Pages

Translate

Friday, July 12, 2013

Android Mobile Phone များတွင် Internet ချိတ်နည်းများ

Android Mobile Phone များတွင် Internet ချိတ်နည်းများ


1.GSM Internet Setting ထည့်နည်း(for Android)
Android  V4.0.3 အထက်သုံးသူများ အတွက်
Setting > More >Mobile Networks > Access Point Names  ကို ၀င်ပါ။
အခြား Version များအတွက်
Setting >Wireless and Network >Mobile networks >Access Point Names ကို ၀င်ပါ။
Access Point Names ကို ရောက် လျှင် (MEMU) ကို နှိပ်ပါ။

ပြီးရင် New APN ကို နှိပ်ပါ။

Internet Setting ထည့်နည်း
Name           ===>  MPT
APN              ===> mptnet
Username     ===> mpt
password      ===> မဖြည့်ပါ။
MCC             ===> 414
MNC             ===> 01
Authentication type ===> CHAP    ကိုရွှေးပါ။
APN type  ===> Internet ကိုရွေးပါ။
Menu ကို နှိပ်ပြီး Save ကို နှိပ်ပါ။
********************
2.CDMA 800MHz ဖုန်းတွေကို Internet Setting ချိတ်နည်း

Menu Key နှိပ်ပြီး Setting ထဲ ၀င်ပါ။ Wireless Network ထဲဝင်ပါ။
 ICS မှာ More ထဲဝင်ပါ။ Mobile Network ထဲဝင်လိုက်ပါ။ Access Point Names ထဲဝင်လိုက်ပါ။
 CTNET နဲ့ CTWAP ကိုတွေပါလိမ့်မယ်။ CTNET ထဲဝင်လိုက်ပါ။

Internet Setting ထည့်နည်း

  Name - CTNET 
APN - #777
Proxy - မထည့်ရပါ
Port - မထည့်ရပါ
Username - ကြိုက်တာရိုက်ပါ။
Password - ကြိုက်တာပေးပါ။
 Server - မထည့်ရပါ
Authentication type - PAP or CHAP
APN type - default
APN protocol - IPv4
APN Roaming protocol - IPv4
Bearer - Unspecified
Data Bearer - Package Data
Prompt password - #777

========================================================
3. ၁၅၀၀ တန် CDMA ဖုန်း ( Android handset အမျိုးအစား) များအတွက် အင်တာနက် Setting ထည့်နည်း

၁ – ဖုန်းရဲ့ Setting ထဲကိုဝင်ပါ
၂ – Wireless & networks ထဲဝင်ပါ (သို့မဟုတ်) Android version 4.0 နှင့်အထက်ဖုန်းများဖြစ်ပါက Wireless & Network ကဏ္ဍအောက်က More… ထဲသို့ဝင်ပါ။
၃ – Mobile networks ထဲကိုဝင်ပါ
၎ – Access Point Names ကိုဝင်ပါ
၅ – Menu Key ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ
၆ – အောက်ပါအတိုင်းလိုက်ဖြည့်ပါ
Name – မိမိနှစ်သက်ရာ (ဥပမာ – lamin )
APN – #777
Proxy – ဘာမှမထည့်ပါ
Port – ဘာမှမထည့်ပါ
username – lamin@c800.mm
Password – 0000
Server – ဘာမှမထည့်ပါ
MMSC – ဘာမှမထည့်ပါ
MMS Proxy – ဘာမှမထည့်ပါ
MMS Port -ဘာမှမထည့်ပါ
MMC – 414 လို့ပေါ်နေရပါမယ်
MNC – 01 လို့ပေါ်နေရပါမယ်
Authentication Type – PAP or CHAP
APN type – * ( * ဒါလေးပဲရေးလိုက်ပါ )
APN Protocol = IPv4 ကိုရွေးပါ
ဒါတွေအားလုံးပြီးသွားရင် menu key ကိုနှိပ်ပြီး Save (or) Done ကိုနှိပ်ပါ
------
ဒါက Comment မှာ KILLER MHDR ဆိုတဲ့ မိတ်ဆွေတစ်ယောက် ရေးသွားတာ..
1. APN NAME (MPTNET ,MECTEL) -ဒိအပြင် မိမိကြိုက်နှစ်သက်သည့်NAMEပေးနိုင်သည်။
2.USER NAME (cdma@c800.mm, card@c800.mm) ၄င်းနှစ်ခုအနက်တစ်ခုကိုအသုံးပြုနိုင်သည်။
3.PASSWORD (card,cdma) တို့ကိုတစ်ခု(သို့)တစ်ခုအသုံးပြုနိုင်ပါသည်။
၎င်းsetting သည်cdma usb modem နှင့်usb router နှင့်အသုံးပြုရန်ဖြစ်သည်။
******************************************************
4.ဖုန်းအင်တာနက်ကွန်နက်ရှင်ကိုဖွင့်နည်း

