Pages

Translate

Wednesday, July 10, 2013

Download လုပ်နည်းများ

ဘာ Software မှ မသုံးဘဲ Video နှင့် Music တွေကို Doanload လုပ်နည်း

ဘာ Software မှ မသုံးဘဲ Video နှင့် Music တွေကို Doanload လုပ်နည်းကို သိပြီးသားမိတ်ဆွေများလည်းရှိမှာပါ. ခု မျှဝေတာက မသိသေးသူတွေအတွက်ပါ.. ဘာ Software မှ မလိုပါဘူး.. တစ်ခုတော့ရှိတယ်.. Browser ကတော့ Mozilla Firefox ကိုသုံးရမှာပါခင်ဗျ..
လုပ်နည်း
*******
1. Mozilla Firefox ရဲ Menu Bar ပေါ်က Tools အောက်မှာ Add-ons ဆိုတာကိုနှိပ်ပါ.. ( Shortcut = Control + Shift +A)
2. ကျလာတဲ့ New Tab မှာ ဘယ်ဘက်က Get Add-ons ကိုရွေးလိုက်ပါ.. ညာဘက်အပေါ်နားလေးက Search Box လေးထဲမှာ Download Video Helper ဆိုပြီး ရိုက်ထည့်လိုက်ပါ.. ပုံမှာ ပြထားသလို Video DownloadHelper နဲ့ အခြား Downloader Add-ons တွေကို တွေ့ရမှာဖြစ်ပါတယ်..



3. ပထမဆုံး Video DownloadHelper ရဲ့ဘေးက Install ကိုနှိပ်လိုက်ပါ.. ပြီးရင် အထက်မှာပြထားသလို ကိုယ်ကြိုက်တဲ့ Downloader Add-ons တွေကို ၂ ခု ၃ ခုလောက် Install လုပ်လိုက်ပါ.. ပြီးရင် Firefox ကို ပိတ်လိုက်ပြီး  ပြန်ဖွင့်ပါ.. Restart လုပ်တာပေါ့ဗျာ.. ဒါဆိုရင်တော့ IDM လို Software မသုံးဘဲနဲ့ Video နဲ့ သီချင်းတွေကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ဒေါင်းနိုင်ပြီးပေါ့ဗျာ..

အဆင်ပြေပါစေ..

Download လုပ်ထားသော Patch, Crack, Keygen ဖိုင်ကိုဖြည်ထုတ်နည်း ( မဖြစ်မနေဖတ်ပေးစေလိုပါတယ်.)

မိတ်ဆွေများခင်ဗျာ...

ကျွန်တော်တို့ ဖိုင်တွေတင်နေတဲ့ Hosting Site တွေဟာ Terms of Services (TOS) တွေ အကန့်အသတ်နဲ့ပေးထားကြပါတယ်.. Storage, Bandwidth, Keeping Period တွေ အဆင်ပြေပေမယ့် Crack, Patch, Keygen တွေကိုကျတော့ လက်မခံတတ်ကြပါဘူး.. လက်ခံတဲ့ Site တွေကျတော့လည်း Keeping Period ထားသိုတဲ့အချိန်ကာလ နည်းပါးပါတယ်.. ဒါကြောင့် ကျွန်တော်တို့ရဲ့ Keygen, Patch, Crack တွေကို Hosting Site တွေက မဖျက်ပစ်ရအောင် မြန်မာ့နည်းမြန်မာ့ဟန်နဲ့ကျွန်တော် တင်ပေးဖို့ စဉ်းစားပါတယ်... ဒါကြောင့် ဖြည်တဲ့နည်းကိုတော့ မဖြစ်မနေဖတ်ပေးစေလိုပါတယ်..

Crack, Patch, Keygen တွေကို rar ဖိုင်ဖြည်ထုတ်လိုက်တဲ့အခါ အထဲမှာ Folder တစ်ခုထွက်လာပါမယ်.. အဲဒီ Folder ထဲမှာ File Extension ( ဖိုင်အမျိုးအစား ) ဖျောက်ထားတဲ့ ဖိုင်တစ်ဖိုင်တွေ့ရမှာဖြစ်ပါတယ်...


