 
          
       
GSMနှင့် WCDMA (3G)ဖုန်းများတွင် ဇူလိုင်လ ၁ရက်နေ့မှစ၍ FEC 
ငွေဖြည့်ကတ် သီးသန့်ထည့်ရန် မလိုတော့ပဲ နိုင်ငံခြားသို့ မြန်မာကျပ်ငွေဖြင့်
 တိုက်ရိုက် ခေါ်ဆိုနိုင် မည်ဖြစ်ပြီး နိုင်ငံ အလိုက် ခေါ်ဆိုမှု 
နှုန်းထားများကို လက်ရှိ ဒေါ်လာ ပေါက်ဈေးအတိုင်း 
သတ်မှတ်ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
ဖုန်းခေါ်ဆိုခနှုန်းထားများကို နိုင်ငံအလိုက် လေးမျိုးသတ်မှတ်ထားပြီး 
နိုင်ငံအများစုအတွက် နှုန်းထားမှာ တစ်မိနစ်လျှင် သုည ဒဿမ ၉ဒေါ်လာဖြစ်ကာ 
အင်္ဂလန်၊ ချီလီ၊ အိန္ဒိယ၊ ဒိုမီနီကန် နိုင်ငံများအတွက် ၁ဒဿမ ၅ဒေါ်လာ၊ 
အာရေဗီးယား၊ နိုင်ငံအတွက် သုံးဒေါ်လာ၊ အိန္ဒိယ (Ocean Ragion)များအတွက် ၃ဒဿမ 
၇ဒေါ်လာဖြစ်ကြောင်း၊ မြန်မာ့ဆက်သွယ်ရေး၏ ကောလ်စင်တာ ဝန်ဆောင်မှုထံမှ သိရသည်။
ခေါ်ဆိုခနှုန်းထားများ ကောက်ခံရာတွင် မြန်မာကျပ်ငွေနှုန်းဖြင့် 
ကောက်ခံမည်မဟုတ်ပဲ ဒေါ်လာပေါက် ဈေးနှုန်းအပေါ် အခြေခံ၍ တွက်ချက် ကောက်ခံမည် 
ဖြစ်သည်။ ယခင်က နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုရန်အတွက် FEC 10,20,30တန် 
ငွေဖြည့်ကတ်များ ဝယ်ယူအသုံးပြုရပြီး ယင်း FECကတ်များတွင် 
ငွေလက်ကျန်ရှိသူများ အနေဖြင့် ဆက်လက် အသုံးပြုနိုင်ကြောင်း၊ 
နိုင်ငံခြားသို့ မြန်မာကျပ်ငွေဖြင့် ခေါ်ဆိုမှုကို GSMနှင့် WCDMA (3G) 
ဖုန်းများအတွက်သာ ပြောင်းလဲခြင်း ဖြစ်ပြီး၊ CDMA 800နှင့် 450ဖုန်းများတွင်
 မပြောင်းသေးကြောင်း မကြာမီ ထပ်မံပြောင်းလဲမည် ဖြစ်ကြောင်း သိရပါသည်။
 







 
 
 
 
 
 
 

 
0 comments:
Post a Comment