ဒီတစ်ခါတော့ The Butler ဆိုတဲ့ ဒီဇာတ်ကားလေးကို ကြည့်ကြစေချင်ပါတယ်။ အိမ်ဖြူတော်မှာ သမ္မတရှစ်ဦးဆက်တိုက် အမှုထမ်းပေးခဲ့တဲ့ Eugene Allen ရဲ့ အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။
အမေရိကန်မှာ လူဖြူလူမည်းခွဲခြားမှုများ
ဘယ်လောက်ကြီးမားခဲ့တယ်ဆိုတာ တွေ့ရမှာပါ။ ကားစီးရင်တောင် လူဖြူအတွက်ဘတ်စ်၊
လူမည်းအတွက်ဘတ်စ်။ ထမင်းစားရင်လည်း လူဖြူအတွက်စားပွဲ၊ လူမည်းအတွက်စားပွဲ။
လက်ဆေးရင်တောင် လူဖြူအတွက်ဘေစင်၊ လူမည်းအတွက်ဘေစင်။
ကဲ...စဉ်းစားသာကြည့်ကြတော့ဗျာ။
ဗဟုသုတဖြစ်စရာ အချက်အလက်တော်တော်များများရယ်၊ လေ့လာစရာအချက်အလက်များလည်း ပါဝင်တာမို့ ကြည့်သင့်တယ်လို့ ညွှန်းလိုက်ပါရစေ။
ဇာတ်ကားအစအဆုံးကြည့်ရန် Movie Locos ကိုနှိပ်ပါ။
0 comments:
Post a Comment