Pages

Translate

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Friday, January 31, 2014

Proxy Server ဆိုတာ ဘာလဲ

Proxy  နဲ့ ပါတ်သတ်တာလေးတွေ တင်ပေးပါဦးပြောလာလို့ အားလုံး လေ့လာနိုင်အောင် လက်လှမ်းမှီသလောက် ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

 
Proxy Server ဆိုတာ ဘာလဲ

Proxy Server ဆိုတာ
သင့်ကွန်ပျူတာနဲ့ အင်တာနက်ကြားမှာ တည်ရှိပြီး အင်တာနက်က သတင်းအချက်အလက် တော်တော်များများကို ထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့က Website တစ်ခုကို ကြည့်တဲ့အခါ အရင်ဆုံး Proxy Server ဆီကို request ရောက်သွားပါတယ်။ Proxy Server က သူ့ဆီမှာ ကျွန်တော်တို့တောင်းဆိုတဲ့ Website ရှိရင် ပြန်ပို့ပေးလိုက်ပါတယ်။ ဒါကြောင့် အင်တာနက်သုံးစွဲရတဲ့သူအဖို့ ပိုပြီးမြန်တဲ့ကောင်းကျိုးကို ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်က Proxy Server တွေဟာ အဲဒီလို Cache လုပ်တာထက် Website Filtering အတွက်ပဲ လုပ်ထားသလားလို့တောင် ထင်ရပါတယ်။ 
ဒါ့အပြင် မြန်မာပြည်မှာ
ရှိတဲ့ တစ်ချို့ Proxy Server တွေဟာ မူရင်း Website က Update လုပ်လိုက်တာတောင် သူတို့က Update မလုပ်နိုင်သေးပါဘူး။ Technical အရ ပြောရရင်တော့ TTL (Time To Live) တန်ဖိုးကို အများကြီး ပေးထားတယ်နဲ့ တူပါတယ်။ Web Filtering လုပ်မထားတဲ့ Proxy Server တွေ မြန်မာပြည်မှာ ရှိပေမဲ့ သုံးတဲ့အခါ username နဲ့ password တောင်းတာကို တွေ့ရပါတယ်။

Anonymous Proxy Server ဆိုတာဘာလဲ

Website တော်တော်များများဟာ ယုံလို့မရပါဘူး။ သူတို့ဟာ ကျွန်တော်တို့ရဲ့ IP ကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ ကွန်ပျူတာ Hard Disk ထဲက အချက်အလက်တွေကိုတောင်မှ လှမ်းခိုးနိုင်ပါတယ်။ အဲဒီလို လုပ်ဖို့အတွက်ကလည်း အလကားရတဲ့ Hacking program လေးတွေကို သုံးပြီး လုပ်နိုင်ပါတယ်။
Anonymous Proxy Server တွေဟာ ကျွန်တော်တို့ရဲ့ IP ကို ဖျောက်ပေးနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အချက်အလက်ခိုးယူနိုင်တဲ့ Website ကို ကြည့်ရင်တောင်မှ ကျွန်တော်တို့ရဲ့ 
IP ကို အဲဒီ Site
ဟာ မသိနိုင်ပါဘူး။
 Anonymous Proxy Server တွေကပဲ အဲဒီလို user ရဲ့ IP ကို ဖျောက်ပေးနိုင်ပြီး သာမန် Proxy Server တွေကတော့ ကျွန်တော်တို့ရဲ့ IP ကို target Server ဆီကို ပို့ပေးလေ့ရှိပါတယ်။

Free Proxy Server ဆိုတာဘာလဲ

Free Proxy Server ဆိုတဲ့အတိုင်းပါပဲ။ Free ရတယ်၊ လူတိုင်းသုံးလို့ရပါတယ်။ နိုင်ငံတော်တော်များများမှာ Free Proxy Server များစွာရှိပေမဲ့ တော်တော်များများဟာတော့ Anonymous Proxy Server တွေ မဟုတ်ကြပါဘူး။

Proxy Server အမျိုးအစားများ

HTTP Proxy

Proxy ဆိုတာ Server သက်သက်ပါပဲ။ ဘာ Proxy လဲဆိုတာ သိမှ ကိုယ့်အတွက် အသုံးဝင်မှာပါ။ HTTP Proxy ရဲ့ အကူအညီနဲ့ Web Pages တွေ ကြည့်နိုင်မယ်၊ download ဆွဲနိုင်ပါမယ်။ အခုနောက်ပိုင်းမှာတော့ Program တွေကလည်း HTTP Proxy တွေနဲ့ တွဲအလုပ်လုပ်နိုင်ပါပြီ။ ဥပမာ ICQ လို Chat Program တွေပါ။

SOCKS Proxy

သူကတော့ ပိုအစွမ်းထက်ပါတယ်။ အင်တာနက်ပေါ်မှာရှိတဲ့ ဘယ် Information ဆိုရင် ဘယ်လို လွှဲယူပေးရမယ်ဆိုတာ သိပါတယ်။ အဓိကကတော့ TCP/IP Protocol နဲ့ ကောင်းကောင်းကြီး အလုပ်လုပ်နိုင်တာပါ။ ဒါပေမဲ့ SOCKS Proxy ကို သုံးမယ်ဆိုရင်တော့ အဲဒီ Proxy Server ဟာ SOCKS 4 လား SOCKS 5 ဆိုတာ သိဖို့ လိုပါလိမ့်မယ်။

CGI Proxy

CGI Proxy ဟာ Browser ကနေပဲတစ်ဆင့် access လုပ်နိုင်တဲ့ Proxy Serve ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ သုံးနေကြတဲ့ ကျော်တဲ့Website ဆိုတာ အဲဒီ CGI Proxy ကိုပြောတာပါပဲ။

FTP Proxy

FTP Proxy ကတော့ FTP Server တွေနဲ့ တွဲအလုပ်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ CuteFTP လို GetRight တို့တွေမှာ FTP Proxy တွေ ထည့်သုံးလို့ ရပါတယ်။ မြန်မာနိုင်ငံက Proxy တွေမှာ FTP Proxy တွေ ရှိပေမဲ့ Public အတွက်တော့ ပိတ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ FTP သုံးချင်ရင်တော့ နိုင်ငံခြားက FTP
Proxy တွေ လှမ်းသုံးရင်တော့ ရနိုင်ပါတယ်။ (လက်တွေ့တော့ ကျွန်တော်လည်း မစမ်းဖူးပါ)

Proxy Server သုံးလို့ ရတဲ့အကျိုးကျေးဇူး

အဓိကကတော့ ကိုယ်ကြည့်နေတဲ့ Site, ကိုယ်သုံးနေတဲ့ Mail, ကိုယ်သုံးနေတဲ့ Web Chat တွေက ကိုယ်ဘယ်ကလဲ ဆိုတာ မသိတော့တာပါပဲ။ အဲဒီတော့ ကိုယ့် information အတွက် လုံခြုံမှုရှိပါတယ်။ မြန်မာပြည်မှာ အဲဒါက ဖန်တီးပြီးသားပါ။ 
ကျွန်တော်တို့တွေ ဘယ် site ပဲကြည့်ကြည့် သူတို့က ကျွန်တော်တို့ IP
ကို မသိပါဘူး။ data မခိုးနိုင်ပါဘူး။

ဒီမှာတော့ Proxy ဆိုရင် ကျော်ဖို့ပဲလို့ကို ထင်နေကြတော့ပါ။ ကျွန်တော်တို့နိုင်ငံရဲ့ Proxy က Web Filtering လုပ်ထားတယ်၊ တခြားနိုင်ငံက Proxy က Web Filter လုပ်မထားဘူး၊ အဲဒီတော့ ကျွန်တော်တို့က အဲဒီ Proxy ကို သုံးလိုက်ရင် အလိုလို ကျော်ပြီးသား ဖြစ်သွားတာပါ။ တခြား Proxy တွေ သုံးတယ်ဆိုတာကလည်း အရမ်းခက်ခဲတာမဟုတ်ပဲ ကိုယ်သုံးနေတဲ့ Browser ရဲ့ Option ထဲမှာ Proxy Server ဆိုတဲ့ နေရာမှာ ကိုယ်သုံးချင်တဲ့ Proxy Server ရဲ့ IP ကို ရိုက်ထည့်လိုက်ရုံနဲ့ ရပါတယ်။

ဒါပေမဲ့ တခြားနိုင်ငံက Proxy ကို လှမ်းသုံးဖို့ဆိုတာ အဲဒီလောက်ကြီးထိလည်း မလွယ်ပါဘူး။ (CGI Proxy တွေကို မဆိုလိုပါ)
ဘယ်လို ပြဿနာတွေ ကြုံနိုင်လဲဆိုတော့..

