Pages

Translate

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Saturday, May 31, 2014

နည်းပညာစာအုပ်များ စုစည်းမှု...



ဖိုင်ဆိုဒ်ကတော. နဲနဲများတော. ကွန်နက်ရှင်ကောင်းတဲ. အချိန်မှဒေါင်းလို. အဆင်ပြေမှာပါ.. ကျွန်တော်. ဆိုဒ်မှာ အရင်တင်ပေးထားပီးသား စာအုပ်တွေလဲ ပါချင်ပါခဲ. ပါလိမ်.မယ်.. အဲဒီအတွက်ဆောရီးပါ.. 
 
နည်းပညာ စာအုပ်တွေ တစ်စုတစ်စည်းထဲ သိမ်းချင်တဲ.သူတွေအတွက်တော. အဆင်ပြေပါလိမ်.မယ်.. စုစုပေါင်းစာအုပ် ( ၅၀ )ပါဝင်ပါတယ်... ဖိုင်ဆိုဒ် 290 MB ရှိပါတယ်.. တစ်အုပ်ချင်းတင်ရမှာ ပျင်းလို. တစ်ခါထဲပဲတင်ပေး လိုက်တာပါ..ဟီး. ဒေါင်းဖို.ကွန်နက်ရှင် အခြေအနေကြောင်. အဆင်မပြေသေးဘူး ဆိုလဲ ဒီလင်.လေး ကို မှတ်ထားပီးနောက် ကွန်နက်ရှင်ကောင်းတဲ.အချိန်မှ သာဒေါင်းကြပေတော.ဗျာ.. တင်ပီးမှသေချာပြန်ကြည်. မိပါတယ်.. နည်းပညာနဲ.မဆိုင်တဲ. စာအုပ်တစ်အုပ်နှစ်အုပ်ပါသွားတဲ. အတွက်ဆောရီးပါ.. မူရင်းစာ အုပ်ရေးသားသူများတဲ. ဆရာများအားလုံးကိုလဲ ဒီနေရာကနေပဲ ခွင်ပြုချက်ပေးဖို. အသိအမှတ်ပြုတောင်းခံပါ တယ်..

ပါဝင်တဲ.စာအုပ်များ...
  1. အရင်းအနှီးမလိုပဲအင်တာနက်တွင်ငွေပင်စိုက်နည်း၁+၂ (၀င်းကို)
  2. Fruity Loop Studio 10 နဲ.သီချင်းတစ်ပုဒ်ဖန်တီးမယ်ဆိုရင် (၀င်းဟိန်း)
  3. Basic Application ရေးသားဖန်တီးခြင်းဆိုင်ရာအခြေခံသဘောတရားများ(၀င်းဟိန်း)
  4. Bat File Programming (Zin Ko Oo / rapperlay444@gmail.com)
  5. Cracker Guide 2.2 ( rhythm / Myanmar Cracking Team)
  6. How To Create New Partition On External HDD ( မောင်နိုင် / www.lovercreater.com)
  7. Learning Nero 8 ( U Aung Lin )
  8. Loic DDOS Tools ကိုအသုံးပြုနည်း ( 3thic0kiddi3 / 3thic0kiddi3@gmail.com )
  9. Photo Shop 7.0
  10. Adobe Photo Shop Cs5 ( ရဲရှင်း )
  11. ဟက္ကာလက်စွဲ ( Khit100@gmail.com )
  12. Twitter အသုံးပြုနည်း (ကလျှာအိအိလွင် )
  13. Wifi Hacking Basic ( 3thic0kiddi3 / 3thic0kiddi3@gmail.com )
  14. Guitar Chord:a Beginner's Guide (Darrin Koltow / www.MaximumMusician.com )
  15. Android User Guide ( Chateau Man )
  16. အခြေခံဒရမ်တီးနည်း ( ထက်မိုး )
  17. အခြေခံဟက်ကင်းနည်းပညာ (မစ္စတာမောင်ဘစ်နေ)
  18. Cafe Zee အသုံးပြုနည်း
  19. အိမ်သုံး Proxy Server(သို့မဟုတ်)CCProxy အသုံးပြုနည်း (ရာမညဖိုးလပြည်./www.phoelapyae.com)
  20. Complete Network Guide ( Zaw Lin / Youth )
  21. Corel DRAW X4 အသုံးပြုနည်း ( U Aung Myint )
  22. Swishmax နဲ.သီချင်းများဖန်တီးခြင်း သူရအောင်(မိုးသောက်ပန်း)
  23. How To Create USB Bootable ( www.moepcservice.blogspot.com )
  24. How to hack Facebook account ? ( http://myanmarpyiyouth.blogspot.com/ )
  25. How To Make Money From Internet Beta Version (www.mmithelper.com )
  26. How To Use Konboot Software
  27. How To Create Android Application ( htarhtarlwin.blogspot.com )
  28. How To Install Myanmar Font On Ubuntu 910 ( thebox02@gmail.com )
  29. Basic HTML
  30. htmlcss
  31. ( http://www.worldwidemyanmar.com )
  32. Introduction to Computer Science (ကွန်ပြူတာသိပ္ပံမိတ်ဆက်)
  33. joomla website အတွက်အခြေခံပြင်ဆင်မှု.များ & google app နှင်. domain name ချိတ်ဆက်ခြင်း( Moe Myint Shein)
  34. joomla အခမဲ.၀က်ဘ်ဆိုဒ်ရေးတင်နည်း ( ကောင်းမြတ်ထွဋ် / တင်ဦး )
  35. Keylogger Creation With Notepad (www.minsoeyarsar.com)
  36. အဆင်.မြင်.လိဒ်ဂစ်တာတီးခတ်နည်း ( ခိုင်ကျော် )
  37. Mouse Effect ထည်.နည်း ( www.mmflashsongs.ning.com )
  38. Myanmar Font For Android Without Rooting နေမင်းမောင် (https:www.nayminmaung.info)
  39. How To Use Paint Program On Window
  40. Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း( http://www.pyayblogger.com )
  41. Secret Of Gmail
  42. Wifi မှန်သမျှလွယ်လွယ်ဟက်မယ် ( အိုင်တီမုဆိုး )
  43. Window 7 အသုံးပြုနည်းလက်စွဲ ( U Aung Lin )
  44. Wnidow 7 Installation Guide ( KznT )
  45. Window 8 အသုံးပြုနည်း သရ ( ITC )
  46. Wordpress Installation Guide ( လရိပ် )
  47. Xss Hacking ( r00tcreat0r )
  48. ကွန်ပြူတာဖြင်.အဆောက်အဦးပုံစံရေးစွဲနည်း ( U Aung Lin )
  49. ကီးဘုတ်တီးနည်း ဦးတင်အေး ( ထားဝယ် )
  50. ဗုဒ္ဒဘာသာကောင်းတစ်ယောက်



