Pages

Translate

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Saturday, August 31, 2013

MTK တွေရဲ့ Firmware တွေကို Backup လုပ်ပေးမယ့် MTK 6573 Backup Tools

 
ဒီတစ်ခါတော့ MTK6573 China Android Phone တွေကို Firmware ထုတ်တဲ့ Tools လေး မျှဝေပေးချင်ပါတယ်။ အောက်က လင့်မှာ ဒေါင်းလိုက်ပါ။ ဒေါင်းလို့ရလာတဲ့ Rar ဖိုင်လေးကို ဖြည်လိုက်ပါ။ Gscript နဲ့ Install folder နှစ်ခု တွေ့ပါမယ်။ တစ်ခုတော့ရှိပါတယ်။ Firmware ထုတ်ချင်တဲ့ ဖုန်းမှာ Root Access ရပြီးဖြစ်နေရပါမယ်။ Root မဖြစ်ရင်တော့ Firmware ထုတ်လို့ မရပါဘူး။ SD Card အနိမ့်ဆုံး 512MB လိုအပ်ပါတယ်။ ကောင်းတာကတော့ 2GB ဆိုရင် ပိုကောင်းပါတယ်။ Free space 512MB လောက်ရှိရင်လည်း ရပါတယ်။ SD Card ထဲကို GScript နဲ့ Install Folder ၂ခုလုံး copy ကူးထည့်ပါ။ ပြီးရင်တော့ Phone မှာပါတဲ့ File Manager ကနေ GScriptLite.apk ဖိုင်လေးကို Install လုပ်ပါ။ ပြီးသွားရင် Apps တွေထဲမှာ GScript လေးရောက်သွားပါလိမ့်မယ်။ ဖွင့်လိုက်ပါ။ ဖွင့်လိုက်ပြီး Menu ကို ခေါ်ပါ။ အဲဒီထဲမှာပါတဲ့ Add ကို ရွေးပါ။ Script ဖိုင်ကို ရွေးပေးဖို့အတွက် Load ကို ထပ်နှိပ်ပါ။ back23.sh ကို ရွေးလိုက်ပါ။ Super User Request တောင်းရင် Allow or Grant ပေးလိုက်ပါ။ ဒါဆိုရင် Gscript ထဲမှာ Back23 ဆိုပြီး Script ဖိုင်လေး တစ်ခု ထပ်တိုးလာတာကို တွေ့ရပါလိမ့်မယ်။ အဲဒီ Back23 လေးကို Run ပေးလိုက်ပါ။ သူ့ဘာသာသူပဲ SD Card အောက်ထဲက Back_ Folder အောက်ထဲမှာ သွားပြီး Save ပေးပါလိမ့်မယ်။ ဒါဆိုရင်တော့ MTK6573 အတွက်ကို Firmware ရသွားပြီပေါ့ခင်ဗျာ။ အဲဒီFirmware ဖိုင်တွေထဲမှာ Firmware.info ကို Scatter File ထုတ်ဖို့အတွက် အသုံးပြုပါတယ်ခင်ဗျာ။ Scatter File ထုတ်ဖို့အတွက် MTK Rom Studio နဲ့ Scatter ဖိုင် ထုတ်ရပါတယ်ခင်ဗျာ။ အဲဒီ MTK_Rom_Studio ကိုလည်း နောက်များမှာ Post တစ်ခုအနေနဲ့ သီးသန့်တင်ပေးပါ့မယ်ခင်ဗျာ။ နောက် Post မှာ MTK6575 ကို Firmware ထုတ်တဲ့ Tools လေးလည်း တင်ပေးပါ့မယ်ခင်ဗျာ။ အားလုံးပဲ အဆင်ပြေနိုင်ကြပါစေ။

                                             Download Here !
အဆင်ပြေပါစေ..
Credit to : မောင်ပေါက် &source: lashioit (mm-mpxteam)

Samsung Galaxy S4, Galaxy Grand Duos တွေမှာ မြန်မာစာရပြီ


 
မြန်မာ့ဈေးကွက်အတွင်း လူကြိုက်များသော Samsung စမတ်ဖုန်း အ ချို့၌ မြန်မာစာစနစ် အသင့် ထည့်သွင်းခြင်းအား စတင် လုပ်ဆောင်နေ ပြီဖြစ်ကြောင်း Samsung ကုမ္ပဏီ၏ မန်နေဂျာ ဦးဇော်မိုးအောင်က သြဂုတ် ၂၉ရက်နေ့ ညနေ ၄နာရီက junction Square၌ ပြုလုပ်သော စာနယ်ဇင်း ရှင်းလင်းပွဲ၌ ပြောဆိုသည်ဟု သိရသည်။

“အခုလောလောဆယ်မှာ Samsung Galaxy S4, Galaxy Grand Duos တွေမှာ မြန်မာစာစနစ် အသင့် ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်”
ဟု ၄င်းက ပြောဆိုသည်။

အဆိုပါ စမတ်ဖုန်းများသည် ယခင်က ၀ယ်ယူထားပြီးဖြစ်ခဲ့ပါက Firmwareအား update ပြုလုပ်ခြင်းဖြင့် မြန်မာစာစနစ် ရယူနိုင်မည်ဖြစ်ပြီး Setting အတွင်းရှိ Language မှတဆင့် ပြင်ဆင်နိုင်ကြောင်း သိရသည်။ ယခင်က ပြည်တွင်းဈေးကွက်၌ တရားဝင်တင်သွင်းထားသော Samsung စမတ်ဖုန်းများတွင် အသုံးချဘာသာစကား ၁၀မျိုးဖြင့် ထုတ်လုပ်ထားကြောင်း ယခုအခါ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို သုံးနိုင်ငံ၌ ဒေသတွင်း ဘာသာစကားများ ထပ်မံဖြည့်တင်း ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

“မြန်မာဇော်ဂျီဖောင့်ကို အသုံးပြုထားတဲ့အတွက် အင်တာနက် သုံးပြီး ၀က်ဘ်ဆိုဒ်ကြည့်ရှုတာ၊ ဖေ့ဘုတ်စ်လို လူမူကွန်ရက်တွေ အသုံးပြုတာနဲ့ စာတိုတွေ ပေးပို့တာကို ကောင်းမွန်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်”ဟု ၄င်းက ပြောကြားသည်။

 
Source: The Standard Time Daily
Myanmar ICT

အသစ်ထုတ် MX Player (V 1.7.19 ) Apk

ဒီ application လေးက android phone တော်တော်များများမှာ နေရာယူထားတာကိုတွေ့ရပါတယ်ဗျာ။ ဒီကောင်လေးက သီချင်း
နားထောင်ဖို့ရော၊  movies တွေကိုကြည့်ဖို့အတွက်ပါအသုံးဝင်တာကြောင့်လည်း တော်တော်များများ သုံးကြတာကိုတွေ့ရပါတယ်။ 
အဲဒီအတွက်ကြောင့် version အသစ်လေးကို သုံးချင်ကြတဲ့ သူငယ်ချင်းတွေအတွက် တင်ပေးလိုက်ပါတယ်ဗျာ။ Andorid version 
2.1 နဲ့အထက်မှာ အသုံးပြုနိုင်ပါတယ်ဗျာ။ 
အောက်က link တွေကနေ download လုပ်နိုင်ပါတယ်ဗျာ။ 

အားလုံးအဆင်ပြေကြပါစေဗျာ။ 

ဗီဒီယို file တွေအကုန်လုံးကို format ပြောင်းပေးမဲ့ Any Video Converter (v 5.0.9 )