(၁) ကိုယ့်နေရာနဲ့ ကိုယ့်သုံးတဲ့ Proxy နဲ့ အရမ်းဝေးနေတဲ့အခါ နှေးတာတွေ၊ ချိတ်ဆတ်မရတာတွေ ဖြစ်တတ်ပါတယ်။

(၂) ကိုယ်သုံးတဲ့ Proxy ဟာ ကိုယ်ဟာ မြန်မာပြည်ကမို့ သုံးခွင့်မပေးတာမျိုးလည်း ရှိတတ်ပါတယ်။

(၃) တချို့ Proxy Server တွေကတော့ IP နဲ့ ကန့်သတ်ထားတာမျိုးလည်း ရှိပါတယ်။ ကိုယ့် IP က သူတို့ list
ထဲမှာ မပါရင် သုံးမရတာမျိုး ဖြစ်ပါတယ်။

(၄) အဓိကကတော့ ကျွန်တော်တို့ရဲ့ ISP က ကျွန်တော်တို့သုံးမဲ့ Proxy Server တွေကို Access Denied
လုပ်ထားတာလည်း ဖြစ်လေ့ရှိပါတယ်။ အဲဒါက အများဆုံးပါ။


Credit
: http://skyboywaiyan.blogspot.com

အသေးစိတ် ရှောင်တိမ်းရေး proxy များ
အောက်မှာ ဖော်ပြထားတဲ့ ကိရိယာတွေနဲ့ proxy တွေကို အသုံးပြုပြီး အင်တာနက် ပိတ်ဆို့မှုတွေကို ရှောင်တိမ်းနိုင်တယ်။ ရှောင်တိမ်းရေး ကိရိယာအသစ်တွေကို ပုံမှန် ထုတ်လုပ်နေကြပြီး၊ လက်ရှိ သုံးစွဲနေတဲ့ ကိရိယာတွေကို မကြာခဏ မွမ်းမံပေးလေ့ ရှိကြတယ်၊ ဒါကြောင့် အွန်လိုင်း လုံခြုံရေး-သေတ္တာ ကွန်ရက် စာမျက်နှာကို လေ့လာထားသင့်တယ်။

Virtual Private Network (VPN) အခြေပြု proxies များ

အောက်မှာ ဖေါ်ပြထားတဲ့ VPN proxies တွေဟာ "လိုင်းချိတ်ဆက်"တဲ့အခါ အဲဒီ proxy ကနေတဆင့် အင်တာနက်လိုင်း တစ်လုံး ဖြတ်သန်းသွားတယ်။ မိမိနေထိုင်တဲ့ နိုင်ငံမှာ ပိတ်ဆို့ခံရတဲ့ အီးမေးလ် (သို့) လက်ငင်း စာတိုပေးပို့ရေး ဌာနတွေကို အသုံးပြုတယ် ဆိုရင် ဒါတွေက အထောက်အကူ ပြုနိုင်တယ်။
Riseup VPN ကတော့ Riseup ဆာဗာမှာ အီးမေးလ် အကောင့် ရှိထားတဲ့ သုံးစွဲသူတွေ အတွက် ဖြစ်ပါတယ်။ ဒီစုစည်းချက်ဟာ အသုံးပြုပြီး လုံခြုံမှုရှိ၊ သီးသန့်ဖြစ်တဲ့ အခမဲ့ VPN proxy ဆာဗာကို ဆက်သွယ်ပေးတယ်။ Riseup VPN အကြောင်းနဲ့ ၄င်းကို ဆက်သွယ်နည်းကို လေ့လာ ဖတ်ရှုပါ။


Hotspot Shield ဟာ အများသုံးဖြစ်ပြီး၊ လုံခြုံမှုလည်းရှိ၊ VPN အခမဲ့ ရှောင်တိမ်းရေး proxy တစ်ခု ဖြစ်ပါတယ်။ အဲဒါကို အသုံးပြုနိုင်ဖို့၊ ဒီကိရိယာကို ဒေါင်းလုဒ် လုပ်ပြီး ထည့်သွင်းဖို့ လိုပါတယ်။ Hotspot Shield ကို တည်ဆောက်တဲ့ ကုမ္ပဏီဟာ ထောက်ပံ့ငွေကို ကြော်ငြာကနေ ရရှိတာ ဖြစ်တယ်။ အဲဒါကြောင့် စာဝှက်စနစ် အသုံးမပြုတဲ့ ကွန်ရက် စာမျက်နှာတွေကို ကြည့်ရှုတဲ့ အခါတိုင်း ဘရောင်ဆာ ဝင်းဒိုးရဲ့ ထိပ်ပိုင်းမှာ "နဖူးစည်း စာတမ်း ကြော်ငြာ" တစ်ခုကို မြင်တွေ့နေရမှာ ဖြစ်တယ်။ အတည်ပြုလို့ မရပေမဲ့၊ အဲဒီကုမ္ပဏီရဲ့ အဆိုအရ၊ ဒီကိရိယာကို သုံးစွဲနေတဲ့ သူတွေရဲ့ IP လိပ်စာတွေကို သိမ်းထားတာတို့၊ ကြော်ငြာဌာနတွေဆီ ပေးပို့တာတို့ မလုပ်ပဲ၊ ဖျောက်ဖျက်ပေးတယ်လို့ ဆိုပါတယ်။


Your-Freedom ဟာ သီးသန့်ဖြစ်ပြီး၊ လုံခြုံမှုရှိတဲ့၊ VPN/SOCKS ရှောင်တိမ်းရေး proxy တစ်ခု ဖြစ်တယ်။ အဲဒါဟာ အခမဲ့ ရှောင်တိမ်းရေး ဝန်ဆောင်မှု တစ်ခုခုကို ဆက်သွယ်ရာမှာ အသုံးပြုနိုင်တဲ့ အခမဲ့ ဆော့ဗ်ဝဲ ကိရိယာ တစ်ခု ဖြစ်တယ်။ bandwidth နဲ့ မိမိ သုံးစွဲနိုင်တဲ့ အချိန် အတိုင်းအတာကို (တစ်ရက်ကို ၃ နာရီ၊ တစ်ပတ်ကို ၉ နာရီ စသဖြင့်) ကန့်သတ်ထားတယ်။ ပိုမို မြန်ဆန်ပြီး ကန့်သတ်ချက် နည်းတဲ့ စီးပွားဖြစ် ဝန်ဆောင်မှု တစ်ခုခုကို အခကြေးငွေ ပေးပြီး အသုံးပြုနိုင်တယ်။ Your-Freedom ကို အသုံးပြုနိုင်ဖို့ ဒီကိရိယာကို ဒေါင်းလုဒ် လုပ်ပြီး အကောင့်တစ်ခု ဖွင့်ထားပါ။ ဒီနှစ်မျိုး စလုံးကို Your-Freedom ကွန်ရက် စာမျက်နှာပေါ်မှာ လုပ်ဆောင်နိုင်ပါတယ်။ အင်တာနက်ကို ချိတ်ဆက်တဲ့အချိန်မှာ OpenVPN proxy ကို အသုံးပြုနိုင်ဖို့ ဘရောင်ဆာကို ပြုပြင်ဖန်တီးဖို့ လိုအပ်တယ်။ အသေးစိတ် အကြောင်းအရာကို Sesawe စီမံချက် ကွန်ရက်စာမျက်နှာမှာ လေ့လာနိုင်ပါတယ်။


Freegate ဟာ အများသုံးဖြစ်ပြီး၊ လုံခြုံမှုလည်းရှိ၊ VPN အခမဲ့ ရှောင်တိမ်းရေး proxy တစ်ခု ဖြစ်ပါတယ်။ နောက်ဆုံးထွက် Freegate ဗားရှင်းကို ဒေါင်းလုဒ် ဆွဲပြီး ၄င်းနဲ့ပါတ်သက်တဲ့ စိတ်ဝင်စားစရာ ဆောင်းပါးကို ဖတ်ရှုနိုင်ပါတယ်။

SecurityKISS ဟာ အများသုံးဖြစ်ပြီး၊ လုံခြုံမှုလည်းရှိ၊ VPN အခမဲ့ ရှောင်တိမ်းရေး proxy တစ်ခု ဖြစ်ပါတယ်။ အဲဒါကို အသုံးပြုနိုင်ဖို့ အခမဲ့ ပရိုဂရမ် တစ်ခုကို ဒေါင်းလုဒ် လုပ်ပြီး ဖွင့်သုံးနိုင်တယ်။ အကောင့် တစ်ခုကို မှတ်တင်စရာ မလိုဘူး။ proxyကို ဖြတ်သွားတဲ့ အင်တာနက် စီးဆင်းမှုအတွက် အခမဲ့ သုံးစွဲသူတွေရဲ့ တစ်နေ့တာ သုံးစွဲခွင့်ကို MB ၃၀၀ အဖြစ် ကန့်သတ်ထားပေးတယ်။ အခကြေးငွေ ပေးသွင်းသူအတွက် ကန့်သတ်ချက်တွေ မရှိပဲ VPN ဆာဗာတွေကို ပိုမို သုံးစွဲနိုင်တယ်။ အသေးစိတ်ကို လေ့လာဖို့ SecureKISS ပင်မစာမျက်နှာကို ဖတ်ရှုပါ။

Psiphon3 ဟာ လုံခြုံပြီး၊ အများသုံး VPN နဲ့ SSH အခမဲ့ ရှောင်တိမ်းရေး proxy တစ်ခု ဖြစ်ပါတယ်။ အဲဒါကို အသုံးပြုနိုင်ဖို့ အခမဲ့ ဆော့ဗ်ဝဲ ပရိုဂရမ် ရရှိနိုင်တဲ့ လင့်ခ်တစ်ခုကို တောင်းဆိုရမှာ ဖြစ်ပြီး အဲဒီ ပရိုဂရမ်နဲ့ proxy ကို စီစဉ်သတ်မှတ်သွားမှာ ဖြစ်တယ်။ လင့်ခ်ကို တောင်းဆိုဖို့ get@psiphon3.com ဆီ အီးမေးလ် တစ်စောင် ပေးပို့ပါ။ Psiphon3 ပင်မစာမျက်နှာကို လေ့လာ ဖတ်ရှုပါ။

ကွန်ရက် Proxies များ

Psiphon2 ဟာ သီးသန့် ဖြစ်ပြီး အမည်ဝှက်တဲ့ webproxy ဆာဗာ နည်းစနစ် တစ်ခု ဖြစ်တယ်။ Psiphon2 ကို အသုံးပြုဖို့ မိမိဆီမှာ proxy ဆာဗာရဲ့ ကွန်ရက် လိပ်စာ (URL) နဲ့ အကောင့်တစ်ခု (သုံးစွဲသူ၊ စကားဝှက်) ရှိထားဖို့ လိုအပ်တယ်။ psiphon2 ကို ဖွင့်ဖို့ psiphon2 အကောင့် ရှိထားတဲ့ သုံးစွဲသူ တဦးဦးဆီကနေ ဖိတ်ကြားချက် တစ်ခု ရယူရမှာ ဖြစ်တယ်။ ဒီနေရာမှာ ထုတ်ပြန်ထားတဲ့ သုံးစွဲနည်း စာအုပ်ငယ်ထဲမှာ ပါတဲ့ ဖိတ်ကြားချက်ကိုလည်း အသုံးပြုနိုင်ပါတယ်။ Psiphon2 ပင်မ စာမျက်နှာကို ဖတ်ရှုပါ။