အဲဒီ File Extension ( ဖိုင်အမျိုးအစား) မပါတဲ့ဖိုင်ကို Right Click>Rename (သို့မဟုတ်) F2 ကိုနှိပ်ပြီး နာမည်ရဲ့ အဆုံးမှာ .rar ဆိုပြီး Rename ပေးလိုက်ပါ..


Rar ဖိုင် တစ်ဖိုင် ထွက်လာမှာဖြစ်ပါတယ်...


အထဲမှာ တကယ်အလုပ်လုပ်မယ့်ဖိုင်ကိုတော့ File Extension ( ဖိုင်အမျိုးအစား) ၀ှက်မထားပါဘူး.. ဒါလေးကိုတော့ မိတ်ဆွေများ စိတ်နည်းနည်းရှည်ပြီး လုပ်ပေးကြစေလိုပါတယ်.. ကျွန်တော်တင်ထားတဲ့ဖိုင်တွေကို ဖျက်ခံရရင် မိတ်ဆွေများလည်း စိတ်အနှောင့်အယှက်ဖြစ်ရသလို ကျွန်တော်လည်း စိတ်ပင်ပန်း၊ စိတ်မကောင်း၊ အလုပ်ပိုရှုပ်ဖြစ်ရပါတယ်... ဒါကြောင့် Crack , Patch, Keygen တွေကို ဒီနည်းအတိုင်း ဖြည်ယူကြဖို့ အသိပေးပန်ကြားအပ်ပါတယ်.. Setup ဖိုင်တွေကိုတော့ သာမန်အတိုင်းပဲထားမှာပါ...

Download လုပ်တဲ့အခါ ဒေါင်းလော့လုပ်နည်းတွေကို ဒီမှာ အပြည့်အစုံဖတ်ပေးစေလိုပါတယ်.. ဖိုင်လင့်တွေရှိနေလျက်နဲ့ ဒေါင်းမရဘူးဆိုလို့ပါ...

ပြီးတော့ တစ်ချို့ Site တွေမှာ Download with accelerator ဆိုပြီး ရှိပါတယ်.. ဆိုလိုတာက သူတို့ရဲ့ Downloader လေးကို အရင်ဒေါင်းပြီး Run ခိုင်းတဲ့သဘောပါ.. ဒါဆို ကိုယ်လိုချင်တဲ့ဖိုင်ကို တိုက်ရိုက်မရပါဘူး.. exe တစ်ဖိုင်ပဲရလာမှာပါ.. အဲဒီ exe ဖိုင်ကို Run ပြီးမှ ကိုယ့်ဖိုင်ကို ပြန်ဒေါင်းရတာပါ.. ဒါကြောင့် Download with accelerator ဆိုတဲ့ စာသားပါခဲ့ရင် အဲဒီရှေ့က အမှန်ခြစ်ကို ဖြုတ်ပစ်လိုက်ပါ.. ဥပမာအနေနဲ့ Tusfiles.net မှာ Download with TusFiles accelerator and get recommended offers. ဆိုပြီးတွေ့ရတတ်ပါတယ်...

ကျွန်တော် တွေ့ဖူးသလောက် Tusfiles, Ziddu, DataFileHost စတဲ့ဆိုဒ်တွေမှာ တွေ့ရတတ်ပါတယ်..

အဆင်ပြေပါစေမိတ်ဆွေများခင်ဗျာ...


ခင်မင်လေးစားလျက်


YouTube က Video တွေကို Android Device က Download ချရာမှာ အကောင်းဆုံး TubeMate V 1.05.45.284 Apk နဲ့ Top 4 YouTube Downloaders


