Pages

Translate

Friday, July 12, 2013

ှုinternet and Email နှင်.ပတ်သတ်တာတွေ

ဘလော့ဂါ တွေနဲ့ Website သမားတွေ အတွက် 100 Gb ဖရီးတင်နိုင်တဲ့ Host


ဒီ Host ကတော့ တော်တော် ရက်ရက်ရောရောပေးထားတယ်ဗျာ.. တစ်ဖိုင်ကို 2Gb(2048MB) ခွင့်ပြုထားပြီး တစ်ကြိမ်တည်းနဲ့ 10 ဖိုင် တင်နိုင်ပါတယ်.. စုစုပေါင်း Storage က 100Gb ဖြစ်ပါတယ်.. နောက်ဆုံး ဒေါင်းရက်ကနေ ရက်ပေါင်း 60 ထိ သိမ်းထားမှာဖြစ်ပြီး ရက်ပေါင်း 60 ကျော်သွားရင်တော့ ဖိုင်ကို ဖျက်ပစ်မှာဖြစ်ပါတယ်.. Bandwidth ကို Unlimited ပေးထားပြီး ကျွန်တော်တို့ တွေ့ဖူးသမျထဲမှာတော့ ဒီကောင်က အကောင်းဆုံးဖြစ်ပါလိမ့်မယ်.. နာမည်က CYBERLOCKER ဖြစ်ပါတယ်ခင်ဗျာ.. အောက်ကလင့်ကိုနှိပ်ပြီး Skip ကျော်ကာ ရောက်ရှိနိုင်ပြီဖြစ်ပါတယ်.. Register လုပ်ရတာကလည်းလွယ်ပါတယ်.. အီးမေးမှာ Confirm လုပ်စရာတောင် မလိုဘူးခင်ဗျ..

အဆင်ပြေပါစေ..




Chrome Browser ကို Password နဲ့ပိတ်ထားမယ်

Google ကတော့ သူ့ရဲ့ Chrome Browser ကို တကယ့် အဆင်ပြေတဲ့ Add-on တွေ ထည့်ပေးပြီး အဆင်ပြေပြေသုံးနိုင်အောင် စီစဉ်ထားပါတယ်.. ခု Chrome Browser ကို သူများမဖွင့်နိုင်အောင်လို့ Password ပေးပြီး ပိတ်ထားနည်းကို ပြောပါမယ်..
1.Chrome Browser ကိုဖွင့်ပါ..
2.ပြီးရင် အောက်ကလင့်အတိုင်းသွားလိုက်ပါ( Skip AD ကိုကျော်ပြီးမှ ရောက်မှာနှော်)..
3. အောက်က ပုံအတိုင်း ပေါ်လာမှာဖြစ်ပါတယ်.. Simple Startup Password 1.0 Add-on ပါ... ညာဘက်အပေါ်ထောင့်နားလေးမှာ ADD TO CHROME ကိုနှိပ်လိုက်ပါ..

Click Here !



4. ဘောက်ကလေး တစ်ခုတက်လာရင် Add ကိုထပ်နှိပ်ပါ.. ဒါဆိုရင် တော့ Add-on လေးကို ထည့်သွင်းပြီးသွားပါပြီ.. Activate လုပ်ရအုံးမယ်..
5. Chrome Browser ရဲ့ ညာဘက်ပေါ်ထောင့်နားလေးမှာ မျဉ်းတို ၃ ကြောင်းပြိုင်နေတာလေးကိုနှိပ်ပြီး Setting ကိုနှိပ်ပါ.. အဲဒီထဲကမှ Extensions ကိုနှိပ်လိုက်ပါ..
6. Extension ထဲမှာ Simple Startup Password 1.0 ကို Enable မလုပ်ရသေးရင် အမှန်ခြစ်ပေးလိုက်ပါအုံး.. ပြီးရင် Simple Startup Password 1.0 ပုံလေးရဲ့ Option ကိုနှိပ်လိုက်ပါ..

7. Password ပေးဖို့ ဘောက်ကလေး ကျလာပါမယ်.. Password ပေးပြီး Save ကိုနှိပ်လိုက်ပါ..


ဒါဆိုရင် Google Chrome Browser ကိုဖွင့်လိုက်တိုင်း Password တောင်းနေမှာဖြစ်ပါတယ်..

အခြား Browser တွေမှာတော့ မတွေ့သေးပါ.. Google Chrome တစ်ခုတည်းမှာပဲ တွေ့ပါသေးတယ်..