ဖုန်းကနေ အင်တာနက်စတင်သုံးစွဲမယ်ဆိုရင် အောက်ပါအတိုင်းလုပ်ရုံပါပဲ။
၁ – setting ကိုဝင်
၂ – Wireless & Networks ထဲကိုဝင်
၃ – Mobile Network ထဲကိုဝင်
၎ – Data Enable ကို အမှန်ခြစ်ပေးလိုက်ပါ
ဒါဆိုရင် သင့်ဖုန်းရဲ့ Notification Bar ( အပေါ်ဘက် လိုင်းအားပြသောနေရာ နံဘေး) တွင်
အပေါ်တက်အောက်ဆင်း မြှားလေးတစ်ခုပေါ်လာပါ့မယ် အင်တာနက်စသုံးလို့ရပါပြီ။

အထက်မှာ ဖေါ်ပြခဲ့တာတွေဟာ ကျွန်တော့်ဆီမှာတင်ထားတာတွေကိုရော. အင်တာနက်မှာ ရှာဖွေလို့ရတာတွေကိုရော စုပေါင်းပြီးတင်ပေးလိုက်တာဖြစ်ပါတယ်.. အားလုံးကို ကျွန်တော် စမ်းသပ်ပြီး အဆင်ပြေပါတယ်... ရေးသားခဲ့သူတွေက များတော့ အားလုံးသော ရေးသားသူများကို Credit ပေးပါတယ်..

လေးစားလျက်

Y210-2010 (Y210C) CDMA 800MHz Mectel Internet Setting ချိန်နည်း


2.3.6 မှာဆိုပထမဆုံး Setting>Wireless & netword ထဲက Mobile Network ထဲကို ၀င်ပါ
4.0.4 နဲ့ အထက်မှာဆိုရင် Setting>More>Mobile Network ထဲကို ၀င်ပါ
ပြီးရင် Access Point Name ထဲကို ၀င်ပါ
ပြီးရင် Menu Key ကို နှိပ်ပါ
ပြီးရင် CTNET ထဲကို ၀င်ပါ

အဲ့ဒီထဲမှာ
(၁) Name-Mectel
(၂) APN  -#777
(၃) Username - cdma@c800.mm
(၄) Password - cdma

ဒါပဲရိုက်ပါပြီးရင် Menu Key ကိုနှိပ်ပြီး Save ကိုနှိပ်လိုက်ပါ ပြီးရင် Internet ပွင့်ပြီး
3G တက်ပါပြီဗျာ......

အဆင်ပြေပါစေ..

ကွန်ပျူတာရဲ့ အင်တာနက် ကို USB နဲ့ချိတ်ပြီး ဖုန်းနဲ့သုံးနည်း


လိုအပ်ချက်တွေကတော့
1.PC ( Personal Computer ) မှာ အင်တာနက်ချိတ်ထားရပါမယ်..
2. မိမိအသုံးပြုမယ့် Android Phone ဟာ Root ဖောက်ပြီးသားဖြစ်ရပါမယ်..
3. မိမိဖုန်းနဲ့ချိတ်ဆက်မယ့် USB ကြိုးဟာ ကောင်းမွန်မှန်ကန်နေရမှာဖြစ်ပါတယ်..

လုပ်နည်း
1. မိမိဖုန်းမှာ USB Debugging ကို On ထားရမှာဖြစ်ပါတယ်... သာမန်အားဖြင့် Settings>>Application>>Development>>USB Debugging မှာအမှန်ခြစ်ရပါတယ်.. Android 4.2 နှင့်အထက် သမားတွေကတော့ ဒီမှာ ဖတ်ကြည့်ပါ...
2. မိမိဖုန်းနဲ့ ကိုက်ညီတဲ့ Driver ကို PC မှာ Install လုပ်ပါ... မရှိရင် ဒီမှာ ဒေါင်းပါ... Driver Install လုပ်ပြီးရင်တော့ ဖုန်းနဲ့ ကွန်ပျူတာကို USB သုံးပြီး ချိတ်ဆက်လိုက်ပါ...
3. အောက်မှာပေးထားတဲ့ လင့် တစ်ခုခုကနေ ဖိုင်ကို ဒေါင်းလိုက်ပါ.. တစ်ခုက ဒေါင်းရင်ရပါပြီ...

Dev-Host    Solidfiles   Mediafire

4. ဒေါင်းလို့ရလာတဲ့ဖိုင်ကို ဖြည်လိုက်ပါ... အဲဒီထဲက Android ပုံလေးနဲ့ Android Tool.exe ကို Run လိုက်ပါ...
5. ပေါ်လာတဲ့ဘောက်မှာ Select Device ဆိုတဲ့အကွက်ကိုနှိပ်ပြီး ကိုယ့်ဖုန်းအမျိုးအစားကို ရွေးပေးပါ... မတွေ့သေးရင် Refresh ကိုနှိပ်ပါ... (ဒါမှ မတွေ့ရင်တော့ Driver ပြန်တင်ပါ.. Driver မသိလို့ပါ) ကိုယ့်ဖုန်းကိုသိပြီဆိုရင် Connect ကိုနှိပ်လိုက်ပါ... လိုအပ်တဲ့ ဖိုင်တွေကို Install လုပ်နေပါလိမ့်မယ်..


