Pages

Translate

Friday, July 12, 2013

Antivirus နှင်.ပတ်သတ်တာလေးတွေ

မိမိစက်မှာ တင်ထားတဲ့ Antivirus ကောင်းကောင်း အလုပ်လုပ်လား မလုပ်လား စစ်ဆေးနည်း

ကဲ...မိမိတို့ရဲ့စက်မှာ တင်ထားတဲ့ Antivirus ဟာ Virus တွေကို ကောင်းကောင်းစောင့်ကြည့်ပြီး ဖျက်ဆီးပေးနိုင်ရဲ့လား ဆိုတာစစ်ဆေးမယ့်နည်းလမ်းလေးပါ..ဘယ်လို စစ်ဆေးမလဲဆိုရင် Notepad
နဲ့ Bat Files လေးတစ်ခုရေးပါမယ်..အရင်ဆုံး အောက်မှာပေးထားတဲ့ ကုဒ်တွေကို Notepad ထဲသို့ကူးထည့်
လိုက်ပါ.

X5O!P%@AP[4\PZX54(P^)7CC)7}$EICAR-STANDARD-ANTIVIRUS-TEST-FILE!$H+H*

Notepad ထဲသို့ကူးထည့်ပြီးပြီဆိုရင် virustest.bat ဆိုပြီး နာမည်ပေးကာ Desktop ပေါ်သို့ Save လုပ်ပါ
( virustest.bat လို့နာမည်ပေးရမှာနော်.. virustest.txt ဆိုပြီးနာမည်ပေးရမှာမဟုတ်ပါဘူး ) .. Save 
လုပ်ပြီးလို့ ခဏအတွင်းမှာဘဲ မိမိရဲ့ Antivirus ဟာ Desktop ပေါ်မှာ Save လုပ်ထားတဲ့ virustest.bat ဆိုတဲ့
ဖိုင်ကို Virus Files အဖြစ် သတိပေးပြီး သတ်ပစ်ခိုင်း / သတ်ပစ်ပါလိမ့်မယ်..ဒါဆိုရင်တော့ မိမိရဲ့ Antivirus
ဟာ ကောင်းကောင်းအလုပ်လုပ်တယ်လို့သတ်မှတ်နိုင်ပါတယ်..အားလုံးဘဲ ဗဟုသုတ တိုးပွားကြပါစေခင်မျာ... :-) 


If you like my post , please visit at www.mmithelper.blogspot.com (Myanmar IT Helper )

Facebook တွင် virus များ ပျံ့နှံ့နေ

မိမိ facebook အတွင်းသို့ အောက်ပါလင့်များ message (အလိုအလျောက်)၀င်လာပါက မဖွင့်ပါရန် အသိပေးအပ် ပါသည်။ virus ဖိုင်ဖြစ်ပါသည်။


http://www.mediafire.com/?xa0y2xe4t41l2r4%2Fimage-1078.jpeg

http://www.mediafire.com/?41mw1n68zp4x5k1%2Fimage-77.jpeg

http://www.mediafire.com/?9831c53jrhy99eo%2Fimage-66656.jpeg

http://www.mediafire.com/?7il0xa5xr6xwhh4%2Fimage-5.bmp

ဖော်ပြပါလင့်များအား ဒေါင်းလုပ်လုပ်မိပါက မဖွင့်ရန် ဖျက်ပစ်ရန်အတွက် ၀ိုင်းဝန်းအသိပေးပါကြပါ.. ခင်ဗျာ..