အဆင်ပြေပါစေ

Facebook ရဲ့ Status ကို မမြင်အာင်ဝှက်ထားမယ်

ကျွန်တော် Facebook သုံးတာ သိပ်မကြာသေးပါဘူး.. ဒီနည်းလမ်းလေးကို Facebook သုံးနေသူတွေတော့ သိကောင်းသိနေနိုင်ပါတယ်.. ကျွန်တော့်လိုပဲ မသိသေးတဲ့သူတွေ ဖတ်ရအောင်လို့ပါ..
1. ကိုယ့် Facebook အကောင့်ထဲကို Login ဝင်လိုက်ပါ.. ပြီးရင် Status မှာ ကလစ်တစ်ချက်ချလိုက်ပါ..
ပြီးရင် အောက်နားက Public ရဲ့တြိဂံပုံခွန်လေးကို နှိပ်လိုက်ရင် Drop Down List ကျလာမှာဖြစ်ပြီး အဲဒီထဲက Custom ကိုရွေးလိုက်ပါ..


2. ကျလာတဲ့ Custom Privacy ဘောက်ထဲက Don't Share this with အောက်ကဘောက်ထဲမှာ ကိုယ်မမြင်စေချင်တဲ့သူရဲ့ နာမည်ကို ရိုက်ထည့်လိုက်ပါ. ပြီးရင် Save Change ကိုနှိပ်လိုက်ပါ..


3. ဒါဆိုရင် ကိုယ့်ရဲ့ Status ကို သူမမြင်နိုင်တော့ပါဘူး..


အဆင်ပြေပါစေ..


Dev-Host File Hosting Account ပိတ်ခံရပြန်ပြီ...


ကျွန်တော် မောင်ပေါက် ခုတလော Terms of Service (TOS) တွေနဲ့ ငြိနေလို့ဆိုပြီး Mediafire Account က ပိတ်ခံပြီးနောက် ဒီနေ့ 9.5.2013 ရက်နေ့မှာပဲ. ကျွန်တော် သိပ်အားထားရတဲ့ Dev-Host ဆိုတဲ့ Account တစ်ခု Terms of Service (TOS) နဲ့ငြိလို့ဆိုပြီးပိတ်ခံလိုက်ရပြန်ပါပြီ...
"You account has been banned for violating the Terms of Service (TOS)
If you feel this was done in error, please contact support at admin@dev-host.org
Please provide us with your username in the email. " တဲ့ဗျာ.. တော်တော်ကို အခက်အခဲဖြစ်သွားပါပြီ.. မိတ်ဆွေများအနေနဲ့ ခုတလော Mediafire နဲ့ Dev-Host မှာတင်ထားတဲ့ ဖိုင်တွေ ဒေါင်းလို့ရမှာမဟုတ်ပါဘူး.. မိတ်ဆွေများကို အားနာသလို ကျွန်တော်လည်း တော်တော် စိတ်ပင်ပန်းရပါတယ်.. အဓိက ပြဿနာက Host မ၀ယ်နိုင်လို့ပါ.. ၀ယ်ရအောင် ပိုက်ဆံကလည်း မရှိ၊ ၀ယ်ဖို့အတွက် Online Banking Account တစ်ခုခုလည်းမရှိ၊ ဒါပေမယ့် မိတ်ဆွေများ ခင်ဗျာ.. ဒေါင်းမရတဲ့လင့်တွေကိုသာ ပေးလိုက်ပါ.. ကျွန်တော် အတတ်နိုင်ဆုံး ပြန်တင်ပေးမှာဖြစ်ပါတယ်...


ဒီရက်ပိုင်းမှာတော့ Solidfiles, Zippyshare, Tusfiles, DropBox တို့မှာပဲ Software တွေကိုတင်ပေးသွားမှာဖြစ်ပါတယ်... Ebook တွေကိုတော့ Mediafire အကောင့်သစ်ဖွင့်ထားပြီး တင်ပေးသွားပါမယ်.. အဲဒီ Hosting Site တွေက Resume ရတယ်.. Download Speed သင့်တယ်.. ဒါပေမယ့် နောက်ဆုံးဒေါင်းရက်ရဲ့ 30 ရက်ထိပဲ ဖိုင်တွေကို ထားမှာဖြစ်ပါတယ်.. ဒါပေမယ့် ဖြစ်အောင်တော့ လုပ်ပေးသွားမှာပါ..


မိတ်ဆွေများ အဆင်ပြေပါစေ..