6. ခဏကြာရင်တော့ မိမိရဲ့ဖုန်းမှာ SuperUser Request တောင်းတာကို မြင်ရပါလိမ့်မယ်.. Remember ကို အမှန်ခြစ်ပြီး Allow ကိုနှိပ်ပေးလိုက်ပါ...


7. အားလုံးပြီးသွားရင်တော့ ဖုန်းကနေ ကွန်ပျူတာရဲ့ Internet ကို ယူသုံးလို့ရပါပြီခင်ဗျာ...

တစ်ချို့ အခက်အခဲတွေ့နိုင်ပါတယ်... သေသေချာချာ လုပ်ကြည့်ပါ.. အဆင်ပြေပါတယ်.

ဒါလုပ်ပြီးသွားရင်တော့ ကိုယ့်ဖုန်းကနေ Wi-Fi နဲ့တောင် ပြန်လွှင့်နိုင်ပါသေးတယ်... 

အဆင်ပြေကြပါစေခင်ဗျာ...


ကျွန်တော်သိသော iPhone မှ Wifi ပြန်လွှင့်နည်း


စိုးကြီးးး: အကိုရေ iph ကနေ wifi လွှင့်လို့ရအောင်ဘယ်လိုလုပ်ရမလဲ iph version 5.1.1 ပါ (Cbox)
soe htay Lin : အကိုရေ iph ကနေwifi ပြန်လွှင့်တဲ့ software ကို cydia ကနေဘယ်လိုဒေါင်းရမလဲ ဆိုတာလေးပြာပေးလို့ရမလား ကျွန်တော်က iph ကနေ wifi ပြန်လွှင့်ပေးချင်လို့ပါ ကျွန်တော့ iph က version  5.1.1 ပါ (Email)

ကိုစိုးကြီးအပါအ၀င် မသိသေးသူများအတွက် ကျွန်တော်သိတာလေးပြောပြပေးလိုက်ပါတယ်..

Setting ကနေ ပြုလုပ်နည်း
1. Setting>General>Celluler ကိုနှိပ်လိုက်ပါ..


2. ပြီးရင် Personal Hotspot ကိုထပ်နှိပ်လိုက်ပါ.. ပြီးရင် Personal Hotspot ကို on ပေးလိုက်ပါ..


3. Password ထားချင်ရင်တော့ Wi-Fi Password ကိုတစ်ချက်နှိပ်ပြီး Password ပေးနိုင်ပါတယ်..

Application ဖြင့် ပြုလုပ်နည်း
iOS အတွက် Wi-Fi ပြန်လွှင့်ဖို့တော့ MyWi ဆိုတဲ့ App ကိုသုံးတာပဲသိပါတယ်.. ဒါကြောင့် MyWi ကိုပဲ ညွှန်ပါရစေ.
1.ဒီ App ကိုသုံးမယ်ဆိုရင် Jailbreak လုပ်ပြီးသားဖြစ်ရပါမယ်.. Cydia ထဲမှာ MyWi ကိုရှာပြီး ဒေါင်းရမှာဖြစ်ပါတယ်.. Free မရပါဘူး.. 9.99 ဒေါ်လာကျသင့်မယ်လို့ဆိုပါတယ်.. ဖရီးရတာကတော့ အခြားဆိုဒ်တွေမှာ သီးခြားဒေါင်းဖို့လိုမယ်ထင်ပါတယ်..
2. ဘယ်လိုနည်းနဲ့ပဲရရပေါ့.. MyWi ကိုရရင်တော့ Install လုပ်လိုက်ပါ.. ပြီးရင် ဖုန်းကို Reboot လုပ်ပေးရမှာဖြစ်ပါတယ်..
3. ဖုန်းပြန်ပွင့်လာရင် MyWi ကို Run လိုက်ပြီး WiFi Tethering ကို On ပေးလိုက်ပါ.
4. ဒါဆိုရင်တော့ Wifi Name မှာ နာမည်ပြောင်းလို့လည်းရပါတယ်.. Password ခံထားချင်ရင်တော့ Web Security ကို On ထားပေးရပါမယ်..
5. Tethering အောက်က USB and Bluetooth ကို On ပေးလိုက်ပါ..
ဒါဆိုရင်  Status မှာ WiFi Broadcasting ဆိုပြီး ကိုယ့် WiFi နာမည်လေးပေါ်နေပါလိမ့်မယ်...



အဆင်ပြေမယ်လို့ယုံကြည်ပါတယ်.. ကျွန်တော့်မှာ လက်တွေ့ပြစရာ iDevice ဆိုလို့ မူးလို့တောင် ရှုစရာမရှိတဲ့အတွက် တစ်ခြားနည်းတွေနဲ့ ဝေေ၀ဆာဆာ မပြနိုင်တာ နားလည်ပေးပါ..