Download Here


Credit/ Shwe Min Wun

Ooredoo မှ စွန့်ဦးတီထွင် IT ပညာရှင်များအား ကျပ်သိန်းတစ်ထောင်စီ ထောက်ပံ့မည်


 
Ooredoo မှ လုပ်ငန်းသစ်များ ပျိုးထောင် ပေးရန် စွန့်ဦးတီထွင် IT ပညာရှင် များအား ကျပ်သိန်း တစ်ထောင် စီ ထောက်ပံ့ပေး မည်ဖြစ်ကြောင်း ယင်း ကုမ္ပဏီက ထုတ်ပြန်သည်။ IT နှင့်ပတ်သက်သော ပြည်သူများ အကျိုး ရှိစေမည့် ဆန်းသစ် တီထွင်မှုများ ပြုလုပ် နိုင်မည့် သူများအား ငွေကြေး ထောက်ပံ့ရုံ သာမက အထောက်အကူပြု ပစ္စည်းများ၊ နည်းပညာ သင်ကြားပေးမှုများနှင့် ရုံးခန်း စသည်တို့ကို ကူညီ ထောက်ပံ့ မည် ဖြစ်ကြောင်း Ooredoo မြန်မာ မှသိရသည်။
 
 ““ကျွန်တော်တို့ လုပ်ငန်း ဆောင်ရွက်နေတဲ့ ဒေသတိုင်း မှာ နယ်မြေခံ စွန့်ဦးတီထွင်သူတွေဟာ ထူးခြား ဆန်းသစ်တဲ့ ICT လုပ်ငန်း နဲ့ မိုဘိုင်း Application တွေ ဖန်တီး နေကြတယ်။ ဒါပေမဲ့ သူတို့မှာ ဈေးကွက်ထဲထိ ရောက်အောင် ဒါမှမဟုတ် ကျယ်ကျယ် ပြန့်ပြန့် မဆောင်ရွက်နိုင်ဘူး။ ဒါကြောင့် IT ပညာရှင် အသစ် တွေ ပြုစု ပျိုးထောင် ပေးခြင်းဖြစ်တယ်”” ဟု Ooredoo မြန်မာ၏ အလုပ်အမှုဆောင် အရာရှိချုပ် Ross Cormack ကပြောသည်။

ကူညီမှုများ အတွက် Ooredoo ၏ ထောက်ပံ့မှုဖြင့် ဖွဲ့စည်းထားသော Idea Box အဖွဲ့မှ ကူညီမည်ဖြစ်ပြီး ယင်းအဖွဲ့၏ အဓိကရည် ရွယ်ချက်မှာ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့် 3G ကွန်ရက် ထိုးဖောက်မှုမှ နေ၍ အကျိုးအမြတ်များ ရယူနိုင်ရန် ဖြစ်သည်။ ထောက်ပံ့ ပေးမည့် အကူအညီများကို လေးလမှ ခြောက်လ အတွင်း ဖြည့်ဆည်း ကူညီပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ထောက်ပံရာတွင် IT ပညာရှင် တစ်ဦးလျှင် ကျပ်သိန်း တစ်ထောင် ထောက်ပံ့မည် ဖြစ်ပြီး လူဦးရေကိုမူ လျှောက်လွှာ အပေါ်မူတည်၍ ရွေး ချယ် ကန့်သတ် သွားမည် ဖြစ်ကြောင်း သိရသည်။