Peacefire ဟာ အများသုံးဖြစ်ပြီး၊ သုံးစွဲမှုအပေါ် မူတည်ပြီး လုံခြုံမှု ရှိနိုင်သလို၊ လုံခြုံမှု မရှိတဲ့ ကွန်ရက် အခြေပြု proxy အစုအဝေး တစ်ခုကို ဖန်တီးပေးနိုင်တယ်။ Peacefire proxy တစ်ခုကို အသုံးပြုတဲ့အခါ၊ မိမိနဲ့ proxy ကြားမှာ လုံခြုံမှု ရှိတဲ့ ဆက်သွယ်ရေးလိုင်း တစ်ခု တည်ဆောက်ဖို့ HTTPS လိပ်စာကို ထည့်သွင်းပေးရမှာ ဖြစ်တယ်။ proxy အသစ်တွေကို အီးမေးလ် အုပ်စု စာရင်းကနေ ပုံမှန် ထုတ်ပြန် ကြော်ငြာပေးလေ့ရှိတယ်။ မွမ်းမံချက်တွေကို ရရှိဖို့ Peacefire ကွန်ရက် စာမျက်နှာမှာ မှတ်ပုံတင်နိုင်တယ်။

မပြည်စုံသေးဘူးထင်ရင် ဒီနေရာမှာ ဆက်လက်လေ့လာနိုင်ကြပါတယ်..။

 Credit : security in a box

မိမိရထားတဲ့ အင်တာနက်လိုင်း တစ်လိုင်းထဲကို Rounter မလိုဘဲ ဘယ်လို အင်တာနက် ထပ်ဆင့်လွှင့်မလဲ

အဲ့တော့ connectify hotspot နဲ့ ပါတ်သတ်ပြီး မပြောခင်မှာ ကျနော်တို့ အင်တာနက်လိုင်း သုံးတဲ့အခါမှာ ရလာတဲ့ အင်တာနက်လိုင်းတစ်လိုင်ထဲကို နောက်ထပ် လိုင်းတွေ ထပ်ခွဲချင်တယ်ဆိုပါတော့။ ဥပမာ iphone, ipad တွေ သုံးလာပြီဆိုရင် Restore ပြန်လုပ်ဖို့အတွက် wifi လိုပါတယ်။ ဒါမှမဟုတ် ကို့မှာ ရထားတဲ့ အင်တာနက်လိုင်း တစ်လိုင်းထဲကိုပဲ မိမိအိမ်မှာ ရှိတဲ့ ဖုန်းတွေ၊ တစ်ခြား ကွန်ပျူတာတွေမှာ သုံးစေချင်တယ်ဆိုရင် ယခုပို့စ်လေးဟာ အရမ်းကို တန်ဖိုးရှိပါတယ်။
 အင်တာနက်ဆိုင်ကနေ user name နဲ့ password ပေးပြီးတော့ လစဉ်ကြေးနဲ့ သုံးနေတဲ့သူတွေရှိပါတယ်။ username and password ဟာ တစ်ယောက်တည်း သုံးဖို့ ပေးတာဖြစ်လို့ ၂ လုံးပြိုင်တူဝင်တာနဲ့ တစ်လုံးက auto log out ဖြစ်သွားပါတယ်။ အဲ့ဒါဆိုရင် ကိုရထားတဲ့ အင်တာနက် လိုင်တစ်လိုင်းကို ပြန်ခွဲပြီး ဘယ်လို သုံးနိုင်မလဲ။ အဲ့တော့ Router လည်း မ၀ယ်ရအောင် မိမိကွန်ပျူတာမှာ ရနေတဲ့ အင်တာနက်လိုင်းကိုလဲ ခွဲသုံးလို့ အဆင်ပြေအောင် connectify နဲ့ သုံးပြီးတော့ ခွဲထုတ်နိုင်ပါတယ်။ လုပ်နည်းက အရမ်းလွယ်ပါတယ်။ နောက်တစ်ခုက connectify hotspot ဟာ သာမာန် router တွေထက်ကို တော်တော်ဝေးဝေးအထိကို ပြန်လွှင့်ပေးနိုင်ပါတယ်။ လုပ်နည်းကို ပြောပြပါ့မယ်။
မိမိ ကွန်ပျူတာသည် Laptop ဖြစ်ချင်ဖြစ်၊ Desktop ဖြစ်တယ်ဆိုရင်လည်း wireless stick တစ်ခု တပ်ဆင်ထားဖို့လိုပါတယ်။ laptop တွေမှာတော့ wifi က ပါပြီးသားမို့လို့ အဆင်ပြေပါတယ်။
connectify website ကို အသုံးပြုဖို့ ပထမဦးဆုံး  .net framework 4.5 ကို install လုပ်ရပါမယ်။ Download လုပ်ဖို့ ၂ ခုစလုံးကို တင်ပေးလိုက်ပါတယ်။ ၂ ခုစလုံးကို Download လုပ်ပါ။
  1. Download .Net Framework 4.5
  2. Download Connectify

  • ပထမဦးဆုံး Net Framework 4.5 ကို install လုပ်လိုက်ပါ။ (ပုံ ၁)
  • ပြီးရင်တော့ connectify installer ကို Run လိုက်ပါ။ I agree ကိုနှိပ်ပါ။ (ပုံ ၂)
  • နောက်ဆုံး အဆင့် Finished ကို နှိပ်ပြီးတာနဲ့ ကွန်ပျူတာ Restart ချခိုင်းပါလိမ့်မယ်။ ကွန်ပျူတာ Restart ချလိုက်ပါ။
  • ကွန်ပျူတာ ပြန်ပွင့်လာတဲ့ အချိန်ကျရင် connectify ကို ဖွင့်လိုက်ပါ။ ပွင့်လာပြီဆိုရင်တော့  Next ကို နှိပ်ပြီးတော့ use connectify lite ကို ရွေးပေးလိုက်ပါ။ 
  • ဒါဆိုရင် connectify lite ပေါ်လာပါလိမ့်မယ် ပေါ်လာတဲ့အချိန်ကျရင် ကျနော် (ပုံ ၇) မှာ ပြထားသလိုမျိုး  Setting ပိုင်းမှာ ပြင်လိုက်ပါ။ Hotspot Name , Password ကို ပေးလိုက်ပါ။ ပီးရင် အောက်မှာ ရှိတဲ့ Internet to share မှာတော့ မိမိ ချိတ်ထားတဲ့ အင်တာနက်လိုင်းကို ရွေးပေးရမှာဖြစ်ပြီး share over ကတော့ ကိုပြန်ပြီး လွှင့်မယ့် မိမိကွန်ပျူတာရဲ့ wireless အမျိုးအစားကို ရွေးပေးလိုက်ပြီး Apply setting ကို နှိပ်ပါ။
  • ဒါပြီးတာနဲ့ Start hotspot ကို နှိပ်လိုက်တာနဲ့ (ပုံ ၈) မှာလိုမျိုး Share လုပ်ဖို့ ပေါ်လာပါလိမ့်မယ်။ ကျနော်တို့အနေနဲ့ facebook account ရှိရင် ပေါ်လာတဲ့ share ထဲက share facebook ကို နှိပ်ပေးလိုက်ပါ။ ပြီးရင် ဖေ့ဘုတ်အကောင့်ကို ၀င်ပြီးတော့ share လုပ်ပေးလိုက်တာနဲ့ အဲ့ Facebook account ရဲ့ email account ကို mail ပို့ပေးပါလိမ့်မယ်။ အဲ့လိုပို့လိုက်တာနဲ့ (ပုံ ၆) ထဲမှာ ပါသလို Username and password ကို ရိုက်ထည့်ပေးလိုက်ပါ။ ဒါဆိုရင် သူက activate လုပ်ဖို့ ကုတ်ပေါ်လာပါလိမ့်မယ်။ အဲ့ကုတ်ကို နှိပ်လိုက်တာနဲ့ ရက် ၆၀ Free ရသွားပါပြီ။ အဆင်ပြေနိုင်ပါစေဗျာ။ 
  • အားလုံး လုပ်ပြီးသွားရင်တော့ Connectify+မိမိနာမည် အမည်နဲ့ အင်တာနက် လိုင်းတစ်လိုင်း ထပ်တိုးလာတာကို မြင်ရပါလိမ့်မယ်။ စပြီး အင်တာနက် လွှင့်ချင်ရင် start hotspot ကို နှိပ်ပြီး ခဏ ပိတ်ထားချင်ရင်တော့ Stop hotspot ကို နှိပ်ပေးလိုက်ပါ။


(ပုံ ၁)


(ပုံ ၂)
(ပုံ ၃)
(ပုံ ၄)


(ပုံ ၅)
(ပုံ ၆)


(ပုံ ၇)



(ပုံ ၈)
(ပုံ ၉)


 ညီနေမင်း

 www.nyinaymin.org

Friday, January 17, 2014

နာမည်ကျော်လူကြိုက်များခဲ့ တဲ့ Krrish Movies ရဲ့ ဂိမ်းလေး

နာမည်ကျော်လူကြိုက်များခဲ့ တဲ့ Krrish Movies ရဲ့ ဂိမ်းလေး Android ဖုန်းများအတွက် ထွက်နေပါပြီ။
စွန့်စားခန်းတွေအပြည့် နဲ့ ဖိုက်တင်ချတာဝါသနာပါသူများအတွက် လုံးဝလန်းတယ်ဗျာ။
မရှိသေးတဲ့သူငယ်ချင်းများနဲ့ ကစားချင်တဲ့သူငယ်ချင်းများရှိရင် အောက်မှာဒေါင်းဖို့
လင့်ပေးထားပါတယ်။အဆင်မပြေရင်ပြောခဲ့ပါနော်။
                                                                         Download
                                                                                                                                                            အိုင်တီအိမ်မက်


Dhoom 3: The Game APK Download- v1.0.4 (All Android)29Mb

သူငယ်ချင်းတို့အတွက်လူကြိုက်များတဲ့ဇာတ်ကားဖြစ်တဲ့ Dhoom 3 ကိုမိမိဖုန်းကစားချင်တဲ့သူတွေအတွက်
ဂိမ်းလေးတင်ပေးလိုက်ပါတယ်။29Mb ရှိပါတယ်။ကြိုက်တယ်ဆိုရင်တော့အောက်မှာဒေါင်းလိုက်ပါ။
How to install Dhoom 3: The Game APK on Android Device?
To install Dhoom 3: The Game APK on your Android smartphone, copy the above downloaded APK file to your Android smartphone. Now, go to your phone’s file manager and search for this recently copied APK file. Click on to the file and it will automatically be installed on the device. The game will be there on your phone’s main apps menu after a while. Click on to the icon and it will be there for its very first hands-on!
What’s your take on this? Have you ever heard about this game before? Well, if you have played it already, do share your views and experience with us. We would like to know something more about this game from the users itself. Meanwhile, if you have any queries or questions regarding this, feel free to let us know as a comment. We would like to interact with you in future.



ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ 



                                    QR code Dhoom -3 The Game v1.0.4 APK


http://adfoc.us/14251336603304 
(or)

http://adfoc.us/14251336650723 
(or)

http://bc.vc/hONHeX 
(or)

http://adfoc.us/14251336650769 
နည်းပညာမြို့တော်
 

ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။

အင်တာနက်ဆိုင် ပိုင်ရှင်များ

http://blogging.thepccentre.biz/wp-content/uploads/2012/08/cafe.jpg
အင်တာနက်ဆိုင် ပိုင်ရှင်များ

==============================================

စိတ်မပူနဲ့  ဒီအတိုင်းဆို Cyber Cafe ကို Small Business လို မမြင်တဲ့ဆိုင်တွေ ပိတ်ပစ်ရတော့မယ်..အင်တာနက်ဆိုင်တွေ ကျဆုံးခန်းက လာတော့မယ်... ၁၅၀၀ ဖုန်းက အာဆီယံ နိုင်ငံတွေ ခေါ်လို့ ရနေပြီ.. နောက် ၉ လပိုင်းမှာ Operator အသစ်တွေ ရွေးပြီးရင် ပိုရူးမယ်..
ဈေးပေါပေါနဲ့ အင်တာနက်/ Over Sea တွေ ခေါ်လို့ ရမယ်.. ဒါဆို ဘာလုပ်မလဲ.. ဒါလေးတွေ အားပြုပြီး ရပ်တည်နေရတဲ့ အင်တာနက်ဆိုင်တွေ ဘာဆက်လုပ်မလဲ.. သူတို့ ကို မှီတွယ်ပြီး ရပ်တည်နေရတဲ့ Service Technician တွေ၊ ဆိုင်ဝန်ထမ်းလေးတွေ ငိုရပြီလေ... ပိုက်ဆံတွေ အများကြီး အကုန်ခံပြီးရင်းနှီးထားရတဲ့ Internet ဆိုင်ပိုင်ရှင်တွေလဲ မျက်ရည် တောက်တောက်ကျရတော့မယ်... ဒီတော့ အပြောင်းအလဲလေးတွေ လုပ်ကြဖို့  အချိန်တန်ပါပြီ.. ဥပမာ Downloader ပိတ်မဲ့အစား Download Quota ကို 100 MB လောက် သတ်မှတ်ပြီး ကျော်တာနဲ့  Extra Charge ယူတာမျိုး.. Wi-fi Ticket တွေ ထုတ်ရောင်းပါ.. လက်တော့တွေနဲ့ လာသုံးဖို့ အဆင်ပြေအောင် နေရာပေးထားတာမျိုး.. ၁ နာရီ Ticket ၂ ခုဝယ်ရင် ကော်ဖီ တခွက်တိုက်တာမျိုးလုပ်ပေးရမယ်.. ဖတ်စရာ Ebooks လေးတွေ.. ကြည့်စရာ ရုပ်ရှင်ကားလေးတွေ အမြဲတမ်း Update လုပ်ပေးနေရမယ်.. TV Series တွေ အတွဲလိုက် ထည့်သင့်ရင် ထည့်ထားရမယ်.. နောက်ပြီး Event လေးတွေ Host ပေးနိုင်ရမယ်.. Dota ချိန်းပွဲခုတ်တာမျိုး.. Anime ကြည့်သူတွေ အချင်းချင်း Share ကြတာမျိုး ကိုယ့်ဆိုင်မှာ လုပ်နိုင်အောင် စီစဉ်ပေးထားရမယ်... ဟိုဟာပိတ် ဒီဟာပိတ်ထက် ဆားဗစ်သမား ကောင်းကောင်း ငှားပါ.. Internet Software လေးတွေ တင်ပြီး Cafe Software လေးတင် DeepFreeze အုပ်တဲ့ ဆားဗစ်သမားမျိုးမဟုတ်ဖူးနော်.. နောက် ဂိမ်းတွေ တင်ပါ. ဆိုင်ဆူတာတော့မှန်တယ်.. လူဆိုတာ လူလိုပြောရင် လူလိုသိကြပါတယ်.. မသိရင် ကန်သာထုတ်လိုက်.. ရတဲ့ ပိုက်ဆံနဲ့  တခြား Customer တွေ သူ့အသံကြောင့် လစ်ပြေးတာနဲ့ မကာမိရင်ပေါ့.. ဘာပဲပြောပြော ဂိမ်းသမား ပိုက်ဆံ ဖြုန်းအားကို သိကြမှာပါ.. နောက်ပြီး Service ကောင်းတယ်ဆိုတာ Customer နဲ့ ဆက်ဆံရေး ပြေပြစ်တာမျိုးမဟုတ်ဖူး... အလွယ်မလိုက်ကြပါနဲ့ ..အင်တာနက်ဆိုင်တဆိုင်မှာ ရှိသင့်တာလေးတွေ အစုံရှိပြီး ကိုယ့်ဘက်က လုပ်နိုင်သမျှ အကုန်လုပ်ပေးထားတာမျိုးကိုပြောတာ.. ဒီအဆင်အတိုင်းဆက်သွားလို့ ကတော့ ရူးသွားမယ်.. ဆိုင်ဖြုတ်ဖို့  စိတ်မကူးနဲ့ နော်.. အင်တာနက်ဆိုင် ၁၀ ဆိုင်မှာ ၈ ဆိုင်က ရောင်းချင်နေတာ.. ဆက်လုပ်ကြပါ.. ဒါ ဖွံဖြိုးဆဲနိုင်ငံပါ..
လူတိုင်း ဖုန်းတလုံးရှိချင်ရှိမယ်. ကွန်ပြူတာတလုံးတော့ လူတိုင်းမရှိဘူး.. Phone တလုံးနဲ့  PC တလုံးနဲ့ လုပ်နိုင်တာခြင်း အကွာကြီးပါ.. Phone လေးနဲ့  Facebook / Gtalk လောက်သုံးပြီး ကျေနပ်နေရင်တော့ သူ့ သမိုင်းပေါ့.. ကိုယ့်ဆိုင်က PC ကလဲ Facebook / Gtalk ထက် ပိုပြီး သုံးနိုင်အောင် လုပ်ထားသင့်တယ်ဆိုတာလဲ မေ့မထားပါနဲ့ .. အပြောင်းအလဲ လုပ်ဖို့  အချိန် ၃ လ လောက်ပဲ ရတော့တယ်လို့  ပြောရင်း :)

Sentinel Wai Yan ( Administrator at Unity Online Game )

The Butler

ဒီတစ်ခါတော့ The Butler ဆိုတဲ့ ဒီဇာတ်ကားလေးကို ကြည့်ကြစေချင်ပါတယ်။ အိမ်ဖြူတော်မှာ သမ္မတရှစ်ဦးဆက်တိုက် အမှုထမ်းပေးခဲ့တဲ့ Eugene Allen ရဲ့ အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။
အမေရိကန်မှာ လူဖြူလူမည်းခွဲခြားမှုများ ဘယ်လောက်ကြီးမားခဲ့တယ်ဆိုတာ တွေ့ရမှာပါ။ ကားစီးရင်တောင် လူဖြူအတွက်ဘတ်စ်၊ လူမည်းအတွက်ဘတ်စ်။ ထမင်းစားရင်လည်း လူဖြူအတွက်စားပွဲ၊ လူမည်းအတွက်စားပွဲ။ လက်ဆေးရင်တောင် လူဖြူအတွက်ဘေစင်၊ လူမည်းအတွက်ဘေစင်။ ကဲ...စဉ်းစားသာကြည့်ကြတော့ဗျာ။
ဗဟုသုတဖြစ်စရာ အချက်အလက်တော်တော်များများရယ်၊ လေ့လာစရာအချက်အလက်များလည်း ပါဝင်တာမို့ ကြည့်သင့်တယ်လို့ ညွှန်းလိုက်ပါရစေ။
ဇာတ်ကားအစအဆုံးကြည့်ရန် Movie Locos ကိုနှိပ်ပါ။ 

Facebook မှာ ဒီလိုအချက်လေးတွေ လုပ်မယ်ဆို သေချာတယ် သင်ပေါ်ပြူလာဖြစ်ပြီ


 
 အွန်လိုင်းလောကနဲ့ အပြင်လောကမှာကွာဟချက်တွေအများကြီးရှိပါတယ်။ အွန်လိုင်းကနေတစ်ဆင့်မိတ်ဆွေအပေါင်းအသင်းတွေဖြစ်ပြီးအပြင်မှာတွေ့ကြဆုံကြတာတွေ
လဲပိုပြီးခေတ်စားလာပါတယ်။ဒီလိုနဲ့ပဲအရင်းနီးဆုံးသူငယ်ချင်းတွေလဲ ဖြစ်သွားနိုင်ပါတယ်။

