Pages

Translate

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Saturday, October 17, 2015

Wifi ဆိုတာဘာလဲ ???????




Wi-Fi ကို တစ်ချို့ က WiFi, wi-fi, Wifi, wifi ဆိုပြီး အမျိုးမျိုး ရေးမှတ်ကြပါတယ်.. 1997 ခုနှစ်မှာ IEEE (Institute of Electrical and Electronics Engineers) 802.11 standard နဲ့ထွက်ပေါ်လာတာပါ .. Wi-Fi ဆိုတာ "Wireless Fidelityy" ရဲ့ အတိုကောက်ပါ.. ကြိုးမဲ့ ဆက်သွယ်ရေးစနစ် WLANs (Wireless Local Area Networks) မှာ အသုံပြုရန် မှတ်ပုံတင်ထားပြီး Mobile phone တွေ PDA တွေ Laptop စသည့် ဆက်သွယ်ရေးဆိုင်ရာ Electronic ပစ္စည်းတော်တော်များမှာ အသုံးများကြတယ်
Camera တွေ Printer တွေမှာပါ Built-in Wi-Fi ကိုထည့်တွင်းအသုံးပြုလာကြပါတယ်...

Wi-Fi ရဲ့ ဆက်သွယ်နည်းစနစ်ဟာ Radio Signal ကိုအခြေခံတယ်။ ဒါကြောင့် ၄င်းကိုအသုံးပြုရန် Access Point (Hotspot) တွေကို ကြားခံအဖြစ် အသုံးထားရတယ်.. Access Point နဲ့ အသုံးပြုမည့် Wi-Fi ပစ္စည်းတစ်ခုက မီတာ ၁၀၀ ဒါမှမဟုတ် Wi-Fi 802.11n ကိုသုံးမယ်ဆိုရင် မီတာ 300 လောက်အထိ ကွာခြားပြီးအသုံးပြုနိုင်ပါတယ်...
အသုံးပြုပုံ အသုံးပြုနည်းကတော့ ထူးထူးဆန်းဆန်းမဟုတ်ပါဘူး
အကယ်၍ မိမိက Laptop တစ်ခုနဲ့ Wi-Fi Hotspot Area မှာသုံးမယ်ဆိုရင် မိမိ laptop or PDA ရဲ့ Wi-Fi ကိုဖွင့်လိုက်တာနဲ့
မိမိဝန်းကျင်မှာရှိတဲ့ Wi-Fi Connection အားလုံးပေါ်နေမှာဖြစ်ပါတယ်.. ဒီတော့ မိမိသုံးမည့် Access Point ကို Connect လုပ်ပြီးတော့ အသုံးပြုလို့ရပါတယ်..

Wireless Access Point က password protected လုပ်ထားရင်တော့ Password ရိုက်ထည့်ပြီးမှ သုံးလို့ရလိမ့်မယ်...
တစ်ခါတစ်လေမှာ မိမိအိမ်မှာ Wireless Wi-Fi သုံးနေကြသူတွေက မိမိတို့ရဲ့ Wireless Router ပေါ်မှုတည်ပြီးတော့ IP Addresss ကို Static ပေးထားတတ်ပါတယ်... ဒီလိုအခါမျိုးမှာ တစ်ခြား Access Point ကိုသွားသုံးရင် Static ကို Dynamic ပြန်ပြောင်းပေးဖို့လိုပါတယ်...

နောက်တစ်ခုက တစ်ချို့ laptop တွေက WPA နဲ့ WPA2 ကို support မလုပ်ပါဘူး.. (Laptop အဟောင်းတွေပါ) ဒီတော့ Public Hotspot တော်တော်များများက Security ကို WEP, 64bit encryption တွေပေးကြတာများတယ်....
ဗဟုသုတရရှိစေရန်မျှဝေခြင်းဖြစ်ပါသည်။မှီငြမ်းထားသူများ
ကိုလည်းcreditပေးပါသည်။မိတ်ဆွေများအနေနှင့်လည်း
ကျွန်တော်တို့pageလေးကိုlike&shareခြင်းဖြင့်ကူညီပါ။
မင်္ဂလာရှိသောနံနက်ခင်းလေးဖြစ်ပါစေလို့ZTEမိသားစုမှ
နှုတ်ခွန်းဆက်သလိုက်ပါသည်။
 
 
 
 www.winkabarkyaw.net

♪ ဘာသာစကားအမျိုးပေါင်း 90 အားမြန်မာလိုဘာသာပြန်ပေးနိုင်တဲ့ Apk - Google Translate v4.4.0.RC01.104701208 Apk (15-Oct) ♫

Cover art
Google Translate ကတော့ လူတိုင်းသိပြီးသား ဖြစ်ပါလိမ့်မယ် အခုအခါမှာတော့ Google Translate ကို ဖုန်းထဲမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ ဘာသာစကားအမျိုးအစားပေါင်း 90 အထိ Translate လုပ်ပေးနိုင် မှာဖြစ်ပါတယ်ဗျာ။ မြန်မာဘာသာစကားကိုပါ Support လုပ်ပေးနိုင်မှာဖြစ်ပါတယ်ဗျာ။ အခု Application မှာတော့ဓါတ်ပုံတွေထဲမှာပါတဲ့ စာတွေကိုပါ ဘာသာပြန်ဆိုပေးနိုင်မှာ ဖြစ်ပါတယ်ဗျာ။ Translate လုပ်ပေး နိုင်တဲ့ ဘာသာစကားတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်ဗျာ။ အသုံးတည့်စေမယ့် Application တစ်ခုဖြစ်လို့အောက်မှာဒေါင်းယူနိုင်မှာဖြစ်ပါတယ်ဗျာ။

