Pages

Translate

Friday, July 12, 2013

်Flash Drive ပြသနာများ

USB ကို Format ချမရသူများအတွက် နည်းလမ်း - ၂







Format ချလည်း မရတာက Partition Table က Corrupt ဖြစ်လို့ပါ။ အဲဒါကြောင့် Partition Table ဖျက်ပြီး အသစ်ပြန်ဆောက်၊ ပြီးတော့ File System ပြန်သတ်မှတ်လိုက်ရင် ပြန်ကောင်းသွားပါလိမ့်မယ်။ လိုအပ်တဲ့ Software ကတော့ နှစ်ခုတည်းပါ။Test Disk ရယ် Bootice ရယ်ပါ။
အောက်ကလင့်မှာ ဒေါင်းလိုက်ပါ..

Download Bootice (100KB)

Download TestDisk (1.44MB)

ပထမဆုံး Test Disk ကို Run ပါ။
No Log ကို Keyboard က Arrow Key နဲ့ ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ Hard Disk နဲ့ Memory Stick ရယ် ပေါ်လာပါလိမ့်မယ်။ Memory Stick ကို ရွေးပါ။ Enter ခေါက်ပါ။ နောက်ထပ် သူက Partition Table type ကို ရွေးခိုင်းပါလိမ့်မယ်။ Intel ကို ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ [Analyze] [Advanced] [Geometry] စသည်ဖြင့် ရွေးချယ်စရာတွေ ပေါ်လာပါလိမ့်မယ်။ အဲဒီထဲက [Delete] ကို ရွေးပြီး Enter ခေါက်ပါ။ Yes/No မေးရင် Y ကို နှိပ်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် Memory Stick ရဲ့ Partition Table ကို ဖျက်ပြီး သွားပါပြီ။

ဒီထိဆိုရင် TestDisk ရဲ့အပိုင်း ပြီးသွားပါပြီ။ နောက်ထပ် Bootice ကို Run ပါ။ Perform Format ကို နှိပ်ပါ။ နောက်တစ်ဆင့် ပေါ်လာရင် USB-HDD mode (Single Partition) ကို ရွေးပါ။ Next ကို နှိပ်ပါ။ Dialog box ပေါ်လာရင် OK နှိပ်ပါ။ ဒါဆိုရင် Format စရိုက်ပါလိမ့်မယ်။ ရပါပြီ စာဖတ်သူရဲ့ Stick အပျက်ကလေး ပြန်ကောင်းသွားပါလိမ့်မယ်။



အဆင်ပြေပါစေ..



USB Flash Drive ရဲ့ Write Protect ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း


မောင်ပေါက်အနေနဲ့ USB Flash Drive ရဲ့ Write Protect ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း (၂)ခုကို ပြောပြပေးချင်ပါတယ်.. ဒီနည်းက လူတိုင်းအဆင်ပြေ/ မပြေတော့မသိပါဘူး. ကျွန်တော် လုပ်ကြည့်မိသလောက်တော့ အဆင်ပြေပါတယ်..