ဖိုင်းအမျိုးအစားမှာ ပုံပါအတိုင်းဖြစ်ပါတယ်။






Android Malware ၀င်ရောက်ခြင်းမှ ကာကွယ်နိုင်ရန် 


ယနေ့ခေတ်တွင် နည်းပညာများ တိုးတက်လာ သည်နှင့်အမျှ Mobile Phone သုံးစွဲသူများမှာလည်း တစ်နေ့ထက် တစ်နေ့ များပြားလာသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုသို့ Mobile လောက တိုးတက်လာရာတွင် Android ဟုခေါ်သော Mobile OS မှာ အသုံးပြုသူများအကြား အထူးပင် ရေပန်းစားလျက် ရှိပေသည်။ အဘယ်ကြောင့်ဆိုသော် Andriod OS မှာ Open Source ဖြစ်ခြင်းကြောင့် အသုံးပြုသူများကို လွယ်ကူစွာသုံးနိုင်ရန် စွမ်းဆောင်နိုင်ပေသည်။ နည်းပညာများ တိုးတက်လာသည် နှင့်အမျှ ၄င်းနည်းပညာကို အကျိုးရှိစွာ အသုံးပြုသူများ အနေဖြင့် အရမ်းကောင်းပေသည်။ သို့ရာတွင် အချို့ မှာ ထိုသို့တိုးတက်လာမှုကို ကောင်းစွာ အသုံးမပြုတတ်ဘဲ မကောင်းသည့် စမ်းသပ်မှုမျိုး ပြုလုပ်ကာ နှောင့်ယှက်ဖျက်ဆီးခြင်းများ ကိုပြုလုပ်လာကြပေသည်။ ထို့ကြောင့် အသုံးပြုသော user များထဲတွင် နည်းပညာ ဗဟုသုတမကြွယ်ဝသော သူများပါလာပါက ၄င်း Android OS တွင် Virus (သို့) Malware ၀င်ရောက်ခြင်းများ ဖြစ်ပေါ်နိုင်ပေသည်။ ထို့ကြောင့် ကျွန်ုပ်အနေဖြင့် Android သုံးစွဲသူများ အတွက် Android Malware ဖြစ်ပေါ်ခြင်းမှ ကာကွယ်နိုင်ရန် အောက်ပါအချက်များကို သတိပြုနိုင်ရန် အတွက် ရေးသားလိုက်ပါသည်။
၁။    Application များကို download ပြုလုပ်ရာတွင် တရားဝင်မဟုတ်သော (သို့) စိတ်ချယုံကြည်မှု မရှိနိုင်သော application store များမှ ဘယ်သောအခါမှ download မဆွဲပါနှင့်။
၂။    သင့်ဖုန်း ကို Passwords ထားရှိပြီး အသုံးပြုပါ။
၃။    သင်၏ဖုန်းတွင် Malware ၀င်ရောက်ခြင်းခံရ ပြီးပါက ဖုန်း၏ OS အား ချက်ချင်း Patch အဆင့်မြှင့်တင်ခြင်း (သို့ ) အသစ်ပြန်လည် Install လုပ်ခြင်းများ ပြုလုပ်ပါ။
၎။     လူအများအသုံးပြုသော Wi-Fi Network ဖြင့် သင်၏ ပုဂ္ဂိုလ်ရေးရာ သတင်း အချက်အလက်များကို ဖြန့် ဝေခြင်း မပြုလုပ်ပါနှင့်။
၅။     သင်၏ဖုန်း အတွက် အကောင်းဆုံးဖြစ်မည့် Antivirus Application တစ်ခုကို ရွေးချယ်အသုံးပြုပါ။
၆။     သင်သည် Application အသစ်တစ်ခုကို download ပြုလုပ်တိုင်း Permission များကို သေချာနားလည်စွာ ဖတ်ပါ။
၇။     ၄င်းအပြင် Android Market မှ Internal Malware Scanner ဖြင့် စစ်ဆေးပြီးမှသာ သင်အလိုရှိသော Application များကို download ပြုလုပ်ပါ။
၈။     ၈။ သေချာမှု မရှိသော သံသယဖြစ်ဖွယ် Permission များကို လက်မခံပါနှင့်။
၉။    သင်၏ဖုန်းအား အသုံးမပြုသော အချိန်တွင် Lock ချထားပါ။
၁၀။    သင်၏ ဖုန်းတွင် Internet အသုံးပြုပြီးတိုင်း Logout လုပ်ပြီးမှသာထွက်ပါ။
အထက်ပါ အချက်များကို သတိပြု လုပ်ဆောင် နိုင်စေရန် ရည်ရွယ်၍ စာဖတ်သူများကို အသိပေးရခြင်း ဖြစ်ပါသည်။

Malware ရန်မှကင်းဝေးနိုင်ကြပါစေ... 