““ဒီနိုင်ငံမှာ တကယ်တော်တဲ့ လူတွေ အများကြီး ရှိပါတယ်။ အခုလို ထောက်ပံ့မှုတွေ ရှိလာတဲ့ အခါ လူငယ်တွေ အနေနဲ့လည်း အမှန်တကယ် အသုံးချဖို့ လိုအပ်သလို အရည်အချင်း ရှိတဲ့သူတွေကြောင့် ကိုယ့်နိုင်ငံက မိုဘိုင်းကဏ္ဍ အတွက် အများကြီး အထောက်အကူ ပေးနိုင်မှာပါ””ဟု မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဒေါက်တာ ထွန်းသူရသက် ကပြောသည်။ အဆိုပါ ထောက်ပံ့မှုများဖြင့် လုပ်ငန်း ဆောင်ရွက်မည့် လူငယ်များ အနေဖြင့် www.ideabox.com.mm မှတစ်ဆင့် လျှောက် ထား နိုင်ပြီး၊ လျှောက်လွှာ ပိတ်ရက်မှာ ဇွန်လ (၁၃) ရက်နေ့ဖြစ်သည်။ ရွေးချယ် ခံရသူများအား ဇွန်လ (၂၇) ရက်နေ့တွင် ထုတ်ပြန် ကြေညာပေး သွားမည်ဖြစ်ကြောင်း သိရသည်။

The Messenger Journal

ဆရာမဒေါ်ထားထားလွင် ရဲ့ Android Application ရေးသားနည်း (E-book)



Android Application ရေးသားနည်းစာအုပ်ကို အောက်မှာ ဒေါင်းလုပ်ယူပါ...


Download Here



ကိုမျိုး (lwanmapyay.blogspot.com)

♪လူနဲ့ဘောလုံးမကန်ဘဲကားတွေနဲ့ဘောလုံးကန်မယ့် - Soccer Rally 2 Mod (Unlimited Money) v1.05 APK ♫

Soccer Rally 2 - screenshot
အခုတင်ပေးလိုက်တဲ့ Game လေးကတော့ အဆန်းလေးပါဗျာ။ ပုံမှာမြင်ရတဲ့အတိုင်းပါဘဲ ဘောလုံးကန်တာ ကိုကစားသမားတွေနဲ့မကန်ဘဲ ကားတွေနဲ့ဘောလုံးကန်ရမှာပါ။ ကျွန်တော်စမ်းကြီး ကမြင်းကြည့်ပြီးပါပြီ မိုက်တယ်ဗျာ။ တစ်မျိုးတော့ဆန်းတာပေါ့။ နည်းနည်းလေးတော့ခက်တာပေါ့ဗျာ။ကွင်းတွေကလည်း ပုံစံအမျိုး မျိုးရွေးချယ်ပြီး ကစားနိုင်ပါတယ်ဗျာ။ ဘောလုံးကွင်းတွေအပြင် လမ်းဘေးကွင်းတွေနဲ့ ဂိုထောင်တွေထဲမှာ လည်းကစားနိုင်ပါသေးတယ်။ အခုတင်ပေးလိုက်တာကတော့ Unlimited Money ဖြစ်တဲ့အတွက် အားလုံးကို စိတ်ကြိုက်ရွေးချယ် ၀ယ်ယူကစားနိုင်မှာပါ။ Android OS 4.1 နှင့်အထက်ဖုန်းများမှာကစားနိုင်မှာဖြစ်ပါတယ်။

Install ပြုလုပ်ပုံကလည်းလွယ်ပါတယ်။ပုံမှန်ရှင်းပြနေကြအတိုင်းပါဘဲ။
Apk ကို Install လုပ်လိုက်ပါ။ပြီးသွားပြီဆိုတာနဲ့ Download Folder ထဲမှာပါလာတဲ့ com.iceflame.Soccer Rally2 ဆိုတဲ့ Folder ကို Copy ကူးပြီး SDcard/Android/obb/ ထဲမှာ Paste လုပ်လိုက်ရုံပါဘဲ။ အဆင်ပြေပါစေ ဗျာ။

Soccer Rally 2 - screenshot

Soccer Rally 2 - screenshot

Soccer Rally 2 - screenshot

 Soccer Rally 2 - screenshot

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

   Download

Google.com က Tricks လေးတွေဗျို့  (I am feeling lucky tricks)

Collection of Cool Google Tricks

  Google.com ကိုဝင်ပါ။ "google guitar" လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။
Google.com ကိုဝင်ပါ။ "google snake" လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။
Google.com ကိုဝင်ပါ။ "Zerg Rush"လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။
Google.com ကိုဝင်ပါ။ "calculator" လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။
Google.com ကိုဝင်ပါ။ "blink html" လို့ရိုက်ပြီး search မှာနှိပ်ပါ

Google.com ကိုဝင်ပါ။ "google mirror" လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။

Google.com ကိုဝင်ပါ။ "Google Sphere" လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။
Google.com ကိုဝင်ပါ။ "Google terminal" လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။

Google.com ကိုဝင်ပါ။ "Do a barrel roll" လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။
Google.com ကိုဝင်ပါ။ "Google chuck norris kisses rajnikanth" လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။
Google.com ကိုဝင်ပါ။ "google gravity" လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။