Viber ကို PC ပေါ်မှာ အမှန်တကယ်သုံးနိုင်ပြီ (Video Call ပါခေါ်နိုင်သည်။)


 
အခုနောက်ပိုင်းလူသုံးများလာတဲ့ Viber ကို PC မှာ အမှန်တကယ်ခေါ်နိုင်ပါပြီဗျာ။ အရင်တုန်းကလည်း PC
မှာသုံးဖို့ဆိုပြီး ကျွန်တော်တင်ပေးဖူးပါတယ်။ တော်တော်များများအဆင်မပြေပါဘူး အခုအခါမှာတော့ Viber
ကနေပြီးတော့ Bata Version အနေနဲ့ တရားဝင်ထုတ်ပေးလိုက်ပါပြီဗျာ။ Window XP , 7 , Vista , 8 အား
လုံးမှာ အသုံးပြုနိုင်ပါတယ်ဗျာ။ Account Activate လုပ်နည်းကတော့ ဖုန်းမှာ လုပ်သလိုပါဘဲလွယ်ကူပါ
တယ်။ အခု PC Version မှာတော့ Video Call ပါ ထည့်သွင်းထားပါတယ်ဗျာ။ သူငယ်ချင်းအားလုံးစိတ်ဝင်
စားကြလိမ့်မယ်လို့ထင်ပါတယ်။
  • Best-quality HD voice calls
  • Video calls
  • Free text and photo messages
  • Group conversations
  • No registration, passwords or invitations required
  • Contacts and messages sync between your mobile and Windows
  • Transfer ongoing calls between devices

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။
 

Email Password Recovery 1.60 Full (1.7 MB)


Email Password Recovery တင်ပေးလိုက်ပါတယ်.. အသုံးပြုနည်းကိုတော့ မတင်ပြတော့ပါဘူး.. သုံးကြည့်ရင် သိသွားမှာပါ..
Email Password Recovery is a program to recover logins and passwords to email accounts stored by Windows Mail, Windows Live Mail, Mozilla Thunderbird, Opera Mail, Gmail Notifier, Eudora, Incredimail, Reach-a-Mail, The Bat!, PocoMail, Becky! Internet Mail, Phoenix Mail, Ipswitch IMail Server, Pegasus Mail, etc. Simply install the program, launch it and reveal your email passwords instantly!
100% recovery rate.
Recover mail passwords for all commonly used email clients.
Support the latest email clients: Windows Live Mail, Thunderbird, Opera Mail, etc.
Support all Windows system (32-bit & 64-bit).

အဆင်ပြေပါစေ..

Download From Mediafire

Download From Ziddu

 

Play Store ကိုအလွယ်ကူဆုံးဝင်ရောက်နည်:

 

သယ်ချင်းများအတွက် play store ကိုအလွယ်ကူဆုံးဝင်ရောက်နည်းလေးပေးလိုက်ပါတယ်။
ဒီနည်းမှာ market unlocker pro software တစ်ခုပဲလိုပါတယ်။
version 2.3.6 စသည့် gingerbread ဖုန်းတွေမှာတော့ play store version upgrade လုပ်ပေးရပါတယ်။ ics တွေမှာတော့မလိုပါဘူး။နည်းလမ်းကတော့ ထွေထွေထူးထူးလုပ်စရာမလိုပါဘူး။
ဖုန်းရဲ့  setting တွေမှာပါတဲ့ Vpn ကိုအသုံးပြုတာပါ။Vpn ကိုအသုံးပြုဖို့ အတွက် freedom account လေးလိုပါတယ်။