ဗီဒီယို file တွေကိုအကုန်လုံးကို ကြိုက်တဲ့ format ပြောင်းလဲနိုင်တာကြောင့် all in one video converting tool လို့တောင်ခေါ်
နေကြတာပါ။ သူပြောင်းလဲပေးမဲ့ vedio file  format တွေကတော့ DivX, XviD, MOV, rm, rmvb, MPEG, VOB, DVD, WMV, AVI စတာ
format တွေကို MPEG-4 အဖြစ်ပြောင်းလဲပေးမဲ့ အပြင် smart phone တွထဲမှာလဲ အသုံးပြုလို့ရအောင် format ပြောင်းလဲပေးနိုင်တဲ့ 
အတွက် ကြိုက်သလို format ပြောင်းနိုင်ပါပြီဗျာ။ 
အောက်က Link တွေကနေ download လုပ်နိုင်ပါတယ်ဗျာ။ 
အားလုံးအဆင်ပြေကြပါစေဗျာ။ 

C++ မြန်မာလို eBook vol_1,2 and 3

Programing ကိုလေ့လာလိုက်စားနေကြသူများအတွက် မြန်မာလိုစာအုပ်
ဆရာ အောင်မြင့် ရေးထားတာပါ။
အသုံးဝင်ကြပါစေ လို့ဆုတောင်းပါတယ် ကျွန်တော်က ပညာပါရမီ အားနည်းတော့
ကျွန်တော်လိုမဖြစ် ကြဖို့ ဒါနအဖြစ်မျှဝေပါတယ်ခင်ဗျား။
ကိုယ်တိုင်ရေးထားတာလဲမဟုတ် ခွင့်ပြုချက်လဲမရ ပဲတင်ရတဲ့
ရည့်ရွယ်ချက်က လေ့လာလိုက်စားသူများအတွက် အဆင်ပြေစေဖို့ရည်ရွယ်ချက်
သီးသန့် မျှသာဖြစ်ပါတယ်ခင်ဗျား။

Battery တွေအတွက် မရှိမဖြစ် Battyer Booster (Full ) v 6.5 Apk


Phone ရဲ့ Battery အသုံးပြု မှုနှုန်းကို ပြသရုံသာမကပဲ ကိုယ်အသုံးမပြုပဲ နောက်ကွယ်ကနေ run နေတဲ့ battery စားတဲ့ 
app တွေကပါ ပိတ်ပေးတဲ့ အတွက် ဒီ app လေးရှိရုံနဲ့ ကိုယ့် battery အားတွေဘာမှ မသုံးပဲ အကုန်မြန်နေတဲ့ သူငယ်ချင်းတွေ
အတွက်တော့ အဆင်ပြေစေမယ်လို့ ထင်ပါတယ်ဗျာ။ Battery ရဲ့ indicator ကို notifaction bar မှာပြသပေးတဲ့အပြင်၊ screen 
ပေါ်မှာလည်း widget အနေနဲ့ ပြသပေးပါတယ်။ ဒါတင်မကပဲ ဖုန်းရဲ့ အပူချိန်ကိုလည်း လျှော့ချပေးတာကိုတွေ့ရပါတယ်။ 
 Battery နဲ့ပတ်သက်ပြီး system ပိုင်းကိုလည်း ထိန်းသိမ်းပေးတဲ့အတွက်အသုံး ပြုတဲ့ user တွေအတွက် စိတ်ကျေနပ်မှုပေးစွမ်းနိုင်ပါလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ ဒီ app လေးကို android version 1.5 နဲ့အထက်ရှိရုံနဲ့အသုံးပြုနိုင်ပါတယ်ဗျာ။ 


အောက်က link တွေကနေ download လုပ်နိုင်ပါတယ်ဗျာ။ 
အားလုံးအဆင်ပြေကြပါစေဗျာ။ 

SMS တွေကို cloud ပေါ်မှာ သိမ်းပေးမဲ့ Cloud SMS v2.1.18 Apk

ဒီတစ်ခါတော့ SMS ကိုပဲသီးသန့် cloud ပေါ်မှာ သိမ်းထားပေးတဲ့ app လေးအကြောင်း နည်းနည်းလေးပြောပြပေး ပါ့မယ်ဗျာ။ ကိုယ်ပို့ထားတဲ့ SMS တွေကို ဖျက်ပစ်လိုက်ဖို့ကြောက်နေကြတဲ့ သူငယ်ချင်းတွေအတွက်ပါ။ အခုတော့ဒီ application လေးနဲ့ ကိုယ်မဖျက်ချင်တဲ့ SMS တွေကို cloud ပေါ်မှာ သိမ်းထားပြီး ကိုယ်မလိုချင်တဲ့ SMS တွေကိုဖျက်လိုက်တော့ စက်လည်းမလေးတော့ဘူးပေါ့ဗျာ။ ပြီးတော့ လုံခြုံစိတ်ရသလားတော့မမေးနဲ့နော်။ ကိုယ့် username နဲ့ 
password မသိတဲ့အချိန်အထိ ဘယ်သူမှ ယူကြည့်လို့မရတော့ဘူးဗျာ။ဖုန်းမှာမကပဲ 
tablet မှာလည်း အသုံးပြုနိုင်တဲ့အတွက် အဆင်ပြေပြေနဲ့အသုံးပြုနိုင်ပြီဖြစ်ပါတယ်ဗျာ။ 
 ဒီ application လေးကိုသုံးဖို့အတွက် Android version 2.3 နဲ့အထက်ကနေ 4.1 အထိကိုအေးအေးဆေးဆေး အသုံးပြုနိုင်ပါပြီ။ 

အောက်က link တွေကနေ download လုပ်နိုင်ပါတယ်ဗျာ။ 
အားလုံးအဆင်ပြေကြပါစေဗျာ။ 

Window Phone 7 အတွက် Facebook .XAP

လူကြိုက်များကြတဲ့ social website လေးကို android phone တွေနဲ့ iPhone တွေမှာပဲ application လေးတွေနဲ့သုံးရတာတွေ့ရပါတယ်ဗျာ။ အခုတော့ window phone တွေမှာလည်းသုံးလို့ရအောင် ထုတ်လုပ်လာတာကိုတွေ့ရပါတယ်ဗျာ။ သူများတွေနဲ့မတူပဲ window phone အတွက်ကျတော့ XAP ဖိုင်နဲ့လာတာပါ။ Window Phone ပိုင်ရှင်တွေကတော့ address bar မှာ url ကို ရိုက်စရာမလိုတော့ဘူးပေါ့ဗျာ။ ဒီ application လေးကိုအသုံးပြုပြီး အများနည်းတူလန်းနိုင်ပါပြီဗျာ။ သတိပြုစေချင်တာကတော့ window phone 7 user သီးသန့်ပါခင်ဗျာ။




အောက်က link တွေကနေ download လုပ်နိုင်ပါတယ်ဗျာ။ 
အားလုံးအဆင်ပြေကြပါစေဗျာ။ 

World Conqueror 2 v1.19 apk (49MB)

ဒုတိယကမ္ဘာစစ် နဲ့ စစ်အေးကာလတွေမှာ campaigns အနေနဲ့ ဆော့ရမှာဖြစ်တယ်။
နာမည်ကြီး General တွေဖြစ်တဲ့ Guderian, Rommel, Patton, Zhukov, Nimitz, MacArthur, Yamamoto, Montgomery and de Gaulle တွေနဲ့ ဖိုက်ရမှာနော်
စစ်တိုက်တာဝါသနာပါတဲ့သူတွေအတွက်တော့အဆင်ပြေပါတယ်
Computer က General တိုက်ရတာ ဝါသနာပါသူတွေအတွက် ပိုအဆင်ပြေမယ်
ထင်တယ်ဗျ။ လိုအပ်ချက်က Android verison 2.3 နဲ့အထက်ဆိုရင် OK တယ်
အောက်မှာဒေါင်းပါ