Google.com ကိုဝင်ပါ။ "Dark google" လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။
Google.com ကိုဝင်ပါ။ "Google underwater"လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။
Google.com ကိုဝင်ပါ။ "Google Sphere" လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။
Google.com ကိုဝင်ပါ။ "Google Loco" လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။
Google.com ကိုဝင်ပါ။ "google pacman" လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။
Google.com ကိုဝင်ပါ။ "google mirror" လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။
Google.com ကိုဝင်ပါ။ "epic google" လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။
Google.com ကိုဝင်ပါ။ "the answer to life, the universe and everything" ရိုက်searchနှိပ်
Google.com ကိုဝင်ပါ။ "make google logo black and white" လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။
Google.com ကိုဝင်ပါ။ "Weenie Google" လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။



 ဆေးရိုးသည်-Hanwailinn-www.sayyoethe.blogspot.com
[IMG]
[IMG]
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်

တစ်ချိန်တည်း တစ်ထိုင်တည်း နဲ့ Facebook Account ပေါင်းမြောက်မြားစွာကို လွယ်လွယ်ကူကူနဲ့ ကိုယ်ကိုယ်တိုင် ဖွင့်လို့ရဖို့အတွက်



လုပ်ပုံ လုပ်နည်း အဆင့်ဆင့် သေချာ ရှင်းပြချက် ဓာတ်ပုံပေါင်း 26 ပုံ နဲ့ စာမျက်နှာ အရေအတွက် 20 တိတိ ရှိတဲ့ PDF File လေး တစ်ခု ကို Tutorial လေး အနေနဲ့ ရေးသားပေးထားပါတယ် ။ အလွယ်ကူ ဆုံး အရှင်း လင်း ဆုံး ဖြစ်အောင် တတ်နိုင်သလောက် တစ်ဆင့်ချင်းစီ Step by Step ရေးသားပေးထားပါတယ် ။ တစ်ဆင့်ချင်းစီ ကို သေချာ လိုက်လုပ်ကြည့်ပါ ။ Account ဖွင့်ဖို့ အတွက် ဘယ်လောက် လွယ်ကူတယ် ဆိုတာ တွေ့ရမှာပါ ။

အဲ့တော့ ... အကောင့် ဖွင်ဖို့ တောင်းဆိုထားတဲ့ သူတွေ အကုန်လုံး တစ်ချက်လောက် ကိုယ်တိုင် ကိုယ်ကျ လုပ်ကြည့်စေချင်ပါတယ် ။ လုပ်ကြည့်ပြီးလို့မှ အဆင်မပြေတဲ့ နေရာ တစ်ခုခု ( အဆင့်တစ်ဆင့်ဆင့် ) ရှိနေ ခဲ့မယ် ဆိုရင် ဆက်သွယ်ပါ ။ message ပို့ပါ ။ လုပ်လို့ မရတဲ့ နေရာကို ပြောပါ ။

ကျွန်တော်တို့ ဖွင့်ပေးတာ ထက်စာရင် ကိုယ်ကိုယ်တိုင် ဖွင့်လို့ အောင်မြင်သွားတဲ့ အရသာ က ပိုပြီး ကောင်းမယ် ထင်ပါတယ် ။ တကယ်လို့ ဖွင့်တတ် သွားရင် ...... Account တစ်ခု ကို 2000 ကနေ စပြီး တောင်းလို့ ရပါပြီ ။ အဲ့ဒါကြောင့် ... ကိုယ်ကိုယ်တိုင် လေး တစ်ချက်လောက် လုပ်ကြည့်ကြပါ .... ။

လိုအပ်ချက်တွေ တစ်ခု ချင်းစီ ကို အရင် Download ဆွဲပါ ။ PDF File လေးကို ဆွဲပါ ။ ပြီးရင် တစ်ဆင့်ချင်း စီ ဖတ်ပြီး လိုက်လုပ်ကြည့်ကြပါ ။ PDF File အဆင်မပြေတဲ့ သူတွေ အတွက် စာမျက်နှာ 20 စလုံး ကို Screen Shot ရိုက်ပြီး တစ်ခါတည်း ဓာတ်ပုံ အနေနဲ့ တင်ပေးထားပါတယ် ။ တစ်ပုံချင်းစီ ကို သေချာ ကြည့်ပြီး တစ်ဆင့်ချင်းစီ လိုက် လုပ်ကြည့်ပါ ။

ကိုယ်ကိုယ်တိုင် ဖွင့်လို့ အဆင်ပြေတယ် ၊ အောင်မြင် တယ်ဆိုရင် သူငယ်ချင်းတွေကို မျှဝေပေးပါ ။ ဒီ Page လေးကို ထပ်ပြီး Share ပေးကြပါ ။ ဒီ Post လေးကိုလည်း Like and Share လုပ်ပေးကြပါ ။

အားလုံး ပဲ အဆင်ပြေပြေ နဲ့ Facebook Account တွေ ဖွင့်နိုင်ကြပါစေ ခင်ဗျာ ... ။ အချိန်တို အတွင်းမှာ ကျွန်တော့် Page လေးကို Like and Share လုပ်ပေးတဲ့ သူတွေ ၊ Facebook Account တွေကို Message ပို့ပြီး ဖွင့်ခိုင်းတဲ့ သူတွေ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်ခင်ဗျာ ... ။