Speak, scan, type or draw to translate in 90 languages.
——
* Type to translate 90 languages
* Use your camera to translate text instantly in 26 languages
* Two-way automatic speech translation in 40 languages
* Draw with your finger as a keyboard alternative
* Download language packs for when you're traveling, or if your connection is expensive or slow.
* Star and save translations for future reference
* Take pictures of text for higher-quality translations or for languages not supported by instant camera translation
Some features not available in all languages.
Translations between the following languages are supported:
Afrikaans, Albanian, Arabic, Armenian, Azerbaijani, Basque, Belarusian, Bengali, Bosnian, Bulgarian, Catalan, Cebuano, Chichewa, Chinese (Simplified), Chinese (Traditional), Croatian, Czech, Danish, Dutch, English, Esperanto, Estonian, Filipino, Finnish, French, Galician, Georgian, German, Greek, Gujarati, Haitian Creole, Hausa, Hebrew, Hindi, Hmong, Hungarian, Icelandic, Igbo, Indonesian, Irish, Italian, Japanese, Javanese, Kannada, Kazakh, Khmer, Korean, Lao, Latin, Latvian, Lithuanian, Macedonian, Malagasy, Malay, Malayalam, Maltese, Maori, Marathi, Mongolian, Myanmar (Burmese), Nepali, Norwegian, Persian, Polish, Portuguese, Punjabi, Romanian, Russian, Serbian, Sesotho, Sinhala, Slovak, Slovenian, Somali, Spanish, Sundanese, Swahili, Swedish, Tajik, Tamil, Telugu, Thai, Turkish, Ukrainian, Urdu, Uzbek, Vietnamese, Welsh, Yiddish, Yoruba, Zulu



   Google Translate- screenshot         Google Translate- screenshot

https://lh3.googleusercontent.com/EkHXhV51KP3ZkmIuWT84H9LWnwOaSmYT9FcV9w4TUhfKSxxYQzLGqIGMhj6Z9lCjC8g=h900        Google Translate- screenshot

   Google Translate- screenshot         Google Translate- screenshot

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

   Download

Thursday, August 20, 2015

အခမဲ့ပို့ဆောင်မှု - မြန်မာ E-commerce ရဲ့ မြှင့်တက်ခြင်း





မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ နည်းပညာပိုင်းနဲ့ e-commerce အခန်းကဏ္ဍ ဖွံ့ဖြိုးဆဲကာလမှာသာ ရှိနေသေးပါသည်။ သို့သော်လည်း အချိန်ကြာမြင့်စွာ ရှိနေမှာမဟုတ်ပဲ အနာဂတ်ဟာ ၁၈၀ ဒီဂရီ စောင်းသလို အကောင်းမွန်ဆုံး ပြောင်းလဲမှုတစ်ခု ဖြစ်လာတော့မှာပါ။ အခမဲ့ပို့ဆောင်မှုဟာ ဒီနေရာမှာ ကြီးမားတဲ့ ဦးတည်ချက်တစ်ခုဖြစ်လာနေပြီး ၄င်းဟာ မြန်မာနိုင်ငံမှာရှိတဲ့ အွန်လိုင်း မားကတ်ပလေ့စ် များစွာကို သဘောတူလက်ခံလာစေဖို့ အဆင်သင့်ဖြစ်နေပါပြီ။  ဥပမာအားဖြင့် Kaymu Myanmar ဟာ ၀ယ်ယူသူများထံ များစွာသော ကုန်ပစ္စည်းများကို အခမဲ့ပို့ဆောင်ပေးဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်နေပါ ပြီ။