DOWNLOAD 
cradit to
winkabarkyaw.net

SPB Shell 3D APK v1.6.4

Play Store မှာတော့ 14.95$ တောင်ဗျာ TR Tech ကမိတ်ဆွေများကို လက်ဆောင်ပေး
တာပါ။ အကယ်အလန်းပဲဗျာ
အောက်ကပုံတွေသာကြည့်တော့ Android version 2.1 နဲ့အထက်ဆိုရပြီ



cradit..www.winkabarkyaw.net

AgRacer Version 1.4 ( Android Game )

http://static.androidgame365.com/uploads/posts/2013-08/1377901021_421325.jpg 
ကားပြိုင်သာဝါသနာပါတဲ့ သူတွေ အတွက် 
AgRacer ဂိမ်အလန်း.Version ကတော့ 1.4 ဖိုင်ဆိုဒ်ကတော့ 45.0MB လိုချင်သူများဒေါင်းနိုင်ပါသည်

 
  
 
Download link =>> LINK 
အဆင်ပြေပါစေ. .

http://heinthura12.blogspot.com/

ကိုယ်တိုင်လေ့လာ Youtube သင်ခန်းစာစာအုပ် (မြန်မာလို)

ကိုယ်တိုင်လေ့လာ Youtube သင်ခန်းစာစာအုပ်လေးဖြစ်ပါတယ်။ Youtube ဗွီဒီယိုတစ်ခုကိုကြည့်ရှုခြင်း၊ အီးမေးလ်မှတစ်ဆင့် Youtube Video မျှဝေခြင်း၊ Youtube Video များကို ဒေါင်းလုပ်ချခြင်း၊ Youtube ပေါ်ကို ဗွီဒီယိုတစ်ခု တင်ပို့ခြင်း၊ Youtube အတွက် ဗွီဒီယိုရိုက်ကူးခြင်း၊ ဗွီဒီယိုတွင် မှတ်စုမှတ်ချက်အညွှန်းများထည့်
သွင်းခြင်း၊ ကြည့်ရှုသူတို့ရဲ့ ထင်မြင်ချက်များစီစဉ်ပေးခြင်း အစရှိသည်တို့ကို ပြည့်စုံစွာ ရေးသားဖေါ်ပြထား
တဲ့စာအုပ်ဖြစ်ပါတယ်။


Internet နှင့် Website ဆိုသည်မှာ...

Internet နှင့်.....

ကမ္ဘာကြီးကို အမြန်ဆုံးပတ်သွားနိုင်ဖို့ လေယာဉ်၊ ဂြိုလ်တု စီးသွားရန်မလိုပါ။ အင်တာနက်ပေါ်သာ တက်လိုက်ပါ။ တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းကို စက္ကန့်ပိုင်းအတွင်း စာတစ်စောင်ပို့မလား။
          မျက်နှာတွေ့ပြီး စကားပြောမလား။ ဒါတွေသာမက သတင်းတစ်ခုကို သတင်းစာ၊ ဂျာနယ် ထွက်လာသည်အထိ စောင့်ဖတ်စရာမလိုပါ။ အင်တာနက်ပေါ်မှာ မိနစ်ပိုင်းအတွင်း လွှင့်တင်သူရှိပါက အလွယ်ကြည့်ရှုနိုင်ပါတယ်။
 
          ကမ္ဘာကြီးဟာ Cable တွေလွှမ်းခြုံလာတာကြောင့် ကွန်ယက်ထဲရောက်နေတဲ့ ဘော်လုံးလိုဖြစ်လာပါပြီ။ မြန်မာမှာဆိုရင်လည်း ၂၀၁၃ ဟာ မိုဘိုင်းအင်တာနက်ခေတ် ဖြစ်လာပါပြီ။
 
          အင်တာနက်ဆိုတာကတော့ အမြဲဖွင့်ထားတဲ့ Server ကွန်ပျူတာကို ချိတ်ဆက်ထားပြီး အပြန်အလှန် စီးမြောနေတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။
 
          ဒါကို Network အစုအဝေးလို့လည်း သိထားနိုင်ပါတယ်။ အင်တာနက်လိုင်းကို အောက်ပါနေရာတို့မှ ရယူကြပါတယ်။
 
1.       ADSL (Digital auto Telephone လိုင်းဖြင့် ချိတ်သုံးရန်) 2.       WiMAX (ကြိုးမဲ့သုံးနိုင်ပါတယ်) 3.       SkyNet (ဂြိုလ်တုစနစ်ဖြစ်ပါတယ်) 4.       Mobile (Mobile ဖုန်းများဖြင့် သုံးရပါတယ်) 5.       WiFi (အခမဲ့ဇုန်များ၊ အခပေး၊ လပေးများဖြင့်သုံးနိုင်)
 
          Website ဆိုတာကတော့ ၂၄ နာရီ မပိတ်ဘဲဖွင့်ထားတဲ့ Server ကွန်ပျူတာတွေပေါ်မှာ လွှင့်တင်ထားတဲ့ ကြည့်ရှုလေ့လာစရာ Page များဖြစ်ပါတယ်။
 
          သတင်း၊ နည်းပညာ၊ အလှအပ၊ စီးပွားရေး၊ အဖွဲ့အစည်း၊ အရုပ်၊ အသံများနှင့် အခြားသော အရာများစွာကို Webpage တွေမှာထည့်သွင်းပြီး အခမဲ့၊ အခပေးတွေအဖြစ် Website ဖန်တီးကြပါတယ်။
          ထို Webpage တွေကို အမည်တွေပေးထားပြီး အမည်တူနှစ်ခုမရှိစေရန် ထိန်းချုပ်ထားကြပါတယ်။
          ရေးဆွဲဖန်တီးထားသော Website တွေကို အမြဲဖွင့်ထားတဲ့ Server တွေကနေ လွှင့်ပေးထားတာကြောင့် အလွယ်တကူ ဖွင့်ကြည့်နိုင်ပါတယ်။  
 
          ဒီလို Website တွေကို အင်တာနက်ပေါ်မှာ ကြည့်နိုင်ဖို့ လိုအပ်တာကတော့ Browser Software တစ်ခုခုပဲဖြစ်ပါတယ်။
 
          စာဖတ်သူ ကွန်ပျူတာဟာ Windows OS ကို သုံးပါက Internet Explorer (IE) ပါရှိပြီးသား ဖြစ်ပါတယ်။ ဒါမှမဟုတ် Apple Mac ကိုသုံးပါက Safari Browser ပါရှိပါလိမ့်မယ်။
          အခြားအမည်ရှိပြီး ထပ်မံထည့်သွင်းကြတာကတော့...
 
