Pages

Translate

Wednesday, July 10, 2013

Android နဲ.ပတ်သတ်တာလေးတွေ


အခုပြောပြပေးမှာကတော့ Huawei ဖုန်းများတွင် Google Application ထည့်သွင်းနည်းဖြစ်ပါတယ်။ Huawei ဖုန်းများတွင် CWM recovery သွင်းပြီးသွားလျှင် google application ကို ထည့်လို့ရပါပြီ။ CWM recovery ဟာ English version လည်းဖြစ်နိုင်သလို Chinese version လည်းဖြစ်နိုင်ပါတယ်။ အဲဒီ အတွက် ၂ မျိုးလုံးကို ရှင်းပြပေးထားပါတယ်။ ကိုယ့်ဖုန်းရဲ့ Android version ပေါ်လိုက်ပြီး Google Application ကို တင်ရမှာဖြစ်ပါတယ်။

android version 2.3.6 ရဲ့ အောက်ပိုင်းဖြစ်လျှင် ဒီgapps ကို ဒေါင်းပါ။
android version 2.3.6 မှ 4.0.4 အထိ ဒီgapps ကိုဒေါင်းပါ။
android version 4.1.1 အတွက် ဒီgapps ကိုဒေါင်းပါ။


CWM ဟာ Chinese version ဖြစ်လျှင် ဒါလေးနဲ့ ဘာသာပြန်ကြည့်ပါ။
--reboot system now 重启系统
--apply sdcard:update.zip 使用SD卡根目录的update.zip更新系统
--wipe data/factory reset 清空data分区并恢复出厂设置
--wipe cache partition 清空cache分区
--install zip from sdcard 从SDcard选择文件更新系统
--apply sdcard:update.zip 使用SD卡根目录的update.zip 更新系统
--choose zip from sdcard 从SD卡选择zip格式升级包
--toggle signature verification 切换签名验证
--toggle script asserts 切换升级脚本检查
--backup and restore 备份和恢复
--Backup 备份
--Restore 恢复
--Advanced Restore 高级恢复
--mounts and storage 挂载和存储
--mount /system 挂载/system分区(系统分区)
--mount /data 挂载/data分区(数据分区)
--mount /cache 挂载/cache分区(缓存分区)
--mount /sd-ext 挂载/sd-ext分区(A2SD分区)
--format boot 格式化内核分区
--format system 格式化系统分区
--format data 格式化数据分区
--format cache 格式化缓存分区
--format sdcard 格式化存储卡
--format sd-ext 格式化内存卡SD
--mount USB storage 挂载SD卡为U盘模式
--advanced 高级
--Reboot Recovery 重启Recovery
--Wipe Dalvik Cache 清空Dalvik缓存
--Wipe Battery Stats 清空电池状态
--Report Error 报告错误
--Key Test 键位测试
--Partition SD Card 对SD卡分区
--Fix Permissions 修复权限
--power off 关机
--touch calibration 触屏校准

(က) ဒေါင်းလို့ ရလာတဲ့ zip ဖိုင်ကို sd card ထဲထည့်ပါ။

(ခ) ဖုန်းကို ပိတ်ပါ။ ပြီးလျှင် volume up + power ကိုနှိပ်ပြီး recovery mode ၀င်ပါ။ အဲဒီနည်း အလုပ်မလုပ်လျှင် ဒီနည်း လမ်းဖြင့် CWM recovery သို့ ၀င်နိုင်ပါတယ်။

(ဂ) Google application မသွင်းခင် အရင်ဆုံး Nandroid Backup ယူထားစေချင်ပါတယ်။ တစ်ခုခုဖြစ်ခဲ့လျှင် firmware တင်စရာမလိုပဲ ပြန်ပြီး restore လုပ်လို့ရအောင်ပါ။

(ဃ) ပြီးလျှင်အပေါ်မှာပြထားတဲ့ ပုံနှစ်ခုကိုနိုင်းယှဉ်ပြီး  install zip from sdcard > choose zip from sdcard > gapps-------------signed.zip ကိုရွေးပြီး update လုပ်ပေးပါ။ ခဏစောင့်ပါ။

(င) main menu သို့ ပြန်သွား၍ reboot system now ကို နှိပ်လိုက်ပါ။ အခုဆိုရင်တော့ google application တွေထည့်လို့ပြီးသွားပါပြီ။