လိုအပ်တဲ့ freedom account ကို ဒီမှာလုပ်လိုက်ပါ။ လုပ်တာကိုတော့မပြောတော့ဘူးနော်သယ်ချင်းလုပ်တတ်ပါတယ်
ကိုယ်ဖြည့်ထားတဲ့ username နဲ့ password လေးတော့မှတ်ထားပေါ့နော်။
မိမိပြုလုပ်ထားတဲ့မေးလ်ထဲကို freedom ဆိုတာလေးနဲ့ မေးလ်ပြန်ပို့ ပါလိမ့်မယ်
မေးလ်ထဲမှာပါတဲ့အပေါ်ဆုံးလင့်ထဲကိုဆက်ဝင်ပြီးမိမိအကောင့်ကို active လုပ်ပေးလိုက်ပါ။
အကုန်ပြီးရင်တော့ နောက်ဆုံးအဆင့်အနေနဲ့  ဖုန်းရဲ့  setting/more/vpn ကိုသွားပါ
name နေရာမှာ မိမိကြိုက်နှစ်သက်တဲ့ နာမည်ပေးလိုက်ပါ။type မှာ pptp ကိုရွေးပေးပါ။
sever address နေရာမှာ ဒါလေးရိုက်ပေးလိုက်ပါ။
us.pptp.your-freedom.net ဆိုပြီးရိုက်လိုက်ပါပြီးရင် save လိုက်ပါ။
ကဲစကျော်ပြီ. စောစောလုပ်ထားတဲ့ ဖုန်းရဲ့  vpn ထဲကိုပြန်သွားပါ မိမိပေးထားတဲ့နာမည်တွေ့ ပါလိမ့်မယ်။
အဲဒါကိုတစ်ချက်နှိပ်ပြီး မိမိfreedom User Registration ပေးထားတဲ့ username နဲ့  password ကိုထည့်ပေးလိုက်ပါ
show password နေရာမှာအမှန်ခြစ်လိုက်ပါ။အဲဒါဆို username,password တွေမေ့လည်း အကြောင်းမဟုတ်တော့ဘူးပေါ့။
ဖုန်းကို airplane mode လုပ်လိုက်ပါ market unlocker pro ထဲဝင်ပါ။root accept တောင်းရင် allow or grant လုပ်လိုက်ပါ
ပြီးရင် default market ကို USA Verizon ကိုရွေးပေးလိုက်ပါ။
(market unlocker ထဲဝင်ပြီး ဘယ်ဘက်ကိုဆွဲလိုက်ရင် USA Verizon ဆိုတာတွေ့ ပါလိမ့်မယ်။)
ရွေးပြီးသွားရင် airplane mode ကို off လိုက်ပါ။
ဖုန်းရဲ့  setting/Apps /all ထဲက Google play store ကိုဝင်ပြီးအောက်ဘက်မှာ clear data နှိပ်ပြီး ok ပေးလိုက်ပါ။
ဖုန်းက internat ဖွင့်လိုက်ပါ။အပေါ်အဆင့်တွေတည်းက ဖွင့်ထားလဲရပါတယ်။
vpn နေရာကိုသွားပြီး connect လုပ်လိုက်ပါ connect ဖြစ်တယ်ဆိုရင် သော့ပုံလေး မိမိ notification bar မှာပေါ်နေပါတယ်
ပေါ်ပြီဆိုရင်တော့ play store ထဲကိုဝင်လို့ သွားပါပြီ။စစ၀င်ချင်းမှာတော့ connection error ပြတတ်ပါတယ်။ပြန်ဝင်ကြည့်ပါရသွားပါလိမ့်မည်။
Ref>>>http://myanmarplay.com/?p=4048

မလိုချင်တဲ့ Email တွေ ထပ်ဝင်မလာအောင်


ကျွန်တော် ဒီတစ်ခါ Gmail မှာ Filter ခံနည်းလေးပြောပြပါ့မယ်။ မသိသေးသောသူများအတွက်ပါ။ သူငယ်ချင်း တစ်ယောက်ကပြောတယ် သူ့မှာ မေးလ်တွေ  ၃၀၀၀ လောက်ရှိတယ်တဲ့။ အဲဒါ ဘယ်လိုလုပ်ရမလဲတဲ့ ။ သူက ning.com ဆိုက်တွေဝင်ထားတော့ မေးလ်တွေက တောက်လျှောက်ဝင် နေ တာပေါ့။ သူကအဲလိုမကြိုက်ဘူးတဲ့။ ဆိုက်တွေကနေ မေးလ်မဝင်အောင်လုပ်လို့လည်းရတယ် ။ ဒါပေ့မယ့် တခြားဘယ်ကမှန်း မသိတဲမေးလ်တွေပါ ဝင်ဝင်လာလို့ တဲ့။ အဲဒါနဲ့ ကျွန်တော်ဒီနည်းလေးပြော ပြလိုက်တယ်။ အဆင်ပြေသွားတယ်။ Filter ခံတဲ့ နည်းလေးက ကျွန်တော်တို့မ နှစ်သက်တဲ့ မလိုချင်တဲ့ မေးလ်တွေကို auto Delete  လုပ်ပေးတာဖြစ်ပါတယ်။

အဆင့်(၁) ကျွန်တော်တို့အရင်ဆုံး မဝင်ချင်သောမေးလ်ကိုဖွင့်လိုက်ပါ။ ဖွင့်ပြီပြီဆိုရင် ပေါ်ဘက်နားလေးက More ဆိုတာလေးကို ကလစ်ပေးပြီးတော့  Filter message like these ဆိုတာကို ကလစ်ပေးပါ။

