Pages

Translate

Friday, July 12, 2013

မြန်မာဖောင်.ပြသနာလေးတွေ

Android 4.1.1 နဲ့ 4.1.2 တွေမှာ မြန်မာ Font အဆင်မပြေသူများအတွက် Theme With Myanmar Fonts ( Root မလို )


Android 4.1.1 နဲ့ 4.1.2 တွေမှာ မြန်မာ Font အဆင်မပြေကြပါဘူး.. ကျွန်တော်တို့ မြန်မာတွေကလည်း Root ဖောက်ရခြင်းရဲ့ ရည်ရွယ်ချက်က မြန်မာ ဖောင့် သုံးဖို့ အဓိကဖြစ်နေတယ်မဟုတ်လား.. ဒီတော့ Root ဖောက်စရာမလိုဘဲ မြန်မာဖောင့်သုံးလို့ရတဲ့ Theme With Myanmar Fonts ကိုတင်ပေးလိုက်ပါတယ်.. ဒီ Themes ကို IT Ghost ဆီမှာ တွေ့ထားတာ တော်တော်ကြာပါပြီ.. တင်ဖို့ မလိုလောက်ဘူးထင်လို့ မတင်ဖြစ်တာပါ.. မိတ်ဆွေ တစ်ယောက်က  အီးမေးပို့လာပါတယ်..
 "huawei 8825-1 မှာမြန်မာစာမမှန်တဲ့ပြသနာလေးရှိနေတယ်ဗျ အဲဒါဘယ်လိုလုပ်ရင်ရမလဲ ကူညီပါဦးဗျာ RSS apk မှာသတင်းတွေဖတ်ရင်ဗျာ ဥပမာဗျာ နေကောင်းလားပေါ့ အဲဒါကို နကေားင်လား ဗျာ အဲလိုအလွဲလေးနည်းနည်းရှိနေတယ်ဗျ နည်းနည်းတော့ စိတ်ညစ် ရတာပေါ့ဗျာ အဲဒါအားလုံးအဆင်ပြေချင်တယ်ခင်ဗျ facebook သုံးတဲ့အခါလည်း ကိုရေးလိုက်
တဲ့ comment က ရိုက်တုန်းကအမှန်ပဲ အပေါ်ရောက်သွားရင်တလွဲတွေဖြစ်လို့ဗျာ comment ရေးရမှာတောင်ရှက်လာတယ် ကူညီပါဦးဗျာ မလုပ်တက်လို့ပါ အသေးစိတ်သိချင်ပါတယ် ကျေးဇူးတင်ပါတယ်" .. ဒီအခက်အခဲကို ဖြေရှင်းဖို့ ဒီ Post ကို တင်ပေးလိုက်ပါတယ်.. Root ဖောက်ပြီးသား ရ မရတော့ မစမ်းရသေးဘူးဗျ.. Root မဖောက်ရသေးတာကိုတော့ စမ်းဖူးတယ်.. အဆင်ပြေတယ်.. လွယ်လွယ်လေးပါ.. ပေးထားတဲ့လင့်က ဖိုင်ကိုဒေါင်းပြီးဖြည်လိုက်.. ရလာတဲ့ MyanmarFontTheme.hwt ဆိုတဲ့ဖိုင်လေးကို ဖုန်းရဲ့ sd card ထဲက HWThemes ဆိုတဲ့ Folder ထဲကို ထည့်ပေးလိုက်ပါ။ ဒါဆိုရင် ဖုန်းရဲ့ Theme ထဲမှာ Elegance ဆိုတဲ့ Theme တစ်ခုရောက်လာပါတယ်.. အဲဒီ Theme ကို Apply လုပ်ပြီး Theme With Font ဆိုတာကိုရွေးပေးလိုက်ပါ... ဒါဆိုရင်မြန်မာ font ကိုသုံးလို့ရပါပြီဗျ..

အဆင်ပြေပါစေ..



