Pages

Translate

Friday, July 12, 2013

Huawei Root လုပ်နည်းများ

Huawei U8660 Recovery & Root

ဒီဖုန်းကထွက်ခဲ့တာတော့ ကြာပါပြီ၊ မရှိသေးတဲ့ ညီကိုတော်များအတွက်ပါခင်ဗျာ။
အရင်ဆုံး လိုအပ်တဲ့ ဖိုင်နှစ်ခုကိုဒေါင်းပါမယ်။
Download Recovery .rar
Download Update Zip

  • Recovery.rar ဖိုင်ဖြည်ပြီး exe ကို run ပါ။
  • ဖုန်းမှာ USB debugging - on / Unknown Source - on ပြီး ကွန်ပျူတာမှာချိတ်ပါ။
  • Enter တစ်ချက်ခေါက်၊ ဖုန်းမှာ အားသွင်းပုံစံပေါ်လာရင် ကြိုးဖြုတ်၊ battery ဖြုတ်၊ ခဏထားပါ။
  • ဒေါင်းထားတဲ့ Update zip ကို SD card ထဲထည့်ပါ။(သုံးလက်စSD ဆိုရင်Fat32 format ရိုက်တာကောင်းပါတယ်။))
  • SD စိုက်၊ ဖုန်းကို Volume Up & Power တွဲနှိပ်ပြီး Recovery ၀င်ပါ။
  • SD Update zip ကိုရွေးပြီး Update လုပ်ပါ။ Reboot now နဲ့ပြန်ထွက်လာပြီးရင် Super User ပေါ်ပါပြီခင်ဗျာ၊  root လုပ်ခြင်းပြီးပါပြီ။


Huawei Y220T Camera Error Fixing & Root (ကင်မရာဇောက်ထိုးပြင်ရအောင်)


Credit to - MPx Team & MMSD
Y220T တွေကို Root လုပ်လိုက်ရင် ကင်မရာ ဇောက်ထိုးဖြစ်သွားတယ်....
ကျွန်တော်ဖြစ်တုန်းက လေးလုံးဆက်တိုက်ဖောက်ပြီးစမ်းကြည့်တယ်ခင်ဗျ၊
နှစ်လုံးတည့်ပြီး၊ နှစ်လုံးဇောက်ထိုးထွက်တယ်.....ဟဲဟဲ....(ရီဦးလေ...မေ့နေမှာစိုးလို့ပါ။)
ဇောက်ထိုးလုပ်ပြီးသားဆိုရင်တော့ Firmware ပြန်တင်တာကောင်းပါတယ်။
Y220T Firmware လိုအပ်ပါက......
Y220T Firmware Download

ကင်မရာတည့်ရအောင်ဒါလေးတွေလိုရင်ဒေါင်းလိုက်ရအောင်၊
 ဇောက်ထိုးလုပ်ပြီးသားဆို Research ကတော့ရှိပြီးသားပေါ့နော...။
 
 ဒေါင်းပြီးရင်တော့ Root တုန်းကလိုပါပဲ Research run ပါမယ်၊ (Research က Bin ထဲမှာပါ။)
  • Open
  • Browse to Y220T recovery.pac
  • Click Play ( ပုံမှာကြည့်ပါခင်ဗျ)
  • ဖုန်းကို Volume Down နှိပ်လျှက်ကြိုးထိုးလိုက်ပါ၊ 
Pass ပြပါမယ်၊ ၇ စက္ကန့်လောက်ပါပဲ။
  • ဖုန်းဖြုတ်
  • SDထဲကို Root zip ထည့်/စိုက်
  • Volume down+Power.......>Volume Up တစ်ချက်နှိပ်
  • CWM ၀င်>>Install zip from SD>>Choose Root zip>>+++back+++>>Reboot
Restart အပြည့်တက်အောင်စောင့်ပြီးရင်ပြီးပါပြီ။   
အဆင်ပြေပါစေခင်ဗျာ။
 
 

Huawei Y300C ကို CWM Recovery သွင်းပြီး Root နည်း

 


ကဲ...Huawei Y300C ကို ပြည့်ပြည့်စုံစုံလေး Root လုပ်တဲ့ နည်းကို ဖော်ပြပေးလိုက်ပါတယ်။ သေချာစမ်းသပ်ထားပြီးသားမို့ သူငယ်ချင်းတို့လည်း စိတ်ချလက်ချ သုံးနိုင်မှာပါ။