MyWi ကို အောက်ကလင့်မှာလည်း တွေ့ထားပါတယ်.. Cydia မလိုပါဘူး.. ဒီပို့စ် တင်နေတဲ့အချိန်ထိတော့ လင့်တွေ ကောင်းနေပါသေးတယ်..

အဆင်ပြေပါစေ...




 

လိပ်လိုနှေးတဲ့ Internet စနစ်ကနေ ဒုံးပျံလိုမြန်တဲ့ Internet ဖြစ်အောင် Software မလိုဘဲ လုပ်ရအောင်

 


လိပ်လိုနှေးတဲ့ Internet စနစ်ကနေ ဒုံးပျံလိုမြန်တဲ့ Internet ဖြစ်အောင်ဆိုတဲ့ ခေါင်းစဉ်နဲ့အရင်က ပို့စ် တစ်ပုဒ်တင်ပေးခဲ့ဖူးပါတယ်.. ကျွန်တော့်ဘလော့ရဲ့ Popular စာရင်းထဲမှာ ဒုတိယနေရာလိုက်နေဆဲပါပဲ.. အဲဒီပို့စ်မှာတင်ထားတဲ့ App ကိုလည်း ဒေါင်းကြတာ သိပ်ကိုများပါတယ်.. App နာမည်က de.mangelow.network.apk ဖြစ်ပါတယ်.. အခုပြောပြမှာက အဲဒီ App မလိုဘဲ လုပ်နည်းပါ.. သိပြီးသားလူတွေကတော့ မောင်ပေါက်ကို ခပ်ပေါပေါပဲကွာလို့ ထင်ကောင်းထင်နိုင်ပါတယ်.. မသိသေးတဲ့ ကျွန်တော့်ကို လူအတွက်ကတော့ သိပ်တန်ဖိုးရှိမှာပါ...
ဒီလိုပါ.. မိတ်ဆွေရဲ့ ဖုန်းဟာ Android သုံးထားတဲ့ ဖုန်းဆိုရငပေါ့..
1. မိတ်ဆွေရဲ့ ဖုန်းဟာ Android သုံးထားတဲ့ ဖုန်းဆိုရင် ဖုန်း Call ဘောက်ထဲမှာ *#*#4636#*#* လို့ ရိုက်ထည့်လိုက်ပါ.. ကုဒ်ကအလုပ်လုပ်ပြီး နာမည် (၄)ခု ကျလာပါမယ်..
2. အဲဒီနာမည် (၄)ခုထဲက  Phone Information ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ.. တကယ်လို့များ Sim Card 2 ကဒ်သုံးလို့ရတဲ့ဖုန်းဆိုရင် SUB 1 နဲ့ SUB 2 ဆိုပြီး ထပ်ပေါ်လာပါတယ်.. ကိုယ်က Card 1 မှာဆိုရင် SUB 1 ၊ Card 2 မှာဆိုရင် SUB 2 ကိုရွေးပေးလိုက်ပါ..
3.ါဆိုရင် Phone Info ဆိုတဲ့ခေါင်းစဉ်နဲ့ IMEI နံပါတ်.. Phone number (ဒါကတော့ နံပါတ်ပြချင်မှပြမှာပါ.. ကျွန်တော့်ဖုန်းမှာ မပြပါဘူး)၊ Current network မှာ Myanmar Post and Telecommunication စတဲ့ စာသားတွေမြင်ရမှာပါ.. ခုပြောမှာက အဲဒါနဲ့တော့ မဆိုင်ပါဘူး.. အာက်ကိုရွှေ့ပြီး   အောက်နားမှာ Set preferred network type: ဆိုပြီး ရှိတယ်.. အဲဒီစာလေးနဲ့ကပ်လျက်အောက်မှာ အဖြူပြားပေါ်မှာ Network Type ရှိပါတယ်.. GSM ဆို GSM , CDMA ဆို CDMA, WCDMA ဆိုရင် WCDMA ဆိုတဲ့စာတွေနဲ့ တွေ့ရပါမယ်.. အဲဒါကို တစ်ချက်နှိပ်လိုက်ပါ..
အောက်ကပုံလေးလို ကျလာပါလိမ့်မယ်..


4. ကျလာတဲ့ List ထဲမှာ GSM နဲ့ WCDMA သမားတွေက WCDMA only ကိုရွေးပေးလိုက်ပါ.. CDMA သမားတွေက EvDo only ကိုရွေးပေးလိုက်ပါ...ဒါပါပဲ.. ဆော့ဝဲနဲ့လုပ်သလို မြင်ကွင်းမျိုးလေ.. ဒါဆိုရင်တော့ မိတ်ဆွေရဲ့ နက်ဝပ်စနစ်ဟာ 3G မှာ ကောင်းကောင်းအလုပ်လုပ်ပြီး မြန်ဆန်တယ်ဆိုတာ လက်တွေ့သိပါလိမ့်မယ်.. 

 ဒါဆိုရင် အောက်ကပုံလို ဖြစ်သွားမယ်လေ..