Download : 7.87 MB

  • Dev-Host

  • Solidfiles

  • Zippyshare


    Credit to : IT Ghost

     

     

    Ubantu OS မှာ မြန်မာဖောင့်သွင်းနည်းနှင့် စာအုပ်

    ဇေယျာ: Ubuntu OS မှာ မြန်မာဖောင့်သုံးချင်လို့ဘယ်လိုသုံးရမလဲ ကူညီပါအုံးကိုပေါက်ရေ..
    ***********


     
    Ubuntu မှာ မြန်မာဖောင့်သွင်းနည်းလေးပြောပြပေးသွားမှာဖြစ်ပါတယ်…ပထမဆုံးနေနဲ့ လိုအပ်တဲ့ zawgyi font ကို zawgyi-keyboard.googlecode.com ကနေသွားဒေါင်းလိုက်ပါ zawgyi keyboard-0.3.3 tar.gz ဆိုတဲ့ ကောင်ကိုဒေါင်းပါ။ဒေါင်းပြိးသွားရင် ရတဲ့လာတဲ့ ကောင်ကို desktop မှာသွားတင်ထားလိုက်ပါ ကျွန်တော်တို့ zawgyi font  install လုပ်ဖို့တွက် terminal ထဲဝင်ရပါမယ် ctrl+Alt+t  နှိပ်လိုက်ပါက terminal ပေါလာပါမယ် ကျွန်တော်တို့ပထမဆုံး terminal ထဲတွင် cd ~/Desktop  ဆိုတာ ရိုက်လိုက် ပါ ပြိးရင် ls ဆိုပြိးထပ်ရိုက်လိုက်ပါကာ အောက်ကပုံတိုင်းမြင်ရပါမယ်..

     
    ဒီ tar xzf zawgyi_keyboard-0.3.3.tar.gz  ဆိုတဲ့ command လေးကို ရိုက်ပြိး enter ခေါက်လိုက်ပါ အောက်ကပုံလိုမြင်ရပါမယ်

    tar xzf ဆိုတာကဖိုင်ကိုဖြေဖို့သုံးလိုက်တဲ့ command ပါ  ပြိးရင် ls ဆိုပြိးရိုက်ထည့်လိုက်ပါက zawgyi ဆိုပြိးဖိုင်တစ်ခုတိုးလာကိုတွေ့ရပါလိမ့်မယ်  ပြိးရင်ကျွန်တော်တို့ zawgyi font ကိုစပြိး install လုပ်တော့ မှာပါ။ sudo python zawgyi_keyboard.py  လို့ရိုက်ပြိးenter ခေါက်လိုက်ပါက အောက်က တိုင်းမြင် ရပါလိမ့်မယ်

    Password တောင်းပါလိမ့်မယ် password ရိုက်တဲ့ခါ စာလုံးကိုမြင်ရမှာမပာုတ်ပါဘူး ရိုက်ပြိးရင် enter ပေါ့နော်အပေါကပုံတိုင်း မြင်ရပြိဆိုရင် install လုပ်မှာဖြစ်တဲ့တွက် I  လို့ရိုက်ပြိး enter ခေါက် လိုက်ပါအောက်ကပုံတိုင်းမြင်ရပါလိမ့်မယ် အောက်ကပုံမှာမြင်ရတဲ့ Removing previous installed zawgyi desktop file..ဆိုတာက ကျွန်တော့်မှာ zawgyi သွင်းပြိးဖြစ်လို့ပါ . ပြိးသွားရင်တော့ restart ချလိုက်ပါ zawgyi font သွင်းပြိးသွားပါပြိ


     အဆင်ပြေပါစေ..

    မောင်ပေါက်

    Credit to : မြန်မာ IT လူငယ်များ

    ကိုဇေယျာ အပါအဝင် အခြား လိုအပ်သူများအတွက် Ubantu OS မှာ မြန်မာဖောင့်သွင်းနည်း စာအုပ်ကို လည်း တင်ပေးလိုက်ပါတယ်.. Myanmar Font & Key Magic ကိုလည်း တင်ပေးလိုက်ပါတယ်.. လိုအပ်သလို သုံးလို့ရအောင်လို့ပါ..



    အဆင်ပြေပါစေ..

    မောင်ပေါက်


    Download Ebook : 

  • Dev-Host

  • Mediafire

  • Zippyshare

  • Solidfiles

************

Download Zawgyi Keyboard and Font:

Download Myanmar Font & Key Magic :

  • Click Here !