နောက်လည်း အမြဲ မိုဘိုင်းဖုန်းနဲ့ ပတ်သတ်တဲ့ Update ဖြစ်တဲ့ သတင်းများ ၊ နည်းပညာနဲ့ ပတ်သတ်သော သတင်းများကို အမြဲတင်ပေးရင်း အားလုံး အဆင်ပြေစေ ရန် အတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင် ကူညီ အားဖြည့်ပေးနေမှာ ဖြစ်ပါကြောင်းးး ပြောကြားရင်းးးးး

လိုအပ်တဲ့ File များကို Download အရင် ဆွဲပါ ။

UC Browser --> http://www.mediafire.com/download/w8u23y176j6y1cg/UC_Browser_Mini_for_Android_9_0_2_(_facebook_acc_open_yan).apk

ဖုန်းထဲမှာ PDF File ဖတ်ဖို့အတွက် အောက်မှာ ပေးထားတဲ့ application 2 ခုထဲက တစ်ခုကို ဒေါင်းလုပ် ဆွဲပြီး ထည့်ပါ ။ ( moon reader က နည်းနည်း ဆိုဒ်သေးပါတယ် ။ သူ့ ကို ဆွဲပါ ။ အဆင်မပြေမှ Office Suite ကို ထပ်ဆွဲပါ ။ )

Moon Reader Pro --> http://www.mediafire.com/download/4719cph7m75eb23/Moon+_Reader_Pro.apk

Office Suite --> http://www.mediafire.com/download/73ai8r93fn3wr9j/OfficeSuite.apk

အရေးအကြီး ဆုံး ဖြစ်တဲ့ Tutorial PDF File ကို Download ဆွဲပါ ။ ပြီးရင် အပေါ် က application 2 ခုထဲက တစ်ခုကိုအသုံးပြု ပြီး ဖွင့်ပါ ။

Tutorial PDF --> https://www.mediafire.com/?5n3hs58fv6vuk0m

Tutorial Photo Screen Shot Album --> https://www.facebook.com/media/set/?set=a.711139945591223.1073741829.694959360542615&type=1

တစ်ဆင့်ချင်းစီ ဖတ်ပြီး လိုက် လုပ်ဆောင် ကြည့်ပါ ။ ( တင်ပေးတာ နည်းနည်း နောက်ကျသွားလို့ အားလုံး ကို တောင်းပန်ပါတယ် ... ။ ဆိုင်မှာ Customer တွေ များနေတာရယ် ၊ မြန်မာ့ဆက်သွယ်ရေး ရဲ့ Connection အခြေအနေရယ်ကြောင့် နည်းနည်း နောက်ကျသွားတာပါ ... ။ )

The Last Mobile Service & Training Centre
FB သုံးသူတိုင်း သိထားသင့်သည့် အရာများ

RSS Graffiti နဲ့ ဘလော့ပိုစ် တွေ ဖေ့ဘုတ်ပေါ် Auto Share နည်း

မိမိဘလော့ကို လူဝင်များစေတဲ့ tips တစ်ခုဖြစ်တဲ့ ဘလော့တင်သမျှပို့တွေကို မိမိဖေ့ဘုတ်ပေ့ခ်ျပေါ် အလိုအလျောက် ရှဲနည်းလေးတစ်ခုအကြောင်း ရေးသားတင်ပြချင်လို့ပါခင်ည။

ပထမဆုံး ဒီနေရာ ကိုသွားလိုက်ပါ။

ေ၇ာက်ရင် ပုံမှပြထားတဲ့ Go to permissions dialog ကိုနှိပ်ပေးပါ






ပေါ်လာတဲ့ confirm ဘောက်သုံးခုကို ok ပေးလိုက်ပါ။

ပုံကအတိုင်း new publishing plan ကိုရွေးပေးပါ









name မှာအမည်တစ်ခုပေးကာ create new plan မှာနှိပ်ပါ















အောက်ကအတိုင်းပေါ်လာပါမယ်







New source မှာ နှိပ်ပြီး မိမိ ဘလော့ရဲ့  RSS Feed Link ကိုထည့်လိုက်ပါ။ Feed link ယူတာတော့အားလုံးသိကြမှာပါ။ အဆင်မပြေရင် comment ချန်ခဲ့ပါ။









Add source ကိုနှိပ်လိုက်ရင်  ဘောက်တစ်ခုကျလာပါမယ် အဲဒီမှာ ကိုယ်ရှဲမယ့် ပို့စ်အရေအတွက်နဲ့

အရင်ပို့စ်အဟောင်းတွေကိုအရင် ရှဲလုပ်မှာလား အသစ်တွေ စ ရှဲမှာလားဆိုတာတွေရွေးပြီး save ကိုနှိပ်လိုက်ပါ။










ဒီတစ်ခါ choose target ကိုနှိပ်ပြီး Facebook ကိုရွေးပေးလိုက်ပါ။အောက်ကအတိုင်းပေါ်လာပါမယ်





choose target မှာ မိမိ facebook ပေ့ ဒါမှမဟုတ် မိမိ အကောင့်ကို ရွေးပေးလိုက်ပါ။ ပေ့ခ်ျကော အကောင့်ကော နှစ်ခုပြိုင်မလုပ်ပါနဲ့ နှစ်ခုလုံးကိုရှဲချင်ယင် plan တစ်ခုထပ်လုပ်လိုက်ပါ။ပြီးရင် save လိုက်ပါ။ပြီးတော့ OFF နေရာလေးတွေကို ကလစ်နှိပ်ပြီးတော့ ON ပေးလိုက်ပါ။ off လုပ်ပြီးရပ်ထားလို့လည်းရပါတယ် ON လုပ်ရင် auto share နေမှာဖြစ်ပါတယ်။



