဲမှာတော့ Chat မပါဘူး။ အသွင်အပြင်ကလည်း သိပ်တော့ မလှဘူး။
ဒါပေမယ့် … သူငယ်ချင်းတွေ တင်လိုက်တဲ့ status တွေကို မြင်ရတယ်။ ကိုယ်ကလည်း တင်လို့ရတယ်။ ရိုးရိုးထက် ပိုပြီး မြန်ဆန်ပါတယ်။

ဒါကို သုံးဖို့အတွက် ပထမဆုံး အနေနဲ့က ကိုယ်က Facebook ကို Login ဝင်ထားတယ်ဆိုရင် အရင်ဆုံး SignOut နဲ့ ထွက်လိုက်ပါ။
ပြီးသွားရင် … http://m.facebook.com/ ကို သွာလိုက်ပါ။ အဲ့ဒီမှာ Login ဝင်ပြီးသာ သုံးလိုက်ပါ။ ဒါလေးပါပဲ။ lite.facebook.com ဆိုပြီး ရှိပါသေးတယ်။ ဒါပေမယ့်လို့လည်း အဲ့ဒီဆိုက်က အခု ကျနော် စမ်းကြည့်တာတော့ အလုပ်လုပ်တာ မတွေ့ရပါဘူး။ ဒါကြောင့် m.facebook.com ကိုပဲ ညွှန်းလိုက်တာပါ။

ကွန်နက်ရှင် နှေးနေတဲ့ အချိန်မှာ ဒါလေးနဲ့ သုံးတာက ပိုပြီး ကောင်းပါတယ်။ (http://m.facebook.com/) ။ ပြီးတော့ ဒီမိုဘိုင်း ဖေ့စ်ဘုတ်မှာ သူငယ်ချင်းတွေ အသစ် တင်လိုက်တဲ့ စာတွေ၊ ပုံတွေက အော်တို ပေါ်လာမှာ မဟုတ်တဲ့အတွက် Refresh လေး လုပ်ပြီး သုံးရပါတယ်။ Webpage ကို Refresh လုပ်ဖို့ အတွက်ဆိုရင် Keyboard ထဲက F5 ကီးလေးကိုသာ နှိပ်လိုက်ပါ။


By – မဟာရာဇာ အံစာတုံး

Credit : (http://anzartone.wordpress.com/)

ညီညီတွေကိုကိုတွေအတွက် နောက်ထပ်ရှယ် Spicy Magazine Sexy Latinas Apk v3.7


နိုင်ငံခြားက မော်ဒယ်အလန်းလေးတွေရဲ့ ဓါတ်ပုံနဲ့ အင်တာဗျူးတွေကို Video ရော Photo ပါအပြည့်အ၀ ကြည့်ရှုခံစားနိုင်မယ့် Application လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ အခု Application ထဲမှာပါဝင်တဲ့ Video နဲ့ Photo တွေကိုတော့ မိမိရဲ့ Personal Data အဖြစ် သိမ်းဆည်းနိုင်မှာဖြစ်ပြီး Offline ပြန်ကြည့်နိုင်မယ့် Application မျိုးပါ။ လစဉ်လတိုင်း တစ်လတစ်ကြိမ် တင်သမျှ Magazine အသစ်တွေကို Update ကြည့်ရှုနိုင်မှာ ပါနော်။ အခုအသစ်ထွက်တဲ့ Issue 1 မှာမှာတော့ စာမျက်နှာ 80 တိတိပါတယ်လို့ သူ့ရဲ့မူရင်းဆိုင်မှာ ပြော ထားပါတယ်။ Android OS 1.6 ရှိရုံနဲ့ အခု Application လေးကို အသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။