တိပြုရန်၊ အထက်ကပြောခဲ့တဲ့ နည်းလမ်းတွေဟာ 3G Internet စနစ်မိတဲ့နေရာတွေမှာသာသုံးနိုင်မှာဖြစ်ပါတယ်.. 3G စနစ်မမိရင်တော့ လိုင်းပါပျောက်သွားပါလိမ့်မယ်.. စိတ်မပူပါနဲ့.. ခုနက အဆင့်တွေထဲက အဆင့် ၃ ထိ လုပ်လိုက်ပြီး အဆင့် (၄)မှာတော့  GSM ဆိုရင်  GSM auto ဒါမှမဟုတ် GSM only ကိုရွေး၊ WCDMA သမားက WCDMA preferred ကိုရွေး၊ CDMA သမားက CDMA auto ဒါမှမဟုတ် CDMA only ကိုရွေး၊ GSM နဲ့ CDMA နှစ်ကဒ်စိုက်သမားက GSM/CDMA auto ကိုရွေးပေးလိုက်ပါ.. လိုင်းပြန်တက်လာပြီး မူရင်း Internet အမြန်နှုန်းအတိုင်းပဲ လိပ်ကလေးလို ပြန်ရပါလိမ့်မယ်.. လိုင်းတော့ မပြတ်တော့ပါဘူး... တစ်ချို့ဖုန်းတွေမှာ ကုဒ်တွေ အလုပ်မလုပ်တာတွေ့ရပါတယ်.. ဒါဆိုရင်တော့ App လေးသုံးလိုက်ပေါ့.. ဒီမှာ တင်ထားတယ်

အဆင်ပြေပါစေနှော်..
 

CDMA 800 ကို Computer နဲ့ချိတ်ပြီး Internet သုံးနည်း


CDMA 800 Mhz  Mobile ဖုန်းကို  Moden အနေနဲ့သုံးပြီး အင်တာနက်အသုံးပြုမယ်ဆိုရင် XP နဲ့ အထက် Windows 7 အထိ Support လုပ်ပါတယ်။ ပထမဆုံး Driver ထည့်သွင်းရမှာဖြစ်ပါတယ်။ စက်ဝယ်စဉ်မှာ တပါတည်း ပါလာတဲ့ Driver and PcSuite  ရှိပါတယ်။ နောက်ပြီး Dial ဆိုတဲ့ Software လေးကို ထည့်သွင်းပေးမယ်ဆိုရင်တော့ ပိုပြီး မြန်ဆန် လွယ်ကူမှာ ဖြစ်ပါတယ်။ Sim Card ထည့်သုံးရတဲ့ USB Moden တွေကို သုံးမယ်ဆိုရင်လည်း ဒီအဆင့်တွေအတိုင်း အသုံးပြုနိုင်ပါတယ်။

Driver နဲ့ Software တွေပါတဲ့အခွေကို  CD-Rom ထဲကိုထည့်ပါ။

Driver နှင့် PC suite ကို ရွေးချယ်ပြီး Install ပြုလုပ်ပေးပါ။

ရွေးချယ်ရာတွင် OS Version (windows XP / Windows 7) နှင့် bit (32bit / 64bit) ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ကွန်ပျူတာ တော်တော်များများက 32bit တွေပဲဖြစ်ပါတယ်။

Handset > Menu > Setting > Connectivity Setting > Phone Mode

(Handset ကို moden အနေနဲ့ သုံးမှာဆိုရင် Handset ကို Moden Mode ထားပေးပါ။ Moden Mode မပါဝင်ပါက USB Storage Mode ကို Disable လုပ်ထားပေးပါ။)

Dial Up Software ထည့်သွင်းထားပါက Dialup Icon မှဝင်ပြီး ပြင်ဆင်ပေးရပါမည်။

အကယ်၍ Dialup Software ထည့်သွင်းထားခြင်းမရှိပါက

Netwrok ထဲမှတစ်ဆင့် Setup a new connection or network  ကိုရွေးပါ။ Next ကိုနှိပ်ပါ။

Dial-up phone number တွင် #777 ကိုထည့်သွင်းပေးပါ။

User Name တွင် yourname@c800.mm ကိုထည့်သွင်းပေးပါ။

Password တွင် စိတ်ကြိုက် Password ထည့်ပေးပါ။

Remember this password ကိုရွေးချယ်ပေးထားပါ။

Connection Name တွင် CDMA 800 ထည့်ပေးထားခြင်းဖြင့် အခြား Dial-up setting များနှင့် ခွဲခြားသိမြင်နိုင်ပါမည်။

Allow other people to use this connection ကိုရွေးချယ်ပေးပါက မည်သည့် User Account ဖြင့် Login ဝင်သည်ဖြစ်စေ ဤ Dial-up Setting ကိုအသုံးပြုနိုင်မည်ဖြစ်ပါသည်။

ထို့နောက် အသုံးပြုမည့် Browser တွင် No Proxy ပြောင်းထားပေးပါ။



Internet Explorer



Tools > Internet Option > Connection > တွင်

Dial-up and Virtual Private Network settings တွင်

CDMA 800 ကို အမှန်ချစ်ပြီး Dial whennever a network connection is not present ကိုရွေးပါ။ ဒါမှ အခြား Network Cable နဲ့ Wifi တွေကို မမိတော့တဲ့ အချိန်တွေမှာ Dial-up ကိုအသုံးပြုဖို့ ရွေးချယ်ပါလိမ့်မယ်။