အဆင့်သုံးဆင့်ရှိပါတယ်။
1. bootloader unlock လုပ်ခြင်း
2. CWM Recovery သွင်းခြင်း
3. Recovery mode မှ root လုပ်ခြင်း
****

1. bootloader unlock လုပ်ခြင်း
ကျွန်တော်တို့ အရင်ဆုံး bootloader unlock ရဖို့တော့ အရေးကြီးတယ်နော်။ မိမိဖုန်းက
  • 1. MEID: ဥပမာ A00000xxxxxxxx    (ဖုန်းဘက်ထရီအောက်မှာရှိပါတယ်)
  • 2.S\N : ဥပမာ E8B9MCxxxxxxxxxx     (ဖုန်းဘက်ထရီအောက်မှာရှိပါတယ်)
  • 3. Product ID :  ဥပမာ 4578xxxx       (ဖုန်းခေါ်သောနေရာတွင် *#*#1357946#*#* ဟုရိုက်ပါ။ပေါ်လာသော ဂဏန်း 8 လုံးသည် product ID ဖြစ်သည်)

တို့ကို မှတ်ထားပါ။အောက်ကလင့်မှာ ပုံထဲကပြထားတဲ့အတိုင်း လိုအပ်တာတွေဖြည့်ပါ။
http://www.huaweidevice.com/cn/servicePolicy.do?method=toApplyUnlock


ကဲဒါဆိုရင် unlock code ရဖို့အတွက် လိုအပ်တာတွေပို့ပေးပြီးပါပြီ။ ၂ ရက် ၃ ရက်စောင့်ရင် unlock code ပြန်လာပါလိမ့်မယ်။
unlock code ပြန်လာရင်တော့ အောက်က tool လေးကို download ဆွဲပြီးဖွင့်လိုက်ပါ။
ဖုန်းရဲ့ USB Debugging ကို on ထားပါ။ ဖုန်းကို ပါဝါပိတ်ပါ။ volume - နဲ့ power ခလုတ်ကိုတွဲနှိပ်ပြီး ဖုန်းကိုဖွင့်ပါ။ ဖုန်းကို ကွန်ပျူတာမှာ usb ကြိုးနဲ့ချိတ်ပါ။
အောက်ကပုံထဲကအတိုင်း မေးလ်ထဲကို ပြန်ရောက်လာတဲ့ unlock code 16 လုံးကို ရိုက်ပြီး enter နှစ်ချက်ခေါက်လိုက်ပါ။ဖုန်းက restart ကျပြီးပြန်တက်လာပါလိမ့်မယ်။ကဲဒါဆိုရင်တော့...ပထမအဆင့် bootloader unlock လုပ်ခြင်းပြီးပါပြီ။

**

2. CWM Recovery သွင်းခြင်း
အရင်ဆုံး ဖုန်းမှာ usb debugging ကို on ထားလိုက်ပါ။ပြီးရင် အောက်က tool လေးကို download ဆွဲပါ။


ပြီးရင်ဖွင့်လိုက်ပါ။
ဖုန်းကိုပါဝါပိတ်ပါ။ volume - နဲ့ power ခလုတ်ကိုတွဲနှိပ်ပြီး ဖုန်းကိုဖွင့်ပါ။
အောက်ကပုံထဲကအတိုင်း Bootloader Recovery ကိုနှိပ်ပါ။ခနစောင့်ပါ။ ဖုန်းက restart ကျသွားပါလိမ့်မယ်။ဒါဆိုရင် CWM Recovery သွင်းခြင်းပြီးပါပြီ။


3. Recovery mode မှ root လုပ်ခြင်း
အောက်ကဖိုင်လေးကို ဒေါင်းပြီး ဖုန်း ရဲ့ sd card ထဲကိုကူးထည့်ပါ။(zip file ကိုဖြည်စရာမလိုပါ)


ဖုန်းကို ပါဝါပိတ်ပါ။ volume + နဲ့ power ခလုတ်နှစ်ခုကို တွဲနှပ်ပြီး ဖုန်းကို recovery mode ထဲကိုဝင်ပါ။
volume - , + ခလုတ်တွေနဲ့ ဒုတိယ စာကြောင်းကိုရွေးပြီး power ခလုတ်ကိုတစ်ချက်နှိပ်ပါ။
ထပ်ပြီး ၄ ကြောင်းမြောက် စာကြောင်းကို သွားပြီး power တစ်ချက်နှိပ်ပါ။
y300c root file ကိုရွေးပြီး power ခလုတ်ကိုတစ်ချက်နှိပ်ပါ။ ပြီးရင်တော့ လာရာလမ်းအတိုင်းပြန်သွားပြီးဖုန်းကို restart ချလိုက်ပါ။
ပြန်တက်လာရင်တော့ superuser ပါတဲ့ root access ရရှိတဲ့ဖုန်းလေးကိုပိုင်ဆိုင်ပြီပေါ့ဗျာ။
credit  ပေးထိုက်သူများအားလုံးနဲ့ chinese website များကို credit ပေးပါတယ်။

အဆင်ပြေပါစေ..

