Pages

Translate

Monday, July 29, 2013

Sony Ericsson Xperia Mini Pro (SK17i) Root နည်း + မြန်မာစာ ထည့်သွင်းနည်း


 Sai Sai Myo Myat: အစ်ကိုရေ Sony Ericsson mini sk17i ကို မြန်မာ ဖောင့် လေး ထည့်ချင်တာကို ကူညီပါအုံး..
ဒီဖုန်းလေးကတော့ ကြာခဲ့ပါပြီ ဒါမဲ့ C-Box မှာ တောင်းဆိုထားလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်.... မြန်မာ Font ထည့်ဖို့ဆိုရင် အရင်ဆုံး ဖုန်းကို Root လုပ်ရပါ့မယ်... Root Access ရသွားပြီဆိုရင် မြန်မာစာ ထည့်ရတာ မခဲယဉ်းတော့ပါဘူးးး 
အောက်မှာ တင်ေးထားတဲ့ Root Tool လေးနဲ့ Root ပေးရမှာပါ ...။ ဒါပေမဲ့ (4.0.2.A.0.62 Firmware) ကိုတော့ Root လုပ်မပေးနိုင်ပါဘူး...။ မိမိဖုန်းဟာ ဘာ ဖန်းဝဲလ် တင်ထားလဲဆိုတာ Setting > About Phone> Bulid number ကို ကြည့်နိုင်ပါတယ်.... (4.0.2.A.0.62 Firmware) မဟုတ်ခဲ့မှ အဆင်ပြေမှာပါ...။
 အရင်ဆုံးး ဒီ adb drivers ကို ကွန်ပျူတာမှာ Install လုပ်ပါ...။
Menu\Settings\Applications\Development ကတဆင့်  "USB DEBUGGING"  ကို အမှန်ခြစ်ပေးပါ..။
နောက်တစ်ခါ Menu\Settings\Applications ကတဆင့် "UNKNOWN SOURCES" အမှန်ခြစ်ပေးပါ..။
USB Cable နဲ့ ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ....။
PC Companion Software ရှိလို့ တတ်လာရင် Skip ကို နှိပ်ပါ...။

 ဒီအောက်က Root Tool လေးကို ဒေါင်းပါ...။

 ရလာတဲ့ Rar ဖိုင်လ်လေးကို ဖြည်ပြီး "RUNME.bat" ကို Click နှစ်ချက်နဲ့ Run ပေးလိုက်ပါ.....။
သူ့ဘာသာသူ Root လုပ်နေပါလိမ့်မယ် .. ဘာမှ မလုပ်ပဲ ထိုင်ကြည့်နေလိုက်ပါ.... ပြီးတာနဲ့ သူ့အလိုလို Reboot ကျသွားပါလိမ့်မယ်... ဖုန်း ပြန်တတ်လာလို့ အောက်ကပုံအတိုင်း Super User အိုင်ကွန်လေး ရောက်လာရင် Root လုပ်တာ အောင်မြင်သွားပါပြီ...။



မြန်မာ Font ထည့်ဖို့ အတွက်ကတော့..
Root Access ရပြီဆိုရင် ကိုအောင်သီဟ ရေးထားတဲ့  ဒီ Zawgyi Installer  လေးနဲ့ မြန်မာ Font ကို   Install ပေးလိုက်ပါ ... ပြီးတာနဲ့  Reboot ကျသွားပါလိမ့်မယ်... သူ့ဘာသာသူ ဖုန်းပြန်တတ်လာပါလိမ့်မယ်..။
မြန်မာလို ရေးနိုင် ဖတ်နိုင်ဖို့ ကတော့ 
Setting > Language & input > Forzen Keyboard ကို အမှန်ခြစ်ပေးပြီး Default မှာ Frozen Keyboard ကို အမှန်ခြစ်တပ်ပေးလိုက်ပါ.... ဒါဆိုရင် သင့်ဖုန်းက မြန်မာလို ရေး/ဖတ် လို့ရသွားပါပြီ...။
အဆင်ပြေပါစေ....
 ခင်မင်လျက်
ဝင်းကမ္ဘာကျော်

www.winkabarkyaw.net

0 comments:

Post a Comment