Local Area Network (LAN) settings တွင်

LAN setting ကိုနှိပ်ပြီး Automatically detect settings တစ်ခုသာ အမှန်ချစ်ပြီး ကျန်သည့် အမှန်ချစ်များအား ဖြုတ်ပစ်ပါ။

Ok > Ok နှိပ်ပြီး ပိတ်လိုက်ပါ။



Mozilla Firefox



Tools > Options > Advanced > Network > Setting > NoProxy ကိုရွေးပေးပါ။

ဤ Setting များပြီးဆုံးပါက CDMA 800 EVDO ကိုအသုံးပြု၍ Computer တွင် အင်တာနက် အသုံးပြုနိုင်ပါပြီ။

အပေါ်မှာပါတဲ့အတိုင်း အင်တာနက်တွေတော့ သုံးနိုင်ပါပြီ။ သို့သော် ကိုယ်သုံးတာက ၁ နာရီ  Bill ဆောင်ရတာက ၄~၅ နာရီစာ ဖြစ်နေပါတယ်။ အဲတာ  ဘာကြောင့်လဲ။ အင်တာနက် အသုံးပြုပြီး ဒီတိုင်း Browser ပိတ်ရုံ Close လိုက်ရုံနဲ့  Bill ကပိတ်မပိတ်သွားပဲ ဆက်ပြီးတက်နေပါတယ်။ အဲတာကို သုံးပြီးရင် Bill မတက်အောင် Mobile တွေမှာဆိုရင် အပေါ်ကနည်းတွေအတိုင်း APN တစ်ခုထပ်ပြီး ပြုလုပ်ပေးပါ။

နာမည်ကို Disable လို့ပေးပါ

APN မှာ #  တစ်ခုတည်း ထည့်ပေးပါ။

Proxy တွေ မထည့်ပေးပါနဲ့။

ပြီးရင်သိမ်းထားပေးပါ။

အင်တာနက် မသုံးတဲ့အချိန်တိုင်း Disable APN ကိုရွေးထားပေးပါ။ ဒါဆိုရင် အသုံးမပြုတဲ့အချိန်အတွက် Bill မဆောင်ရတော့ပါဘူး။
 

 

CDMA 800mhz ကို အင်တာနက်ချိတ်ဆက်နည်း


Cbox မှာ mgpaukkyaine ရေးသွားတာ တစ်ပိုင်းတစ်နဲ့ပါ.. ဒါပေမယ့် ကျွန်တော် ရှာဖွေပြီး တင်ပေးလိုက် ပါတယ်.. ဒီရက်ပိုင်း သိပ်နေမကောင်းဘူး.. ပြီးတော့ မကျွမ်းကျင်သေးတဲ့ wordpress နဲ့ ၀က်ဆိုဒ်တစ်ခု လုပ်ဖို့ ပြင်ရင်းပြင်ရင်း အဆင်မပြေတာလေးတွေဖြစ်နေလို့ ပို့စ်တွေမတင်ဖြစ်ပါဘူး.. ကျွန်တော် Huawei c8600 Android နဲ့ ဥပမာထားပြီး ပြောပြသွားပါမယ်.. အောက်က အဆင့်တွေအတိုင်း လုပ်သွားရင် ရပါပြီ..
ဒီဖုန်းမှာ ထည့်သွင်းနည်းကို ကြည့်ပြီး အခြား Android နဲ့ ထည့်သွင်းနိုင်ပါတယ်။
1.Setting ကိုဝင်ပါ။
2.Wireless ကိုရွေးချယ်ပါ။
3.အောက်ဆုံးမှာ ရှိတဲ့ Mobile Networks ကိုရွေးချယ်ပါ။
4.Access Point Name ရှိပါတယ် ရွေးပေးပါ။ New APN ကိုရွေးချယ်ပါ။
Name ကိုမိမိနှစ်သက်ရာ နာမည်ပေးပါ။
5.APN မှာ #777 ကိုထည့်ပေးပါ။
6.User Name မှာ စိတ်ကြိုက်အမည်နောက်က @c800.mm လို့ရွေးပေးပါ။ ဥပမာ maungpauk@c800mm.com
7.Password မှာ ကြိုက်တဲ့ Password ပေးပါ။
8.Proxy မှာ 192.168.50.16 ထည့်သွင်းပေးပါ။
9.Port မှာ 8080 ထည့်ပေးပါ။
ပြီးရင် မှန်မမှန် ပြန်လည်ကြည့်ပြီး Save ဒါဆိုရင်ရင်တော့  APN ထဲမှာ ကိုယ်ပေးခဲ့တဲ့နာမည် (maungpauk)ဆိုပြီး ပေါ်နေလိမ့်မယ်
အဲဒါလေးကို ရွေးလိုက်ပါ
ဒါဆိုရင် အင်တာနက်သုံးလို့ရပါပြီ

အဆင်ပြေပါစေ... 