Samsung Galaxy Ace 2 GT-I8160L ကို Root လုပ်နည်း


Samsung galaxy ace 2 GT-I8160L ကို root လုပ်ဖို့ အတွက်အရင်ဆုံး computer မှာ samsung
usb driver ရယ် samsung kies သွင်းထားရပါမယ် root လုပ်မဲ့သူများ အောက်ကနေလိုအပ်သည့်ဖိုင်းများဒေါင်လိုက်ပါ

Odin ဖိုင်းကိုဒေါင်ရန်

CWM ဖိုင်းကိုဒေါင်ရန်

Root ဖိုင်းကိုဒေါင်ရန်


ဒေါင်လို့ရလာတဲ့ Odin ဖိုင်းကို ဖွင့်လိုက်ပါ ပြီရင် ဖုန်းရဲ့ settings ...applition...unknown ...development.. usb .. allow တွေကိုအမှတ်ခြစ်ပေးပါ

 ပြီရင် ဖုန်းကိုပိတ်လိုက်ပါ ပြီရင် vol-down + home + power ကိုပြိုင်တူနှိပ်ပြီဖွင့်ပါ.


ဒီပုံအတိုင်တက်လာရင် vol-up ကိုနှိပ်ပေးလိုက်ရင် ဒီလိုမျိုတက်လာရင် downloand mode
ေ၇ာက်ပါပြီ

ဒါဆိုစောစောက ဖွင့်ထားတဲ့ odin ဇယာကွက်ကိုသွားပြီ ဖုန်းကို usb နဲချိတ်ပေးလိုက်ပါ
ဒီပုံအတိုင် odin ဇယာကွက်မှာ အ၀ါရောင်တက် လာရင် odin နှင့် မိမိဖုန်းကို ချိတ်ဆက်မူ
အောင်မြင်ပါပြီ

ဒါဆို odin ဇယာရဲ့ PDA နေရာမှာ စောစောကဒေါင်ထားတဲ့ CWM zip ဖိုင်းကို ရွေးပေးလိုက်ပါ
                                        ကျန်တာဘာမှ ဖြည့်စရာမလိုပါဘူး

 
ဒါဆို start နေရာမှာနှိပ်ပါ ခဏနေ စောစောကအ၀ါရောင် စာတန်နေရာမှာ အစိမ်ရောင် PASS စာတန်
တက်လာရင် uSb ကြိုကိုဖြုတ်လိုက်လို့ ရပါပြီ ဒါဆိုစောစောက ဒေါင်ထားတဲ့ root zip ဖိုင်းကို
sd card ထဲcopyကူပြီ ဖုန်းထဲပြန်ထည့်ပါ  ပြီရင် ဖုန်းကိုပိတ်လိုက်ပြီ ခဏထားတာပါ ပြီရင်
vol-up + home+ power ကိုပြိုင်တူနှိပ်ပါ ပြီရင် ဒီပုံအတိုင် CWM recovery တက်လာပါမယ်

ဒါဆို vol ခလုတ်တွေ အသုံးပြုပြီ install zip form sdcard ကိုသွားပြီ home ခလုတ်နဲ့ဝင်လိုက်ပါ
ပြီရင် စောစောက sd card ထဲသွင်းထားတဲ့ root ဖိုင်းကို install လုပ်ပေးပြီ reboot လုပ်ပေးလိုက်ပါ
ဖုန်းက boot ကျပြီ ပြန်တက်လာရင် root လုပ်လို့ အောင်မြင်ပါပြီ


အကယ်၍နဂို recovery mode ပြန်ရခြင်ရင် စောစောက odin နဲ့  cwm သွင်းတဲ့အတိုင်အောက်ကzipဖိုင်း
ကိုပြန်သွင်းလိုက်ရင်နဂို recovery mode ပြန်ဖြစ်သွားပါမယ်