     

     

    Google.com.mm မှာ Zawgyi font ရော, Unicode ပါ အဆင်ပြေပြေဖတ်နိုင်ဖို့


    www.google.com.mm မှာ သုံးထားတဲ့စာသားတွေက Unicode ပါ။အဲ့အတွက် Zawgyi ကိုပဲအမြဲတမ်းသုံးတဲ့ကျနော်
    တို့အတွက် font 2 ခုလုံးပေါ်ဖို့ အခက်အခဲဖြစ်စေပါတယ်။အခု
    ကျနော်ပြောမယ့် နည်းလမ်းက Zawgyi ကော် Unicode ကော်ကို Font Setting မပြောင်းပဲ နဲ့ အဆင်ပြေပြေဖတ်နိုင်ဖို့ပါ။ လိုအပ်တာကတော့

    Firefox Latest Version Download  ( http://www.mozilla.org/en-US/firefox/new/ )
    GreaseMonkey firefox addon
    Myanmar 3 font  Download ( http://www.myanmarlanguage.org/sites/default/files/mm3-multi-os.ttf_.zip )
    MyanmarFontTagger( GreaseMonkey addon)

    Zawgyi ကတော့လူတိုင်းရှိပြီးသားဖြစ်လို့ထည့်မပြောတော့ပါဘူး။
    အရင်ဆုံး Myanmar 3 font ကို Download ချပါ။ Install လုပ်ပါ။
    ပြီးရင် Firefox ကို install လုပ်ပြီး open ပါ။ အရင်ဆုံး Font setting ကို default အတိုင်းထားရပါမယ်။အဲ့အတွက် Tools>Options>Content ထဲက
    Font setting မှာ Default font ကို TimeNewRomance ထားပေးပါ။
    Advance မှာ proportional ကို Serif / Serif ကို Times New Roman ။
    San-serif ကို Arial / Monospace ကို Courier New ထားပါ။
    Default charcter encoding ကို Western(ISO-8859-1) ထားပါ။ဟုတ်မဟုတ်အရင်စစ်ပါ။မှန်တယ်ဆိုရင် OK နဲ့ထွက်ပါ။

    GreaseMonkey addon သွင်းရပါမယ် အဲ့အတွက်
    Firefox ရဲ့ Tools > addon ကိုသွားပါ။
    Get addon ကိုရွေးပြီး Search box မှာ GreaseMonkey လို့ရိုက်ပါ။
    ပြီးလျှင် install လုပ်ပါ။ Firefox ကို Restart လုပ်ပါ ။ firefox တက်လာရင် https://userscripts.org/scripts/show/103745 ကိုသွားပါ။
    ညာဘက်နားမှာ Install ဆိုတဲ့အစိမ်းရောင် button လေးရှိပါတယ်။
    အဲ့ဒါကို နှိပ်ပါ။ ခနစောင့်ပါ။ pop-up window တခုပေါ်လာပါလိမ့်မယ်။
    Install ကိုနှိပ်ပါ။ MyanmarFontTagger Successfully Installed ဆိုတဲ့မျောက်ပုံလေးနဲ့စာသားလေးပေါ်လာရင်အဆင်ပြေပါပြီ။ http://www.google.com.mm/ ကိုသွားပါ။ မြန်မာဘာသာ ကိုရွေးပါ။ 
     
    အားလုံးကိုအဆင်ပြေပြေ မြင်ရပါလိမ့်မယ်။
    Zawgyi နဲ့ တခုခုရှာကြည့်ပါ။ ဥပမာ မြန်မာ လို့ရှာကြည့်ပါ။
    Zawgyi ရော unicode ရော အားလုံးအဆင်ပြေပြေမြင်ရတာတွေ့ရပါလိမ့် မယ်။
    မရရရင် Firefox ကို Restart လုပ်ကြည့်ပါ။အဆင်ပြေပါစေခင်ဗျ။

    BoBoAung(99poison)(ITN)
     