ဒီနည်းလမ်းနှစ်သွယ်က(Desktop/Laptop)နှစ်မျိုးစလုံးသုံးလို့ရပါတယ်...
*************
ပထမနည်းလမ်း
1.ကွန်ပျူတာကို Shutdown ချလိုက်ပြီး USB Memory Stick ကို ကွန်ပျူတာမှ တပ်လိုက်ပါ
2.ကွန်ပျူတာကို power on ပြီးရင် F8 ကီးကိုဖိထားပါ.. Advanced Boot Options screen တက်လာမှာဖြစ်ပါတယ်.. Safe Mode with Command Prompt ကိုရွေးလိုက်ပါ..
ခဏနေရင်တော့ Safe Mode with Command Prompt နဲ့ တက်လာမှာဖြစ်ပါတယ်.. ကိုယ့်ရဲ့ USB Stick က Drive ဘယ်ဟာဖြစ်တယ်ဆိုတာကို သိဖို့တော့လိုတာပေါ့..
ဥပမာအားဖြင့် သင့်ရဲ့ USB Stick က Drive E ဖြစ်တယ်ဆိုရင် ဒီလိုရိုက်လိုက်ပါ
3. C:\windows\system32>E: လို့ရိုက်ပြီး Enter ခေါက်ပါ
4. E:\>format E: လို့ရိုက်ပြီး Enter ခေါက်ပါ
ဒါဆိုရင် format လုပ်တာကို Confirm တောင်းတဲ့ ဘောက်ကလေး (Y/N) ဆိုတာပေါ်လာပါလိမ့်မယ်.. Y လိုရိုက်ပြီး Enter ခေါက်လိုက်ပါ.. ဒါဆိုရင် မိတ်ဆွေရဲ့ USB Flash Drive ကို Format ချနေပါပြီ.. ပြီးရင်တော့ သင့်ရဲ့ကွန်ပျူတာကို ပုံမှန်ပြန်တက်နိုင်ပါပြီ .. အထက်မှာ ကျွန်တော် ပြခဲ့တဲ့ Drive E အစား မိမိ USB Drive ရဲ့ Drive Letter ကိုရွေးပေးရမှာဖြစ်ပါတယ်..

ဒုတိယနည်းလမ်း
ဒီနည်းလမ်းကတော့ Registry Editor မှာ သွားပြင်ရမှာပါ..
1.Start>Run (သို့မဟုတ်) ၀င်းဒိုး 7 မှာ Start ထဲမှာ regedit လို့ရိုက်ပြီး Enter ခေါက်ပါ..
2.Registry Editor ဘောက်ကျလာတဲ့အခါ
HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\StorageDevicePolicies
ကိုသွားရပါမယ်..

3. ညာဘက်က Write Protect ကို Double Click ခေါက်ပြီး Hexadecimal Value ကို 0 ပြောင်းပေးလိုက်ပါ...

စက်ကို Restart ချပြီးရင် Write Protect မဖြစ်တော့ပါဘူး.. ဒါ စက်မှာ ပြင်တဲ့နည်းလမ်းပေါ့ခင်ဗျာ...

တကယ်လို့များ...HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\StorageDevicePolicies   ကို မတွေ့ခဲ့ဘူးဆိုရင်  ဒီဖိုင်  လေးကို ဒေါင်းပြီး Double Click ခေါက်ပေးလိုက်ပါ.. HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\StorageDevicePolicies ကိုတွေ့ပါလိမ့်မယ်...
 

အထက်မှာ ဖေါ်ပြခဲ့တဲ့နည်းလမ်းကို နှစ်ခုစလုံး လုပ်ပြီးရင် အောက်က အဆင့်လေးကို လုပ်ပေးလိုက်ပါအုံး..
1.Start>Run ထဲမှာ CHKDSK E: /F လို့ရိုက်ပြီး Enter ခေါက်ပေးလိုက်ပါ.. E ဆိုတဲ့နေရာမှာ မိမိ Drive ရဲ့ Drive Latter မှန်ပါစေနှော်.. သတိထားပေါ့..

ခြုံပြီးပြောရရင် ပထမနည်းလမ်းက Pen Drive ကို Safe Mode မှာ Command Prompt နဲ့ Format ချတာပါ.. ဒုတိယနည်းလမ်းကတော့ မိမိစက်မှာ Write Protect ကို ဖြုတ်ပစ်တာပါ.. တတိယ ပြောတာကတော့ Pen Drive ကို ပြန်လည် ပြုပြင်လိုက်တာပါ.. ဒါဆိုရင် အဆင်ပြေလောက်ပါပြီ...
မပြေခဲ့ရင် မောင်ပေါက်ရဲ့ လေ့လာမှုအားနည်းနေသေးတဲ့အတွက် တောင်းပန်အပ်ပါတယ်..
မပြေရင် မပြေကြောင်း၊ ပြေရင်ပြေကြောင်းတော့ သိချင်ပါသေးတယ်..