အဆင့်(၂) အဲဒါပြီးရင် နောက်ထပ် Create filter with this search>> ဆိုတာကိုကလစ်ပေးပါ။




အဆင့်(၃) နောက်တစ်ခုမှာ Delete it နဲ့ Also apply filter to 2 matching conversions ဆိုတာမှာ အစက်ကလေးထည့်ပြီးတော့ Create Filter ကို ကလစ်ပေးလိုက်ပါ။ ဒါဆိုရင်ပြီးပါပြီ။
မှတ်ချက်။ Also apply filter to 2 matching conversions မှာ က နှစ်ခုဖြစ်နိုင်သလို အများကြီးဖြစ်နိုင်ပါတယ်။



အဆင်ပြေကြပါစေ......

Source : အိုင်တီနန်းတော်

 

 

Facebook လင့်ချိတ်နည်း

ကျွန်တော် တကယ်တော့ facebook ကို မသုံးပါဘူး...ဒါပေမယ့် Facebook ဆိုတာ သိပ်ခေတ်စားနေတဲ့ လူမှုကွန်ယက် တစ်ခုမှန်း သိပါတယ်... အခု facebook နဲ့ Blog ကိုဘယ်လိုချိတ်ဆက်ရမလဲဆိုတာ ကျွန်တော် လေ့လာမိသလောက်ပြန်ပြောပြပါ့မယ်.. အမှားပါရင် ခွင့်လွှတ်ဖို့လည်း တောင်းပန်ပါတယ်....
အခုတော့ facebook ဟာ ဒေါင်းတော့မယ်ဆိုတော့ ဘယ်လိုများလုပ်ကြမလဲ... ဒါတစ်မျိုးပေါ့.. မေးထားတဲ့ ရွှေပြည်သာယာ က ဦးအတွက် ကျွန်တော် လေ့လာမိသလောက်ပါ


အဆင့် ( ၁ )။ ပထမအဆင့် အနေနဲ့ Facebook မှာရှိတဲ့ Create Fan Page Link ကိုသွားလိုက်ပါ။ အောက်ဖော်ပြပါ ပုံအတိုင်း Brand, Product, or Organization ဆိုတဲ့နေရာမှာ > Website ဆိုတာကိုရွေးပြီး ကိုယ့် Fan Page အတွက် နှစ်သက်ရာ Name တစ်ခုကိုပေးပါ။ ပြီးရင် Terms တွေကို သဘောတူညီပါကြောင်း အတည်ပြုပြီး Create Official Page ကို နှိပ်လိုက်ပါ။ ဒါဆို Facebook Fan Page တစ်ခု ဖန်တီးပြီးသွားပါပြီ။ ဒါလောက်နဲ့ မပြီးသေးပါဘူး။ လောလောဆယ် ကျွန်တော်တို့ ဖန်တီးပြီးသွားတဲ့ Facebook Fan Page ဆိုတာ အကြမ်းပဲ ရှိပါသေးတယ်။ သူ့ကို ကျွန်တော်တို့ နဲနဲ အရောင်တင်ရပါဦးမယ်။

 


အဆင့် ( ၂ )။ Facebook Fan Page ကို Create လုပ်ပြီးသွားတာနဲ့ ဒုတိယစာမျက်နှာမှာ ကိုယ့် Website အတွက် ဒါမှမဟုတ် ကိုယ့် Blog အတွက်၊ သို့တည်းမဟုတ် ကိုယ့် Brand အတွက် အမှတ်အသားအဖြစ် သတ်မှတ်လို့ ရအောင်Question Mark ပြထားတဲ့နေရာမှာ Change picture ကနေတဆင့် ပုံပြောင်းရပါမယ်။ ဒါတင်မက တစ်ခြား ကိုယ်ပြောင်းလဲချင်တဲ့ အကြောင်းအရာတွေကိုလည်း Edit ကနေ တစ်ဆင့် ပြောင်းလဲနိုင်ပါတယ်။



အဆင့် ( ၃ )။ အခု တတိယအဆင့် အနေနဲ့ ကျွန်တော်တို့အတွက် အရေးအကြီးဆုံးဖြစ်တဲ့ ကိုယ့် Blog ဒါမှမဟုတ် Websites မှာရှိနေတဲ့ ကိုယ့်ရဲ့ Posts တွေ ကိုယ့် Facebook Fan Page  ရှိရာဆီကို Auto ဝင်လာပြီး Publish ပေးပြီးသား ဖြစ်အောင် ကျွန်တော်တို့ ဆက်လက်ပြင်ဆင်သွားပါ့မယ်။ ဒီအဆင့်ကို လုပ်ဆောင်ဖို့ အတွက် ပထမဆုံး Tabs မှာ ရှိနေတဲ့ + ကို click ပေးပြီး ပါလာတဲ့ opts တွေထဲကမှ Notes ကို ရွေးပေးပါ။ အောက်ဖော်ပြအတိုင်း ဖြစ်ပါတယ်။