1.       Mozilla Firefox 2.       Chrome 3.       Opera
  စတာတွေကို အသုံးများပါတယ်။ အခြား Browser တွေကိုလည်း အလျဉ်းသင့်သလို သုံးနေကြပါတယ်။ ဒီထဲမှာ Chrome ကတော့ ဘာသာအတော်များများကို English ဘာသာဖြင့် ပြောင်းပေးနိုင်ပါတယ်။  
အင်တာနက်ကိုသုံးရာဝယ်....
          အများစုကတော့ စာဖတ်မယ်၊ Game ဆော့မယ်၊ Software တွေ၊ Data တွေ Download ဆွဲယူမယ်။ ဒါ့အပြင် အခြားနည်းလမ်းအစုံကို မိမိလိုအပ်ချက်အတိုင်း အင်တာနက်ကို သုံးကြပါတယ်။
          လူငယ်တွေကတော့ Chatting လုပ်ကြတယ်။ Social Network သုံးကြတယ်။
 
          စာဖတ်သူများသိထားရန်မှာ အင်တာနက်မှ Mail များ၊ Social Network များသုံးလိုလျှင်တော့ Account ကို Register လုပ်ရပါတယ်။ ဒါ့အပြင် အချို့သော Website များကလည်း Register လုပ်ရပါတယ်။ ဒါသာမက တန်ဖိုးရှိ Data တွေကိုလည်း ငွေကြေးဖြင့် ၀ယ်ယူရတာတွေ ရှိပါသေးတယ်။
          ဒါ့အပြင် လိမ်လည်သော Website များစွာလည်း ရှိနေပါတယ်။ ဒုက္ခပေးသော Website တွေလည်း ရောပြွမ်းနေတာမို့ သတိထားရပါမယ်။
 
          အင်တာနက်ကို သုံးတဲ့အခါ ၀င်္ကဘာထဲ သွားနေရသလို Click တိုင်းမှာ အဆင့်တွေ အဆင့်တွေ ထပ်ထပ်ပြီး ၀င်နေမှာပါ။ ဒါကြောင့် Click နှိပ်တာတွေကို အလွန်သတိထားရပါမယ်။
 
          အပြာရောင်ဖြင့် ပြထားတဲ့ Link ကိုနှိပ်မယ်ကြံတိုင်း Mouse Pointer တင်ကြည့်ပါ။ မြားပြထားတဲ့ နေရာလေးမှာ သွားမယ့် Location ကိုပြလာပါမယ်။ ဒါကိုစစ်ပြီး သေချာမှနှိပ်ပါ။

ရှာဖွေခြင်းဆိုင်ရာ နည်းလမ်းများ....
        စာဖတ်သူအနေဖြင့် ယခုအခန်းလေးဟာ အလွန်ပင်အသုံးတည့်မှာ ဖြစ်ပါတယ်။ ဥပမာပေး လက်တွေ့လုပ်ဆောင်နိုင်ခြင်းအတွက် Google ကို သုံးထားပါတယ်။
          ကိုယ်ရယူရှာဖွေလိုတာတွေကို ပိုမိုထိရောက်စွာ ရှာနိုင်ဖို့ ကောင်းစွာ ထောက်ပံ့နိုင်မှာပါ။

၁။       + နှင့် - အသုံး
          ကိုယ်အဓိက ရှာဖွေလိုသော Keyword ရှေ့မှ + ကိုထည့်ပေးလိုက်ခြင်းဖြင့် ထို Keyword ကို မပါမဖြစ် နှံ့စပ်စွာ ရှာပေးပါတယ်။  - ကိုတော့ မပါဖို့အတွက် သုံးပါတယ်။
          ဥပမာ။  ။         +technology ဆိုပြီး ရှာလျှင် ပိုမိုတိကျစွာ ရရှိပါမယ်။
                             - technology book ဆိုရင်တော့ book နဲ့ပတ်သက်တာတွေ ကိုသာရှာပေးမှာပါ။  
          - ကတော့ အသုံးနည်းပါတယ်။ သတိထားရမှာက Space မပါပါဘူး

၂။       "  " အသုံး
          ဒါကိုတော့ စကားစုများတာကို ရှာတဲ့အခါ ထည့်သုံးရပါမယ်။
          ဥပမာ။  ။         "golden land of myanmar" လို့ရှာပါက ထိုစကားစုပါသော Website တွေကို စုပေးပါလိမ့်မယ်။ စကားစုအတွက် ပိုသုံးသင့်ပါတယ်။

၃။       * အသုံး
          ဒီ * လေးကို ထည့်လိုက်ခြင်းအားဖြင့် ထို Keyword အား နှံ့စပ်စွာ ရှာပေးမှာဖြစ်ပါတယ်။
          ဥပမာ။  ။         *tech လိုရှာခြင်းဖြင့် technology, technical, techniques စသဖြင့် ဆိုင်ရာတွေကို ရှာပေးပါလိမ့်မယ်။

၎။       the, a, an, i, you တွေကိုရှောင်သုံး
          အထက်ပါစကားလုံးတွေကို ရှာဖွေရန် စကားလုံးအဖြစ် မသတ်မှတ်ပါဘူး။ Message ပြန်ပေးသလို ရှာဖွေချိန်ကိုလည်း ဖြုန်းတီးရာရောက်ပါတယ်။ ၎င်းတို့ကို  Stop Words လို့ခေါ်ပါတယ်။ မဖြစ်မနေသုံးလိုပါက "  " ထဲမှာ ထားသုံးနိုင်ပါတယ်။

၅။       intitle ကိုထည့်သုံးခြင်း
          Website တွေရဲ့ ခေါင်းစဉ်တွေမှာသာ ရှာဖို့သုံးပါတယ်။
          ဥပမာ။  ။         intitle : myanmar လို့ရှာလိုက်ပါက ခေါင်းစဉ်တွေမှာ မြန်မာဆိုတာ ပါတာနဲ့ ဖော်ပြပေးပါလိမ့်မယ်။

၆။       intext ကိုသုံးခြင်း
          ကိုယ်ရှာချင်တဲ့ စကားလုံးကို Webpage တစ်ခုလုံးမှာရှာဖို့သုံးပါတယ်။
          ဥပမာ။  ။         intext : yangon ဆိုပါက yangon ပါလျှင်ထိုဆိုက်ကို ညွှန်းပါလိမ့်မယ်။

၇။       link တွေကိုကြည့်ရန်
          မိမိသိပြီးသား ဆိုက်တစ်ခုမှာ link တွဲဆက်မှု ဘယ်လောက်ရှိတယ်ဆိုတာ သိနိုင်ဖို့ သုံးပါတယ်။
          ဥပမာ။  ။         www.mediumwaybook.com

၈။       အကြောင်းအရာကိုလည်းရှာနိုင်
          စာဖတ်သူဟာ အကြောင်းအရာတစ်ခုခုကို သိလိုတဲ့အခါမှာလည်း Search Engine ကတွဲဆက်ရှာပေး နိုင်ပါတယ်။

၉။       File Type ဖြင့်လည်းအမြန်ရှာနိုင်
          စာဖတ်သူဟာ Ebook တွေကို ဖတ်ရှုလိုပါက .pdf ဆိုတာကို တွဲဖက်ရှာခိုင်းခြင်းဖြင့် ပိုမြန်ဆန်စွာ ရရှိနိုင်ပါတယ်။

၁၀။     လုပ်ငန်းခေါင်းစဉ်ကိုသုံးနိုင်
          စာဖတ်သူအနေဖြင့် ဥရောပတိုက်ကို သွားရောက်လည်ပတ်ရန် ခရီးသွား Company တစ်ခုခုနှင့် ချိတ်ဆက်လိုတဲ့အခါ "europe travel company" ဆိုပြီး အလွယ်ရှာနိုင်ပါတယ်။

၁၁။     တန်ကြေးကန့်သတ်ရှာဖွေခြင်း
          မော်တော်ကားတစ်စီးကို ကိုယ်တတ်နိုင်တဲ့ တန်းကြေးအတွင်း ရှာလိုတဲ့အခါ "toyota car $2000 .... $ 5000" ဆိုပြီး ရှာလိုက်ပါ။ ထိုဈေးအတွင်း ရောင်းချပေးသော ကားစာရင်းရှိရာ Site ကို ညွှန်ပြပါလိမ့်မယ်။