    Credit to :  http://www.facebook.com/B0B0AUNG
     

    Google Chrome Brower မှာ Default Language ကို English နဲ့မြင်ရအောင်လုပ်နည်း


    Google Chrome မှာ Setting ထဲဝင်လိုက်ရင် English လိုမဟုတ်ဘဲ  Использовать веб-службу для проверки правописания လို စာမျိုးတွေပေါ်တယ်လို့ မိတ်ဆွေ တစ်ယောက်က ပြောလာပါတယ်.. ဒါက Chrome Setting ရဲ့ Language and Spelling Checker မှာ English (US) မဟုတ်ဘဲ အခြား Language တစ်ခုခု ဖြစ်နေလို့ပါ.. ဒီတော့ Setting ထဲကို ၀င်ပြင်ဖို့က Language ဆိုတဲ့ ခေါင်းစဉ်အောက်ကို သွားရမှာဖြစ်ပါတယ်..
    လုပ်နည်းကြည့်ရအောင်..
    1. Google Chrome Address Bar ရဲ့ ညာဘက်ဆုံးက မျဉ်းတို(၃)ချောင်း အပြိုင်ဖြစ်နေတာကို တစ်ချက်နှိပ်လိုက်ရင် Drop Down Menu ကျလာပါမယ်.. Setting ကိုနှိပ်ပါ.. Setting ဆိုတဲ့ စာတောင် အင်္ဂလိပ်စာမဟုတ်ရင် Drop Down Menu ရဲ့ 14 ခုမြောက် List ကိုနှိပ်လိုက်ပါ..


    2. ပေါ်လာတဲ့ Setting အကွက်မှာ Language ဆိုတဲ့ ခေါင်းစဉ်က အင်္ဂလိပ်လို ပေါ်မှာတော့ မဟုတ်ပါဘူး.. ဒီတော့ အပေါ်ဆုံး ဘေးခေါင်းစဉ်လေး ကနေ ရေကြည့်လိုက်ရင် 12 ခုမြောက်ဟာ Language ဆိုတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်.. အဲဒီအောက်နားလေးမှာ ကပ်လျက်က Language and Spelling Checker Setting ဖြစ်ပါတယ်.. ဒါကိုနှိပ်ရမှာပါ.. အောက်ကပုံမှာ အနီနဲ့ပြထားတဲ့ Setting ဆိုတဲ့ခေါင်းစဉ်လေးပါ ထည့်ရေရင် 12 ခေါင်းစဉ်မြောက်ဟာ Language ခေါင်းစဉ်ပါ.. အနီ၊အပြာ နဲ့ ပြထားပါတယ်.. အဲဒါရဲ့ အောက်က အစိမ်းနဲ့ပြထားတဲ့ ဟာက Language and Spelling Checker Setting ဖြစ်ပါတယ်. အဲဒါကို နှိပ်ပါ..

    (==> တကယ်လို့များ ခေါင်းစဉ်တွေအားလုံးမပေါ်ခဲ့ရင် Show Advanced Setting ကိုနှိပ်ရမှ ခေါင်းစဉ်အားလုံးပေါ်မှာပါ.. အဲဒါလည်း အင်္ဂလိပ်စာမပေါ်ခဲ့ရင် အပြာရောင် စာလေးနဲ့ပေါ်ပါလိမ့်မယ်.. ရှာပြီးနှိပ်လိုက်ပါ.. 7 ခုမြောက် ခေါင်းစဉ်ရဲ့ အောက်မှာဖြစ်နိုင်ပါတယ်.. )


    3. အခု Language and Spelling Checker Setting ထဲမှာ Language ကို English ( United State ) ကိုရွေးပြီး OK ကိုနှိပ်ပေးရမှာဖြစ်ပါတယ်.. တကယ်လို့ အဲဒီအကွက်ထဲမှာ English ( United State ) ကို မတွေ့ရင် Add ကိုတစ်ချက်နှိပ်လိုက်ပြီး ထပ်ပေါ်လာတဲ့ဘောက်လေးမှာ English (United State ) ကို ရွေးပြီး OK ကိုနှိပ်လိုက်ပါ.. ဒါဆိုရင် Setting မှာ အင်္ဂလိပ်လို ခေါင်းစဉ်တွေအပြင် အင်္ဂလိပ်စာနဲ့ရှိနေရမယ့် နေရာတိုင်းမှာ အင်္ဂလိပ်လိုပဲ ပေါ်မှာဖြစ်ပါတယ်..