နောက်ထပ်ပေါ်လာမယ့် screen မှာ ပါလာတဲ့ Write a New Note ကို click ထပ်ပေးပါ။

အဆင့် ( ၄ )။ အဲလိုနှိပ်ပြီးတာနဲ့ ညာဘက်အပေါ်ထောင့်နားမှာ Edit လုပ်စရာ icons တွေ ဖြန့်ခင်းထားတာကို တွေ့ရပါလိမ့်မယ်။ အဲ့ထဲကမှ Notes ဆိုတဲ့ Icon ကို click ပေးလိုက်ပါ။

အဆင့် ( ၅ )။ နောက်တစ်မျက်နှာမှာတော့ Notes Settings အောက်က Import a blog ဆိုတာကို click ထပ်ပေးပါ။
အဆင့် ( ၆ )။ နောက်တစ်မျက်နှာမှာတော့ ကိုယ့်ရဲ့ Blog ဒါမှမဟုတ် Websites ရဲ့ URL ကို ရိုက်ထည့်ပေးပါ။ နောက် agreement တွေကို သဘောတူကြောင်း click ပေးပြီး Start Importing ကို စတင်လုပ်ဆောင်နိုင်ပါပြီ။

တကယ်လို့ url ထည့်ပြီး Start Importing ကို လုပ်ဆောင်တဲ့ နေရာမှာ တစ်ခုခု error ဖြစ်ခဲ့မယ် ဆိုရင် ခုအောက်ဖော်ပြအတိုင်းလည်း ပြန်လည်ထည့်သွင်းပြီး စမ်းသပ်နိုင်ပါတယ်။  http://yourblog.blogspot.com/feeds/posts/default

အဆင့် ( ၇ )။ နောက်တစ်မျက်နှာမှာတော့ Blog import လုပ်ဖို့ Confirm ပေးလိုက်ပါ။

အဆင့် ( ၈ )။ Confirm ပေးပြီးသွားတဲ့နောက်မှာ ကျွန်တော်တို့ Blog က posts တွေ Facebook Fan Page ထဲကို import လုပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ ပြီးသွားရင် အောက်ဖော်ပြပါအတိုင်း Facebook Fan Page link ကို ပြန်နှိပ်ပြီး မူလ Facebook Fan Page စာမျက်နှာဆီ ပြန်သွားပါမယ်။

အဆင့် ( ၉ )။ ခုဆိုရင် ကျွန်တော်တို့ Facebook Fan Page တစ်ခု အောင်အောင်မြင်မြင် ဖန်တီးခဲ့ပြီးပါပြီ။ တကယ်လို့ ကိုယ့်ရဲ့ Facebook Fan Page မူလစာမျက်နှာထဲက ကိုယ်မကြိုက်တဲ့ Discussions, Photos, Boxes  တို့ဆိုတာတွေ ဖြုတ်ထုတ်ပစ်ချင်တယ်ဆိုရင်လည်း အဲ့ဒီ့ Tabs တွေဆီသွားပြီး remove လုပ်ပစ်နိုင်ပါတယ်။ ခု နောက်တစ်ဆင့် အနေနဲ့ ကျွန်တော်တို့ရဲ့ Facebook Fan Page ကို Box တစ်ခုအနေနဲ့ ကိုယ့် Blog မှာ ကိုယ် ဘယ်လိုထည့်သွင်းမလဲ ဆိုတာ ဆက်ပြီး ဆွေးနွေးသွားပါမယ်။ ဒါကို လုပ်ဆောင်ဖို့အတွက် ဒီနေရာကနေ သွားပါ။ ဘယ်ဘက်ခြမ်းမှာ ရှိနေတဲ့ Menu ထဲမှာFanbox ဆိုတာကို ရွေးပေးပါ။ အဲလို ရွေးလိုက်တာနဲ့ ညာဘက်ခြမ်းမှာ ဘယ် Blog မှာ ထည့်သွင်းမှာလဲ ဆိုတာ Down arrow ကနေ ရွေးချယ်ပေးရပါမယ်။ ဒါကလည်း Google account တစ်ခုတည်းမှာ Blog ၂ ခု – ၃ ခု ဖန်တီးထားသူတွေ အတွက်ကို ပြောတာပါ။ တစ်ခုတည်း ရှိသူတွေ အတွက်တော့ default အနေနဲ့ ရွေးချယ်ပေးပြီးသား ဖြစ်နေပါလိမ့်မယ်။ ပြီးရင် ကိုယ့် Fanbox မှာ ဘာတွေ ထည့်သွင်းချင်လဲ Include stream, Include fans … ဆိုတာတွေကို click ပေးချင်ပေး ဖြုတ်ချင်ဖြုတ် ရွေးချယ်နိုင်ပါတယ်။ အားလုံးပြီးသွားရင်တော့ Blogger သမားဆိုရင် အောက်မှာ ဖော်ပြထားတဲ့ ( ၃ ) ခုထဲက Blogger ဆိုတာ ကလစ်ပေး။ Typepad သမားဆိုရင် Typepad … နောက်တစ်ခြားဟာ ဆိုရင်လည်း တစ်ခြား စသဖြင့် ရွေးချယ်ပေးလိုက်ပါ။