ဖုန်းဖြင့် အင်တာနက် အသုံးစရိတ်အား မကျအောင်ပြု့ လုပ်နည်း

http://img.wonderhowto.com/img/98/25/63478911316828/0/have-nfc-enable-phone-hack-could-hijack.w654.jpg
မင်းစိုးရာဇာ ရဲ့ပို့စ်ဖြစ်ပါတယ်.. ပိုက်ဆံမကုန်ရင် သူ့ကို ကျေးဇူးတင်သင့်တယ်လေ..
 ဒီနည်းလေးက လွန်ခဲ့တဲ့ ၂ ပတ် လောက်က ကျွန်တော် ဖုန်း error လေးတစ်ချို့ ကနေ ဆက်ဆက် တွေးမိသွားတာဖြစ်ပါတယ်..
အခုဆိုရင် MPT (ဆက်သွယ်ရေး) လိုင်းအား တိုက်ခိုက်မူများဖြစ်ပေါ်နေပါတယ်.. လွန်ခဲ့တဲ့ လအနည်းငယ်က ဖုန်း ဘေလ် စနစ်အား ပို မို ဖျက်တောက်မှုများဖြစ်ခဲ့ပါတယ်.. ဥပမာ ၁မိနစ် ၅၀ ကျပ်အား ၁၀မိနစ်လျှင် ၂၀၀၀ လောက်ကို ငွေဖျက်ချသွားပါတယ်..
ဒီလိုနဲ့  ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ချို့ ပြောတာကတော့ သူတို့ မှာ ဖုန်းဘေလ် ကုန်ကျမှုကို တွက်ချက်သောစနစ်မှာ မှားယွင်း မူ တစ်ချို့ ရှိနေခဲ့တယ်လို့ သိရှိလိုက်ရပါတယ်.. လွယ်လွယ်ပြောရင် စက်တွေကစုတ်ပြီး ကြောင်ကျား ဖြစ်နေ
တယ်ပေါ့ဗျာ... ကျွန်တော် စတင်တွေး မိတာက ဖုန်းကို ငွေဖျက် စနစ်တောင် error တွေရှိနေတယ်ဆိုတော့ တစ်ခြားတွေမှာလဲ အယ်ရာတွေရှိနိုင်တယ်ဆိုတာပါဘဲ။ စတင် စမ်းသပ်တုန်းက တစ်ခြား ပာာပါ ဒါပေမယ့် တစ်နေ့ မှာတော့ ကျွန်တော် ဖုန်းကို Computer နဲ့ ချိတ်ဆက်ပြီး အင်တာနက်အသုံးပြု့ နေချိန်မှာ ဖုန်းက ပါဝါကုန်ပြီး ပိတ်သွားခဲ့ပါတယ်.. ကျွန်တော်ပိန်းချက် ဘာမှန်းမသိညာမှန်းမသိနဲ့ .. SIM Card တွေဘာတွေထုတ်ကြည့် မိပါသေးတယ်.. နောက်ပြီး ကျွန်တော် ဘတ်ထရီ ကုန်တယ်ထင်ပြီးအားပြန်သွင်းကာ သူငယ်ချင်းတစ်ယောက်အား ဖုန်းဆက်ရင် ဖုန်းဘေလ် မည်မျှရှိမည်ကို ကြည့်မိချိန်မှာတော့ အားအား သင့်စရာတစ်ခု ၇ှိလာပါတယ်တစ်ခြားမပာုတ်ပါဘူး ။ ကျွန်တော် အင်တာနက် မသုံးခင်က ဖုန်းတွင်းရှိငွေပာာ 600 ကျော်လေးဘဲကျန်ပါတယ်.. ၂နာရီလောက်သောက်ပြီး ပြန်ကြည့်ချိန်မှာ ၆၀၀ ကျော်ပါဘဲ.. ဒါနဲ့ စတင် အယ်ရာ ကို ရှာဖွေပါတော့တယ်..
ကျွန်တော်ယောင်ဝါးဝါး ပါဘဲ ဒါပေမယ့် လွန်ခဲ့တဲ့ရက်အနည်းငယ်က facebook မှာ အစ်ကိုတစ်ယောက်က အခုနည်းကို လာပြောပြတော့ ကျွန်တော်ပြန်သိလိုက်ရတာက ဒါလုပ်လိုက်လို့ ဒီလိုဖြစ်သွားတယ်ဆိုတာပါဘဲ..
ကျွန်တော့ဖုန်းက GSM ပါ ကျွန်တော်လက်ရှိသုံးနေတဲ့အမျိုးအစားက Samsung ဖုန်းပါ ပုံလေးတည်းကဖုန်းနဲ့ တူတူပါဘဲ.. ကျွန်တော်တို့  မှာ တစ်နေ့ တစ်နေ့ ဘလော့ တင်ဖို့  ဖုန်းကနေ အင်တာနက် အသုံးစရိတ်ကုန်ကျမှုများပါတယ်.. ဒီလို မကုန်ကျရအောင်ဒီနည်းလေးကို မျှဝေပေးလိုက်ပါတယ်..
အရင်ဆုံး သင့် ဖုန်းနဲ့  ကွန်ပျူတာကို အင်တာနက် ကွန်နရှင် ချိတ်ဆက်ပေးပါ..
ပြီးရင် ၀အောင် သုံးပါ..သုံးလို့ ဝပြီဆိုရင်တော့ Disconnet လို့ မလုပ်ပါနဲ့ .. ဖုန်းကို ဘတ်ထရီ ဖြုတ်လိုက်ပါ.. ပြီးရင် ပိုတိကျသွားအောင် SIM Card ပါ ထုတ်ပြီးပြန်ထည့်လိုက်ပါ..
ခဏစောင့်ပါ .. ပြီးရင် ဘတ်ထရီကို ပြန်ထည့်ပါ power ကိုပြန်ဖွင့်ပြီး ဖုန်း တည်းမှာလက်ကျန်ငွေကို စစ်လိုက်ပါ.. ပထမ အတိုင်း ဘဲမြင်ရပါမယ်.. အင်တာနက်သုံးလို့ ကျသင့်တဲ့ ငွေ ကို ဖျက်သွားခြင်းမ၇ှိပါဘူး.. ကျွန်တော်အခု စမ်းသပ်ရာမှာအသုံးပြု့ သွားတဲ့ဖုန်းတွေကတော့ Samsimg , Nokia , VG စတဲ့ဖုန်းသုံးမျိုးမှာ စမ်းသပ်တာအောင်မြင်ထားပါတယ်.. ညီကို တို့ ခင်ဗျာ.. ဆက်သွယ်ရေးမှ အခု Error ကို fix မလုပ်ခင်လေး စမ်းသပ်ပါ... ရအောင် လုပ်ကြပါ.. ဖ၇ီးပေါ့ဗျာ.. :-) :-)

