Pages

Translate

Thursday, August 20, 2015

အခမဲ့ပို့ဆောင်မှု - မြန်မာ E-commerce ရဲ့ မြှင့်တက်ခြင်း





မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ နည်းပညာပိုင်းနဲ့ e-commerce အခန်းကဏ္ဍ ဖွံ့ဖြိုးဆဲကာလမှာသာ ရှိနေသေးပါသည်။ သို့သော်လည်း အချိန်ကြာမြင့်စွာ ရှိနေမှာမဟုတ်ပဲ အနာဂတ်ဟာ ၁၈၀ ဒီဂရီ စောင်းသလို အကောင်းမွန်ဆုံး ပြောင်းလဲမှုတစ်ခု ဖြစ်လာတော့မှာပါ။ အခမဲ့ပို့ဆောင်မှုဟာ ဒီနေရာမှာ ကြီးမားတဲ့ ဦးတည်ချက်တစ်ခုဖြစ်လာနေပြီး ၄င်းဟာ မြန်မာနိုင်ငံမှာရှိတဲ့ အွန်လိုင်း မားကတ်ပလေ့စ် များစွာကို သဘောတူလက်ခံလာစေဖို့ အဆင်သင့်ဖြစ်နေပါပြီ။  ဥပမာအားဖြင့် Kaymu Myanmar ဟာ ၀ယ်ယူသူများထံ များစွာသော ကုန်ပစ္စည်းများကို အခမဲ့ပို့ဆောင်ပေးဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်နေပါ ပြီ။

သင့်ရဲ့စီးပွားရေးလုပ်ငန်းကို ဘာကြောင့် အခမဲ့ပို့ဆောင်ရန် ကမ်းလှမ်း ရသလဲ

ကုန်ပစ္စည်းအခမဲ့ပို့ဆောင်ပေးခြင်းဖြင့် သင့်ရဲ့စီးပွားရေးကို လျင်မြန်စွာ တိုးတက်လာစေနိုင်သလို ၀ယ်ယူသူများနဲ့ ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကိုလည်း တည်ဆောက်နိုင်မည်ဖြစ်သည်။ ၀ယ်ယူသူများက အွန်လိုင်းပေါ်မှာ ဈေးဝယ်ယူတာ မည်မျှပင်နှစ်သက်နှစ်သက်၊ ဈေးနှုန်းကြီးမြှင့်တဲ့ ကုန်ပစ္စည်းတွေကိုပဲ မည်မျှပင် မှာယူမှာယူ၊ အခမဲ့ပို့ဆောင်ခြင်း ဆိုတဲ့အရာဖော်ပြထားမှုဟာ အရှုံး မရှိတဲ့ ဆွဲဆောင်မှုတစ်ရပ်ပင်ဖြစ်သည်။ ၀ယ်ယူသူများဟာ ရံဖန်ရံခါဆိုသလိုပင် အခမဲ့ပို့ဆောင်ပေး ခြင်းရဲ့ ခေါင်းစဉ်အောက်မှာ ၀ယ်ယူလိုကြကြောင်း ကမ္ဘာတစ်ဝန်း စားသုံးသူများထံမှ စစ်တမ်း ကောက်ယူထားသော Street Insider မှသိရသည်။  ဒါဟာ ကြီးမားတဲ့ အလားအလာတစ်ရပ်အဖြစ် အခမဲ့ပို့ဆောင်ပေးဖို့အတွက် မြန်မာနိုင်ငံရှိ အွန်လိုင်းရှော့ပင်းဝက်ဘ်ဆိုက်များဖြစ်တဲ့ www.shop.com.mm (သို့) Yangon Bay  အစရှိသည်တို့က ကမ်းလှမ်းနေပြီဖြစ်ပါသည်။
ယခုရက်ပိုင်းများအတွင်း အခမဲ့ပို့ဆောင်ခြင်းဟာ မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်လာနေပြီဖြစ်ပြီး များစွာသော သုံးစွဲသူများထံမှ သဘောထားတစ်ခုလည်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ကုန်ပစ္စည်းတစ်ခုရဲ့ နောက်ဆုံးဈေးနှုန်းဟာ ပို့ဆောင်မှုစရိတ်ထည့်တွက်လိုက်တာနဲ့ ဈေးနှုန်းပိုမို ကြီးမြှင့်သွားစေရာ အခမဲ့ပို့ဆောင်ပေးရန် ကမ်းလှမ်းမှုများမရှိခဲ့ဖူးဆိုလျှင် သင့်ရဲ့စီးပွားရေးအတွက် ထိခိုက်နစ်နာမှုရှိစေမှာတော့အမှန်ပင်ဖြစ်သည်။


ဈေးကွက်ချဲ့ထွင်ခြင်းလက်နက်အဖြစ် အခမဲ့ပို့ဆောင်မှု



အခမဲ့ပို့ဆောင်မှုဟာ အလွန်တောက်ပသည့် ဈေးကွက်ချဲ့ထွင်ခြင်းလက်နက်တစ်ခုဖြစ်ပြီး ၀ယ်ယူသူ များစွာကို သင့်ရဲ့ ၀က်ဘ်ဆိုက်ကို လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်နိုင်မည်ဖြစ်သည်။ သင့်ရဲ့ဝက်ဘ် ဆိုက်အမြင် မည်မျှပင်ကြည့်ကောင်းကြည့်ကောင်း၊ ဘယ်လောက်ပဲ အမျိုးမျိုးသော အံ့သြဖွယ်ကောင်း တဲ့ ကုန်ပစ္စည်းပဲ တင်ထားတင်ထား၊ အခမဲ့ပို့ဆောင်ရန် ကမ်းလှမ်းမှုပြုထားပါက သင့်အတွက် သုံးစွဲ သူအသစ်များ ရရှိနိုင်သလို စီးပွားရေးအရတိုးတက်မှုလည်း ဖြစ်ပေါ်စေမည်ဖြစ်သည်။ သုံးစွဲသူများထံ သို့ အကောင်းမွန်ဆုံးသော ချဉ်းကမ်းမှုဟာ အခမဲ့ပို့ဆောင်မှုပေးခြင်းပင်ဖြစ်ပြီး ဥပမာအားဖြင့် ငွေ ကျပ် ၁ သောင်းနှင့်အထက်ဝယ်ယူပါက အခမဲ့ပို့ဆောင်ပေးသွားမည်ဟု ကမ်းလှမ်းမှုပြုခြင်းပင်ဖြစ် သည်။ ထိုအချိန်မှာ ၀ယ်ယူသုံးစွဲသူအနေဖြင့် နောက်ထပ် ၂ ထောင်လောက် ထပ်အသုံးချဝယ်ယူလိုက် ရုံဖြင့် ပို့ဆောင်စရိတ်ပေးရန်မလိုဟုဆိုသော အသိဟာ နောက်ထပ် ကုန်ပစ္စည်းတွေကို တုံ့ဆိုင်းခြင်း မရှိပဲ ထပ်မံဝယ်ယူမှုပြုမည်ဖြစ်သည်။ အခမဲ့ပို့ဆောင်ပေးခြင်းကို လျင်မြန်တဲ့ပစ္စည်းပို့ဆောင်မှုထက် ပိုပြီး နှစ်သက်မှုရှိကြကြောင်းကို comScore ရဲ့ စစ်တမ်းကို ကိုးကားပြီး ဖော်ပြပေးခြင်း ဖြစ်ပါသည်။


0 comments:

Post a Comment