Soe Lwin Oo : ကိုမောင်ပေါက်ရေ... Youtube က Video တွေကို ဖုန်း၊ တက်ပလက်တွေကနေ ဒေါင်းချင်တာဗျာ.. အဆင်ပြေတဲ့ ဆော့ဝဲရှိရင် ပေးပါအုံး. တစ်ခြားဆော့ဝဲတွေက အဆင်သိပ်မပြေချင်ဘူးဗျ..
Hsaung Hayman Win : မင်္ဂလာပါရှင်..  
        Android phone နဲ့ Youtube ကသီချင်းတွေကို down ဖို့ဘယ် App ကောင်းလဲဆိုတာသိချင်လို့ပါရှင်။ အရင်က Tubemate နဲ့ down တာအဆင်ပြေပါတယ်။ နောက်ပိုင်း download ဆွဲတော့ Connecting to youtube ကနေမတက်တော့ဘဲ ခဏကြာမှ Error: Unable to------- ဆိုပြီးစာတန်းပေါ်လာပါတယ်။ Tubemate ကိုအသစ်ပြန် down လည်းမရပါဘူးရှင်။ အဲဒါ downloader လေးတစ်ခုကိုတင်ပေးလိုပါတယ်ရှင်။
Handset က HTC Desire VC ပါရှင်။
      ကျေးဇူးတင်ပါတယ်ရှင်။ ။ ။ ။ ။ ။ ။ ။

ကျွန်တော်လည်းသုံးနေတယ်.. The Best YouTube Downloader မှာ
နံပါတ် (1) မှာ ရှိနေတဲ့ TubeMate ဖြစ်ပါတယ်... လွယ်ကူမြန်ဆန်ပြီး Video အရည်အသွေးလည်းကောင်းပါတယ်...
မဆောင်းဟေမန်ဝင်း အနေနဲ့ အဟောင်းကို Uninstall လုပ်ပစ်လိုက်ပြီး Cache ကို Clean လုပ်ပစ်လိုက်ပါ.. Android Cleaner တစ်ခုခုနဲ့ပေါ့.. ပြီးရင် ဒီ TubeMate ကို Install လုပ်လိုက်ပါ.. အဆင်ပြေသွားပါလိမ့်မယ်...
ဒီ app ကို မသုံးဖူးသေးတဲ့သူများအတွက် သုံးနည်းကိုပါ နည်းနည်းရှင်းပြချင်ပါတယ်...
1. ဒီ App ကို Install လုပ်ပြီး ဖွင့်လိုက်ရင် YouTube ကိုရောက်ပါတယ်.. အပေါ်ဆုံးတန်းက ညာဘက်မှာ မှန်ဘီလူးပုံလေးကိုနှိပ်ပြီး မိမိလိုချင်တဲ့ နာမည်ကို ရိုက်ထည့်ပြီးရှာနိုင်ပါတယ်...



2. ကိုယ်လိုချင်တဲ့ Video ကိုတွေ့ပြီးဆိုရင် တစ်ချက်နှိပ်လိုက်ပါ.. Do you want to download or watch video ? ဆိုပြီး ပေါ်လာမှာဖြစ်ပါတယ်.. Download ကိုရွေးပေးရပါမယ်...


3. ဒါဆိုရင် Video ကို ဘယ်ဆိုဒ်နဲ့ ဒေါင်းချင်တာလဲ.. MP 3 နဲ့ ဒေါင်းချင်တာလား .. ရွေးနိုင်ပါပြီ...


ကိုယ်လိုချင်တာကို ရွေးပေးလိုက်တာနဲ့ ဖုန်းရဲ့ Notification Bar မှာ ဒေါင်းနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်.... မြန်လည်းမြန်ပါတယ်...
ဒီ App ကို Google Play မှာရှာလို့မတွေ့ပါဘူး.. TubeMate ရဲ့ Official Site မှာ [CAUTION] There are so many infected TubeMates on 'Google Play' and internet.
Please get TubeMate from the verified sites for your safety.
ဆိုပြီး သတိပေးထားပါတယ်.. Google Play မှာနဲ့ တရားမ၀င်ဆိုဒ်တွေမှာ မဒေါင်းကြဖို့ သတိပေးထားတာပါ... Official Site ကို ဒီမှာ သွားကြည့်နိုင်ပါတယ်...

အဆင်ပြေပါစေ...

မောင်ပေါက်

Download Links:


အဆင့် (2) နေရာမှာတော့  WonTube ဖြစ်ပါတယ်....


အဆင့် (3)  မှာတော့ Best Tube YouTube Downloader ဖြစ်ပါတယ်...