လေးစားလျက်



အပေါ်မှာ ပြခဲ့တဲ့ ဒီမှာ ဆိုတဲ့ဖိုင်ကို အောက်ကလင့်တွေမှာလည်း ဒေါင်းနိုင်ပါတယ်

Download Link:

 



Phone SD Card Repair

မိမိတို့ဖုန်းရဲ့ SD Card Error တက်လို့ပဲဖြစ်ဖြစ် SD Card အသစ်လဲချင်လို့ပဲဖြစ်ဖြစ် SD Card ထဲမှာရှိတဲ့ Data တွေကို ပြန်လည် Repair လုပ်နည်းလေးကိုကြည့်ကြရအောင်
ကဲ စမယ်နော်..
    မိမိရဲ့ ဖုန်းကို PC နဲ့ချိတ်လိုက်ပါ
    My Computer > ဖုန်းရဲ့ SD Card ကိုဖွင့်လိုက်ပါ
     organize >Folder and serach options   >View >Show Hidden files,folders, and drives လေးကို Check လုပ်ပေးလိုက်ပါ ပြီးရင်တော့ OK ပေါ့ နော့
    အဲဒီထဲမှာရှိတဲ့ အကုန်လုံးကို Select လုပ်ပြီး Copy ကူးလိုက်ပါ (Press Control +A and Control +C)
    ပြီးရင်တော့ မိမိသိမ်းဆည်းထားချင်တဲ့ Drive တခုခုထဲမှာ Paste လုပ်ထားလိုက်ပါ
New SD Card ကိုပဲ ပြန်သုံးမယ်ဆိုရင်တော့
    New SD card  ကိုသွင်းလိုက်ပါ
    ဖုန်းရဲ့ Connectivity settings ထဲဝင်ပီး Media Transfer Mode (MTP) ကိုရွေးပေးလိုက်ပါ
    ထပ်သွားမယ်..Phone Settings >Storage > Unmoun SD Card ကို .ပြီးတော့  OK ..စိုပြေ.. :D
    Settings ထဲထပ်ပြီးဒိုးမယ်.. Storage > Erase SD Card ..Ok ပေါ့ နော့ ( အဟောင်းကိုသုံးမယ်ဆိုရင်တော့ မလုပ်မဖြစ်ပေါ့ )
    ပြီးရင်တော့ အစောနက PC ရဲ့ တနေရာရာမှသိမ်းဆည်းထားတဲ့ Old Files တွေကို Copy ကူးထည့်မယ်
    Apps တွေကိုတော့  Install ပြန်လုပ်ပေးရမှာပေါ့နော်……
MTP ပြောင်းတာလေးကဒီပုံလေးအတိုင်းပေါ့နော့်

OK အခုဆိုရင်တော့ပြီးပြီပေါ့နော်………………ခိစ်ခိစ်
SD Card အဟောင်းကိုပဲပြန်သုံးမယ်ဆိုရင်တော့ PC ရဲ့စိတ်ကြိုက်တနေရာရာမှာ Copy ကူးထားပြီး
Old SD Card ကို Format ရိုက်ပြီးအပေါ်ကအတိုင်းလေးပဲပြန်သုံးရမှာပေါ့နော့
အနော့် SD Card လေးကိုတော့အဲဒီအတိုင်းပဲလုပ်ပြီး ပြန်သုံးနေပါသည်..ဈေးတွေကလဲကြီးတာကိုးးးးးးအသစ်ဝယ်သုံးနိုင်ပေါင်.. :P

အဆင်ပြေကြပါစေသော်ဝ်..
နောင်နောင် (Innocent Love)

Credit to Myanmar Mobile Application Store

 


 

0 comments:

Post a Comment