Pages

Translate

Saturday, July 6, 2013

နောက်ကြည့်မှန်များကို အစားထိုးမည့် နည်းပညာသစ်



Pioneer မှ အသစ်မိတ်ဆက်ပေးလိုက်တဲ့ နည်းပညာ ဖြစ်ပါတယ်။ ကားမှာ ပါဝင်တဲ့ နောက်ကြည့်မှန်နဲ့ Dashboard LCD စနစ်ကို ပယ်ဖျက်လို့ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ရှေ့ ကားမှန် တစ်ခုတည်းနဲ့တင် အားလုံး ပြီးပြည့်စုံ မယ့် စနစ် ဖြစ်ပါတယ်။

ဒီအတွက် အနောက်မှာတော့ ကင်မရာ တပ်ဆင်ဖို့လိုပါမယ်။ ရှေ့ ကားမှန်မှာ LCD Screen နှစ်လုံးလောက် တပ်ထားမှာပါ။ တစ်လုံးက အနောက်ကင်မရာ အတွက် ဖြစ်ပြီး တစ်လုံးက ကားရဲ့  သွားနှုန်း ကီလိုမီတာ၊ GPS လမ်းညွှန်မြေပုံ အစရှိသဖြင့်တို့ကို ပြသမှာ ဖြစ်ပါတယ်။ လျှပ်စစ်ဓာတ် အား တော့ အင်မတန်စားမယ့် နည်းပညာပါ။ သို့ပေမယ့် Low Electricity usage နဲ့တင် အသုံးပြုလို့ရအောင် ကြိုးစားဖန်တီးထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကားမှာ တပ်တဲ့ ဘေး၊ဘယ်ညာ နောက်ကြည့် မှန် နေရာ များကို အစားထိုးမယ်လို့ ဆိုပါတယ်။

နောက်နှစ် အနည်းငယ်အတွင်း ယင်း နည်းပညာကို အစားထိုး အသုံးပြုနိုင်ရန် Pioneer မှ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: autoblog
ColayAutomobile

0 comments:

Post a Comment