ပြီးပြီးခြင်း Graffiti က identifingလုပ်မှာဖြစ်ပြီး အချိန်အနည်းငယ်ကြာတာနဲ့ မိမိ ဘလော့ဂ်ပို့စ်တွေ ဖေ့ဘုတ်ပေါ်ရောက်လာမှာဖြစ်ပါတယ်။အောက်မှာကျွန်တော်လုပ်ထားတဲ့ plan နှစ်ခုပါခင်ဗျာ









ကျေးဇူး



ပို့စ်ရေးသူ- HanWaiLinn-www.sayyoethe.blogspot.com















[IMG]
[IMG]
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်

မိမိဖုန်းမှာတပ်ဆင်ထားတဲ့Hardwareပိုင်းကို အသေးစိပ်စစ်ဆေးပေးမယ့် Sayyoethe Tester.apk (ဖုန်းအသစ်ဝယ်ရင်ထည့်စမ်းသပ်သည့်APK)

မိမိ ဖုန်းမှာတပ်ဆင်ထားတဲ့ LCD,Battery, စတဲ့ hardware ပိုင်းတွေကို အလုပ်လုပ်မလုပ် ကောင်းမကောင်းအသေးစိပ်စမ်းသပ် ပေးမယ့်ကောင်လေးပါ...မြန်မာမူပါ
ှSYT Tester လို့အမည်ပေးထားပါတယ်။ Multi task ကိုလည်းစမ်းသပ်နိုင်ပါတယ် မိမိဖုန်းမှာတပ်ဆင်ထားတဲ့ပစ္စည်းတွေရဲ့ မော်ဒယ်တွေ၊RAM RoM တွေကိုလည်းကြည့်ရှုနိုင်မှာဖြစ်ပါတယ်
ဖုန်းအသစ်ဝယ်တဲ့အခါ ဒါလေးထည့်သွင်းပြီးစမ်းသပ် ရင် လုံးဝ အဆင်ပြေပါလိမ့်မယ်...ဆောင်ထားသင့်တဲ့ ဆော့ဝဲလ်လေးပါအောက်မှာ တင်ပေးထားတဲ့လင့်ကနေဒေါင်းလုပ်ယူနိုင်ပါပြီ








DOWNLOAD HERE

ဒေတာအဟောင်းတွေ ပယ်ဖျက်ခွင့် ဂူဂဲလ် ပေးမယ်



ဥရောပသားတွေ အနေနဲ့ ဂူဂဲလ် အွန်လိုင်း ရှာဖွေရေး စာမျက်နှာကနေ တွေ့ရှိနိုင်မယ့် ကိုယ့်ရဲ့ ကိုယ့်ရေး ကိုယ်တာ အချက်အလက် တွေကို ဖယ်ရှား စေချင်ရင် ပြောဖို့ အတွက် အွန်လိုင်း လင့်ခ် တစ်ခုကို ပြုလုပ်ပေးမယ်လို့ အင်တာနက် နည်းပညာ ကုမ္ပဏီကြီး ဖြစ်တဲ့ ဂူဂဲလ်က ပြောကြားလိုက်ပါတယ်။

ဥရောပက လိုလားတဲ့ တောင်းဆိုချက်တွေနဲ့အညီ ဖြေရှင်းပေးဖို့ လွတ်လပ်တဲ့ ပညာရှင်တွေနဲ့ ကုမ္ပဏီရဲ့ ထိပ်တန်း အမှုဆောင်တွေ ပါဝင်တဲ့ ကော်မတီကနေ ရေရှည် မဟာဗျူဟာ တစ်ခုကို ချမှတ် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဂူဂဲလ်က ပြောပါတယ်။

အွန်လိုင်းမှာ ရှိနေတဲ့ သတင်း အချက်အလက် အဟောင်းတွေ၊ လက်ရှိ အခြေအနေနဲ့ ကျိုးကြောင်း ဆီလျော်မှု မရှိတော့တဲ့ အချက်အလက်တွေကို ဂူဂဲလ် ရှာဖွေရေး စာမျက်နှာကနေ ရှာမတွေ့အောင် လုပ်ပေးဖို့ အစောပိုင်းက တရားမျှတမှုဆိုင်ရာ ဥရောပ တရားရုံးကနေ တောင်းဆိုခဲ့ပြီးနောက် ဂူဂဲလ်က အခုလို ဆောင်ရွက်ဖို့ ကြေညာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဂူဂဲလ် အမှုဆောင် အရာရှိချုပ် Larry Page ကတော့ ဂူဂဲလ် အနေနဲ့ ဥရောပရဲ့ ဆုံးဖြတ်ချက် အတိုင်း လိုက်နာမှာ ဖြစ်ကြောင်း၊ ဒါပေမယ့် ဒီလို လုပ်ပေးတဲ့အတွက် ဆန်းသစ် ပြောင်းလဲမှု အပိုင်းကို ထိခိုက်မှုတွေ ရှိစေနိုင်ပြီး ဖိနှိပ်သူ အစိုးရတွေကို အကြိုက်တွေ့စေနိုင်ကြောင်း သတိပေး ပြောကြားလိုက်ပါတယ်။