အဆင့် (4) မှာတော့ FREEdi YouTube Downloader ဖြစ်ပါတယ်...

Download FREEdi YouTube Downloader


cydia app တွေကို pc ကနေဒေါင်းမယ် 


cydia app တွေကို pc ကနေဒေါင်းမယ်။

မြန်မာပြည်ကဆိုတော့ ဖုန်းကနေအင်တာနက်က
ပြောသလောက်မမြန်တော့  Cydia app Source
တွေဖုန်းကနေဒါရိုက် သွင်းမယ်ဆိုရင်အဆင်မပြေဘူး
ဒီတော့
Cyder2 ဆိုတဲ့ app ကိုဒေါင်းလိုက်ပါ။ 
ပြီးရင် ဖိုင်ဖြည်လိုက်ပါ။

 


ပြီးရင် Cyder2 ကို၂ချက်နိုပ်ဖွင့်ပါ။


ပြီးရင် sources ကိုသွားလိုက်ပါ။


ပြီး cydia Source  ကိုဒေါင်းချင်တဲ့ဟာ
ကိုယူပြီး add link လုပ်လိုက်။
ဥပမာ  ကျနော်က မြန်မာဖောင့်ကိုလိုတယ်
ဆိုရင် http://cydia.macforus.com
အဒ်ပေးလိုက်ပါ။


ပြီးရင်အပေါနား တြိဂံပုံစံလေး play ဆိုတာလေးကိုနိုပ်လိုက်ပါ။


လုပ်လိုက်ရင် အမှန်ခြစ် အစိမ်းရောင်လေးဖြစ်သွားပါမယ်။
ပြီးရင် Packages ကိုသွား ကိုလိုချင်တဲ့ဟာကို Download ဆွဲဖို့
selet ပေးပါ။ပြီးရင် Downloads မှာသွားပါ။ ပြီးရင် Download selet
ဆိုဒါလေးကိုနိုပ်ပြီးဒေါင်းလိုက်ပါ။:P


ပြီးရင်ကိုဒေါင်းထားတဲ့ဖိုင်ကို archives ဆိုတဲ့ folder ထဲတွေ့ရပါမယ်။


ကဲအဲဒါဆို ဖုန်းနဲ့ချိတ်ပြီး itools နဲ့ပဲဖြစ်ဖြစ်သွင်းလိုက်ယုံပဲ
ကဲအားလုံးအဆင်ပြေကြပါစေ။ 



video  tutorial  ကို Download ချင်သူများအတွက်

video  tutorial  Download

Download              uppIT            Tusfiles              Tempfiles

cyder 2  ကို ဒေါင်းရန်    

Download            uppIT                   Tusfiles                 Tempfiles

အားလုံးအဆင်ပြေကြပါစေ။
 

Google မှာ Pro တစ်ယောက်လို ရှာနည်း


အင်တာနက် သုံးတဲ့လူတိုင်း Google ကိုတော့သိ
တော့သိကြပါတယ်။ဒါပေမယ့် သူရဲ့ search operator တွေကိုတော့ လူသိနည်းကြပါတယ်။
တကယ်လို့သင် ဟာ နည်းပညာဘက်မှာ အတွေ့အကြုံတွေအများကြီးရှိတယ်၊professional တစ်ယောက်ဖြစ်ရင်တောင်မှာ  ကျွန်တော်တို့အခု
ပြောပြမယ့် နည်း ၁၁ ခုထဲက တစ်ခုလောက်တော့ အနည်းဆုံးသင်သတိမထားမိတဲ့ နည်း တစ်ခုလောက်တော့ တွေ့သွားပါလိမ့်မယ်။





တိကျသော စကားလုံးများ နှင့် စကားစုများ

အခုကျွန်တော်တို့ပြောမယ့် ဟာ က ကိုယ်ရှာမယ့် စကားစုတွေကို " " Double Quote နှစ်ခုကြားထည့်
ပြီးရှာခြင်းပဲဖြစ်ပါတယ်။Google မှာ သင်ရှာချင်တဲ့ စကားလုံးကို တိတိကျကျ သိချင်ရင် Double Quote
နှစ်ခုကြားထည့်ပြီးရှာနိုင်ပါတယ်။ဥပမာ - Hello World ပေါ့ သူ့ကို Double Quote နှစ်ခုကြား ထည့်ပြီး
Google မှာရှာကြည့်ရင် Google က ရလဒ်အနေနဲ့ Hello World - အဲ့ဒီ့ စကားလုံးနှစ်ခု ပါတဲ့ Web page တိုင်းကိုပြပေးမှာဖြစ်ပါတယ်။

