Pages

Translate

Friday, August 16, 2013

အင်တာနက်ပေါ်မှ Download ဆွဲကြရာဝယ်

 မင်္ဂလာပါ.... 

ဝင်းကမ္ဘာကျော် (နည်းပညာမှတ်တမ်း) လေးကို လာရောက်လည်ပတ် အားပေးနေကြတဲ့  မိတ်ဆွေ ၊ သူငယ်ချင်းများ၊မန်ဘာများအားလုံး စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်း များဖြင့်  ပြီးပြည့်စုံနိုင်ကြ ပါစေကြောင်း ခင်မင် လေးစားစွာဖြင့် ဆုတောင်း မေတ္တာ ပို့သ လိုက်ပါတယ်ခင်မျာ ....

မပြည့်စုံမှုများ ၊ လစ်ဟင်းမှုများ ၊ လိုအပ်ချက်များ ရှိခဲ့ရင် နားလည် ခွင့်လွှတ်ပေးကြပါဖို့လည်း တဆက်တည်း ပြောကြားလိုပါတယ်.....;)

 www.winkabarkyaw.net မှာ မိမိတို့အတွက် အသုံးဝင်တဲ့ Software တွေ PDF နည်းပညာ စာအုပ်တွေ နဲ့ အခြား လိုအပ်တာတွေ Download လုပ်ယူကြတဲ့အခါ အဆင်မပြေဘူး ၊ ဒေါင်းမရဘူး ၊ Download Link ပျောက်နေတယ်,ရှာမတွေ့ဘူး ဆိုတာလေးတွေ ပြောလာကြလို့ ဒီပို့စ်လေးကို တင်ပေးလိုက်ရခြင်းပါ...။
  Download ဆွဲသူများ အားလုံး Download ဆွဲရတာ အဆင်ပြေစေဖို့ နည်းလမ်းလေးတွေ ကို ကျနော်သိထားသလောက် ပြန်လည်မျှဝေပေးသွားပါ့မယ်...။

အရမ်းလည်းလွယ်တဲ့ နည်းလေးတွေပါ...

 လူသုံးများတဲ့  IE (Internet Explorer) , Firefox , Chrome , Opera , Maxthon , Safari စ,တဲ့ Browser တွေမှာ သက်ဆိုင်ရာ Add On လေးတွေ Add ပေးရုံနဲ့ Download အဆင်မပြေတဲ့ ကိစ္စဟာ ပြီးသွားစေမှာဖြစ်သလို Browser တွေမှာ Crash ဖြစ်ပြီး လေးလန်နေတာမျိုးတွေက အစ တစ်ခါတည်း ပြေလည်သွားစေမှာပါ....

Add On လေးတွ တင်မပေးခင်...  Download ဆွဲခဲ့ဖူးတဲ့ အတွေ့အကြုံလေးကို ဗဟုသုတအဖြစ် အနည်းငယ်ပြောပါရစေ....

တကယ်တမ်း  Download ဆွဲမရဘူး ၊ အဆင်မပြေဘူးဆိုပြီး ပြောနေကြတာတွေဟာ လုံးဝ ဖြစ်နိုင်ပါတယ်... ကျနော်တို့  ပေးထားတဲ့ Download Link တွေကတစ်ဆင့် Download ဆွဲတော့မယ်  (ပေးထားတဲ့ Link ကို နှိပ်လိုက်ပြီဆိုရင်).........  ခုမှ အင်တာနက်ကို စ,သုံးဖူးတဲ့ User တစ်ယောက် အနေနဲ့  မျက်စိလည် တိုင်ပတ်သွားစေနိုင်ပါတယ်... 

Download Link ကို နှိပ်လိုက်တဲ့ အခါ Ad ဆိုတဲ့ ကြော်ငြာတွေကြောင့် ဘယ် Download Button ကို နှိပ်လို့ နှိပ်ရမှန်း မသိနိုင်ပါဘူး.... ဘာဖြစ်လို့လဲဆိုတော့ Download Link မရောက်ခင် ကြားခံထားတဲ့ Adf.ly တို့  adfoc.us တွေရဲ့ Page တစ်ခုလုံးမှာ ကြော်ငြာတွေ Download Button တွေနဲ့ ပြည့်နှက်နေတတ်ပါတယ်.... တခါတလေများဆို လာသေးတယ်ဗျာ ခပ်တည်တည်နဲ့ ...:D  သင့် ကွန်ပျူတာမှာ Flash Player မရှိဘူး ဒီမှာ နှိပ်ပြီး Download လုပ်ပါ ဆိုတာမျိုး ... ဟိုဟာသွင်းပါ .. ဒီဟာယူပါ .. ဒီ Software မရှိရင် ရုပ်ရှင်ကြည့်လို့ မရနိုင်ပါဘူး ...  iPhone 5 , Galaxy S4  Free လိုချင်ရင် ငါ့ကို ကလစ်ပါ  ဆိုတာမျိုးတွေကို Video နဲ့တစ်မျိုး အရုပ်တွေ ပြပြီး တဖုံ ....စုံလို့ပါပဲ ...ကြော်ငြာနေကြတာ...