သင့်ရဲ့စီးပွားရေးလုပ်ငန်းကို ဘာကြောင့် အခမဲ့ပို့ဆောင်ရန် ကမ်းလှမ်း ရသလဲ

ကုန်ပစ္စည်းအခမဲ့ပို့ဆောင်ပေးခြင်းဖြင့် သင့်ရဲ့စီးပွားရေးကို လျင်မြန်စွာ တိုးတက်လာစေနိုင်သလို ၀ယ်ယူသူများနဲ့ ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကိုလည်း တည်ဆောက်နိုင်မည်ဖြစ်သည်။ ၀ယ်ယူသူများက အွန်လိုင်းပေါ်မှာ ဈေးဝယ်ယူတာ မည်မျှပင်နှစ်သက်နှစ်သက်၊ ဈေးနှုန်းကြီးမြှင့်တဲ့ ကုန်ပစ္စည်းတွေကိုပဲ မည်မျှပင် မှာယူမှာယူ၊ အခမဲ့ပို့ဆောင်ခြင်း ဆိုတဲ့အရာဖော်ပြထားမှုဟာ အရှုံး မရှိတဲ့ ဆွဲဆောင်မှုတစ်ရပ်ပင်ဖြစ်သည်။ ၀ယ်ယူသူများဟာ ရံဖန်ရံခါဆိုသလိုပင် အခမဲ့ပို့ဆောင်ပေး ခြင်းရဲ့ ခေါင်းစဉ်အောက်မှာ ၀ယ်ယူလိုကြကြောင်း ကမ္ဘာတစ်ဝန်း စားသုံးသူများထံမှ စစ်တမ်း ကောက်ယူထားသော Street Insider မှသိရသည်။  ဒါဟာ ကြီးမားတဲ့ အလားအလာတစ်ရပ်အဖြစ် အခမဲ့ပို့ဆောင်ပေးဖို့အတွက် မြန်မာနိုင်ငံရှိ အွန်လိုင်းရှော့ပင်းဝက်ဘ်ဆိုက်များဖြစ်တဲ့ www.shop.com.mm (သို့) Yangon Bay  အစရှိသည်တို့က ကမ်းလှမ်းနေပြီဖြစ်ပါသည်။
ယခုရက်ပိုင်းများအတွင်း အခမဲ့ပို့ဆောင်ခြင်းဟာ မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်လာနေပြီဖြစ်ပြီး များစွာသော သုံးစွဲသူများထံမှ သဘောထားတစ်ခုလည်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ကုန်ပစ္စည်းတစ်ခုရဲ့ နောက်ဆုံးဈေးနှုန်းဟာ ပို့ဆောင်မှုစရိတ်ထည့်တွက်လိုက်တာနဲ့ ဈေးနှုန်းပိုမို ကြီးမြှင့်သွားစေရာ အခမဲ့ပို့ဆောင်ပေးရန် ကမ်းလှမ်းမှုများမရှိခဲ့ဖူးဆိုလျှင် သင့်ရဲ့စီးပွားရေးအတွက် ထိခိုက်နစ်နာမှုရှိစေမှာတော့အမှန်ပင်ဖြစ်သည်။


ဈေးကွက်ချဲ့ထွင်ခြင်းလက်နက်အဖြစ် အခမဲ့ပို့ဆောင်မှု



အခမဲ့ပို့ဆောင်မှုဟာ အလွန်တောက်ပသည့် ဈေးကွက်ချဲ့ထွင်ခြင်းလက်နက်တစ်ခုဖြစ်ပြီး ၀ယ်ယူသူ များစွာကို သင့်ရဲ့ ၀က်ဘ်ဆိုက်ကို လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်နိုင်မည်ဖြစ်သည်။ သင့်ရဲ့ဝက်ဘ် ဆိုက်အမြင် မည်မျှပင်ကြည့်ကောင်းကြည့်ကောင်း၊ ဘယ်လောက်ပဲ အမျိုးမျိုးသော အံ့သြဖွယ်ကောင်း တဲ့ ကုန်ပစ္စည်းပဲ တင်ထားတင်ထား၊ အခမဲ့ပို့ဆောင်ရန် ကမ်းလှမ်းမှုပြုထားပါက သင့်အတွက် သုံးစွဲ သူအသစ်များ ရရှိနိုင်သလို စီးပွားရေးအရတိုးတက်မှုလည်း ဖြစ်ပေါ်စေမည်ဖြစ်သည်။ သုံးစွဲသူများထံ သို့ အကောင်းမွန်ဆုံးသော ချဉ်းကမ်းမှုဟာ အခမဲ့ပို့ဆောင်မှုပေးခြင်းပင်ဖြစ်ပြီး ဥပမာအားဖြင့် ငွေ ကျပ် ၁ သောင်းနှင့်အထက်ဝယ်ယူပါက အခမဲ့ပို့ဆောင်ပေးသွားမည်ဟု ကမ်းလှမ်းမှုပြုခြင်းပင်ဖြစ် သည်။ ထိုအချိန်မှာ ၀ယ်ယူသုံးစွဲသူအနေဖြင့် နောက်ထပ် ၂ ထောင်လောက် ထပ်အသုံးချဝယ်ယူလိုက် ရုံဖြင့် ပို့ဆောင်စရိတ်ပေးရန်မလိုဟုဆိုသော အသိဟာ နောက်ထပ် ကုန်ပစ္စည်းတွေကို တုံ့ဆိုင်းခြင်း မရှိပဲ ထပ်မံဝယ်ယူမှုပြုမည်ဖြစ်သည်။ အခမဲ့ပို့ဆောင်ပေးခြင်းကို လျင်မြန်တဲ့ပစ္စည်းပို့ဆောင်မှုထက် ပိုပြီး နှစ်သက်မှုရှိကြကြောင်းကို comScore ရဲ့ စစ်တမ်းကို ကိုးကားပြီး ဖော်ပြပေးခြင်း ဖြစ်ပါသည်။


Thursday, July 16, 2015

သင့်ရဲ့ဖုန်း Original စစ်မစစ် စမ်းသပ်နည်း ...