    အဆင်ပြေပါစေ..



    Chrome မှာ မြန်မာ ဆိုဒ်တွေကို မြန်မာလိုပေါ်အောင်လုပ်နည်း ဒီမှာ ရေးထားပါတယ်... 

     

     

    Samsung Galxy Series အားလုံးအတွက်မြန်မာဖောင့်သွင်းနည်း




    ပထမဆုံးအနေနဲ့ ဖုန်းရဲ့
    Setting -> Application -> Unknown Sources ကို အမှန်ခြစ်လုပ်ပေးဖို့လိုပါလိမ့်
    မယ်။
    ပြီးရင်တော့ ဒေါင်းလုပ်လုပ်ထားတဲ့ အထဲက rar ဖိုင်ကို ဖြည်ပြီးတော့ Samsung Glaxy ဆိုတဲ့ Folder ကို Memory card ထဲကို Copy ကူးပါ ။ Memory Card ကို ဖုန်းထဲကို ထည့်ပြီးတော့ My Files ထဲကနေပြီးတော့ Samsung Glaxy Folder ထဲကို ၀င်ပါ ။ ပြီးတော့ ဖောင့်အတွက် Zawgyi_One.apk ရယ် Fontomizer.apk ရယ်ကို install လုပ်ပါ့မယ် ။
    အဲ့ဒါက ဖောင့်အတွက်ပါ ။
    ပြီးတာနဲ့ Setting -> Display -> Font မှာ Zawgyi-One ကိုရွေးပေးပါ။
    Reboot ချခိုင်းရင်ချပေးလိုက်ပါ ။ပြန်တက်လာပြီဆိုရင်တော့ သူငယ်ချင်း ရဲ့စက်မှာ မြန်မာဖောင့်မြင်ရပါပြီ။
    ဖောင့်မြင်ရပြီးတဲ့ အခါ မှာ ကျွန်တော်တို့ ကီးဘုတ်ကို တင်ကြပါမယ် ။ ကျန်နေသေးတဲ့ apk ဖိုင်သုံးခု MyanDroid-Soft-Keyboard-Zawgyi-Beta.apk ရယ် MyanmarKeyboard.apk ရယ် FrozenKeyboard_1.1.1 .apk ရယ် အဲ့ဒီသုံးခုထဲက ကြိုက်တဲ့တစ်ခုကို install လုပ်လိုက်ပါ ။
    သုံးခုစလုံးကို တင်လိုက် ရင်လည်းရပါတယ် ။ ကျွန်တော်ကတော့ MyanmarKeyboard ကို သဘောကျပါတယ် ။
    သူကသုံးရတာလောလောဆယ်တော့ အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးပါပဲ ။ ပြီးရင်တော့ Setting -> Language and Keyboard -> မြန်မာကီးဘုတ် ကို အမှန်ခြစ်ခြစ်ပေးပါ ။
    Myandroid Keyboard ကိုတင်ထားရင်တော့ Setting -> Language and Keyboard -> Myandroid Soft Keyboard ဆိုပြီး
    မြင်ရမှာပါ ။ အဲ့လိုလုပ်ပြီးရင်တော့ သူငယ်ချင်းရဲ့ စက်မှာမြန်မာဖောင့်တင်လို့ပြီးသွားပါပြီ ။ စမ်းသပ်ကြည့်ဖို့ရာ Message boxတစ်ခုခုမှာ ကြာကြာလေးနှိပ်ထားပါ
    Input Method ကို နှိပ်ပြီးရင် မြန်မာကီးဘုတ် တင်ထားတယ်ဆိုရင်မြန်မာကီးဘုတ် ကိုရွေးပေးပါ ။
    Myandroid Soft Keyboard တင်ထားရင် Myandroid Soft Keyboard ကိုရွေးပြီးရင်မြန်မာလိုရိုက်လို့ရပါပြီ ။ ဒီနေရာမှာ တစ်ခုပြောချင်တာက Myandroid Soft Keyboard တင်ထား မယ်ဆိုရင် မြန်မာလိုရိုက်ရာကနေ အင်္ဂလိပ်လိုပြန်ပြောင်း
    ရိုက်ချင် တယ်ဆိုရင် Input Method ပြန်ပြောင်းပြီးမှ ဖောင့်ပြောင်းလို့ရပါတယ် ။
    မြန်မာကီးဘုတ်မှာကတော့ ကီးဘုတ်ရဲ့အောက်ခြေ ဘယ် ဘက်ထောင့်လေး မှာ အလံလေးတွေပါပါတယ် ။
    အဲ့ဒီအလံလေးတွေနှိပ်ရုံနဲ့ဖောင့်ပြောင်း လို့ရတဲ့အတွက် သုံးရတာအဆင်ပြေပါတယ် ။