အားလုံးအဆင်ပြေကြပါစေ........။

ပျော်ပျော်ကြီး Root ကြရအောင်။ Android Ver 2 ကနေ Ver 4 အထိ Root နိုင်တယ်။ Unlock Code မလိုဘူး။

Android ဖုန်းတွေကို နည်းလမ်းပေါင်းစုံနဲ့ Root လုပ်ကြပါတယ်။ Tool တွေကလဲတော်တော်စုံပါတယ်။ တစ်ချက်နှိပ်ရုံနဲ့ Root လုပ်ပေးနိုင်တဲ့ Root Tool တွေကလည်း တော်တော်များများ ရှိကြပါတယ်။ သူ့ဟာနဲ့သူလဲအဆင်ပြေကြပါတယ်။ တချို့ဖုန်းတွေကြတော့လည်း တစ်ချက်နှိပ်ရုံနဲ့ Root လုပ်လို့မရပါဘူး။ အမျိုးမျိုး Root လုပ်ကြရပါတယ်။ အခပ်မသင့်ရင် / အဆင်မသင့်ရင် Firmware တောင်ကျသွားတတ်ပါ တယ်။ တချို့ဆိုရင် BootLoader Unlock Code တောင်းရပါသေးတယ်။ ဒီတော့တစ်ချက်နှိပ်ရုံနဲ့ Root လုပ်လို့ရတဲ့ Tool လေးတွေကလူသုံးများပြီး ပိုစိတ်ချရတယ် ဆိုပါတော့။ UnlockRoot ဆိုတော်တော်လေး ကောင်းပြီးအသုံးများကြပါတယ်။ SRSRoot Tool ကလည်းနာမည်ကြီးပါပဲ။ Super One Click ဆိုတာလဲ Root Tool  လေးပဲ။ ခုတင်ပေးမှာကတော့ Chinese ERoot လေးပါ။ (10.30 MB) ရှိပါတယ်။ ဒီ Tool နဲ့ Root မယ်ဆိုရင် Root နည်းကလဲထုံးစံအတိုင်း၊ Phone မှာ Unknown Source နဲ့ USB Debug လုပ်၊ ဖုန်းကိုကွန်ပျူတာမှာတပ်၊ Driver သိအောင်လုပ်၊ ERoot ကို RUN, Root နှိပ်။ ဒါပါပဲ။ (ထူးခြားတာက Huawei ဖုန်းတွေဆို Bootloader တောင် Unlock Code တောင်းစရာမလိုဘူး။ Sony တွေလဲ တောင်းစရာမလို Root နိုင်ပါတယ်ဗျား)
လိုချင်ရင် အောက်က Link မှာဒေါင်းပါ။

ဒီ Dev-Host မှာတင်ထားပါတယ်။
Post တင်သူ Myo Min Htun (myommh@gmail.com)

အခြားလင့်တွေကတော့...

Mediafire

Solidfiles

DropBox

 

ANDROID 4.2နှင့် အထက် OS များတွင် USB DEBUGGING MODE ကို Enable လုပ်ခြင်း


Nexus 4 မှာ ပါဝင်လာတဲ့ Android 4.2 မှာ USB Debugging Mode ကို Google က ဖွက်ပြီး ဖျောက်ထားတာ တွေ့ရပါတယ်။

Developer တွေအတွက် အဲ့ဒီ option ရမှပဲ အဆင်ပြေမှာ ဖြစ်တဲ့အတွက် USB debugging mode ကို Android 4.2 နဲ့ အထက် OS အသုံးပြုသူတွေအနေနဲ့ အောက်ပါအတိုင်း လုပ်ယူနိုင်မှာ ဖြစ်ပါတယ်။


၁။ “Settings” ထဲကိုသွားပါ။ Home Screen ကနေ Menu button ကို နှိပ်ပြီး “System settings” ကိုရောက်နိုင်ပါတယ်။

၂။ Setting စာမျက်နှာရဲ့ အောက်ဆုံးပိုင်းကို ဆင်သွားမယ်ဆိုရင် “About phone” သို့မဟုတ် “About tablet” ကိုရှာဖွေပါ။

၃။ “About” screen မှာ ရှိတဲ့ “Build number” ကို (၇)ကြိမ်တိုင်တိုင် နှိပ်ယူရမှာ ဖြစ်ပါတယ်။