၁၂။     ပုံတွေသာရှာဖွေဖို့
          ဓါတ်ပုံတွေနှင့် အခြားပုံအမျိုးမျိုး ရှာဖွေဖို့အတွက် Google ရဲ့ Image လိုင်းမှရှာဖွေပါက ပုံများကို ဦးစားပေး ဖော်ပြပြီး ရှာပေးပါလိမ့်မယ်။

၁၃။     သတင်းတွေကို ရှာသောအခါ
          သတင်းတစ်ခုခုကို ခေါင်းစဉ်သာသိပြီး နေရာမတိမကျဖြစ်နေပါက " riot location : thailand " ဆိုပြီး ရှာနိုင်ပါတယ်။ အဓိက သုံးလိုက်တာကတော့ Location ဖြစ်ပါတယ်။

၁၄။     သတင်းသီးသန့်ရှာဖို့
          http://news.google.com ကို အသုံးပြုပြီး ရှာဖွေပါ။ ဒါက Google အသုံးအတွက် ပြောတာပါ။

၁၅။     source ကိုလည်းသုံးတတ်ဖို့
          ကိုယ်ဖတ်ချင်တဲ့ သတင်းခေါင်းစဉ်ပါရှိသမျှ Website တွေကို လိုချင်တဲ့အခါ သုံးရပါတယ်။
          ဥပမာ။  ။    "stevejobs source: time" ဆိုလျှင် Time သတင်းစာမှာ တောက်လျှောက် ဖော်ပြခဲ့သော stevejobs ရဲ့ သတင်းမှန်သမျှ ဖတ်ရမှာ ဖြစ်ပါတယ်။


......နည်းပညာဆိုတာ ကလိစရာလို့ အလွယ်မှတ်ထား ....
ဒါမှ လွယ်ပါလားဆိုပြီး ကလိမှ နည်းပညာကိုသိမှာ......

 
Credit : http://hlyothwetuyin.blogspot.com/



ကားရှိသူတိုင်းဆောင်ထားသင့်တဲ့ ကားပြုပြင်ထိန်းသိမ်းခြင်း Apk (5.3MB)


 
 
 
Andriod ဖုန်းအသုံးပြုသူများအတွက် မြန်မာလိုရေးသားထားတဲ့ ကားပြုပြင်ရေး ဆော့ဝဲလ်လေး တင်ပေး လိုက်ပါတယ်ခင်ဗျာ။ ကားပြုပြင်ထိန်းသိမ်းခြင်းကို အသေးစိတ်ရေးပေးထားတဲ့ ဆော့ဝဲလ်လေးဖြစ်ပါတယ်။
ဗားရှင်းက ၂.၀ပါ။ Android version 2.2 နှင့်အထက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

              Download=>> Link 1, Link 2




Modem တည်းတွင် SIM Card မရှိဘဲ အင်တာနက်အသုံးပြုနည်း (Ebook)

ကိုမင်းစိုးရာဇာဆီကနေ ရှာဖွေခဲ့တာပါ။ အဲ့နည်းက Free သုံးဖို့ Hack ရပါလိမ့်မယ်။ အားလုံးသိသင့်တယ်ထင်လို့ ကျွန်တော် ပြန်လည်ပြီး ဝေမျှလိုက်ပါတယ်။ အောက်ပါအတိုင်း Download ဆွဲပါ။ အဆင်ပြေပါစေ။ ဖျက်လိုက်ရင်တော့မသိဘူး။ :D

Description : ဒါလေးကတော့ Modem တည်းမှာ SIM Card မ၇ှိဘဲ အင်တာနက်သုံးနိုင်သလို ကြိုက်သလို ကလိနိုင်ပါတယ်။ ဒီစာအုပ်ဖတ် ပြီးရင် နည်းနည်းဦးနှောက် ထပ်သုံးကြည့်ပါ။
နောက် လုပ်လို့ ရတဲ့နည်းတစ်ခု နဲ့ ချိတ် ဆက်နေသေးတယ် ဗျ ဒါကတော့ နောက်မှ အေးဆေးထပ်တင်ပေးမယ်ဗျာ။ ဒီစာအုပ်တောင် စာကျက်နေရင်း ပျင်းလို့ 
ရေး ချ ထလိုက်တာပါ။ စာအုပ်လေး က ဖတ်ရတာစာ မချောရင် ခွင့်လွတ်ပေးကြပါ ညီကိုမောင်နှမတို ..
ကဲ ဒေါင်းလော့ရယူဆိုသများ မိမိ ကြိက်နှစ်သက်ရာလင့်မှာဒေါင်းလော့ရယူနိုင်ပါပီ။

အဆင်ပြေပါစေ..

Huawei Network Unlock Code စာရင်းများ ကြော်ငြာခြင်း - 4


31.8.2013 ရက်နေ့ နေ့လည် 2 နာရီ 30 မိနစ် ( ၁၄း ၃၀ )ထိ Unlock Code တောင်းထားသူများစာရင်း အပိုင်း ၄ ကို တင်ပေးလိုက်ပါတယ်.. ခေါင်းစဉ်မပါလို့၊ လွဲလို့ ရှာဖွေမတွေ့တဲ့ Email တွေအတွက်တော့ မပေးနိုင်လိုက်ပါဘူး.. ပြီးတော့ MEID နံပတ်နဲ့တောင်းသူတွေအတွက် မပေးနိုင်လိုက်ပါဘူး.. ခုဟာက IMEI နံပတ် ၁၅ လုံး သမားတွေအတွက်ပဲဖြစ်ပါတယ်..
လာတဲ့ အီးမေးက 200 ကျော်ပါတယ်.. ဒါပေမယ့် တကယ် IMEI နဲ့က ခုစာရင်းနဲ့ဆို 53 ဦးပဲရှိပါတယ်.. ကီးအလုပ်မလုပ်လို့ ဆဲသွားတဲ့ အီးမေး ၁ စောင်၊ IMEI နံပတ်ပေးပါလျက်နဲ့ Unlock Code အဆင်မပြေဘူးလို့ စာပြန်တဲ့အီးမေး 6 စောင်ရှိပါတယ်.. ဆဲတဲ့ သူကို တစ်ခု ပြောချင်ပါတယ်.. ခုကျွန်တော် လုပ်ပေးနေတာ ပိုက်ဆံရလို့ လုပ်ပေးတာမဟုတ်ပါဘူး.. ကျွန်တော် Network တစ်ခါဖြည်ရင် 3000 နဲ့ဖြည်ပေးပါတယ်.. ဘာမှ မပြောဘဲထားရင်လည်းရတာပဲ.. ပေးလာတာက MEID နံပတ်.. IMEI ဆိုတဲ့နံပတ်တောင် မပေးနိုင်ဘဲ Unlock Code ကို ဘယ်လို ပေးရမှာလဲ. MEID နဲ့ ကုဒ်တောင်းပြီး လုပ်ကြည့်ပါသေးတယ်.. မရဘူး.. ကွန်ပျူတာ ပျက်နေတာတောင် သူများဆီက ကွန်ပျူတာကို ငှားပြီး လုပ်ပေးနေတာ.. ခင်ဗျားတို့လို သူများကို စော်ကားတတ်သူတွေ ဘာမှ အောင်မြင်လာစရာ အကြောင်းမရှိဘူး.. ပြီးတော့ ခင်ဗျားတို့လို လူမျိုးနဲ့ တွေ့ဆုံရတာ မင်္ဂလာမရှိဘူး.. ကျွန်တော်လည်း လူသားတစ်ယောက်မို့ စိတ်ဆိုးတတ်တယ်.. ခင်ဗျားရဲ့ အီးမေးကို ကျွန်တော် အပြီး ဘန်းလိုက်ပါပြီ.. ကျွန်တော် မိတ်ဆွေတွေကို လေးစားပါတယ်.. ကျွန်တော့်ကို မလေးစားချင်နေပါ.. မစော်ကားရင် ရပါပြီ..
နောက်ပြီး မိတ်ဆွေများထဲက ကျွန်တော်ပေးတဲ့ကုဒ်နဲ့ အဆင်မပြေတဲ့သူရှိရင် စာပြန်စေလိုပါတယ်.. IMEI Change ပြီး လုပ်လို့ရတဲ့နည်းရှိပါအုံးမယ်.. ဒါမှမဟုတ်. Official လင့်မှာ တောင်းကြည့်ပါမယ်.. ခုတော့ တောင်းထားတဲ့ မိတ်ဆွေများ အောက်မှာ ကြည့်နိုင်ပါပြီ..