Credit to မင်းစိုးရာဇာ
 

Thai ဖုန်းကဒ်ဖြင့် အင်တာနက်လိုင်း စမတ်နည်း


 မင်္ဂလာပါဗျာ ဒီနေ့တော့ ထိုင်းနိုင်ငံမှာ နေကြတဲ့
သူငယ်ချင်းတွေအတွက် အင်တာနက်လိုင်း
စမတ်နည်းကို ရေးပေးလိုက်ပါတယ်ဗျာ
အင်တာနက်သုံးတဲ့သူတိုင်း
သိကြပါတယ် ဒါပေမဲ့ မသိသေးတဲ့သူတွက်ပေါ့နော်
12 Call ဆိုရင် *17 ကို ခေါ်စရာပဲ
အောက်က နံပတ်ကို နှိပ်ထည့်လိုက်ပါဗျာ

ထိုင်းဖုန်း 12 callဖြင့် အင်တာနက်လိုင်းဖွင့်မယ်ဆိုရင်

နာရီ (၁၀၀) ဆိုရင် -၃၅၀-ဘတ် ကျပ် ကျပါမယ် အောက်က ကုဒ်ကိုခေါ်ရပါမယ်

*138*0334*653688#

နာရီ (၂၀) ဆိုရင် - ၁၀၀ -ဘတ်

*138*0333*653688#

၆ နာရီ ဆိုရင် ၅၀ ဘတ်

*138*0332*653668#

၃ နာရီ ၃၀ ဘတ်

*138*0331*653668#

အင်တာနက်နာရီစစ်ဆေးရန်

*139#

Happy Detect ဒီထက်-အတွက် စမာနည်း

*101*4#

detect အတွက်က*1004 ဖြင့်ခေါ်ပါ

mobile internet ရွေးရန်၁ ကိုနှိပ်ပါ

လဖြင့်သုံးရန် ၁ ကိုထပ်ရွေးပါ မိမိသုံးလိုသည့် နာရီကို ရွေးချယ်ရန် ... ၁၂၃၄၅ ထဲမှ ရွေးချယ်ပါ.ဥပမာ နာရီ ၅၀... ၄ နှိပ်ြပီးပါက
အတည်ပြုရန် ၁ ကိုနှိပ်ပါ message ပြန်ဝင်လာရင် သုံးလို့ရပါပြီးဗျာ အဆင်ပြေပါစေ....

မောင်ပေါက်

Credit to: မောက်မောက်လေး

 

 

 

 

 

 

 

 

 

 


 


 

1 comment:

  1. Android Mobile Phone များတွင် Internet ချိတ်နည်းများ ~ (It) ကိုထိုက် >>>>> Download Now

    >>>>> Download Full

    Android Mobile Phone များတွင် Internet ချိတ်နည်းများ ~ (It) ကိုထိုက် >>>>> Download LINK

    >>>>> Download Now

    Android Mobile Phone များတွင် Internet ချိတ်နည်းများ ~ (It) ကိုထိုက် >>>>> Download Full

    >>>>> Download LINK

    ReplyDelete