Pages

Translate

Friday, January 3, 2014

အင်တာနက်ပိုမိုမြန်လာဖို့ Google နှင့် Facebook တို့ မြန်မာပြည်တွင်းမှာ ဆာဗာထိုင်ဖို့ ဆွေးနွေး


ရန်ကုန်၊ ဒီဇင်ဘာ (၂၉) ။ ။ ဂူဂဲလ်နဲ့ဖေ့ဘုတ်စ်ရဲ့ ဆာဗာတွေကို ပြည်တွင်းမှာ အထိုင်ထားရှိဖို့အတွက် ဆွေးနွေးနေတယ်လို့ သိရပါတယ် ။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးကျော်စိုးဝင်းက ' ပြည်တွင်းမှာ အခုဂူဂဲလ်တို့၊ဖေ့ဘုတ်စ်တို့ ဘေးချင်းကပ်သုံးနေပေမယ့် တစ်ယောက်နဲ့တစ်ယောက်ပို့ရင်တိုက်ရိုက်ဝင်တာမဟုတ်ဘူး ၊ ဒီကပို့တဲ့ဟာက ဟိုကိုပြန်သွားပြီးမှ ပြန်ဝင်လာတာ ၊ သူတို့ဆာဗာတွေဒီမှာလာထိုင်ဖြစ်ရင်တော့ ပြည်ပက ဆာဗာကိုထွက်စရာမလိုတော့ ပိုမြန်တာပေါ့ 'လို့ပြောပါတယ် ။

အဆိုပါကိစ္စအတွက် ဂူဂဲလ်နဲ့ဖေ့ဘုတ်စ်က စီစဉ်ပေးမယ်ပြောထားပေမယ့် ဆွေးနွေးနေဆဲလို့ သိရပါတယ် ။ အင်တာနေရှင်နယ်ဂိတ်ဝေးအဖြစ် အသံအသုံးပြုတာနဲ့ အင်တာနက်အသုံးပြုတာနှစ်မျိုးရှိပြီး ဂိတ်ဝေးနှစ်ခုလုံးက အမ်ပီတီရဲ့လက်အောက်မှာရှိပါတယ်။

နိုင်ငံတကာအော်ပရေတာတွေအပါအ၀င် အော်ပရေတာလေးဦး ၀န်ဆောင်မှုပေးတဲ့အခါမှာလည်း အမ်ပီတီရဲ့ ဂိတ်ဝေးကိုပဲဌားရမ်းအသုံးပြုဖွယ်ရှိတယ်လို့ သိရပါတယ်။

ဦးကျော်စိုးဝင်းက ' ဂိတ်ဝေးကထွက်မယ့်ဆက်ကြောင်းတွေကလဲ အမ်ပီတီမှာရှိတာပဲ ၊ ဆီးမီဝီသရီးဆိုတဲ့ ပင်လယ်ရေအောက်ကေဘယ်ဆက်ကြောင်းရှိတယ် ၊ ထိုင်း cross-border ဆက်ကြောင်းနဲ့ တရုတ် cross-border ဆက်ကြောင်းရှိတယ်၊ပြီးတော့ ဂြိုဟ်တုကနေသွားတဲ့ဟာရှိတယ် ၊ဆက်ကြောင်းလေးခုလုံးကို အမ်ပီတီတစ်ဦးတည်းပိုင်တာ'လို့ပြောပါတယ်။

လက်ရှိမှာဆီးမီဝီသရီးက မကြာခဏပြတ်တောက်လေ့ရှိတာကြောင့် အင်တာနက်လိုင်းတွေနှေးလေ့ရှိပြီး Bandwidth ပိုင်းမှာလည်း အားနည်းတယ်လို့သိရပါတယ် ။

ပြည်တွင်းမှာ ဒေတာစင်တာတွေနဲ့ ဂူဂဲလ်၊ဖေ့ဘုတ်စ်တို့လို ကုမ္ပဏီကြီးတွေရဲ့ဆာဗာတွေ အထုင်ရှိမယ်ဆိုရင် အင်တာနက်အသုံပြုမှုနှုန်း ပိုမိုလျင်မြန်လာမှာ ဖြစ်ပါတယ် ။ ဂူဂဲလ်မှတာဝန်ရှိသူ Eric Schmidt နဲ့ဖေ့ဘုတ်စ်မှတာဝန်ရှိသူတွေကပြည်တွင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ် ။

Author - ရဲလင်းလင်းသန်း

Kumudra
Ref : http://www.myanmarcnn.com

0 comments:

Post a Comment