Serverx.exe ကို သတ်ပစ်ဖို့နည်းလမ်းတစ်ခု


Serverx.exe ဟာ Web ပေါ်ကနေကူးစက်လာတဲ့ malicious အသစ်စက်စက် တစ်မျိုးဖြစ်ပါတယ်.. အဲဒီကောင် ကိုက်ရင် Taskmanager , registry editor နဲ့ folder option တွေကို Disable လုပ်ပစ်ပါတယ်.. Internet Explorer, MSN, NetMeeting, Outlook Express တွေကို သူ့ဖိုင်တွေနဲ့ ချိတ်ဆက်လိုက်ပါတယ်.. ဆိုလိုတာက Internet Explorer, MSN, NetMeeting, Outlook Express တွေကို သုံးရင် သူ့ဖိုင်ကို သုံးတာနဲ့ အတူတူပဲပေါ့..
ဒီတော့ manual နည်းနဲ့ အရင်သတ်ကြည့်ရအောင်..
ကျွန်တော်အကြံပေးချင်တဲ့နည်းလမ်းကတော့.
Hiren's Boot CD နဲ့ ၀င်းဒိုးတက်ပါတယ်.. ပြီးတော့
C:\windows\system32\Serverx.exe
C:\windows\system32\autorun.ini
C:\windows\IEXPLOREi.exe
C:\windows\system32\IEXPLOREi.exe
C:\windows\system32\WORD.exe ဖိုင်ကို ဖျက်ပစ်ရပါမယ်... Hiren နဲ့ ၀င်းဒိုးတက်တဲ့အခါ C လို့တော့ တစ်ထစ်ချ ပုံသေမှတ်ယူလို့မရပါဘူး.. Windows ရှိတဲ့ Partition ကို C လို့သတ်မှတ်ရမှာဖြစ်ပါတယ်..
တကယ်လို့အထက်မှာဖေါ်ပြခဲ့တဲ့ ဖိုင်တွေမဟုတ်ရင်
C:\windows\system32\Serverx.exe
C:\AUTORUN.INF
C:\explorer.exe
C:\windows\system32\iexplorer.exe
C:\windows\system32\wuauc1t.exe
C:\windows\system32\urlurl.dll  ဖိုင်တွေကို ရှာပြီးဖျက်ပစ်ရပါမယ်..
ပြီးတော့ registry ထဲကို ၀င်ပြီး
HKCU\Software\Microsoft\Windows\CurrentVersion\Run\Yahoo Messengger: “%SysDir%\IEXPLOREi.exe”
HKLM\Software\Microsoft\Windows NT\CurrentVersion\Winlogon\Shell: “Explorer.exe IEXPLOREi.exe”  ကီးတွေကို Delete လုပ်ပစ်ရပါမယ်.. ဒါဆိုရင်တော့ သေဆုံးပြီလို့ သိရပါတယ်.. ကျွန်တော် အခု တင်ပြခဲ့တာဟာ .. မိတ်ဆွေတွေက Serverx.exe ကိုက်နေတယ် . ဘယ်လိုလုပ်ရမလဲလို့မေးလာတဲ့အတွက်ပါ.. ကျွန်တော်ကိုယ်တိုင်တော့ မတွေ့ဖူးသေးပါဘူး.. တွေ့ဖူးတဲ့လူများ ကျွန်တော်ပြောတာကို စမ်းပြီး အဆင်ပြေ. မပြေ ပြန်ပြောစေလိုပါတယ်.. နောက်တစ်ချက်က Software နဲ့သတ်တာပါ..
GridinSoft Trojan Killer နဲ့သတ်ရင်သေတယ်လို့သိရပါတယ်.. အဲဒီအတွက် GridinSoft Trojan Killer 2.1.43 ကို Full version တင်ပေးလိုက်ပါတယ်.. 2.1.45 ထွက်နေပေမယ့် Full version ကို အလကားရမယ့်နေရာ မတွေ့သေးလို့ပါ.. :P

ဗိုင်းရပ်စ်ရန်မှ ကင်းဝေးကြပါစေ...

Download GridinSoft Trojan Killer 2.1.43 Setup 

>>> Link 1 - >>>-- Link 2

Download Patch only 

>>>  Tusfiles  >>> Zippyshare  >>> Ziddu

 

 

Hidden Folder တွေကို ပြန်ဖေါ်ဖို့ Folder Option ပျောက်နေရင်


Folder တွေ အလိုလိုနေရင်းပျောက်တာ ကြုံဖူးကြမှာပါ.. ဗိုင်းရပ်စ်ကြောင့် အဖြစ်များပါတယ်.. ဗိုင်းရပ်စ်ကိုလည်း သတ်ပြီးပြီ.. ကိုယ့် Folder တွေလည်း ပြန်မမြင်ရသေးဘူး.. Folder Option နဲ့ ပြန်ဖေါ်မယ် လုပ်တော့ Folder Option က ပျောက်နေတယ်..
အဲဒီလို အဖြစ်အပျက်က ခဏခဏကြုံရတတ်ပါတယ်..
ဒီနည်းလေးနဲ့ စမ်းကြည့်စေချင်ပါတယ်...

Start ထဲက Run ဆီကိုသွားပြီး Run box ထွက်လာတဲ့အခါမှာ gpedit.msc ကိုရိုက်ပြီး ok ပေါ့။
ကဲ ပေါ်လာတဲ့ box ထဲမှာမှ . . . .
User Configuration -> Administrative Template -> Windows Components -> Windows Explorer
အဲလို တစ်ဆင့်ပြီးဆင့်သွားလိုက်ပါ..
ပေါ်လာတဲ့ Box လေးထဲမှ Removes Folder Options menu from Tools menu ကိုရှာလိုက်ပြီး Double Click လုပ်လိုက်ပါ
ထပ်ထွက်လာတဲ့ box ထဲက Disable ကိုရွေးလိုက်ပါ..
ကဲ့ အဲဒါတွေအားလုံးပြီးရင်တော့ ကျနော်တို့ Control panel ထဲမှာရော Tools ထဲမှာပါ Folder Options ပြန်တွေ့ ပါလိမ့်မယ်။

အားလုံးအဆင်ပြေကြပါစေဗျာ . . 

 

 

 

 

 

 

0 comments:

Post a Comment