Original recovery zip ဖိုင်းကိုဒေါင်ရန်

အာလုံအဆင်ပြေပါစေ

 

 

Y210 Series တွေကို Recovery ကနေ Root,မြန်မာစာ,လက်ကွက်အကုန်ထည့်နည်း

 

ဒီနည်းက Huawei Y210-2010 Build 28 နဲ့ ဆုံးတဲ့ ဖုန်းကို Root ဖို့ရှာရင်းနဲ့ ကိုဖြိုးချမ်းနဲ့တွေ့ပြီး သူညွှန်လိုက်လို့ သူ့ဆိုဒ်က တွေ့လာတာပါ.. သူ့ဆီက ခွင့်မတောင်းဘဲ ကူးချလာတာ. အဆင်ပြေလို့လေ..
ကျေးဇူးတင်ချင်ရင်တော့ သူ့ကိုသာ ကျေးဇူးတင်လိုက်ကြတော့ဗျို့..
*****************
ပထမဆုံး ဒီ ဖိုင်လေးကိုဒေါင်းလိုက်ပါ။
Y210 Recovery Installer              
Update.zip      
ပြီးသွားရင်တော့ update.zip ကို SD card ထဲထည့်လိုက်ပါ။
ဖုန်းကိုပါဝါပိတ်ပါ။
ပြီးရင် Volume Down + Power နဲFastboot Mode ၀င်လိုက်ပါ။
Huawei LOGO လေးရပ်နေပြီဆိုရင် ကြိုးထိုးလိုက်ပါ။
Download လုပ်ထားတဲ့ Tool ကိုဖွင့်လိုက်ပါ။



မိမိဖုန်းကိုရွေးချယ်ပြီး လုပ်ပါ။
 

အားလုံးပြီးသွားရင်တော့ ဖုန်းကို Battery ဖြုတ်ပြီး Recovery Mode ၀င်လိုက်ပါ။
Volume Up + Power ကိုဖိနှိပ်ထားရင် Recovery Mode ကိုရောက်ပါပြီ။

ပေးထားတဲ့ Update.zip ကို Install zip From SD Card ကနေရွေးပေးလိုက်ရင်အဆင်ပြေပါပြီ။
ပြန်တက်လာရင်တော့ မိမိဖုန်းဟာ Myanmar Font,FrozenKeyboard,Root Access တစ်ခါတည်းအကုန်ရပြီးဖြစ်ပါလိမ့်မယ်။

အဆင်ပြေပါစေ..

Y210,Y210C,Y210S အားလုံးကို One Click နဲ့ Root လုပ်ပြီး မြန်မာစာ အကုန်ထည့်မယ်

 


ဒီပိုစ့် အတွက် နည်းနည်းပြောချင်ပါတယ် ခင်ဗျာ..
ကျနော် သိလို့တက်လို့ တင်တာမဟုတ်ပါဘူး ခင်ဗျာ..ပြန်လည်မျှဝေခြင်းသက်သက်ပါနော်
ကျနော် နေတာက မလေးရှားပါ ဖုန်းတွေ ကလိနိုင်ဖို့ အတွက် အလွန်ကို ခဲယဉ်းပါတယ်
ကျနော် နဲနဲလောက်ပဲ သိပါတယ် မကျွမ်းကျင်ပါဘူးကွယ် ..အဟီး
အဲဒါကြောင့် သိတဲ့တက်တဲ့ ကျနော် ညီငယ် တွေ အကိုတွေ ဆီကနေ ပြန် တင်လိုက်တာပါ
မိမိဖုန်း အခက်အခဲရှိလို့ မေးချင်တယ်ဆိုရင် ရှယ်လာတဲ့ ပိုစ့်တွေမှာ မူရင်းလင့် ကိုချိပ်ထားပေးပါတယ်
တိုက်ရိုက်သွားပြီးတော့ ဆွေးနွေးရင် သူငယ်ချင်းတို့ အတွက် အချိန်ကုန် သက်သာမယ်ထင်ပါတယ် နော်
ကျနော် ဒီလို ပြန်ရှယ်ရတာလဲ နောင်တချိန် လိုအပ်ရင် အလွယ်တကူရနိုင်အောင်လို့ပါ ။
ကျေးဇူးတင်ပါတယ် ..ဟီးဟီး
အရင်ဆုံးဒီဖိုင်လေးကိုဒေါင်းလိုက်ပါ။
Y210 Series One Click Root Fonts(Setup).rar     
Download=> Link 1 / Link 2