    Download From Mediafire  OR Ziddu

     
     

    Maxthon Browser မှာ မြန်မာစာပေါ်အောင်



    Maxthon Browser ကို အသုံးပြုနေကြတဲ့ မိတ်ဆွေများအတွက်  Maxthon Browser မှာ မြန်မာစာပေါ်အောင် လုပ်ရမယ့်နည်းလမ်းလေးတွေကိုဖေါ်ပြပေးလိုက်ပါတယ်။ သိပြီးသားလူတွေ အတွက် အသုံးမတည့်ပေမယ့် မသိသေးတဲ့လူတွေအတွက် အသုံးတည့်မှာပါ...

    1.Browser ရဲ့ အပေါ်ညာဘက်ထောင့်မှာ Setting အတွက် Icon လေးရှိတယ်။ အဲဒါကို နှိပ်ပါ။

    2.ပြီးရင် Maxthon Options ဘောက်မှာ Advanced ဆိုတာကိုနှိပ်လိုက်ပါ။


    3.ခွဲထွက်လာတဲ့ဘောက်မှာ Fonts ဆိုတဲ့ညာဘက်က Web Page Font ဆိုတဲ့နေရာမှာ Select ကိုနှိပ်ပြီး Zawgyi-One ကိုပြောင်းလိုက်ပါ။


    4.ပြီးရင် Encoding ဆိုတဲ့ဘေးက Default Encoding မှာ Unicode(UTF-8) ကိုရွေးပေးလိုက်ရင် အဆင်ပြေပါပြီခင်ဗျာ....


    အဆင်ပြေပါစေ..... 

    ဖေါင့်မရှိဘဲ Word ကိုဖတ်နိုင်ဖို့

    ဒီပြသနာကို အနည်းနဲ့အများတော့ ကြုံဘူးကြမယ်ထင်တယ်
    ကိုယ့်စက်မှာ ရိုက်ထားတဲ့ စာကို ကွန်ပျုတာဆိုင်မှာ print သွားထုတ်တော့ ဆိုင်က ဖောင့်မရှိလို့
    ထုတ်မရတဲ့ပြသနာ
    ကိုယ်ရိုက်ထားတဲ့စာကို သူငယ်ချင်းဆီ ပို့လိုက်တာ
    သူ့ဆီမှာ ဖောင့်မရှိလို့ ဖွင့်မရဘူးဆိုတဲ့ ပြသနာ
    စသည်.. စသည် ပေါ့ဗျာ

    လုပ်နည်းလေးက လွယ်ပါတယ်
    သတိမထားမိကြလို့ပါ
    file ကို save as လုပ်တဲ့ အချိန်မှာ tool ကိုသွား
    save option ကိုဆက်ပြီးတော့သွားလိုက်ပါ
    အဲဒီရောက်တော့Embed True Type Fontsနဲ့
    Embed characters in use only ဆိုတာလေးကို အမှန်ခြစ်လေးပေးရုံပါပဲ
    ကဲ စက်မှာ ဖောင့်မရှိလဲ ဖတ်နိုင်ပါပြီ
    မသိသေးတဲ့ လူတွေအတွက်တင်ပေးလိုက်တာပါ ဖတ်ပြီးသားသိပြီးသားလေးတွေဆိုရင်လဲ ခွင့်လွှတ်ပေါ့ဗျ 

     

     

     

     

     

     

     

  •  

     

 

0 comments:

Post a Comment