 ကျောင်း၊အလုပ်အကိုင်တစ်ဖက်နဲ့ မအားလပ်တဲ့ကြားကမှ ကိုယ်နဲ့တကယ်ရင်းနီးနေတဲ့သူငယ်ချင်း ဒါမှမဟုတ်လဲ ဆိုရှယ်လ်နက်ဝေါ့ခ်ကမှတစ်ဆင့် ရင်းနီးကျွမ်းဝင်သွားတဲ့ သူငယ်ချင်းနဲ့ ရေရှည်အထိ အမြဲခင်မင်မှုမပျက်တဲ့ ဆက်ဆံရေးမျိုး ဒီ (၁၂) ချက်နဲ့ တည်ဆောက်နိုင်မှာပါ။ 
 
ဆိုရှယ်လ် နက်ဝေါ့ခ်တွေထဲမှာလူကြီး၊ လူငယ်တွေကြားမှာရေပန်းအစားဆုံးကတော့ ဖေ့စ်ဘွတ်ခ်ပဲဖြစ်ပါတယ်။

၁) ကိုယ့်ရဲ့အခင်ဆုံးသူငယ်ချင်းတွေရဲ့ Profile Pictureတွေကို like (ကြိုက်နှစ်သက်ခြင်း) နဲ့ comment (ထင်မြင်ချက်ပေးခြင်း) ပြုလုပ်ပေးပါ။ ဒါမှ သူ့တို့ကိုယ်သူတို့  ယုံကြည်မှုတွေရှိလာနိုင်ပြီး သူတို့ဘက်မှာ ကိုယ်ကအမြဲရပ်တည်ပေးနေတာ သူတို့ပိုသိလာနိုင်ပါတယ်။

၂)
ဘယ်လောက်ပဲဒေါသအမျက်ထွက်ထွက် ဖေ့စ်ဘွတ်ခ်ဝေါလ်ပေါ်မှာ စကားများရန်ဖြစ်ခြင်းတွေ မလုပ်ပါနဲ့ ။ အားလုံးအတွက် အရှက်ရစေပါတယ်။

၃) မွေးနေ့ပါတီတွေ ဒါမှမဟုတ် တခြားအရေးပါတဲ့ အစီအစဉ်တွေကို သူငယ်ချင်းတွေက ဖေ့စ်ဘွတ်ခ်ကနေ တစ်ဆင့် ဖိတ်ကြားလာရင် အကြောင်းပြန်ဖို့ မမေ့ပါနဲ့ ။ ဒါမှ ကိုယ်တကယ်လာနိုင်မလာနိုင် သူတို့ကသိနိုင်ပြီး၊ ကိုယ့်ဘက်ကဖိတ်ကြားတာတွေရှိရင်လည်း သူတို့ဘက်က တိကျတဲ့ အကြောင်းပြန်မှုတွေကိုရနိုင်မှာပါ။

၎) သူငယ်ချင်းတွေကို အပြင်လက်တွေ့ဘ၀မှာ ဖုန်းဆက်ပြီးပဲဖြစ်ဖြစ်၊ လူကိုယ်တိုင်သွားပြီးပဲ ဖြစ်ဖြစ် မွေးနေ့ဆုတောင်းစကားပြောပြီးရင်တောင် ဖေ့ဘွတ်ခ်ကနေလည်း
 မွေးနေ့ရောက်ရင် မွေးနေ့ဆုတောင်းစကားပြောလိုက်ပါ။ သူတို့  ကျေနပ်ဝမ်းသာနေမှာပါ။

၅) လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပုံတွေက like (ကြိုက်နှစ်သက်ခြင်း) နဲ့ comment (ထင်မြင်ချက်ပေးခြင်း) ပေးတာတွေ မလုပ်ပါနဲ့ ။ အထူးသဖြင့် ခေတ်နောက်ကျပြီး ကသိကအောက်ဖြစ်စေတဲ့ပုံမျိုးတွေကိုပေါ့။ အတိတ်ကို အတိတ်မှာပဲထားခဲ့ပါ။


၆) သူငယ်ချင်းတွေရဲ့ ဖေ့ဘွတ်ခ်အကောင့် ဟက်ခ်လုပ်ခံရရင် သူတို့ကိုတိုက်ရိုက်အကြောင်းကြားပေးပါ။ ဒါမှ နောက်တစ်ခါ ဟက်ခ်လုပ်မခံရအောင် သတိထားသွားနိုင်မှာပါ။
 
၇) In Relationship ကနေ Single လို့ပြောင်းသွားတဲ့ သူငယ်ချင်းတွေရဲ့ အကြောင်းကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ တိုက်ရိုက်စပ်စုတာတွေမလုပ်ပါနဲ့ ။ အကြောင်းစုံကိုပြောပြချင်တဲ့သူတွေကတော့ ကိုယ့်ကို တိုက်ရိုက်ဆက်သွယ်ပြီးပြောပြမှာပါပဲ။

၈)
ကိုယ်နဲ့မသိမရင်းနီးတဲ့သူတွေကို Poke မလုပ်ပါနဲ့ ။ ကိုယ်နဲ့သိတဲ့သူတွေကိုလဲ မလိုအပ်ရင် Poke မလုပ်ပါနဲ့။ စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။

၉) မကြားဖူး၊ မမြင်ဖူးတဲ့သူတွေကို သူငယ်ချင်းအဖြစ် request သွားမလုပ်ပါနဲ့ ။ သူစိမ်းတွေက အန္တရာယ်များပါတယ်။

၁၀) ကိုယ့် Profile Picture တို့  cover pictureတို့မှာ သူငယ်ချင်းတွေပါပါနေရင် ကိုယ်တစ်ယောက်တည်း ခန့်ညားလှပနေတဲ့ပုံကို မတင်ပါနဲ့ ။အားလုံးကြည့်ကောင်းတဲ့ပုံမျိုးကို တင်ပါ ။

၁၁) သူငယ်ချင်းတွေ အရှက်ရစေမယ့် အကြောင်းအရာတွေကိုသူငယ်ချင်းတွေရဲ့ ဖေ့စ်ဘွတ်ခ် ဝေါလ်မှာ မရေးမိပါစေနဲ့ ။

၁၂) သူငယ်ချင်းတွေကအခက်တွေ့နေချိန်မှာ ဒါမှမဟုတ် အကူအညီလိုနေချိန်မှာ ကိုယ့်ကို အရေးတကြီးဖေ့စ်ဘွတ်ခ်ကနေ မက်ဆေ့ခ်ျလှမ်းပို့နေရင်လဲ စာချက်ချင်းပြန်ပါ။ အားငယ်သူကို ကူညီဖေးမတာက သူငယ်ချင်းသံယောဇဉ်တွေကို ပိုခိုင်မာစေနိုင်ပါတယ်။

 
Ref : Trend Myanmar

Huawei ဖုန်းများ Firmware တင်နည်း + Root လုပ်နည်း + CWM Recovery တင်နည်း + မြန်မာစာထည့်သွင်းနည်း နှင့် All Huawei Official Firmware (ROM) Download


 Huawei  ချည်းပဲ ခဏ ခဏမေးနေကြလို့ လိုအပ်တာတွေ အားလုံး စုစည်းပေးလိုက်ပါတယ်...။

သက်ဆိုင်သူအားလုံးလည်းကို Credit ပေးပါတယ်..။


သတိပြုရန်။ ။

 Frimware တင်ခြင်း ၊ Root လုပ်ခြင်း စသည်တို့သည် မိမိကျွမ်းကျင်မှုအပေါ်မူတည်သောကြောင့် ဖုန်းတစ်ခုခု ဖြစ်လျှင် မိမိတာဝန်သာဖြစ်သည်။


Huawei  Official Firmware (ROM) တွေကိုတော့ အောက်ပါ Link များမှ ဒေါင်းယူနိုင်ပါတယ်...။



(or)

ဒါကတော့  Huawei G610 Official ROM  တွေ...
 Build No ကိုရွေးပြီးဒေါင်းပါ..။

G610-T00,Android 4.2,V100R001CHNC01B122680959168

G6100-U00,Android 4.2,Emotion UI,V100R001CHNC17B126

G610-U00,Android 4.2,Emotion UI,V100R001CHNC17B127

G610-C00,Android 4.2,Emotion UI,V100R001C92B122


  Firmware (ROM) တင်နည်း

 ဒေါင်းလို့ ရလာတဲ့ Zip  ဖိုင်လ်ကို ဖြည်ပြီး အထဲက dload ဖိုလ်ဒါကို SD Card ထဲ COPY ကူးထည့်ပါ
ပြီးရင် SD Card ကို ဖုန်းထဲထည့်ပြီး ဖုန်းရဲ့ Vol-up + Vol-down  ကို ပြိုင်တူဖိနှိပ်ပြီး Power ကိုဖွင့်ပေးလိုက်ရင်သူဟာသူအော်တို Firmware တင်ပေးသွားမှာပါ...။

(SD Card ကောင်းဖို့ လိုအပ်ပါတယ် SD card မကောင်းရင် Firmware တင်တာမအောင်မြင်တတ်ပါဘူး)


 Root လုပ်နည်း

 ပထမဆုံး ကွန်ပျူတာက Huawei ကိုသိဖို့လိုပါတယ်  Huawei Driver ကို ဒီမှာ ဒေါင်းလိုက်ပါ..


ပြီးရင် ဒီ V Root Tool လေးနဲ့ အလွယ်တကူ Root နိုင်ပါတယ်...။


V-Root V1.4

  Root ဆိုတဲ့ အဲဒီအစိမ်းခလုတ်လေးကို နှိပ်လိုက်ပါ။ 


vroot-rooting 


vroot-rootsuccess


Root လုပ်လို့ အောင်မြင်သွားပြီးဆိုရင် အပေါ်ကပုံလေးလိုပေါ်လာပါလိမ့်မယ်။

(Root ဖြစ်မဖြစ် သိချင်ရင် “Root Checker” ကို  Google PLAY store မှ ဒေါင်းယူ Install ပြီး စစ်ဆေးနိုင်ပါတယ်)။။


CWM  Recovery တင်နည်း 

 Mobileuncle Tool  ကို အရင်ဒေါင်းလိုက်ပါ....
  CWM recovery ဆိုတဲ့ RAR ကိုဖြည်ပါ...အဲဒီထဲက ထွက်လာတဲ့ recovery.img ဆိုတဲ့ ဖိုင်ကို SD Card ထဲကို Copy ကူးထားပါ. ပြီးရင် Mobileuncle tool.apk ကိုဖုန်းထဲကို install လုပ်ပါ
Mobileuncle Tool ကိုဖွင့်ပြီး အောက်က ပြထားတဲ့ပုံလေးတွေအတိုင်း အဆင့်ဆင့်
လုပ်ဆောင်လိုက်ပါခင်မျာ.....
 