Image result for original ဖုန်း image

Image result for original ဖုန်း imageသင်ဝယ်လိုက်တဲ့ ဖုန်းဟာ Quality ပြည့်ပြီး Original ဖုန်းစစ်မစစ်ကို မျက်လုံးနဲ့ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ အခုခေတ်မှာ ပုံတူပွားပြီး ထုတ်ထားတဲ့ Clone ဖုန်းတွေကလည်း အများသားပဲလေ။ ဒါ့ကြောင့် ကိုယ့်ရဲ့ဖုန်းဟာ Original ဖုန်းစစ်မစစ်ကို စမ်းသပ်ကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်

ပထမဆုံးအနေနဲ့ *#06# ကို ရိုက်ပြီး Call လုပ်လိုက်ပါ။ အဲဒီမှာ နိုင်ငံတကာ မိုဘိုင်းဖုန်း တပ်ဆင်ခြင်းဆိုင်ရာခွင့်ပြုချက်အမှတ် (International Mobile Equipment Identity - IMEI) ဂဏန်း ၁၅ လုံး ထွက်ပေါ်လာတာကို မြင်တွေ့ ရမှာပါ။

ဥပမာ- 4 3 4 5 6 6 1 0 6 7 8 9 4 3 5

အဲဒီ ဂဏန်း ၁၅ လုံးထဲက (၇) ကြိမ်မြောက်နဲ့ (၈) ကြိမ်မြောက်ဂဏန်းဟာ-

(၁) 02 (သို့မဟုတ်) 20 ဖြစ်မယ်ဆိုရင် သင့်ရဲ့ဖုန်းက တရုတ်နိုင်ငံထုတ် အနိမ့်ဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးဖြစ်တယ် ဆိုတာ ဖော်ပြနေတာပါပဲ။

(၂) 08 (သို့မဟုတ်) 80 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဂျာမနီမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပိုင်းမှာတော့ အသင့်အတင့်ရှိနေပါတယ်။ အဆိုးဆုံးတော့ မဟုတ်ပါဘူး။

(၃) 01 (သို့မဟုတ်) 10 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဖလင်န်နိုင်ငံမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပြည့်တဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။

(၄) 00 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းက မူရင်းစက်ရုံမှာ ထုတ်လုပ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ အကောင်းဆုံး Quality ရှိတဲ့ဖုန်းလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

(၅) 13 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းဟာ အဆိုးရွားဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ အဲဒီဖုန်းဟာ သင့်ရဲ့ကျန်းမာရေး အတွက် အန္တရာယ်အရှိဆုံး ဖုန်းတစ်လုံးဖြစ်တာကြောင့် စွန့်လွှတ်ဖို့ ၀န်မလေးနေပါနဲ့။

အထက်မှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအပြင် အခြားနိုင်ငံတွေရဲ့ ကုဒ်နံပါတ်တွေရှိပါသေးတယ်။ ဖော်ပြထားတဲ့ ကုဒ်နံပါတ်တွေက ထင်ရှားတဲ့ နံပါတ်တွေကိုပဲ ဖော်ပြထားတာဖြစ်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ဖုန်းက Quality ပြည့်မပြည့် Original စစ်မစစ်ဆိုတာ စမ်းသပ် စစ်ဆေးနိုင်ပြီလို့ မျှော်လင့်မိပါတယ်။
ကဲဒါဆို ဂဏန်းဖော်ပြီး ရေတွက်ပြီး ပျော်ရွှင်နိုင်ပါစေဗျာ...:D 
 Ref;mm-mpxteam
Credit tossai2865

၂၀၁၅ ခုနှစ်ပထမလေးလ မိုဘိုင်းဖုန်း အသုံးပြုမှု ဖွံ့ဖြိုးဆုံးနိုင်ငံများတွင် မြန်မာပါဝင်

 
မိုဘိုင်းဖုန်းအသုံးပြုမှု ဖွံ့ဖြိုးလာခြင်းတွင် မြန်မာ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ် နှင့် ဗီယက်နမ်တို့သည် ၂၀၁၅ ခုနှစ် ပထမလေးလအတွင်း တစ်ကမ္ဘာလုံး အတိုင်းအတာ၌ ထိပ်တန်းမှရပ်တည်နေသော နိုင်ငံများအဖြစ် ပါဝင်နေကြောင်း Ericsson Myanmar မှ သတင်းထုတ်ပြန်သည်။


“လက်ရှိ အရှေ့တောင်အာရှနဲ့ သမုဒ္ဒရာ ကျွန်းနိုင်ငံတွေမှာ သုံးနေကြတဲ့ ဟန်းဆက်တွေရဲ့ ၂၅ ရာခိုင်နှုန်းက စမတ်ဖုန်းတွေပါ၊ ကျွန်တော်တို့ ခန့်မှန်းတာကတော့ အဲဒီဒေသတွင်းမှာ ၂၀၂၀ မရောက်ခင် စမတ်ဖုန်းသုံးစွဲမှုက သုံးဆလောက် မြင့်မားလာပြီး သန်း ၈၀၀ လောက်ထိ ရှိသွားမယ်လို့ ယူဆပါတယ်” ဟု Ericsson ၏ အရှေ့တောင် အာရှနှင့် သမုဒ္ဒရာ ကျွန်းနိုင်ငံများဆိုင်ရာ တာဝန်ရှိသူ Sam Saba က ပြောသည်။


စမတ်ဖုန်းအသုံးပြုမှုနှင့် ပတ်သက်၍ Ericsson မှ စစ်တမ်းကောက်ယူမှုအရ ထိုကဲ့သို့ ထုတ် ပြန်ပြောကြားခြင်းဖြစ်ကြောင်း သိရသည်။ ဒေသတွင်း မိုဘိုင်းဖုန်း အသုံးပြုမှု၏ ၂၅ ရာခိုင်နှုန်းခန့်ကို LTE စနစ် အသုံးပြုမှုက အစားထိုး ဝင်ရောက်လာမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
Ericsson ၏ တိုင်းတာချက်များအရ လူမှုဆက်သွယ်ရေးကွန်ရက်၊ စာတိုပို့စနစ်၊ အင်တာနက်မှ ဗီဒီယို ကြည့်ရှုခြင်းတို့မှာ အဆိုပါဒေသများ၌ စမတ်ဖုန်းသုံးစွဲမှုကို လွှမ်းမိုးထားပြီး သုံးစွဲသည့် Application များမှာ ဈေးကွက်အလိုက် ကြိုက်နှစ်သက်မှုကွာခြားသည် ဟုဆိုသည်။