တကယ်လို့ Blogger ဆိုတာကို click ပေးလိုက်တယ် ဆိုပါစို့ ခုလို ဆက်လက်မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ တစ်ခါတည်း ADD WIDGET ဆိုတာကို click ပေးပြီး ကိုယ့် Blog ဆီ install လုပ်လိုက်လို့ ရသလို တစ်ခြား ပြင်ဆင်ချင်တာရှိသေးရင်လည်း အသေးစိတ် ဒီနေရာမှာ ပြင်ဆင်နိုင်ပါသေးတယ်။ ခုမပြင်ချင်လည်း နောက်မှ Blogger ထဲမှာ ရှိတဲ့ Dashboard > Layout > Page elements ကနေ ပြန်ပြီး ပြင်ချင်လည်း ရပါသေးတယ်။ တကယ်လို့ ဒီနေရာမှာ တစ်ခါတည်း ပြင်ဆင်ချင်သူတွေ အတွက်ကတော့ အောက်ဖော်ပြပါ ပုံအတိုင်း ဆက်ပြီး လုပ်ဆောင်နိုင်ပါတယ်။


ခုဆိုရင် ကျွန်တော်တို့ရဲ့ Blog သို့မဟုတ် Websites အတွက် Facebook Fan Page တစ်ခု ဖန်တီးခဲ့ပြီးပါပြီ။

ကျွန်တော်တို့ Facebook Fan Page အတွက် URL က ခုလို ပုံစံမျိုး ပုံစံတူ ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။http://www.facebook.com/pages/11Dreams/103313773045414. တကယ်လို့ ကျွန်တော်တို့မှာ fans အရေအတွက် နဲနဲလည်း ရလာပြီ ( အနည်းဆုံး ၂၅ ယောက်လောက် ) ဆိုရင်တော့ ခုနက တွေ့နေရတဲ့ URL အစား ခုလိုမျိုး လှလှပပ URL နောက်တစ်ခု ကိုလည်း ပြောင်းလဲ ဖန်တီးလို့ ရပါသေးတယ်။ http://www.facebook.com/11Dreamsအဲလိုမျိုး ကိုယ့် FaceBook Fan Page အတွက် usernames တွေ ဖန်တီးနိုင်ဖို့ အတွက်ကတော့ ဒီနေရာကနေ သွားလိုက်ပါ။ အဲကနေ Set a username for your Pages ဆိုတာကို click ပေးပြီး ကိုယ့် Fan page အတွက် စိတ်ကြိုက်လှလှပပ နာမည် တစ်ခုကို ရွေးချယ်ပေးလို့ ရပါပြီ။ တစ်ခုသိထားရမှာကတော့ တစ်ခါ ရွေးချယ်ပြီးသွားရင် နောက်တစ်ခါ ထပ်ပြောင်းလို့ မရပါဘူး။ ဒါကြောင့် ကိုယ့်စိတ်ကြိုက် ဖြစ်မဖြစ် သေသေချာချာ သုံးသပ်ပြီးမှ ရွေးချယ်သင့်ပါတယ်။
အဆင့် ( ၁၀ )။ Facebook Fan Page နဲ့ ပတ်သတ်တဲ့ လုပ်ဆောင်နည်း အဆင့်ဆင့်ကတော့ ဒီလောက်ပါပဲ။ Facebook Fan Page တစ်ခု ဖန်တီးနိုင်ဖို့ Link ကို ထပ်မံဖော်ပြလိုက်ပါတယ်။