ဒီအဆင့်ထိလုပ်ပြီးပြီဆိုရင် ဖုန်းက Reboot ကျသွားမှာပါ ပြန်တတ်လာရင်. CWM Recovery တင်လို့ပြီးပါပြီ။


 ဇော်ဂျီဖောင့်လုံးဝမသွင်းရသေးသော ဖုန်းများအတွက်နည်းလမ်း (၁)

 မြန်မာဖောင့်လုံးဝ မသွင်းရသေးသော Huawei G610S ဖုန်းများတွင် 100% အဆင်ပြေပါတယ်။ ဖုန်းကို Root လုပ်ထားဖို့တော့လိုအပ်ပါမယ်။ (Root ရှိရန်လိုအပ်ပါသည်။)
အခု Tool လေးကို ရေးသားသူကတော့ Developer ကိုပြည့်စုံ (MobiMax) ဖြစ်ပါတယ်။ 


Download One Click Tool

G610 Correct Zawgyi Fonts One Click Install
အပေါ်ကလင့်ကို ဒေါင်းပြီး Rar ဖိုင်ကို ဖြည့်ပါ။ရလာတဲ့ ဖိုင်ထဲမှ .exe ဖိုင်ကို Run ပါ။ပြီးရင် Press Any Key ကိုနှိပ်ပါ။
ဖုန်းမှာ Root Access တောင်းလျှင် Allow ကိုနှိပ်ပါ။ပြီးလျှင် ဖုန်းအလိုလျှောက် Reboot ကျပြီး ပြန်တက်လာလျှင် Myanmar fonts ရရှိမှာဖြစ်ပါတယ်။ မြန်မာစာလည်း မှန်ကန်စွာပေါ်ပါလိမ့်မယ်။


 ဇော်ဂျီဖောင့်ထည့်ပြီးသားဖုန်းများအတွက် နည်းလမ်း (၂)
————————————-
အခြားနည်းများနဲ့ မြန်မာစာဖောင့် ထည့်ထားပြီး မြန်မာစာမမှန်သေးတဲ့ ဖုန်းများအတွက်ကတော့ အောက်က Link က File ကိုရယူလိုက်ပါ။

Download Huawei G610S Original Font & Root Explorer Apk

အရင် ဆုံး G610 Oringinal Fonts.Rar ကို ဒေါင်းပါ။အဲဒီထဲက Root Explorer apk ကိုဖုန်းမှာ install လုပ်ပါ။ နောက်တစ်ဖိုင်ဖြစ်တဲ့ Fonts Folder ကိုတော့ ဖုန်းမန်မိုရီကဒ် ထဲတည့်ပါ ။ပြီးလျှင် RootExplorer ကို အသုံးပြုပြီး System/Fonts folder ထဲသို့ ထည့်ပါ။

Replace လုပ်ထည့်ပါ။ ပြီးလျှင် ဖုန်းကို Reboot လုပ်ပါ ။ပြီးလျှင် အထက် က နည်းလမ်း (၁) ကိုအသုံးပြုပြီးမြန်မာစာဖောင့်ထည့်ပါ ။မှန်ကန်တဲ့ Zawgyi Fonts ကို ရရှိမှာဖြစ်ပါတယ်။


 နောက်ထပ် မြန်မာစာ မမှန်တာမျိုးတွေကိုတော့ အောက်ပါ Tool လေးတွေနဲ့ ဖြေရှင်းနိုင်ကြပါတယ်..။


မည်သည့် Android ဖုန်းမဆို Root Access ရပြီဆိုတာနဲ့  မြန်မာစာ ထည့်သွင်းဖို့ လွယ်သွားပါပြီ..
Android Version 4.3 အတွက် မြန်မာစာ နဲ့ မြန်မာစာ မမှန်တာမျိုးတွေကို  ကို Djjoe Man (MMF) ရေးထားတဲ့ ဒီ Font Changer လေးကိုဒေါင်းယူပါ.....
Font Changer.APK လေးကို Phone ထဲမှာ Install လုပ်လိုက်ပါ... ပြီးရင် Install now ကို နှိပ်ပြီး Super su request တောင်းပါမယ်.. Grant နှိပ်ပေးလိုက်ပါ…ပြီးရင် Restart ကျပြီး..မြန်မာစာကို မှန်ကန်စွာမြင်ရပါပြီ..။


Android Version 2xx , 4 xx နှင့်အထက် တွေမှာ မြန်မာစာ အဆင်မပြေသေးဘူးဆိုရင် ဒီ ကိုကျော်စွာသွင် ရေးထားတဲ့ Smat Zawgyi (or) Smat Zawgyi ကို ဒေါင်းယူပြီး  ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပါ (Driver ရှိရပါမယ် မရှိသေးရင် လိုအပ်တဲ့ USB Driver တွေကို ဒီနေရာမှာ ဒေါင်းယူပါ) 
 Smat Zawgyi ကို Zip ဖြည်ပြီး အထဲက .bat ဖိုင်လ်လေးကို Right Click > Run as administrator နဲ့ Run ပေးလိုက်တာနဲ့ အလိုလျောက် မြန်မာစာတွေ ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်...။ ခဏနေရင် ဖုန်းဟာ Restart ကျပြီး.... မြန်မာစာတွေ မှန်ကန်စွာမြင်ရမှာပါ..။
MMSD Smart Zawgyi v1.5  ကတော့ Android version 1.6 ကနေ 4.4 အထိအသုံးပြုနိုင်ပြီး Android 4.1 နဲ့အထက်တွေမှာအသုံးပြုမယ်ဆိုရင် အရင် ဇော်ဂျီထက် ပိုမိုမှန်စေပါတယ်။ Apk ဖိုင်လ်လေးပါ ဖုန်းထဲမှာပဲ Install လုပ် Run ပေးပြီး ညွှန်ကြားချက်အတိုင်း နှိပ်ပေးရုံပါပဲ ..။ မြန်မာ Developer ကိုဖြိုးချမ်း ရေးထားတာပါ..။
Android  Device တွေအတွက် မြန်မာစာတွေ ရေး နိုင်ဖို့ အတွက် မြန်မာ Keyboard  ကိုတော့ ဒီနေရာမှာ ဒေါင်းယူပါ...။


သက်ဆိုင်သူ Developer အားလုံးကို Credit ပေးပါတယ်..။


အဆင်ပြေကြပါစေ။
 ဝင်းကမ္ဘာကျော်


 www.winkabarkyaw.net

Facebook က *Notification* တွေ Email ထဲနေ့တိုင်းဝင်နေလို့ ဖျက်မနိုင်တော့ဘူးလား

 
 
htoo: Facebook က Massage (Notification) တွေ Gmail မှာလာဝင်နေတယ် ဘယ်လိုပိတ်ရမလဲ မေ့နေလို့ ပြန်ပြောပြပါလား..
 
မိမိ Gmail ကို Sing In ဝင်ပါ... ပုံလေးတွေကြည့်ပြီး နံပါတ်စဉ်အတိုင်း လုပ်ဆောင်ပေးသွားပါ...။ (ပုံသေးနေရင် ပုံကို Click ပါ)
 
 
 
 
 
 
နံပါတ် (5) နေရာမှာ Facebook မှ ပို့လာတဲ့ Url (သို) Mail ကို ကူးထည့်ပါ..။

 
 
 
 
 
 That All !!
 
နည်းလမ်း (၂) 
 
www.facebook.com သို့ *Login* ၀င်လိုက်ပါ။
 Account Settings ကို နှိပ်ပါ...

 
 Notifications Tab ကိုနှိပ်ပါ

facebook+notifications
 
မရောက်စေချင်တာတွေကို... ဘေးနားက Edit ကိုနှိပ်ပြီး.....

stop+facebook+notifications

  မိမိ မလိုချင်တာတွေ (သို့) မဝင်စေချင်တာတွေ ရွေးပြီး  Uncheck (အမှန်ခြစ်ဖြုတ်ပေးပြီး လုပ်ပေးပါ...

stop+facebook+notifications

 
Save and Change ကိုနှိပ်ပြီး Save လိုက်ပါ..။
 
ဝင်းကမ္ဘာကျော်
 
www.winkabarkyaw.net
 

GSM/ WCDMA လိုင်းကတ်နှစ်ကတ်သုံး Huawei 730 အမျိုးအစား နှစ်မျိုးဝင်ရောက်လာ

 
မျက်နှာပြင်ကျယ်တဲ့ GSM/ WCDMA လိုင်းကတ်နှစ်ကတ်သုံး Huawei G730 ဟန်းဆက် ဝင်ရောက်လာပါတယ်။ စကရင် ၅.၅  လက်မအရွယ်အစားဖြစ်ပြီး Android Version 4.2 လည်ပတ်မှုစနစ်နှင့် Emotion UI-2.0 ဗားရှင်းဖြစ်ကာ မြန်မာဖောင့်လည်း အဆင်ပြေစေမယ်လို့ သိရပါတယ်။ RAM 1 GB ထည့်သွင်းပေးထားပြီး ဟန်းဆက်အတွင်း မှတ်ဉာဏ်ပမာဏ 4GB ပါဝင်လာကာ Micro SD ကတ်ဖြင့် 32GB အထိ ထပ်မံတိုးမြှင့်နိုင်မယ်လို့ သိရပါတယ်။ Quad Core 1 GHz CPU ထည့်သွင်း အသုံးပြုထားပါတယ်။
 