*************
41. zaw thet oo <zawthetoo97@gmail.com>
y300c
imei - 869046017287700
Unlock Code = 54430146
imei - 869046016122833
Unlock Code = 34834096
-----------------------------
42. microlinkcafe <microlinkcafe@gmail.com>
Huawei C8813D
IMEI : 869126019029373
Unlock Code : 41418676
----------------------------
43. Kyaw Thura Tun <kplugz@gmail.com>
IMEI  = 864573013716882
Unlock Code : 35726778
---------------------------
44. Jj King <jjking13579@gmail.com>
IMEI : 869046013325421
Unlock Code : 34487661
----------------------------
45. Naung Min Khant <naungminkhant@gmail.com>
Huawei C8813D
IMEI = 869126012245851
Unlock Code : 45878660
---------------------------------
46. jedid vena <jedidvena@gmail.com>
IMEI= 862242020490657
Unlock= 58467739
-------------------------------
47. mirrorghost9856 <mirrorghost9856@gmail.com>
Model =U8825D
IMEI 1= 86724701054093
Unlock Code = Invalid..
IMEI 2=867247010923653
Unlock Code = 51060262
-----------------------------
49. ever choice <everchoice.service.center@gmail.com>
model   c8813
IMEI 860528021518930
Unlock Code : 61321936
model c8813d
IMEI 869126013172468
Unlock Code : 36536720
Model C8813D
IMEI 862242020715913
Unlock Code : 64729097
-------------------------------
50. kyaw thurahtun <kyawthurahtun13@gmail.com>
IMEI  =  864573013716882
Unlock Code : 35726778
-------------------------------
51. Hlwan Moe Thu <hlwanmoethu@gmail.com>
IMEI : 869126010720657
Unlock Code : 46859060

--------------------------------
53. minlumaw <devilandlove2012@gmail.com>
IMEI2:866872016847886
Unlock Code : 42901485

Unlock Code စာရင်း ( ၃ ) ကြည့်ရန် >>
Unlock Code စာရင်း ( ၂ ) ကြည့်ရန် >>
Unlock Code စာရင်း ( ၁ ) ကြည့်ရန် >>

အွန်လိုင်းပေါ်မှာငွေရှာနည်း အပိုင်း(၂) google adsense အကြောင်း





Google Adsense

Google..AdsenseဆိုတာGoogleကုမဏ္ဍီကနေသတ်မှတ်ချက်အရည်အသွေးနဲ့ပြည့်မှီတဲ့ဝက်ဆိုဒ်ဘလော့များအတွက် ပေးထားတဲ့
ကြော်ငြာများပဲဖြစ်ပါတယ်။ကမ္ဘာမှာအရမ်းခေတ်စားပါတယ်၊၀က်ဆိုဒ်ဘလော့တွေမှာAdsense ကြော်ငြာတွေကိုခနခဏတွေ့နေပေမဲ့လို့..
အဲဒါတွေကို ကြော်ငြာတွေလို့ သိပ်မသိကြဘူး..တကယ်တော့ Google ကုမဏ္ဍီက ကြားခံဝန်ဆောင်မှု့ပေးတာပါ။ Google Adwords ဆိုတာနဲ့ လုပ်ငန်းရှင်တွေ ၊ ကြော်ငြာရှင်တွေကို လက်ခံပါတယ်။ ကြော်ငြာရှင်များက Google ကုမဏ္ဍီကိုကျသင့်တဲ့ငွေကြေးပေးရပါတယ်။ တခါ Google ကုမဏ္ဍီက ပြန်ပြီး ၀က်ဆိုဒ် ဘလော့ပိုင်ရှင်များဆီကိုကြော်ငြာများထဲ့သွင်းစေပြီး ပိုက်ဆံပြန်ပေးတဲ့စနစ်ပါ။သို့သော် ၀က်ဆိုဒ်များပေါ်မှာကြော်ငြာရှိနေယုံသက်သက်နဲ့ ၀က်ဆိုဒ်ပိုင်ရှင်များအဖို့ဝင်ငွေမရပါဘူး..အဲဒီကြော်ငြာကိုစိတ်ဝင်စားလို့ ပရိတ်သတ်များက ၀င်ရောက် ကလစ်ကြည့်ရှုမှာသာလျှင် ၀င်ငွေရပါတယ်။ အဲဒီတော့ ကျနော်တို့ကလည်းထင်စရာအကြောင်းရှိပါတယ်..ဒါဆို တနေကုန်ထိုင်ပြီး ကြော်ငြာတွေကို ကလစ်နေရင် ပိုက်ဆံရမှာပေါ့လို့ ထင်စရာအကြောင်းရှိပါတယ်။ မရပါဘူး။ အဲဒီလိုလုပ်ခဲ့မယ်ဆိုရင် Google Adsense အကောင့်ကို ရာသက်ပန်အပိတ်ခံရမှာဖြစ်ပါတယ်။ သူတို့မှာ အဆင့်မြင့် software တွေတတ်ဆင်ထားပါတယ်။ ဒါ့ကြောင့် ၀က်ဆိုဒ်ပိုင်ရှင်များ အနေဖြင့်လည်း မိမိကို မလိုသူများက လုပ်ကြံမခံရလေအောင် ကာကွယ်တဲ့ software များတတ်ဆင်ထားသင့်ပါတယ်။ အဲဒီ ဆော့ဝဲများတတ်ဆင်ထားခြင်းဖြင့် မလိုသူများက ဘယ်လိုပဲ လုပ်ကြံ လုပ်ကြံ Google ပင်မ ဆော့ဖ်ဝဲများဆီသို့ မရောက်တော့ပဲ ကြားခံ ဆော့ဖ်ဝဲများက ဖျက်ချပေးသွားမှာဖြစ်ပါတယ်။

