Pages

Translate

Friday, January 3, 2014

2014 နှစ်သစ်နဲ့အတူ Samsung ရဲ့ ဖုန်းအသစ်တွေ မကြာမီလာမည်

တောင်ကိုရီးယားမှ စမတ်ဖုန်းထုတ်လုပ်သူကြီး Samsung ကတော့ မကြာခင်အချိန်အတွင်းမှာ ‘Galaxy S5’ စမတ်ဖုန်းနဲ့ အပြိုင် ‘Galaxy F’ ဆိုတဲ့ ဖုန်းအသစ်ကို ထုတ်လုပ်သွားမယ်လို့ သတင်းထွက်လာပါတယ်။ အဆိုပါဖုန်းရဲ့ အပြင်ဘက်ကိုယ်ထည်ဟာ သတ္တုနဲ့ ဖန်တီးထားတာဖြစ်ပြီး တောင်ကိုရီးယား သတင်းဌာန တစ်ခုကနေ ဒီသတင်းကို ရရှိတာဖြစ်ပါတယ်။
Samsung ရဲ့ နောက်ထွက်လာမယ့် Galaxy S5 ဟာလည်း သတ္တုကိုယ်ထည်နဲ့ ထုတ်လုပ်သွားမယ်လို့ သတင်းတွေ ထွက်ထားပါတယ်။ ဒါ့အပြင် Samsung အနေနဲ့ နောက်ထွက်မယ့် စမတ်ဖုန်းတွေမှာ သတ္တုကိုယ်ထည်ကိုသာ အသုံးပြုသွားမှာ ဖြစ်ပြီး သုံးစွဲသူတွေကို တန်ဖိုးကြီးတဲ့ ခံစားမှုမျိုး ပေးစွမ်းတော့မှာပါ။
သတ္တုကိုယ်ထည်နဲ့ ဖန်တီးသွားမယ်ဆိုတဲ့ Galaxy F ဟာ Samsung ရဲ့ 2014 ခုနှစ်အတွင်း ပထမဆုံး High-End စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။ နှစ်သစ်ရောက်လာခြင်းနဲ့အတူ စမတ်ဖုန်းအသစ်နဲ့ နည်းပညာအသစ်တွေဟာလည်း သင့်ရဲ့ လက်ထဲကို ရောက်လာတော့မှာပါ။ ဒီဖုန်းမှာ QHD 2K ရုပ်ထွက် (2560×1600) Display အသုံးပြုသွားမယ် လို့လည်း သိရပါတယ်။ Samsung ရဲ့ တရားဝင် ထုတ်ပြန်ကြေညာချက်ကိုတော့ စောင့်ရမှာ ဖြစ်ပေမယ့် မကြာခင်အတွင်းမှာပဲ ဒီလို အဆင့်မြင့် ဖုန်းတွေကို မြင်တွေ့ရတော့မှာပါ။
Source: gsmarena

0 comments:

Post a Comment