၎။ အကြိမ်အရေအတွက် ပြည့်သွားတယ်ဆိုရင် “You are now a developer!” ဆိုတဲ့ messageပေါ်လာမှာ ဖြစ်ပါတယ်။

၅။ ယခု အဆင့်ပြီးသွားရင် Setting Page မှာ {} Developer Options ဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

၆။ အဆင့်အားလုံး ပြီးသွားပြီဆိုရင်တော့ Developer Options အတွင်းမှာ USB Debugging Mode ကို အဖွင့်အပိတ် လုပ်ယူနိုင်ပြီ ဖြစ်ပါတယ်။


SONY NEO V (Pattern Lock Delete)

မိတ်ဆွေ တစ်ယောက် သူ့ Sony Neo V လေး Password ကျသွားလို့
ကူညီပေးပါဆိုတာနဲ့ ဒီပိုစ်လေးကို ရေးလိုက်ပါတယ်…
အစဉ်လိုက်အတိုင်း နားလည်နိုင်တဲ့ ပုံစံလေးနဲ့ ရှင်းပြပေးသွားပါမယ်။
အရင်ဆုံး လိုအပ်တာလေးတွေ အရင် Download ဆွဲလိုက်ပါ
ADB Fastboot Tools.zip
Neo V.img
Delete Pattern Lock.zip
Super Su.zip
ကဲအားလုံး Download ဆွဲ လို့ပြီးပြီ စုံပြီဆိုရင် လုပ်ငန်းစကြစို့နော်..
၁။ ADB Tools.zip ဖိုင်ကို အရင်ဖြေလိုက်ပါ ပြီးရင် ဖြေထားတဲ့ ဖိုင်ကို C: သွားထည့်လိုက်ပါ။
၂။ Neov.img ဖိုင်ကိုတော့ C: ထဲက Adb tools ဖိုင်ထဲကို သွားထည့်ထားလိုက်ပါ။
၃။ မမ်မိုရီကဒ် အလွတ်ထဲသို့ Delete Pattern Lock.zip နှင့် Superuser-3.0.7-efghi-signed.zip တို့ကိုထည့်ပြီး ဖုန်းအတွင်း
ထည့်သွင်းထားလိုက်ပါ ဖုန်းကို ပါဝင်ဖွင့်ထားပါ။
၎။ ဖုန်းကို ကွန်ပြုတာ နှင့် စတင် ချိတ်ဆက်ပါ Driver သိသွားပြီဆိုရင်တော့
လုပ်ငန်းစတင်နိုင်ပါပြီ။
၅။ C: ထဲက Adb tools ဖိုင်ထဲသို့ သွားပါ ထိုဖိုင်ထဲတွင် Ahift Key နှင့် Right Click တွဲနှိပ်ပါ
စာတန်းပေါ်လာလျင် Open Comand Window Here ကို နှိပ်ပါ
ဒါဆိုရင်တော့ CMD Box လေး ပေါ်လာပါပြီ။
 ၆။ CMD Box ထဲတွင် adb reboot bootloader ဟုရိုက်ပြီး Enter နှိပ်ပါ။
ထိုသို့ ဆိုလျင် NeoV ဖုန်းသည် Reboot ကျသွားပြီးတော့ မီးရောင်လေးက အပြာရောင်လေး ဖြစ်သွားပါမယ်
ဒါဆိုရင်တော့ Fastmode ၀င်သွားပါပြီ။
၇။ အခုဆိုရင်တော့ Recovery စရေးပါမယ် CMD Box တွင် အောက်ပါ အတိုင်းဆက်ရေးပါ
fastboot boot recoveryNeo.img ဟုရိုက်ပြီး Enter နှိပ်ပါ။
ဖုန်းက Reboot ကျသွားပြီးတော့ Recover Mode CWM ထဲ ရောက်သွားပါမယ်။
အောက်က ပုံအတိုင်းပါ