BBC

စိတ်ချရပြီး ကြံခိုင်တဲ့ Passwords တစ်ခု ပေးဖို့အတွက် သိထား သင့်တဲ့ အချက်လေးတွေကို ကမ္ဘာကျော် Hacker Group တစ်ခုဖြစ်တဲ့ Anonymous group ကထုတ်ပြန်

 

 
ဒီရက်ပိုင်းအတွင်း ကျွန်တော့် မိတ်ဆွေတွေ
ထဲက account တွေ တစ်ခုပြီးတစ်ခု ကျနေတာတွေ Hacked ပြုလုပ်ခံရတာတွေ
များလာ တယ်ဗျ

ဒီတော့ Email၊ Facebookနဲ့ Twitter တွေရဲ့ Passwordsတွေဘယ်လို လုံခြုံစိတ်ချရစေဖို့ မိမိရဲ့ Accountကို တစ်ပါးသူ ဖောက်ထွင်း ခိုးယူခြင်း မခံရစေဖို့ သူများ အလွယ်တကူ မသိနိုင်တဲ့ စိတ်ချရတဲ့ Passwordsတစ်ခု ပေးဖို့တော့ လိုပါလိမ့်မယ်။ 

ဒီလိုမျိုး စိတ်ချရပြီး ကြံခိုင်တဲ့ Passwordsတစ်ခု ပေးဖို့အတွက် သိထား သင့်တဲ့ အချက်လေးတွေကို
ကမ္ဘာကျော် Hacker Group တစ်ခုဖြစ်တဲ့
Anonymous group ကထုတ်ပြန် ချက်ကို
Time မဂ္ဂဇင်းက ဖော်ပြထားပါတယ်

Passwordsကို ရှည်နိုင်သမျှ ရှည်အောင် ပေးပါ။
စိတ်ချရတဲ့ Passwords တစ်ခုဖြစ်ဖို့ အနည်းဆုံး စာလုံးရေ ၈လုံး ပါပါစေ။ ၁၄လုံး ပေးထားရင် ပိုကောင်းပြီး ၂၅လုံး ပေးထားရင်တော့ အကောင်းဆုံးပါပဲတဲ့။

စာလုံးများနှင့် ကိန်းဂဏန်းများကို ရောစပ်ပြီး သုံးပါ။
Passwordsတစ်ခု ဖန်တီးတဲ့နေရာမှာ စာသား (သို့မဟုတ်) ကိန်းဂဏန်း သီးသန့် မပေးသင့်ပါဘူး။ စာသားနဲ့ ကိန်းဂဏန်းနှစ်မျိုး ရောစပ် ပေးထားပြီး သင့် Passwordsကို ခိုးယူချင်တဲ့ သူရဲ့ ဦးနှောက်ကို နည်းနည်း အလုပ် ပေးလိုက်ပါ။ ဒါ့အပြင် စာလုံးတွေကိုလည်း အကြီးအသေး နှစ်မျိုးစလုံး သုံးပေးရင် ပိုကောင်းပါတယ်။ ဥပမာအနေနဲ့ ပြောရရင် “greenapple123”ဆိုတဲ့ Passwordsထက် “GreeN 123 ApplE 456”ဆိုတဲ့ Passwordsက ပိုမို စိတ်ချရမှာပါ။

Dictionary ထဲမှာပါတဲ့ စာသားတွေ သီးသန့် မပေးပါနဲ့။
ဥပမာအနေနဲ့ ပြောရရင် သင့်ရဲ့ Passwordsကို “Imissmybrother”ဆိုတဲ့ စာလုံးမျိုး ပေးခဲ့ရင် Dictionaryထဲက စာလုံးတွေနဲ့ တိုက်စစ်ပေးမယ့် Programတွေ ရှိတာကြောင့် စိတ်မချရပါဘူး။ အဲဒါကြောင့် စာသားတွေကို ကိန်းဂဏန်းတွေနဲ့ တွဲဖက်စေတာပဲ ဖြစ်ပါတယ်။

တချို့စာလုံးတွေကို ကိန်းဂဏန်းနဲ့ ပြောင်းလဲ သုံးစွဲပါ။
တချို့စာလုံးတွေကို ကိန်းဂဏန်းတွေနဲ့ အစားထိုးပြီး သုံးပေးပါ။ ဥပမာအနေနဲ့ ပြောရရင် Letter “O”အစား Zero “O”ကို သုံးလို့ ရသလို “S”အစား Dollar Sign “$”ကိုသုံးရင် ပိုပြီး စိတ်ချရတဲ့ Passwords ဖြစ်လာမှာပါ။