အရှေ့တောင်အာရှနှင့် သမုဒ္ဒရာ ကျွန်းနိုင်ငံများရှိ မိုဘိုင်းဖုန်းသုံးစွဲမှု၏ သုံးပုံနှစ်ပုံမှာ ၂၀၂၀ ခုနှစ်မတိုင်မီ စမတ်ဖုန်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ SMS၊ အင်တာနက်မှ ဗီဒီယိုကြည့်ရှုခြင်းတို့တွင် စမတ်ဖုန်းကို ပိုမိုအသုံးပြုမည်ဖြစ်ပြီး ထိုစစ်တမ်းကောက်ယူထားသော နိုင်ငံများ၌ Facebook နှင့် YouTube တို့မှာ ထိပ်တန်းမိုဘိုင်း Application များအဖြစ် ဆက်လက်တည်တံ့နေဦးမည် ဟုပြောကြားထားသည်။



Ref;internetjournal

ဘောလုံးပွဲပေါက်ကြေးတွေနဲ့ခန့်မှန်းချက်တွေရယူပေးမယ့် MM Football Focus version 2 လာပြီ


ဥရောပဘောလုံးပွဲရာသီတွေပြန်စပါတော့မယ်..ဒါကြောင့် ယခင်နှစ်က userတွေကို Tips တွေပေးနိုင်ခဲ့တဲ့ ဒီဆော့ဝဲလေးကို update လုပ်ပြီး ဖြန့်ဝေလိုက်ပါတယ်။ယခင်ဗားရှင်းက ဖေ့ဘုတ်ပေါ်လစီအရ Feed တွေမလာတော့ပါဘူး ဒါကြော့င့် သည်update ဗားရှင်းကို ဒေါင်းဖို့လိုပါတယ်။ ဒီ ဆော့ဝဲရဲ့ရည်ရွယ်ချက်က ဒီဆော့ဝဲထဲက အတိုင်း လုပ်ဖို့မဟုတ်ဘဲ မိမိအကြိုက်နဲ့ ကိုက်ညီတာ စဉ်းစားချင့်ချိန်ဖို့ဖြစ်ပါတယ်။ သည်ဆော့ဝဲမှာ မြန်မာ့နာမည်ကြီးtipster တွေဖြစ်တဲ့ ကျော်မျိုးဟန်၊ဟန်စိုးသွေး၊အောင်ငြိမ်းစသူတွေရဲ့ choice တွေလဲပါဝင်ပါတယ်။ဒါ့အပြင်ဖေ့ဘုတ်ပေါ်က ဘောလုံးပေ့ခ်ျများစွာကိုပါထည့်သွင်းထားပါတယ်။
မိမိရဲ ပေခ်ျကို နောက်ဗားရှင်းတွေမှာထည့်သွင်းလိုရင်လည်းဆက်သွယ်နိုင်ပါတယ်။အခုလောလောဆယ် Feed တွေ အကုန်မလာသေးပါဘူး။page အချို့ Active မဖြစ်သေးလို့ပါ။ဘောလုံးပွဲတွေစတာနဲ့ အဆင်ပြေပါလိမ့်မယ်။ appyet ဆိုဒ်ကောင်းမှုနဲ့လုပ်ထားတာလေးဖြစ်ပါတယ်။
ဒီapk ကိုပြုလုပ်သူကတော့ ဆိပ်ဖြူမြို့နယ့်၊ကဇွန်းမ တိုက်နယ်က  အပြတ်ရှင်း မိုဘိုင်းဖုန်းပြုပြင်ရေးမှဖြစ်ပါတယ်ခင်ဗျာ။
တစ်ခုခုအကြံပေးလိုရင်
၀၉၇၈၇၁၆၂၀၇၀
https://www.facebook.com/hanwailinn.hanwailinn
ကိုဆက်သွယ်နိုင်ပါတယ်။
လိုအပ်မယ်ဆိုရင်တော့ အောက်ကလင့်တွေမှာဆွဲလိုက်ပါ။

DOWNLOAD ON MEDIAFIRE

OR

DOWNLOAD ON SOLIDFILES

Thursday, July 2, 2015

မိုဘိုင်းလ် ဆိုင်ရာစာအုပ်များစုစည်းမှု (SOFTWARE & HARDWARE)

 


ကိုယ်အလိုရှိရာစာအုပ်လေးတွေဒေါင်းပြီးယူ သွားနိုင်သလို၊အားလုံးကိုလည်းဒေါင်းယူသွား
နိုင်ပါတယ်။
HTC, Sony, LG, Lenovo ဖုန်းများကို Root ပြုလုပ်နည်းစာအုပ်
==============================
Size...............15.2MB
http://www.mediafire.com/?r4bmvaopcj2qcmo