                                    Google Adsense Text Link ကြော်ငြာပုံစံလေးတွေပါခင်ဗျာ။
        အခုဖော်ပြပါပုံကတော့ Google Adsense ရဲ့ Text Link ကြော်ငြာပဲဖြစ်ပါ
တယ် အဲဒီပေါ်မှာ မောက်စ်ကို တင်ပြီး ကလစ်ဝင်ရောက်ခြင်းဖြင့် ကြော်ငြာပိုင်ရှင်ရဲ့ဆိုဒ်ဆီကိုရောက်သွားမှာဖြစ်ပါတယ်။ များသောအားဖြင့် စီးပွားရေးလုပ်ငန်းအရမဟုတ်ပဲ ၀ါသနာယုံကြည်ချက်အရ အလုပ်လုပ်ပေးနေတဲ့ ၀က်ဆိုဒ် ဘလော့တွေတော်တော်များများဟာ မိမိစရိတ်နဲ့ မိမိလည်ပတ်နေရတာပါ။အပင်ပမ်းခံလုပ်ရတာပါ။ အဖွဲ့စည်း တွေက ထောက်ပံ့ကြေးငွေပေးထားတဲ့ ဆိုဒ်တွေကိုတော့ မဆိုလိုဘူးပေါ့။ အဲဒီအခါကုန်ကျစရိတ်တွေကိုကာမိအောင်မိမိရဲ့ဆိုဒ်ဟာအရည်သွေးပြည့်မှီမယ်ဆို ကြော်ငြာဝင်ငွေများနဲ့ကာထားမှသာလျှင် ရေရှည်တည်
တံ့နိုင်မှာဖြစ်ပါတယ်။ ကျနော့်ရဲ့အခု ၀က်ဆိုဒ် The Best English 4 You ဆိုရင်လည်း Google Adsense ကြော်ငြာနဲ့ ကျားကန်ထားရပါတယ်။ Adsense ကြော်ငြာများကို သိချင်ရင် ကျနော့်ဆိုဒ်ပေါ်ဝင်ကြည့်လို့ရပါတယ်။ ကျနော်ဆိုရင် အကျင့်တခုလုပ်ထားပါတယ်..မိမိသိလိုသော ဖတ်လိုသော ၀က်ဆိုဒ်များကိုဝင်ရောက်သောအခါတိုင်း Adsense ကြော်ငြာတွေ့မယ်ဆိုရင် အဲဒီကြော်ငြာများအနက်မှ သုံးခုကို အမြဲဝင်ရောက် ကလစ်ကြည့်ရှုပေးပါတယ်…။ ဥပမာ Burmese Classic ၀က်ဆိုဒ်ကို တခါတရံ ရုပ်ရှင်ကြည့်ချင်လို့ဝင်ကြည့်ပါတယ်ကျနော်တို့အနေနဲ့ဒီလိုလွယ်လင့်တကူကြည့်နိုင်ဘို့ဝက်ဆိုဒ်ဖန်တီးသူများက တော်တော်ကြိုးစားထားရ
တာပါ။ အဲဒီအခါမှာ သူရဲ့ကျေးဇူးကို သိတတ်သောအားဖြင့် တုန့်ပြန်တဲ့သဘောပါ။
        ကြော်ငြာ ကလစ်ချက်တခုကို ဘယ်လောက်ရသလည်းဆိုတာကတော့ ပြောဘို့ခက်ပါတယ်။ တဒေါ်လာရဲ့ အပုံတရာပုံတပုံ ( တစ်ဆင့်)ကနေ၁၀ဒေါ်လာလောက်ထိရှိပါတယ်။Google..Adsenseကြော်ငြာတွေကတခုထဲအမြဲတန်းပုံမှန်ရှိနေတာမဟုတ်ပါဘူး…အမြဲ
တန်းပြောင်းနေတာပါ။ဒါ့ကြောင့်ဘယ်ကြော်ငြာဟာဘယ်လောက်ရတယ်ဆိုတာပြောဘို့ခက်ပါတယ်။Google.Adsense ကြော်ငြာလက်
ခံနိုင်ဘို့ အရည်အသွေးများကတော့ အရင်ကျနော်ရေးခဲ့တဲ့ ဆောင်းပါးထဲက အတိုင်းပါပဲ…။

  • Free ၀က်ဆိုဒ် လက်မခံပါဘူး
  • သက်တန်း ( ၆ ) လရှိရပါမယ်။
  • ၀က်ဆိုဒ်ထဲမှာပါဝင်တဲ့ အကြောင်းအရာတွေက ကိုယ်ပိုင်ဖြစ်ရပါမယ်။
  • Page views ငါးသောင်းအထက် - ( Hit သို့မဟုတ် impression ) နှစ်သိန်းလောက်ရှိရပါမယ်။           ကျနော်ခန့်မှန်းတွက်ချက်ကြည့်တာ..လူတစ်ထောင်လောက်နေ့စဉ်ဝင်ကြည့်နိုင်ဘို့လိုပါတယ်။
  • Google Adsense ပေါ်လစီများကို လိုက်နာရပါမယ်။ ( ဒီအကြောင်းနောက်ဆက်ရေးပေးပါမယ်)
  • ၀က်ဆိုဒ်ထဲမှာပါဝင်တဲ့အကြောင်းအရာများဟာ Google ပေါ်လစီနဲ့ မညိတဲ့အရာများဖြစ်ရပါမယ်။ ( ဥပမာ -ညစ်ညမ်းဆိုဒ် ၊ လက်နှက်ရောင်းဝယ်မှု့ ဒါမျိုးတွေ လက်မခံပါဘူး
  • မိမိ အသုံးပြုနေတဲ့ IP ရဲ့ ကွန်ပြူတာမှ မိမိဝက်ဆိုဒ်ပေါ်က ကြော်ငြာကိုမကလစ်ရပါဘူး ( ဒါက အရမ်းအရေးကြီးတဲ့ အချက်ပါ )တကယ်လို့ ကလစ်မိတယ်ဆို...ချက်ခြင်း အကောင့်ကို ပယ်လိုက်ပါတယ်။                                         
           လောလောဆယ်တော့ Google ကုမဏ္ဍီက မြန်မာဖောင့် လက်မခံသေးပါဘူး..ဆိုလိုတာက သူ့ ဆော့ဖ်ဝဲတွေက မြန်မာဖောင့်ကိုလက်မခံသေးဘူး…ကိုယ်က ၀က်ဆိုဒ်ပေါ်မှာ အကြောင်းအရာများကို မြန်မာလိုရေးတင်ထားတယ်ဆို သူ့ဆော့ဖ်ဝဲတွေက မဖတ်နိုင်ဘူး..ဒီတော့ ကြော်ငြာကုတ်တွေကိုတင်လည်း ကြော်ငြာက မပေါ်ပါဘူး။ သို့သော် မြန်မာလိုရေးချင်ရင် ဓါတ်ပုံလိုဟာမျိုးနဲ့လုပ်ပြီးတင်ရင်ရပါတယ်။ ဥပမာ ကျနော့် ၀က်ဆိုဒ် home page ကိုကြည့်လိုက်ပါ။ မြန်မာလိုတွေ တွေ့ရပါလိမ့်မယ်.. အဲဒါတွေက ဆိုဒ်စာမျက်နှာပေါ်တိုက်ရိုက်မြန်မာလိုရေးတင်ထားတာမဟုတ်ပါဘူး..photo shop ကနေတဆင့် စာလုံးရေး ဓါတ်ပုံလုပ်တင်ထားတာပါ။တချို့ဆိုဒ်တွေမှာအင်္ဂလိပ်လိုရေးတာရော..တချို့နေရာတွေမှာမြန်မာလိုကြားညှပ်ပါနေတာတွေရှိပါတယ်…
ဒီလောက်က ရတယ်။ စာမျက်နှာတခုလုံး ဗမာလိုချည်းရေးတင်မယ်ဆိုရင်တော့ ကြော်ငြာတင်လို့မရပါဘူး။
ကျနော်တို့ နိုင်င်ငံသားတွေညီညွတ်တယ်…ကိုယ့်အမျိုးကိုစောင့်ရှောက်ချင်စိတ်ရှိကြတယ်ဆို စည်းစည်းလုံးလုံးနဲ့ လုပ်လို့ရတာတွေရှိပါတယ်။
နောက်တခါ ဗွီဒီယိုလိုဟာမျိုးတွေချည်းတင်မယ်ဆိုရင်တော့ ပိုအဆင်ပြေပါတယ်...Google Adsense က လက်ခံပါတယ်။ ကြော်ငြာ တင်လို့ ရပါတယ်။

