မျက်နှာပြင်ကျယ်တဲ့ GSM/ WCDMA လိုင်းကတ်နှစ်ကတ်သုံး Huawei G730 ဟန်းဆက်
ဝင်ရောက်လာပါတယ်။ စကရင် ၅.၅ လက်မအရွယ်အစားဖြစ်ပြီး Android Version 4.2
လည်ပတ်မှုစနစ်နှင့် Emotion UI-2.0 ဗားရှင်းဖြစ်ကာ မြန်မာဖောင့်လည်း
အဆင်ပြေစေမယ်လို့ သိရပါတယ်။ RAM 1 GB ထည့်သွင်းပေးထားပြီး ဟန်းဆက်အတွင်း
မှတ်ဉာဏ်ပမာဏ 4GB ပါဝင်လာကာ Micro SD ကတ်ဖြင့် 32GB အထိ
ထပ်မံတိုးမြှင့်နိုင်မယ်လို့ သိရပါတယ်။ Quad Core 1 GHz CPU ထည့်သွင်း
အသုံးပြုထားပါတယ်။
8MP autofocus with flash နောက်ကင်မရာနဲ့ ရှေ့ကင်မရာတွေ
ပါဝင်လာပါတယ်။ ဟန်းဆက်မှာ Globe Touch စနစ်ပါဝင်တာကြောင့်
လက်အိပ်စွပ်ထားပေမယ့် Touch စကရင်ကို တို့ထိအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အဖြူ၊ အနက် အရောင်နှစ်မျိုး ရှိပါတယ်။ Service အာမခံ (၆) လ
စနစ်နဲ့ဖြစ်ပြီး၊ ဈေးနှုန်းက ကျပ်တစ်သိန်းခွဲ ဝန်းကျင်ဖြစ်ပါတယ်။ Huawei G
730 နဲ့ ဖန်ရှင်တူတဲ့ CDMA 800 MHz နှင့် WCDMA ကတ်နှစ်ကတ် သုံးနိုင်မယ့်
Huawei G730C လည်း ဝင်ရောက်လာပါတယ်။ ဈေးနှုန်းက ကျပ်တစ်သိန်းရှစ်သောင်း
ကျော်ဝန်းကျင် ဖြစ်ပါတယ်။
MOBISTAR ဖုန်း-၀၉-၇၃၉၀၃၇၀၀ သို့ ဆက်သွယ်
စုံစမ်းဝယ်ယူနိုင်ပါတယ်။
ကောင်းမြတ်ထွန်း၊ မန္တလေး
ကောင်းမြတ်ထွန်း၊ မန္တလေး
အင်တာနက်ဂျာနယ်
g730cကwcdma သုံးရင်internet 3gတက်လား
ReplyDelete