Huawei Mobile ဖုန်းမျိုးစုံ ပြုပြင်နည်းစာအုပ် ( Software & Root Guide )
==============================

အလိုရှိသူများအောက်မှာဒေါင်းယူနိုင်ကြပါပြီ။

Size...............13.0MB
http://www.mediafire.com/?pq8m22d7xdsq303
Samsung ဖုန်းမျိုးစုံ Root လုပ်ပြုပြင်နည်း
စာအုပ်


==============================
Size................13.1MB
Download
http://www.mediafire.com/?w8adt28mbnl9ad8
Mobile ဖုန်း၏ Hardware ပစ္စည်းများ ပြုပြင်ရေးနည်းလမ်းများ PDF စာအုပ်




==============================
File size - 13.32MB
http://www.mediafire.com/?qjx0pxmv3huj4qn
Android စက်ပြင်ဆရာလက်ဆွဲစာအုပ်


=============================

လိုချင်သူများအောက်ကလင့်ခ်မှာဒေါင်းနိုင်ပါပြီ။
Download
www.mediafire.com/…/3z55fb52lp…/Android_စက်ပြင်ဆရာလက်ဆွဲ.pdf
The Myanmar's Android
=============================


Android အကြောင်း၊Root အကြောင်း၊ Android နဲ့ Zawgyi အကြောင်း၊ Android
ICS အထက်မှာ မြန်မာစာမမှန်တဲ့အကြောင်း၊ Bootloader အကြောင်း၊Clockwork
Mod အကြောင်း၊ ADB အကြောင်း အတိုချုပ်ရေး သားထားတဲ့စာအုပ်ဖြစ်ပါတယ်။
Link 1
http://www10.zippyshare.com/v/26055028/file.html


Link 2
http://www.mediafire.com/…/Android_Device_Technology_Guide_…
Android ဖုန်း Firmware ပြန်တင်နည်းစာ
အုပ်လေးပါ။


https://www.dropbox.com/…/Android%20%E1%80%96%E1%80%AF%E1%8…
Samsung Galaxy Note3 ကို root အလွယ်တကူ ဖောက်နည်းစာအုပ်

http://l.facebook.com/l.php


Android အခြေခံဖြစ်တဲ့ ADB အကြောင်း နဲ့ ADB Comment သုံးပုံ၊သုံးနည်း စာအုပ်
လေးတင်ပေးလိုက်ပါတယ်။ ဖိုင်ဆိုဒ်က 57.0 KB လေးပဲရှိပါတယ်။


Download >>> http://pc.cd/Gqp7
Android ပေါ်မှလက်တွေ့သုံးနည်းပညာ စာအုပ်

Link 1
http://www10.zippyshare.com/v/26055028/file.html

Link 2
http://www.mediafire.com/…/Android_Device_Technology_Guide_…


iPhone, iPadနှင့် iPodအမျိုးမျိုးတို့ကိုထဲထဲ ဝင်ဝင်၊ နှိုက်နှိုက်ချွတ်ချွတ် ကလိချင်သူများ၊
i Devicesသုံးသူများ မသိမဖြစ် သိထားသင့် သည့် ဗဟုသုတများ၊ အသုံးဝင်application
များအကြောင်းကို အခန်း ၁၀ ခန်းခွဲကာ လုပ် ဆောင်ပုံအဆင့်ဆင့်သရုပ်ဖော်ပုံများနှင့်တ
ကွအသေးစိတ် ရှင်းလင်းရေးသားထားသော စာအုပ်ဖြစ်ပါတယ်။


Link 1
http://www.mediafire.com/view/9ca7z7zxyn5cedg/idevice.pdf
Link 2
https://www.dropbox.com/s/fwic1omgnxjigoj/idevice.pdf?dl=0


ဆရာဦးမောင်နိုင်ရဲ့ ဖုန်းစက်ပြင်မှတ်တမ်းများ စုစည်းမှု ( Zip File )
==============================

အရင်တုန်းက ဒေါင်းလို့မရတဲ့သူတွေအခု တင်ပေးထားတဲ့လင့်ကနေအဆင်ပြေပြေ
ဒေါင်းနိုင်ပါပြီဗျာ။
File size - 3.42MB
http://www.solidfiles.com/d/8d63d2b806/

iPhone အသုံးပြုသူများနှင့် စက်ပြင်ဆရာ လက်စွဲစာအုပ်

==============================

စာရေးသူ.............ရဲမင်းအောင် (RAY-Electronic)
Size..................16.0MB
http://www.mediafire.com/?nzydqvuj0yi6e4i