                                     ( ဆက်လက်ဖော်ပြပေးပါမယ် )
credit to -winkabarkyaw.net
&

Apple ID အမေရိကန် Account ဖွင့်နည်း

Apple ID အမေရိကန် account ဖွင့်နည်းပါ ကွန်ပြူတာ iTunes ကနေဖွင့်တဲ့နည်းပါ။
သိပြီးသား ဆရာကြီးတွေအတွက်မဟုတ်ပါဘူး မသိသေးတဲ့သူတွေအတွက်ဖြစ်ပါတယ်
တော်တော်များများက မေးနေလို့ကိုယ်တိုင် ဖွင့်လို့ရအောင်တင်ပေးတာပါ
ဆိုင်သွားဖွင့်ခိုင်းရင် ပိုက်ပိုက်ကုန်တယ် လွယ်လွယ်ကူကူဖွင့်လို့ရအောင်
အောက်မှာပုံနဲ့တစ်ကွရှင်းပြထားပါတယ်။
ကွန်ပြူတာမှာ iTunes ကို install လုပ်ထားပြီး အင်တာနက်ချိပ်ထားပါ
iTunes ကိုဖွင့်ပါ
iTunes အပေါ်ညာဘက်ထောင့်နားက iTunes Store ကိုနှိပ်ပါ
iTunes Store ထဲရောက်ရင် အပေါ်ညာဘက်ထောင့်နားက Search Box မှာ
iBooks လို့ရိုက်ပါ
မှတ်ချက်။ ။ iBooks မဟုတ်လဲတစ်ခြားကိုယ်သိတဲ့ free app တစ်ခုကိုရိုက်လဲရပါတယ်
အခုတော့ iBooks နဲ့ပဲ ဖွင့်ပြပါ့မယ်။
အဆင့် ၁။
နိုင်ငံအရင်ရွေးဖို့အတွက် iTunes အောက်ဆုံးကိုဆင်းပါ။
 ဝိုင်းထားတဲ့နေရာမှာ ကိုယ်ဖွင့်ချင်တဲ့ အမေရိကန် အလံပေါ်နေရင်တော့ဘာမှ
လုပ်စရာမလိုပါဘူး။ တစ်ကယ်လို့ တစ်ခြားနိုင်ငံဖြစ်နေရင်တော့
လေးထောင့်ကွက်နေရာက change country ကိုနှိပ်ပြီး အမေရိကန်ကို ရွေးပေးပါ။
အဆင့် ၂။
နိုင်ငံရွေးပြီးသွားရင် ခုနာကဖွင့်ထားတဲ့ iBooks ကို click လုပ်ပြီး အထဲကိုသွားပါ
 Free ကိုနှိပ်ပါ။
 Create Apple ID ကိုနှိပ်ပါ။
Continue ကိုနှိပ်ပါ။
Marking ပေးပြီး Agree ကိုနှိပ်ပါ။
အဆင့် ၃။
User name ကိုကိုယ့် eMail ထည့်ပါ။
password က အနည်းဆုံး စာလုံးကြီးတစ်လုံးပါရမယ် number တစ်လုံးပါရမယ်
ပြီးရင်အောက်က မေးခွန်းသုံးခုကို ကိုယ်ကြိုက်တာရွေးပြီးဖြေပါ
ပြီးတော့ မှတ်ထားပါ။ ကိုယ်က Free app တွေကိုစဒေါင်းရင် အဲဒါတွေတောင်းတတ်တယ်
မှတ်မိလွယ်အောင်ဆိုပြီး aaa တို့ abcd တို့တော့ လက်မခံဘူးနော် :)
Rescure Email ကတော့ ပြန်ကယ်လို့ရအောင်ထည့်ပေးရမယ်။
password မေ့သွားရင် အဆင်ပြေတာပေါ့
အရေးကြီးဆုံးက အောက်က မွေးနေ့ပဲဗျ
သူက ကိုယ်ဖွင့်တဲ့ Gmail ထဲက မွေးနေ့နဲ့ တူဖို့လိုတယ်
အောက်ကပုံကိုကြည့်ပါ။
အားလုံးပြီးရင် continue ကိုနှိပ်သွားပါ။
အဆင့် ၄။
ဒီအဆင့်မှာတော့ နည်းနည်းအလုပ်ရှုတ်တယ် ဒီမှာပဲတိုင်ပတ်တာ
အပေါ်ကပုံထဲကအတိုင်းပဲ ကိုယ်ဖွင့်ချင်တဲ့ နိုင်ငံဖြစ်နေတယ်ဆိုရင်တော့ ဘာမှလုပ်စရာမလိုဘူး
မှားနေရင်တော့ Click here ကိုနှိပ်ပြီးပြောင်းပါ။
အောက်က None ကိုရွေးပါ။
Mr. ကိုရွေး ဒါမှမဟုတ်ကိုယ်ကြိုက်တာရွေးဗျာ
Fast name နဲ့ Last name ကိုကြိုက်တာထည့်
အောက်က လိပ်စာထည့်ဖို့အတွက် ဒီလင့် ကိုအရင်သွားပါ။
အေက်ကပုံကိုကြည့်ပါ။
Male/American/United States ကိုရွေးပြီး Generate ကိုနှိပ်ပါ။ ဒါမှမဟုတ်
ကိုယ်ကြိုက်တာရွေးပြီး လုပ်ပါ။
တစ်ခုတော့ရှိတယ် ကိုယ်သိတဲ့မြို့လေးဆိုရင်တော့ပိုကောင်းပါတယ် LA တို့ NY တို့ CA တို့ပေါ့
ကျွန်တော်ကတော့သိပ့်မသိဘူး မိတ်ဆွေတို့က အားလုံးသိတယ်ဆိုရင်တော့ ဒီ link တောင်မလိုဘူးပေါ့
မသိလဲဘာမှမဖြစ်ပါဘူး။ ပုံထဲကအတိုင်းပဲ ထည့်လိုက်ပါ။
အားလုံးထည့်ပြီးရင် Continue ကိုနှိပ်ပါ။

အဆင့် ၅။
ဒီလိုပေါ်လာမယ်ဗျာ
 OK ကိုမနှိပ်ပါနဲ့ eMail ထဲကိုအရင်သွားပြီး Verfiy အရင်လုပ်ပါ။ ပြီးမှအပေါ်က OK ကိုနှိပ်...
 ပြီးရင် ကိုယ်ဖွင့်လိုက်တဲ့ Apple ID နဲ့ Login ဝင်ပါ။
 Verify Address ကိုနှိပ်ပါ။
 Return to iTunes ကိုနှိပ်ပါ။
အခုသုံးလို့ရပါပြီ Free Games တွေ Apps တွေကို စိတ်ကြိုက်ဒေါင်းတော့ဗျာ။
ကိုယ်တိုင်စမ်းကြည့်ကြပါ။ အဆင်မပြေရင် ultema@icloud.com ကို email ပို့ပြီးဆက်နိုင်ပါတယ်။
တစ်ကယ်လို့များ လုံးဝကိုမဖွင့်တတ်ရင် ဖွင့်လို့ဘယ်လိုမှ အဆင်မပြေရင်
ကျွန်တော် email ကို ကိုယ်ဖွင့်ချင်တဲ့ Email လိပ်စာ နဲ့ မွေးနေ့( eMail ထဲက မွေးနေ့) 
ကိုမေးလ် ပို့ပေးပါ။ ကျွန်တော်ဖွင့်ပြီး ပြန်ပို့ပေးပါ့မယ်
အဆင်ပြေကြပါစေ။

အဆင်ပြေကြတယ်ဆိုရင် www.trtech-mm.com လေးကို Like ဖြစ်ဖြစ် မန်ဘာ ဖြစ်ဖြစ်
ဝင်ပြီးအားပေးကြပါခင်ဗျား။