“Hello World”

 


အဲ့ဒီ နည်းကိုပဲသုံးပြီး စကားစု တင်မကဘူး စကားလုံး တစ်လုံးချင်းကို ပါရှာပေးနိုင်ပါတယ်။

စကားလုံး တစ်ခုအား ပယ်ခြင်း

minus sign။ဟုတ်ကဲ့ အဲ့ဒီ့ အနုတ် လခ်ဏာကိုသုံးပြီး Google မှာရှာတဲ့အခါ မပါစေချင်တဲ့ စကားလုံး
တွေကို ပယ်လို့ရပါတယ်။ဥပမာ သင်ဟာ Linux distributions ဆိုတဲ့ Page တွေကိုလိုက်ရှာနေတယ်
ဆိုပါဆို့ အဲ့လိုရှာတဲ့အခါ မှာ Ubuntu ဆိုတဲ့ စကားလုံးမပါစေချင်ဘူးဆိုရင် အောက်ပုံမှာပြထားတဲ့ အတိုင်း
Linux distributions ဆိုတဲ့အရှေ့မှာ အနုတ်လခ်ဏာထည့်ပြီး သင်မပါစေချင်တဲ့ စကားလုံး Ubuntu
ထည့်ပေးလိုက်ရုံပါပဲ။

linux distributions -ubuntu


Site ရှာဖွေခြင်း

ဒီ site: ကိုသုံးပြီး Site တစ်ခုချင်းစီမှာ ပါတဲ့ အကြောင်းအရာ အချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။
ဥပမာ သင် ဟာ Android နဲ့ပတ်သတ်ပြီး Blogger A.K.M ဆိုတဲ့ Site မှာရှာချင်တယ် ဆိုပါစို့
အဲ့လိုအခါမှာ အောက်မှာပြထားတဲ့အတိုင်း site:bloggerakm.blogspot.com Android လို့ရှာဖွေနိုင်ပါတယ်။

site:bloggerakm.blogspot.com Android

ဆက်စပ်နေသော စကားလုံးများ

ဒီ tilde (~) ကိုသုံးပြီး  ဆက်စပ် စကားလုံးတွေကိုရှာနိုင်ပါတယ်။ဥပမာ- သင်ဟာ
Geek ဆိုတဲ့ စကားလုံးကို tilde (~) နှင့်တွဲပြီး Google မှာ ~geek ဆိုပြီး ရှာကြည့်ရင် သူနဲ့ဆက်စပ်တဲ့
ရလဒ်တွေ၊ပုံစံတူ Meaning တူတွေကို Result  ထုတ်ပေးနိုင်ပါတယ်။(မေးစရာ တစ်ခုရှိတယ် ~geek လို့ရှာလိုက်ရင် ဘာကြောင့် Linux နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေပါလာ ရတာလဲ? အဖြေကရှင်းရှင်းလေးပဲ Geek ဆိုတဲ့ စကားလုံးက "Greek" ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာတာ
ဖြစ်ပြီး “Linux” ဆိုတဲ့ စကားလုံးနဲ့ အနီးစပ်ဆုံး Meaning တူလို့ဖြစ်ပါတယ်။ဆက်စပ်နေတဲ့ စကားလုံးဖြစ်နေလို့ လည်းပြောလို့ရပါတယ်။)