iTunes အသုံးပြုနည်း

Ios စသုံးတဲ့ Users များအတွက် အသုံးဝင်မယ့် အသုံးပြုနည်း PDF ဖိုင်လေးမျှဝေးချင်
ပါတယ်.. အခုမှ စကိုင်တဲ့ သူတွေအတွက် ရည်ရွယ်ပါတယ်..Ios စကိုင်တဲ့ သူတွေ အတွက် မိမိကြိုက်နှစ်သက်တဲ့ သီချင်း၊ဗွီဒီယို၊ Data တွေကို အပြင်ကနေ ဖုန်းထဲကို ထည့်ချင်တဲ့အခါ Android မှာ လို ကွန်ပျူတာနဲ့ ချိတ်ပြီး တိုက်ရိုက်ထည့်လို့မရပါဘူး..
 itunes ခံပြီးမှ မိမိအ
လိုရှိရာ ထည့်သွင်းလို့ရမှာဖြစ်ပါတယ်..ကျွန်တော် ကိုယ်တိုင်လည်း သီချင်းအသစ်ထည့် အဟောင်းပျက်နဲ့ Itunes ကိုသေသေချာချာ မသုံးတတ်ခဲ့ပါဘူး.. အခုတော့ အဆင်ပြေသွားပါပြီ… ကိုကျော်စွာအောင် ရေးတဲ့ itunes အသုံးပြုနည်းမှာ ပြည့်ပြည့်စုံစုံဖော်ပြပေးထားတာတွေ့ရပါတယ်....Ios စကိုင်တဲ့
Usersတွေ အတွက် ဖတ်ထားသင့်တဲ့ PDF ဖိုင်လေး ဖြစ်ပါတယ်.. အောက်မှာ ရယူနိုင်ပါတယ်..

Download > https://dl.dropboxusercontent.com/…/iTunes%20အသုံးပြုနည်း.p…

ဒီစာအုပ်လေးတွေရဲ့ မူရင်းသက်ဆိုင်သူတွေ ကို Credit ပေးပါတယ်ဗျာ။
နည်းပညာလေ့လာနေသူများနဲ့ဝေမျှနေသူ များအားလုံးကိုလေးစားလျှက်ပါ

Zaw Myo Htet

www.facebook.com/zawmyohtetithelper

 လေးစားစွာဖြင့်

NayLinHtet (IT-Guide)

Wednesday, July 1, 2015

အင်တာနက်ဖြင့် မိမိလူမှုဘ၀နေထိုင်မှုပုံစံများ ပြောင်းလဲခြင်း

မြန်မာနိုင်ငံတွင်  လူဦးရေ ၅၅,၇၄၆,၂၅၃ ၀န်းကျင်ခန့်ရှိပြီး နည်းပညာတိုးတက်မှုရဲ့ အကောင်းမွန်ဆုံး လမ်းကြောင်းတစ်ခုပေါ်တွင် ရောက်ရှိနေသည့် နိုင်ငံတစ်ခုလည်း ဖြစ်သည်။ နိုင်ငံတကာတွင် ရရှိသုံးစွဲနေကြသော အင်တာနက်နှင့် နှိုင်းယှဉ်ပါက တဖြည်းဖြည်းချင်း လက်လှမ်းမှီလာနေပြီလည်းဖြစ်သည်။ မြန်မာပြည်သူများသည်လည်း အခြားနိုင်ငံများနည်းတူ အင်တာနက်နည်းပညာတိုးတက်လာမှု အပေါ်တွင် ခေတ်နှင့်အညီလိုက်ပါစီးမျှောနေကြောင်း တွေ့ရသည်။ အင်တာနက်ဟာ လူတွေဆီကို အမျိုးမျိုးသော နည်းလမ်း လမ်းကြောင်းများဖြင့် အမြင်သစ်များစွာကို ယူဆောင်ပေးနေပြီ ဖြစ်ပြီး ၄င်းလမ်းကြောင်းများထဲမှာမှ Social Media သည် အကြီးမားဆုံး တွန်းအားတစ်ခုအနေဖြင့် လူထုကို အင်တာနက်အသုံးပြုလာအောင် အဓိက ဆွဲဆောင်နေသော အရာတစ်ခုဖြစ်သည်။ ဥပမာတစ်ခုအနေ ဖြင့် မြန်မာနိုင်ငံတွင် လူဦးရေ ၅၅ သန်းကျော်ရှိရာမှာ သန်းကျော်သည် လူမှုကွန်ရက်တစ်ခုဖြစ်သော Facebook သုံးစွဲနေခြင်းကို ကြည့် ခြင်းဖြင့် သိနိုင်သည်။ ထို့ကြောင့် မြန်မာပြည်သူများဟာ နေ့စဉ်ဘ၀မှာ အင်တာနက်သုံးစွဲမှုဟာ မရှိမဖြစ် အရာတစ်ဖြစ်နေပြီလားဆိုတာ ကို လေ့လာသုံးသပ်ထားသည့် အရေးပါသောအချက်များကို ဖော်ပြလိုက်ပါသည်။

လူမှုကွန်ရက်နှင့် ဘလော့် အသုံးပြုခြင်းအကြောင်းရင်း

အင်တာနက်သည် ပြင်ပရှိ လူပုဂ္ဂိုလ်များကို လွယ်ကူစွာတစ်နေရာတည်းတွင် တွေ့ဆုံစေဖို့ ပြုလုပ်ပေးပြီး အထူးသဖြင့် လူမှုကွန်ရက်သည် အသိုင်းအ၀ိုင်းအမျိုးမျိုးအထွေထွေမှလာသောသူများကို တစ်နေရာတည်းသို့ စုစည်းစေပြီး အပြန်အလှန် ဆွေးနွေးခြင်းများကို အလွယ် တကူ ပြုလုပ်နိုင်သည့် နေရာတစ်ခုလည်းဖြစ်သည်။ လူမှုကွန်ရက်တွင် လူတွေ၏ အစောလျင်ကတည်းက ရှိနှင့်သော စိတ်အလို မကျမှုများကို ပွင့်လင်းစွာဖြင့် ၄င်းတို့ရဲ့ မကျေနပ်ချက်၊ အမြင်စသည်များကို လွတ်လွတ်လပ်လပ်ပြသနိုင်သည့်နေရာ၊ မိမိနှင့် အမြင်မတူ သူများကိုလည်း တွေ့ဆုံနိုင်သည့်နေရာ တစ်ခု ဖြစ်သည်။ ဘလော့်သည်လည်းပဲ ကြားခံတစ်ခုအနေဖြင့် မိမိ၏ ကိုယ်ပိုင်အမြင်ယူဆချက် များကို လူအများကြား ပြသနိုင်သည့်နေရာတစ်ခုဖြစ်ပြီး မတူကွဲပြားခြားနားသော ဖြစ်ရပ်များအပေါ်တွင် သုံးသပ်ချက်၊ ထင်မြင်ချက်များကို ပြသနိုင်သည့် နေရာလည်းဖြစ်သည်။