8MP autofocus with flash နောက်ကင်မရာနဲ့ ရှေ့ကင်မရာတွေ ပါဝင်လာပါတယ်။ ဟန်းဆက်မှာ Globe Touch စနစ်ပါဝင်တာကြောင့် လက်အိပ်စွပ်ထားပေမယ့် Touch စကရင်ကို တို့ထိအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 
 
အဖြူ၊ အနက် အရောင်နှစ်မျိုး ရှိပါတယ်။ Service အာမခံ (၆) လ စနစ်နဲ့ဖြစ်ပြီး၊ ဈေးနှုန်းက ကျပ်တစ်သိန်းခွဲ ဝန်းကျင်ဖြစ်ပါတယ်။ Huawei G 730 နဲ့ ဖန်ရှင်တူတဲ့ CDMA 800 MHz နှင့် WCDMA ကတ်နှစ်ကတ် သုံးနိုင်မယ့် Huawei G730C လည်း ဝင်ရောက်လာပါတယ်။ ဈေးနှုန်းက ကျပ်တစ်သိန်းရှစ်သောင်း ကျော်ဝန်းကျင် ဖြစ်ပါတယ်။ 
MOBISTAR ဖုန်း-၀၉-၇၃၉၀၃၇၀၀ သို့ ဆက်သွယ် စုံစမ်းဝယ်ယူနိုင်ပါတယ်။


ကောင်းမြတ်ထွန်း၊ မန္တလေး
အင်တာနက်ဂျာနယ်

မိုဘိုင်းဖုန်းဆက်သွယ်ပြောဆိုမှု အခက်အခဲဖြစ်ပေါ်ပါက ဖြစ်ပေါ်သည့် နေ့ရက်၊ အချိန်၊ နေရာများကို တိကျစွာ ဆက်သွယ်ပြောကြားခြင်းဖြင့် ကူညီရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကဆို


မိုဘိုင်းဖုန်းဆက်သွယ်ပြောဆိုမှု အခက်အခဲဖြစ်ပေါ်ပါက Call Center ၏ (1876) ဖုန်းနံပါတ်သို့ ဆက်သွယ်ပြောကြားခြင်းဖြင့် ကူညီပေးရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောကြားသည်။

မိမိတို့ ဖြစ်ပေါ်နေသည့် အခက်အခဲများအား နေ့ရက်၊ အချိန်၊ နေရာများကို တိကျစွာပြောကြားခြင်းဖြင့် ကူညီပေးပါရန်နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ GSM/ WCDMA မိုဘိုင်းဖုန်းသုံးစွဲမှု အဆင်ပြေစေရန်အတွက် စက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်ဟု သတင်းထုတ်ပြန်သည်။ ယခုအခါ မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ပြောဆိုမှုများနှင့်အတူ Network Quality Improvement ဖြစ်စေရန်အတွက် Optimization လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

အဆိုပါ လုပ်ငန်းများဖြစ်သော စက်ချိန်ညှိခြင်းလုပ်ငန်း၊ တိုင်းတာစမ်းသပ်ခြင်း လုပ်ငန်းများကို ၃၁.၁.၂၀၁၄ ရက်အထိ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “ဒီရက်ပိုင်း လိုင်းကြပ်တာတော့  တော်တော်ဆိုးတယ်၊ ကိုယ့်ဖုန်းကို မသင်္ကာလို့ သူငယ်ချင်းတွေကို မေးကြည့်တော့ သူတို့ဖုန်းတွေလည်း လိုင်းကြပ်နေတယ်၊ တော်ရုံနဲ့ ခေါ်မရတာတို့ လိုင်းမကြည်တာတို့ ကြုံရတယ်လို့ ပြောတယ်။ 
 
ကျွန်တော့်ဖုန်းဒီလိုဖြစ်တာ နှစ်ပတ် ဝန်းကျင်လောက် ရှိပါပြီ” ဟု ၀၉၄၂ ဖုန်း ကိုင်ဆောင်သူ ကိုဖြိုးက ပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက နေပြည်တော်နယ်မြေနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  GSM/ WCDMA မိုဘိုင်း Network တွင် Vendor နှစ်ခုရှိနေသဖြင့် မိုဘိုင်းဖုန်းခေါ်ဆိုမှု အခက်အခဲရှိနေခြင်း၊ အသံအရည်အသွေး ကောင်းမွန်မှုမရှိခြင်းတို့ကို ပြုပြင်ရန်အတွက် စက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အဆိုပါ ဆောင်ရွက်ချက်နှင့်အတူ ဒေသတစ်ခုအတွင်း အသံအရည်အသွေး (Voice Quality) တစ်ခုတည်းရှိအောင် စက်ပစ္စည်းများ လဲလှယ်တပ်ဆင်ခြင်းတို့ကို တပြိုင်တည်း ဆောင်ရွက်ခဲ့ကြောင်း ဆိုသည်။ နေပြည်တော်နယ်မြေတွင် ၂၇.၁၁.၂၀၁၃ ရက်မှ ၆.၁၂. ၂၀၁၃ ရက်အထိ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၃.၁၂.၂၀၁၃ ရက်မှ ၂၉.၁၂. ၂၀၁၃ ရက်အထိ လည်းကောင်း တိုးချဲ့ လဲလှယ်တပ်ဆင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
 
 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် နေပြည်တော်နယ်မြေအတွင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း မိုဘိုင်းရေဒီယို စက်ပစ္စည်းများ လဲလှယ်တပ်ဆင်ပြီးစီး၍ စက်ချိန်ညှိခြင်း၊ တိုင်းတာစမ်းသပ်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းကို သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။


ထွန်းထွန်း
Internet Journal

Facebook System အားလုံးကို Myanmar Lunguage ပြောင်းနည်း လေးဖြစ်ပါတယ်.

ဒီနေ့ Facebook System အားလုံးကို Myanmar Lunguage ပြောင်းနည်းလေးရေးတင်လိုက်ပါတယ်။ ဒီနည်းကို ရေးတင်ရခြင်း ရည်ရွယ်ချက်မှာ မသိသေးသူတွေအတွက် ပညာတခု တိုးပွားစေချင် တာပါ။ မြန်မာစာနဲ့ ဆိုတော့ Facebook Setting တခုလုံးကို လိုသလို စိတ်ကြိုက် နားလည် စွာ မွှေနှောက် နိုင်မှာ ဖြစ်ပါတယ်။ 
တခုရှိတာက Facebook Myanmar Lunguage က Zawgyi.one ဖောင့်နဲ့ မကိုက်ညီတာ ပြဿနာ။ Myanmar3.ttf ဖောင့်မှ မြန်မာလိုကောင်းစွာမြင်ရမှာပါ။ ပြီးတော့ Myanmar3.ttf သုံးနေရင်လည်း Zawgyi.one ဖောင့် ကို ကြည့် လို့ မရပြန်ဘူး။ အဲတာပြသနာ သူငယ်ချင်းတို့ရေ။ အဲတာကြောင့် ဒီနည်းလေး အတိုင်း လုပ်ပြီး Facebook Setting ကို မြန်မာစာနဲ့ ၀င်မွှေနှောက်၊ ပြီးရင် Lunguage English ပြန်ပြောင်းပြီး Zawgyi.one နဲ့ပြန်သုံးပေါ့။ 
အခုကျနော်ရေးတင်ပေးတာလည်း မသိသေးသူတွေ အတွက် ပညာတခု တိုးပွားစေချင်တဲ့ သဘောပါ။ စမ်းကြည့်မှ တတ်မှာပါ။ ဒါကြောင့် စမ်းသပ်ချင်ရင် အောက်မှာ ပုံနှင့်တကွ ကျနော်ရေးပြတဲ့ အတိုင်း လုပ်စမ်းကြည့်လိုက်ပါ။ အရင်ဆုံး Myanmar3.ttf ဖောင့်ကို ဒီလင့်မှာ ဒေါင်းလိုက်ပါ။ ပြီးရင်  Facebook ရဲ့ ဒီလင့်ကို ၀င်လိုက်ပါ အောက်ကပုံလို မြင်ရပါမယ်။

ပြီးရင် ပုံမှာပြထားတဲ့အတိုင်း Lunguage ကို Edit ထဲဝင်ပြီး English (UK) နေရာမှာ မြန်မာဘာသာ ကိုပြောင်းပေးပါ။ ပြီးရင်တော့ Save Change ကို ကလစ်လိုက်ပါ။ အောက်ကပုံလို မြင်ရပါမယ်။

အဲတာဆိုရင်တော့ မြန်မာစာတော့ ရပါပြီ။ မြန်မာစာ အမှန်မြင်ရဖို့ကတော့ ခုနက ဒေါင်းထားတဲ့ Myanmar3.ttf ကို Install ပါ။ တကယ်လို့ Window XP မှာဆိုရင်တော့ Myanmar3.ttf ကို ကော်ပီပြီး Control Panel ထဲဝင်ပြီး Font ထဲမှာ Paste ချလိုက်ရင်လည်း အဆင်ပြေပါတယ်။ ပြီးရင် မြန်မာလို အားလုံးမြင်ရဖို့ကတော့ မော်ဇီလာမှာ Myanmar3.ttf ကို ပြောင်းပေးရမှာဖြစ်ပါတယ်။ 
 ပြောင်းနည်းတော့ ဒီလင့်မှာ ၀င်ကြည့်လိုက်ပါ။ ကျနော် Zawgyi.one ပြောင်းနည်းပဲရေးထားပါယ်။ အဲဒီ အတိုင်း ပဲ လုပ်ရမှာပါ။ Zawgyi.one နေရာမှာ Myanmar3.ttf ကို အစားထိုးပြောင်း ထည့်ပေါ့။ ပြီးရင်တော့ အောက်ကပုံလို သင့် Facebook အကောင့်ဟာ မြန်မာလို ကောင်းစွာမြင်နိုင်ပါပြီ။
ပြဿနာက Zawgyi.one နဲ့ Myanmar3 ဖောင့်က မတည့်ပြန်ဘူး။ ဒါကြောင့် မြန်မာတွေ zawgyi.one နဲ့ ရေးတဲ့စာကို အမှန်မမြင်ရပြန်ဘူး။ Facebook Setting လောက်ကိုပဲ မိမိစိတ်တိုင်းကျ နားလည်အောင် ၀င်မွှေ နှောက်ပြီးရင် Lunguage English ပြန်ပြောင်းပေါ့။ ဒီလင့်ထဲ ၀င်ပြီး ပြန်ပြောင်း လိုက်လို့ ရပါ တယ်။  မော်ဇီလာ ဖောင့်ကိုလည်း Zawgyi.one ပြန်ပြောင်းပေါ့။

အားလုံးကို Zawgyi.one နဲ့ ကိုက်ညီအောင် ပြောင်းရဖို့ကတော့ မရပါဘူးနော်။ ကျနော်က Facebook Developer မဟုတ်တော့ သူပေးတာကိုပဲ အဆင်ပြေအောင် ညှိ တတ်အောင် နည်းရေးတင်ပေးတဲ့ သဘောပါ။ ဒီလောက်ဆို မသိသေးတဲ့ သူငယ်ချင်းတွေ အားလုံး ရှင်းလင်း သဘောပေါက်လိမ့် မယ်ထင်ပါတယ်။
အားလုံးအဆင်ပြေပါစေ.......။
ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။
 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Download

အလုပ် များလွန်းလို့ စာ မဖတ်နိုင်ဘူး တဲ့လား ?