ခန့်မှန်းရ လွယ်ကူတဲ့ Passwordsမျိုး မဖြစ်ပါစေနဲ့။
တချို့စာလုံးတွေက Dictionaryထဲမှာ မပါဝင်ပေမယ့် ခန့်မှန်းရတာ သိပ်လွယ်ပါတယ်။ ဥပမာ သင့်ရဲ့ နာမည်၊ သင်အလုပ်လုပ်တဲ့ ကုမ္ပဏီနာမည်၊ သင့်ရဲ့ ဇာတိမြို့၊ သင့်ရည်းစားရဲ့ နာမည်၊ သင့်ရဲ့ မွေးနေ့၊ ဖုန်းနံပါတ်တို့ကို Passwordsအဖြစ် ထားရင် တစ်ဖက်လူက ခန့်မှန်းရတာ သိပ်လွယ်ကူနေပါတယ်။ User Nameကို Passwordsအဖြစ် ပြန်ပေးတာမျိုးတွေ ရှိသလို အစဉ်လိုက် ကိန်းဂဏန်းတွေနဲ့ Keyboardပေါ်မှာ အစဉ်လိုက် ရိုက်လို့ရတဲ့ စာလုံးတွေ (ဥပမာ- 123456, Q WERTY)စတာတွေကို Passwordsအဖြစ် သတ်မှတ်ထားတာကလည်း မကောင်းတဲ့ အချက်ပါပဲ။
User Accountတစ်ခုမှာ အသုံးပြုပြီးသား Passwordsကို နောက်ထပ် Accountတစ်ခုမှာ အသုံးမပြုပါနဲ့။
လို့ ထုတ်ပြန်ထားပါတယ်

ဒါအပြင်
သင့် Facebook အကောင့် လုံခြုံရေးအတွက် အချက်မှာ Security Question ပေးသင့်ပါတယ်

Security Question ပေးရန်
Link မှာ https://www.facebook.com/settings?tab=securityဖြစ်ပါတယ်

သတိထားရမှာက အဲ့ဒီ Facebook Security Question မှာ ပေးထားတဲ့ အဖြေကို သေချာမှတ်ထားပါ
ခန့်မှန်းရခက်တဲ့ မေးခွန်းနဲ့ အဖြေကို ပေးပါ

Secure Browsing setting ကို On ထားပါ

Recovery အသုံးပြုသော Email ကို
ဖြည့်ထားပါ ထိုemail မှာ ပြန်လည် ပြုလုပ်ရန်
ဖြစ်သည်

Login Notifications ကို လည်း On ပေးထားပါ။
မိမိ မသတ်မှတ်ထားသော Devices မှ မိမိအကောင့်ကို ၀င်ရန် ကြိုးစားမှုကို Email သို့ မဟုတ် Phone Text Message ပေးပို့ ပေးပါမည်။

ဥပမာ - သင့်အိမ်က ကွန်ပြူတာ Device မှာ သင့် Facebook အကောင့်ကို Save လုပ်ထားလျှင် သင် Save မလုပ်ထားသော အခြား PC/Device များမှ သင့်အကောင့်ကို ၀င်ရန်ကြိုးစားနေမှုကို သင်ရွေးချယ်ထားသော Option အတိုင်း Facebook မှ အသိပေးမည်ဖြစ်သည်)

Login Approvals ပြုလုပ်ထားပါက သင် Save မလုပ်ထားသော Unrecognized Computer/Device များမှ သင့်အကောင့်ကို Access ပြုလုပ်လိုလျှင် Facebook ထံမှ Code တစ်ခါတောင်းရသည့် စနစ်ဖြစ်သည်။

အနည်းငယ်အလုပ်ရှုတ်သော်လည်း သူတစ်ပါးလက်ထဲသို့  မရောက်အောင် တားဆီးနိုင်သည့် အဓိက နည်းလမ်းဖြစ်သည်)

Active Sessions ကို ပုံမှန် စစ်ဆေးပါ။မူမမှန်သော Login ၀င်ရောက်မှုအတွက် (ဥပမာ - များသောအားဖြင့် နိုင်ငံရပ်ခြား IP များမှ ၀င်ရောက်ခြင်း) ကို Facebook မှ သတိပေးချက် ထုတ်ပြန်တက်ပါသည်။

IP မကြာခဏ ပြောင်းလဲ အသုံးမပြုပါနှင့်။အကောင့် Lock ကျတက်သည်၊ယာယီ ပိတ်ခံရတက်သည်။

Free Wifi နေရာတွေမှာ Facebook ကို ဖြစ်နိုင်လျှင်မသုံးပါနှင့်။Same Network တစ်ခုထဲမှာ ဆိုလျှင် မိမိ သုံးနေသည့် အကောင့်ထဲကို ၀င်ရောက်ပြီး အသုံးပြုသွားနိုင်သည့် Software များ ရှိပါသည်။

မိမိ အကောင့်ကို 3 Friend Method ဖြင့် Hack ပြုလုပ်သွားနိုင်ပါသည်။ ထို့ ကြောင့် လာ Add သော အကောင့်တိုင်း လက်ခံသင့် မခံသင့် သေချာစဉ်းစားပါ။

နောက်ဆုံးအနေဖြင့် မိမိ အကောင့် လုံးဝ အဟက်ခံလိုက်ရပြီဆိုလျှင် ယခင် Password အဟောင်း ဖြင့် အဟက်ခံရသော မိမိ အကောင့် မည်သူမှ အသုံးပြုလို့ မရအောင် Lock ချနိုင်ပါသည်။

Burmar Pyi Thar