ဘလော့်ဂါ နေဖုန်းလတ်ရဲ့အကြောင်းကို ကြည့်ခြင်းဖြင့် အင်တာနက်ခေတ်မှာ နေထိုင်ခြင်းအခက်အခဲအချို့ကိုလည်း မြင်တွေ့နိုင်သည်။ မြန်မာနိုင်ငံဟာ အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်း များစွာ ရှိနေခဲ့သည့် နိုင်ငံတစ်ခုဖြစ်ပြီး တစ်ချို့စည်းကမ်းမူဝါဒများဟာ တင်းကြပ်စွာ ရှိနေသည့်အတွက် ၄င်းအနေဖြင့် ၂၀၀၈ ခုနစ်တွင် အစိုးရ၏ မူဝါဒများကြောင့် များပြားလှစွာသော အခက်အခဲများ၊ စိုးရိမ်ပူပန်ရခြင်းများ ကြုံတွေ့ခဲ့ရသည်။ သို့သော်လည်း ယခုဆို မြန်မာနိုင်ငံဟာ ပြောင်းလဲမှုများစွာ ဖြစ်လာခဲ့ပြီ ဖြစ်ပြီး တိုးတက်သော လမ်းကြောင်းပေါ်မှာ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်ကပင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံရှိ အွန်လိုင်းရှော့ပင်း

ကမ္ဘာပေါ်ရှိ အွန်လိုင်းရှော့ပင်းများဆီသို့ ၀င်ရောက်ဝယ်ယူရန် တစ်ခုတည်းသောနည်းလမ်းမှာ အင်တာနက်ရရှိရန်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အင်တာနက် သုံးစွဲနိုင်မှု ရာခိုင်နှုန်းဟာ ၂၀၁၃ ခုနစ်က ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ယခုဆို ၂၀ ရာခိုင်နှုန်းကျော် ရှိလာခဲ့ပြီဖြစ်သည်။ အင်တာ နက်သုံးစွဲမှု မြင့်တက်လာသည်နှင့်အမျှ အွန်လိုင်းပေါ်တွင် ဈေးဝယ်ယူရန် ပိုမိုစိတ်ဝင်စားလာကြသည့်အပြင် နိုင်ငံတွင်း e-commerce လုပ်ငန်းဖွံ့ဖြိုးလာမှုကိုလည်း Online Marketplaces တွေ မြောက်များစွာ ပေါ်ပေါက်လာခြင်း၊ ရင်းနှီးမြှပ်နှံလာကြခြင်းကို ကြည့်ခြင်းဖြင့် တွေ့မြင်နိုင်သည်။

၎င်းထဲမှ Kaymu သည် တစ်ခုအပါအ၀င်ဖြစ်ပြီး စိတ်ဝင်စားဖွယ်ကောင်းသော ကမ်းလှမ်းချက်များဖြင့် လူထုကို ယုံကြည်မှုရှိစွာ သုံးစွဲလာ စေရန် ကောင်းမွန်သော ၀န်ဆောင်မှုများ ပေးထားသော marketplace တစ်ခုဖြစ်သည်။ ထို့ပြင် စွန့်ဦးတီထွင်သူများအတွက် တိုးတက်ဖွံ့ဖြိုးလာအောင် ပျိုးထောင်ပေးသော နေရာတစ်ခုလည်းဖြစ်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ရပ်ကို စတင်ဖို့အတွက် လုံလောက်သော အချက်အလက်၊ အရင်းအနှီး မရှိသူများအတွက် စီးပွားရေးလုပ်ငန်းတစ်ခု စတင်နိုင်စေရန် သင့်တော်သော နေရာတစ်ခု ဖြစ်သည်။

ယခုကဲ့သို့ အရာအားလုံးဖြစ်လာနိုင်ခြင်းဟာ အင်တာနက်ရှိခြင်းကြောင့်ဆိုတာ ငြင်းမရသော အချက်ပင်ဖြစ်ပြီး အနာဂတ်ကာလမှာ အင်တာနက်မြန်ဆန်တိုးတက်လာမှုဟာလည်း သုံးစွဲသူများကို ဆက်လက်စွဲဆောင်ထားမှာပဲဖြစ်ပါသည်။

Monday, June 29, 2015

Hello . Everybody

i want say something .i cannot post my blog because i am all the time busy .after i cannot pay time also .i want say sorry for the people.after somepeople question i cannot answer  sorry for that .i request to all the people.just help  to me .If u see some question .please answer the cbox.
KA Regard
Respectfully to all
IT KOHtike