ကဲပြီးသွားရင်တော့ rar ကိုဖြည်လိုက်ပါ။
Set up.exe လေးတွေတွေ့ပါလိမ့်မယ်..
Install ဆွဲလိုက်ပါ။
Screenshot - 5_27_2013 , 6_47_40 PM
Install ဆွဲနေရင်း Serial Key တောင်းရင် mmsd ထည့်ပေးလိုက်ပါ။
Screenshot - 5_27_2013 , 6_47_49 PM

Install ဆွဲပြီးသွားရင်တော့ Desktop ပေါ်မှာ Shockcut တွေ့ပါလိမ့်မယ်…
ဖုန်းကို Unknown Sources On နဲ့ USB Debugging ON ထားပါ။
ပြီးသွားရင်တော့ ပါဝါပိတ်လိုက်ပါ။
Volume up + Power နဲ့ Fastboot Mode ၀င်ပြီး ကြိုးထိုးလိုက်ပါ။
ပြီးသွားရင်တော့ Software ကို ဖွင့်လိုက်ပါ။
Screenshot - 5_27_2013 , 5_58_29 PM

မိမိလုပ်မဲ့ဖုန်းကို နံပါတ်ရွေးပြီးလုပ်လိုက်ပါ။
အားလုံးပြီးသွားရင် Root Access,Myanmar Fonts,Frzoenkeyboard အကုန်ရပါပြီ။
အဆင်ပြေပါစေ။


 

C8813D,Y300C AUTO ROOT ပြီး ZAWGYI KEYBOARD တစ်ပါတည်း ထည့်ရအောင်

 


MMSD က ကိုဖြိုးချမ်း လက်စွမ်းပြထားတဲ့ Tool လေးပါ. အသုံးပြုရတာလည်း လွယ်အောင် လုပ်ပေးထားတာတွေ့ရပါတယ်..
ဒီ Tool လေးကတော့ C8813D နဲ့ Y300C  တို့အတွက်သီးသန့်လုပ်ထားတဲ့ Root Tool လေးဖြစ်ပါတယ်….
လိုအပ်ချက်ကတော့ Bootloader Unlock အနေအထားမှာဖြစ်နေရပါမယ်…..
USB Debugging နဲ့ Unknown Sources ကိုအမှန်ခြစ်ထားရပါမယ်…….
ဒီ Tool ရဲ့အားသာချက်ကတော့ မိမိဖုန်းဟာ တစ်ခါထဲ Root Access ရသွားမယ်….
တရုတ်ဖောင့်တွေကိုမပြတ်ပဲမြန်မာစာကိုအသုံးပြုနိုင်မယ်.
Frozen KeyBoard ကို System App တစ်ခုလိုအသုံးပြုရပါမယ်…
မြန်မာ Font Developer နဲ့ Frozen Developer တွေကို Credit ပေးပါတယ်.
ဒါလေးကိုအရင်ဒေါင်းလိုက်ပါ..

Download Here

ပြီးသွားရင်တော့ဖုန်းကိုပါဝါပိတ်လိုက်ပါ..
Battery ဖြုတ်လိုက်ပါ..
ပြန်တက်ပြီး Volume Down + Power ကိုဖိနှိပ်ထားပါ….
Logo မှာရပ်သွားပါလိမ့်မယ်..

ပြီးသွားရင်တော့ Unlock မလုပ်ကသေးတဲ့သူက Unlock ကိုနှိပ်ပြီး Code ၁၆လုံးရိုက်လိုက်ပါ….
Unlock လုပ်ပြီးသားလူကတော့ ဖုန်းကိုရွေးချယ်လိုက်ပါ။
ဖုန်းနဲ့ကြိုးထိုးလိုက်ပါ….
Enter တစ်ချက်ခေါက်လိုက်ပါ…..
သူဟာသူအလုပ်တွေလုပ်နေပါလိမ့်မယ်….
ဖုန်းဟာ Recovery Mode ကိုပြန်တက်သွားလိမ့်မယ်…..
Enter တစ်ချက်ခေါက်လိုက်ပါ…
Reboot ချသွားမယ်…ပြန်တက်လာရင်ကြည့်လိုက်ပါ…
ညွန်းထားတဲ့အတိုင်းတွေရပါလိမ့်မယ်….
အဆင်ပြေပါစေ..

 

 

 

 

 

 

 

 

0 comments:

Post a Comment