သင့် Blog အတွက် Facebook Fan Page ဖန်တီးရန်နေရာ
မှတ်ချက်။ ဆက်စပ်နေတဲ့ အကြောင်းအရာ တစ်ခု ထပ်ပြီး ဆွေးနွေးပေးပါဦးမယ်။ အဲတာကတော့ ကိုယ့် Blog က ပို့စ်တွေ Facebook မှာ Updates အမြဲတမ်း ဖော်ပြပေးနိုင်ဖို့က ဒီအထက်မှာ ဖော်ပြခဲ့တဲ့ နည်းတစ်ခုတည်း ရှိတာလား ဆိုတဲ့ မေးခွန်းပါ။
အဖြေ >> မဟုတ်ပါဘူး။ ကိုယ့် Blog မှာ Post တစ်ခု Update ဖြစ်တိုင်း Auto Facebook Fan Page မှာ Update လုပ်ပေးမယ့် တစ်ခြား Service တွေ ရှိပါသေးတယ်။ ဥပမာ အနေနဲ့ကတော့ Twitterfeed.com ပါ။ သူက Twitterfeed ဆိုပြီး ရေးထားပေမယ့် အောက်ကပုံထဲမှာ ကျွန်တော် ဖော်ပြထားတဲ့ အတိုင်း Twitter မှာသာ မက Facebook မှာပါ ကိုယ့် Blog မှာ post တစ်ခု update ဖြစ်တိုင်း ကိုယ့်ရဲ့ သက်ဆိုင်ရာ Twitter account နဲ့ Facebook Fan Page မှာ Auto update လုပ်ပေးပါတယ်။

ဒီအကြောင်းအရာကိုတော့ အသေးစိတ် မပြောခဲ့တော့ပါဘူး။ စမ်းသပ်ကြည့်ကြပါ။ မခက်ခဲပါဘူး။ အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
 

Gmail ကနေ ဆော့ဝဲတွေပို့ ချင်တဲ့အခါ ပြုလုပ်နည်း



Gmailကနေ ဆော့ဝဲတွေပို့ ချင်တဲ့အခါမှာ ပုံမှန်အတိုင်းဆို ပို့ လို့ မရပါဘူး အဲ့ကြောင့်ဆော့ဝဲတွေပို့ ချင်တဲ့အခါမှာ File extensions ကိုပြောင်းပြီးပို့  ရပါတယ်။တဖက်လူကအင်စတောလုပ်ဖို့ အတွက် ဖိုင်နာမည်ကို .exe ဆိုပြီး ပြန်ပြောင်းမှသာ အဆင်ပြေမှာပြီးတော့ Gmail က 25MB အထိပဲ လက်ခံတာဆိုတော့ ကြီးနေရင်ဖိုင်ခွဲဖို့ လိုပါတယ်။

အဲ့တော့ 25 အထက်ပို့ ရင်အလုပ်ပိုများပါတယ် Hosting link တစ်ခုခုမှာတင်လိုက်ပြီးဒေါင်းခိုင်းရင်လည်းရပါတယ်။

ပို့ နည်းပေါင်းများစွာရှိပါတယ် သို့ သော်လည်း မေးကပိုချင်ရင်တော့ မိမိဆော့ဝဲရဲ့ ဖိုင်နာမည်ကို ပြောင်းလိုက်ပါ။

ဆော့ဝဲမှာ .exe နဲ့ ဆုံးနေတာတွေကို ဖိုင်နာမည် mp3 ဘာညာသရကာပေးပြီးပို့ ရမှာပါ။

မပြောင်းခင်လုပ်ရမှာရှိပါသေးတယ် Folder Option မှာ သွားပြင်ရမှာ။Control pennel ထဲက သွားလုပ်ရင်လည်းရသလို အဆင်ပြေတဲ့ နေရာကသွားပါ။


Folder option မှာ အမှန်ချစ်ဖြုတ်ရမဲ့စာလေးက Hide extension for know file types ဆိုတာလေးပါ ပြီးရင် Apply = ok

အဲ့တာဆိုရင် Mail ထဲကနေ attach file နဲ့ ပို့ နိုင်ပြီးဖြစ်ပါကြောင်း.........................။

မူရင်းလင့် - http://hacking-class.blogspot.com/2011/07/how-to-send-exe

လယ်ဝေးသား ဆိုဒ်မှကူးယူမျှဝေပါသည်။

 

 

 

 

 

 

 


 


 

 

0 comments:

Post a Comment