~geek

Wildcard

Wildcard ကိုဘယ်လိုရှင်းပြရမလဲ။ဟုတ်ပြီ ဒီနေရာမှာ Wildcard က asterisk (*) လို့ခေါ်တဲ့ ခရေပွင့်ပုံစံ
ကို ကိုယ်စားပြုပါတယ်။အဲ့ဒီ့ asterisk (*) ခရေပွင့်ပုံစံကို အသုံးပြုပြီး ကြိုက်တဲ့ စကားလုံးကိုမဆို Match
လုပ်ပေးနိုင်ပါတယ်။ဥပမာ- သင်ဟာ Google ကဘယ် Company တွေကို ဘယ်လောက်နဲ့ဝယ်ထား
တယ်ဆိုတာကို သိချင်ရင် အောက်မှာပြထားတဲ့အတိုင်း “google purchased * for * dollars” လို့ရိုက်
ထည့်ပြီး ရှာဖွေနိုင်ပါတယ်။

“google purchased * for * dollars”

အချိန်ကာလ သတ်မှတ်ပြီး ရှာဖွေခြင်း

ဒီ operator ကိုတော့လူသိနည်းကြပါတယ်။ဒီ operator ကိုသုံးပြီး သင်ရှာချင်တဲ့ အကြောင်းအရာတွေကို
အချိန်ကာလ သတ်မှတ်ပြီး ရှာဖွေနိုင်ပါတယ်။ဥပမာ-သင်ရှာချင်တာက ubuntu နဲ့ပတ်သတ်ပြီး 2008 နဲ့
2010 ကြားက အကြောင်းအရာတွေကို ရှာချင်တာဆိုရင် အောင်မှာပြထားတဲ့တိုင်း ubuntu 2008..2010
လို့ရိုက်ထည့်ပြီး ရှာဖွေနိုင်ပါတယ်။

ubuntu 2008..2010

ဖိုင်အမျိုးအစား များကိုရှာဖွေခြင်း

ဒီ filetype: ကိုအသုံးပြုပြီး File အမျိုးအစား တစ်ခုချင်းစီ သီးသန့် ရှာဖွေနိုင်ပါတယ်။ဥပမာ- သင်ဟာ PDF ဖိုင်သီးသန့်ရှာ ချင်တယ်ဆိုရင်  filetype: ရဲ့နောက်မှာ သင်လိုချင်တဲ့ PDF ဖိုင်နာမည်ကို ထည့်ပြီးရှာ
ဖွေနိုင်ပါတယ်။

filetype:pdf how to geek

ဒီစကားလုံး သို့မဟုတ် ဒီစကားလုံး

ဒီ “OR” ဆိုတဲ့ operator ကိုအသုံးပြုပြီး သင်ရှာချင်တဲ့ စကားလုံး သို့မဟုတ် နောက်ထက်တစ်ခြား စကားလုံးကို ရှာဖွေပေးနိုင်ပါတယ်။ဥပမာ- Ubuntu သို့မဟုတ် Linux ဆိုတဲ့ စကားလုံးနှစ်ခုထဲက
တစ်ခုမဟုတ်တစ်ခုကို Result မှတွေ့ချင်တယ်ဆိုရင် OR ဆိုတဲ့ စကားလုံးကိုအသုံးပြုပြီး ရှာဖွေနိုင်ပါတယ်။

ubuntu OR linux

စကားလုံးများရဲ့ Definition တွေကိုရှာဖွေခြင်း

စကားလုံးတစ်လုံး အတွက် dictionary တွေမှာ လိုက်ပြီးရှာနေစရာမလိုပါဘူး။ဒီ define: ဆိုတဲ့ Operator
ကိုအသုံးပြုပြီး စကားလုံးတွေရဲ့ Definition ကိုသိနိုင်ပါတယ်။

define:word

Calculator

Google ကို Calculator အဖြစ်လည်းအသုံးပြုနိုင်ပါတယ်။ဥပမာ အနေနဲ့ အောက်မှာ ပြထားပါတယ်။

(4 + 2) * (6 / 3)

Unit Conversion

Calculator ကိုအသုံးပြုပြီး Unit တွေကို Conversion ပြုလုပ်နိုင်ပါတယ်။

5 nautical miles in kilometers

ကဲဒီနည်း တွေကို အသုံးပြုပြီး Google မှာ Pro တစ်ယောက်လိုရှာနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။

အားလုံးအဆင်ပြေကြပါစေ။

Credit to Blogger AKM

 

 

 


 

 


 


 

0 comments:

Post a Comment