 
 
မည်သူ မဆို ညအိပ်ရာ ၀င်ချိန်၌ မနက် အိပ်ယာ ထချိန်ထက် နည်းနည်း ဖြစ်စေ အသိဥာဏ် ပညာ ပို ရှိနေ ရမည်။ သို့မဟုတ် ပါက လူသား တစ်ဦး အနေ နှင့် အကြီးမားဆုံး ပြစ်မှု ကို ကျူးလွန် ခဲ့ရာ ရောက်သည် တဲ့ ...။ လီယို ဗတ်စကာ ဂလီယာ က ဆိုသည်။


မှန်သည်။ လူသည် မနက်ထက် ညမှာ ပညာ ပို ရှိရမည်။ မနေ့က ထက် သည်ကနေ့ ပညာပိုရှိရမည်။ အသက် ကြီး လာသည် နှင့် အမျှ ဦးနှောက် အလေးချိန် ပိုစီး လာရ မည်။ သည် အတွက် ဘယ်လို လုပ်မည် နည်း။??? တစ်နည်း သာ ရှိသည်။

"စာဖတ်ပါ" ၊ ဒါပဲ။
နေ့စဉ် ဖတ်ပါ။ စာကောင်း ပေကောင်း ကို ရွေးဖတ် ပါ။ ကိုယ့် အလုပ် အတွက် ကိုယ့် ဘ၀ အတွက် အသုံးဝင် မည့် အရာ ကို ဦးစားပေး ရွေးဖတ် ပါ။ ညအိပ်ရာ ၀င်ကာ နီးတိုင်း သည် ကနေ့ ငါ့မှာ ဘာ အသိဥာဏ် ပညာ တိုး သလဲ ကိုယ့် ကို ကိုယ် စစ် ဆေး မေးမြန်း ပါ...။

တစ်ချို့က ပြော သည်။ အလုပ်တွေ များလွန်း လို့ စာအုပ် ဆိုတာ ကောက်တောင် မကိုင် နိုင်ဘူး တဲ့.. ဟုတ်ရဲ့ လား ???? ဘယ် လောက် တောင် အလုပ်များ နေလို့လဲ...၊??? ပါမောက္ခ အော်စလာ ထက် တော့ ပိုမများနိုင်ဘူးထင်သည်။

ပါမောက္ခ အော်စလာ (Sir William Osler) (၁၈၄၉ - ၁၉၁၉) ဟူသည် က ကမ္ဘာ့ ဆေး လောကမှာ ကျော်ကြား သည့် ကနေ ဒါ လူမျိုး သမား တော်ကြီး ဖြစ်သည်။ ဆေးပညာ ပါမောက္ခ တစ်ဦး အဖြစ် ဆေး ပညာရှင် အမြောက် အမြား ကို ကိုယ်တိုင် လေ့ကျင့် ပျိုးထောင် ပေးခဲ့ သည်။သူ ရေးသား ပြုစု သည့် ဆေးကျမ်း များ ကို ဖတ်ရှု ၍ ဆရာဝန် ဖြစ်လာ သူတို့ ကား ရေတွက် ၍ ပင် ရမည် မထင်။

သူ့အကြောင်း ကို အတ္ထုပတ္တိ ဆရာ များစွာတို့ ချီးပ ဂုဏ်တင် ရေးသား ခဲ့ကြ သည်။ သို့သော် ၄င်း ပုဂ္ဂိုလ် တို့သည့် သူ့အား ဆေး ပညာရှင် တစ်ဦး ဖြစ်ရုံမျှ အတွက် ဂုဏ်ပြု မှတ်တမ်း တင်ကြ ခြင်း မဟုတ်။ သူသည် ဆေးပညာ အရာ ၌ ကြီးကျယ်သူ ဖြစ်သည် မှန်၏ ။ သို့သော် ပို၍ ကြီးကျယ် သည်ကား သူ၏ နက်ရှိုင်း ကျယ်ဝန်း လှသော ပညာ ဗဟုသုတ ဖြစ်၏။

အော်စလာ သည် ဆေးပညာ သာ မဟုတ် အသိပညာ ဟုသမျှ ကို နှစ်ခြိုက် ခုံမင်သူ ဖြစ်သည်။ ခေတ် အဆက်ဆက် လူ တို့ တွေးခဲ့ ကြံခဲ့ လုပ်ကိုင် ခဲ့သမျှ ကို သူသိကြား ချင် သည်။ လူသား မျိုးနွယ် တစ်ရပ်လုံး ၏ တန်ဖိုး အရှိဆုံး အတွေ့ အကြုံ များ ကို သူ မှတ်သား နာယူ ချင် သည်။ သည် အတွက် အကောင်းဆုံး နည်း သည် စာဖတ်ခြင်း ပင် ဖြစ်ကြောင်း သူ သိသည်။

သို့သော် သည် ကိစ္စ အတွက် သူ့မှာ အခက်အခဲ ရှိသည်။ အခက် အခဲက သည် ကနေ့ စာဖတ်ချင် လျက် စာမဖတ် နိုင် ဖြစ်နေရ သည် ဆိုသူတွေ ပြောလေ့ ရှိကြ သည့် အလုပ် မအားခြင်း၊ သို့မဟုတ် အချိန် မရှိ ခြင်း။ ဆေး ကုသ ရသည်။ ဆေးပညာ သင်ကြား ပို့ချ ရသည်။ ဆေး သုတေသန လုပ်ငန်း များ ၌လည်း အာရုံ စူးစိုက် ရသေး သည်။ တစ်နေ့ (၂၄) နာရီ သည် သူ့ အတွက် အလွန် နည်းနေ ခဲ့သည်။ စာဖတ်ချိန် ရချင် လျှင် အိပ်ချိန် ထဲက ဖဲ့ယူရန် မှ တစ်ပါး အခြား နည်းလမ်း မရှိ တော့။

သို့နှင့် ည အိမ်ရာ ၀င်တော့ မည် ဆိုသည့် အချိန်တွင် စာ (၁၅) မိနစ် ဖတ်သည့် အလေ့ အကျင့် တစ်ခု သူ အစ ပြု ခဲ့သည်။ ည (၁၁) နာရီ အိပ်တော့ မည် ဆိုလျှင် စာ အတွက် (၁၅) မိနစ် အချိန် ထပ်ယူ။ (၁၁) နာရီ (၁၅) ကျမှ အိပ်။ အလုပ် များ ၍ ည (၁၂)နာရီ ထိုး သွားလျှင် လည်း နောက်ထပ် (၁၅) မိနစ် တိုး၊ သန်းကောင် ကျော်ပြီး (၁၅) မိနစ် မှ အိပ်။ အိပ်ကာ နီး (၁၅) မိနစ် စာဖတ် သည့် အလေ့ အကျင့် ကို လူလတ်ပိုင်း အရွယ် အလုပ်များ သော ဆရာဝန် ကြီိး ဖြစ်စ ကာလ မှာ ပင် သူရရှိ ခဲ့ပြီး ကွန်လွန် ကာ နီး အချိန်ထိ နေ့စဉ် မပျက် ကျင့်သုံး ခဲ့ရာ အနှစ် (၇၀) မျှ ရှည်လျား သော သူ့ သက်တမ်း ကာလ အတွင်း စာအုပ် စာတမ်း ကျမ်းပေါင်း များစွာ ကို ဖတ်ရှု ဖြစ်ခဲ့ သည်။

ပြိးပြီး ရော ဖတ်ရှု ခြင်း မျိုး မဟုတ်။ ကိုယ်တိုင် ဖတ်ရုံ ဖြင့် မတင်း တိမ်၊ နောက်လူ များ အတွက်ပါ ညွှန်း သွားခဲ့ သေး၏။ စာဖတ် ရန် အတွက် နည်းတူု အချိန် ကုတ်ကတ် ရယူကာ သူ ရေးသား ပြုစု ခဲ့သည့် သူ၏ စာအုပ် အညွှန်း ကျမ်းကြီး ၌ စာအုပ် စာ တမ်း ကျမ်းပေါင်း (၇၇၈၇) အုပ် ကို စနစ် တကျ ညွှန်းဆို ဖော်ပြ သွားခဲ့ သည်။

အဲ့ဒါ ပါမောက္ခ အော်စလာ ၏ စာဖတ်နည်း ဖြစ်သည်။

သင်ရော တစ်နေ့မှာ (၁၅) မိနစ်လောက် အချိန် ရှာမရနိုင်ဘူးလား ???

ည အလင်္ကာ
Ref : http://golden-land-myanmar-mm.blogspot.com/