၈။ CWM ထဲရောက်ပြီဆိုရင်တော့ install zip from sdcard ထဲကိုဝင်ပါ
ခုနက မမ်မိုရီကဒ်ထဲ ထည့်ထားတဲ့ Delete Pattern Lock.zip ကိုရွေးပါ
(Pattern Lock.zip from www.mm-mpxteam.net, Credit to MM-MPX Team)
Install ကိုရွေးပေးပါ။
(ဒီနေရာမှာ ပြောချင်တာလေး တစ်ခုက ကြုံလာတုန်းလေး Root ချင်တယ်ဆိုရင်တော့ မမ်မိုရီကဒ်ထဲ ထည့်ထားတဲ့ Superuser-3.0.7-efghi-signed.zip ပါ
Install zip from sdcard ကနေ Install လုပ်ပေးပါ။)
ပြီးရင်တော့ Reboot system now ကိုရွေးပေးပါ Reboot ကျပြီး ပြန်တက်လာတာနဲ့
သင် သုံးထားတဲ့ ပါစ်ဝါတ် လုံးဝ မရှိတော့ပါဘူး ခင်ဗျာ။
ဒီနည်းလေးထဲက
 Delete Pattern Lock.zip ဟာ တစ်ခြား Android ဖုန်းတွေမှာလဲ အလားတူ အသုံးပြုနိုင်ပါတယ်။
အဆင်မပြေခဲ့ရင် ဖုန်းဆက်မေးမြန်းနိုင်ပါတယ်
thitsankhant@gmail.com
Ph:09421016108
ကိုသစ်ဆန်းခန့် ဆိုဒ်က ပို့စ်ကို တိုက်ရိုက်မျှဝေတာဖြစ်ပါတယ်..
လေးစားလျက်

Uninstall Kaspersky Mobile Security


ဒီ Kaspersky Mobile Security ကို Install လုပ်ပြီးနောက် မကြိုက်လို့ Uninstall လုပ်တာ မရဘူး။ ဖုန်းရဲ့ Setting ထဲကိုဝင်၊ Application>Manage applications ထဲကို ၀င်ပြီး ဒီကောင့်ကို uninstall လုပ်တာ မရဘူးဗျ.... ကျွန်တော့်လိုပဲ ကျွန်တော့်သူငယ်ချင်းလည်း ဒီလိုဖြစ်ပြီး ချွေးပြန်လို့ ကျွန်တော့်ဆီကို ရောက်လာတယ်.... အဲဒါနဲ့ ကလိရင်းကလိရင်း ဖြုတ်တာတော့ သိသွားပြီ..
ဒီလိုဒီလို..
1.အခု Run နေတဲ့ Kaspersky Mobile Security ကိုဝင်လိုက်တယ် ၊ Feature Penal ကိုရောက်လာတာပေါ့
2.အဲဒီထဲမှာ + Additional ဆိုတာကို တွေ့လားဗျာ... အဲဒါကိုနှိပ်လိုက်တော့ Advanced Setting ထဲကို ရောက်သွားတယ်ခင်ဗျ...
3.အဲဒီထဲက Uninstall Kaspersky Mobile Security ကိုရွေး၊ ပြီးရင် Next ကိုရွေးတယ်

4.အခု Security Code တောင်းတော့ ကျွန်တော်တို့ အခု Kasper ကိုဝင်တဲ့ Code ကိုရိုက်ထည့်လိုက်တယ်

5.Next ကိုနှိပ်လိုက်တော့ Kaspersky Mobile Security ကို uninstall လုပ်မှာလားလို့ မေးပြီ...
6.ကဲ ကိုယ့်လူ OK ကို ရဲရဲကြီးနှိပ်လိုက်.... uninstall လုပ်တာ ခဏစောင့်ပြီးရင် Finish ကိုနှိပ်ပြီး ပြီးစီးကြောင်း အတည်ပြုလိုက်တယ်
7. ဟား..ဟား... ပြုတ်သွားပြီဗျို့....... စိတ်ချမ်းသာသွားတယ်

ကျွန်တော် ဒါကို ကလိပြီး ကျွန်တော့်လို ဖြစ်နေတဲ့လူတွေအတွက် မျှဝေတာပါ။ သိပြီးသားလူတွေက ကျွန်တော့် ထက်ပိုပြီးသိနေနိုင်ပါတယ်။။ အဲဒီလိုပုဂ္ဂိုလ်တွေကို ဆရာကြီးလုပ်ပြီးရေးထားတာ မဟုတ်ပါကြောင်း......

အဆင်ပြေပါစေ......

 

 

 

 

 

0 comments:

Post a Comment