သူတို့ကို နှိပ်ချင်အောင်လည်း လှုပ်လှုပ် ရွရွ နဲ့  ခုန်ပေါက်နေကြပြန်ပါသေးတယ်.... အခန့်မသင့်လို့  နှိပ်မိလိုက်ရင် Page တစ်ခု (New Window) နဲ့ အလိုလျှောက်ပွင့်သွားစေပါတယ်... အဲ့ဒီ Page ကိုရောက်တာနဲ့ ထုံးစံအတိုင်း အရုပ်နဲ့ ကြော်ငြာတာ အားမရလို့ Video နဲ့ပါကြော်ငြာနေပါတော့တယ်.... Cancel ကို ဘယ်လောက် နှိပ်နှိပ် တော်ရုံနဲ့ ပေးမထွက်ပြန်ပါဘူး .. သူကြော်ငြာနေတဲ့ အသံဆိုရင် အောက်က Video ထဲကအတိုင်းပါပဲ ပိတ်ကိုမရတော့တာပါ..... Cancel ကို နှိပ်လိုက်တာနဲ့ တကယ်ထွက်သွားတော့မလို့လား...  နေပါဦး နောင်ကြီးရာ... ရောက်တုန်း ရောက်ခိုက် ဘာညာဆိုပြီး သူတို့ပြောတာတွေ ၊ ရေးထားတာတွေကို ဇွတ်အတင်း ကြည့်ခိုင်းနေတတ်ပါတယ် ...  ဟိုဟာ နှိပ်ခိုင်း သည်ဟာနှိပ်ခိုင်းနဲ့  ၃/၄ ချက်နှိပ်ပေးပြီးမှ ပြန်ထွက်လို့ရတတ်ပါတယ်..  ဒေါင်းမရဘူး ဒေါင်းလို့ အဆင်မပြဘူး ဆိုတာ  အဲဒီက စ,တာပါပဲခင်မျာ..... Download ဆွဲဖူးသူ အားလုံး အနည်းနဲ့ အများ ကြုံဖူးကြမယ်ထင်ပါတယ်....
 အမှန်တကယ် နှိပ်ပေးရမဲ့ နေရာက အပေါ်ဆုံး ညာဘက်အစွန်က (အပြာရောင်နဲ့)  skip (or) SKIP AD ကိုပဲ နှိပ်ရမှာပါ.... ဒါတောင် ခုကျနော်ပြောမဲ့ Add On လေးတွေ Add မထားရင် skip (or) SKIP AD ကို နှိပ်လိုက်တာနဲ့ ကိုယ်မသိလိုက်ဘဲ Browser ရဲ့နောက်ကွယ်မှာ ကြော်ငြာတွေ အလိုလျှောက် ထပွင့်နေတတ်ပါတယ်.....Tab နှစ်ခု သုံးခု ပွင့်နေတဲ့ အတွက် ကွန်နက်ရှင် ကျဆင်းခြင်း Browser လေးသွားခြင်း စ,တာတွေဖြစ်ပေါ်သွားစေတဲ့ အတွက် Download ဆွဲရာမှာ အဆင်မပြေတာတွေဖြစ်စေတာပါ...... အင်တာနက်ကို ခုမှ စ,သုံးတဲ့ New User တွေ ကြုံတွေ့နိုင်တာကို ကျနော့ ကိုယ်တွေ့လေးနဲ့နှောပြီး ဗဟုသုတအနေနဲ့ ပြောပြတာပါ.....

ဒီအောက်ကပုံကို လေ့လာကြည့်ပါဦး...  မျှား အနီနဲ့ပြထားတာတွေက ကြော်ငြာတွေပါ... တကယ် Download ကို နှိပ်ရမှာက မျှားအပြာရောင်နဲ့ ပြထားတဲ့ နေရာက Download ကို နှိပ်ပြီး ဒေါင်းရမှာပါ...။


တချို့ User တွေက အနီရောင်နဲ့ ပြထားတဲ့ Download Button တွေကို မှားနှိပ်မိတတ်ကြပါတယ်.... ဒေါင်းမရဘူး အဆင်မပြေဘူးဆိုတာ ... ဒီကနေ စ,တယ်လို့ ကျန်ာထင်မိပါတယ်...:)

အဲ့ဒါတွေ အားလုံးကို ခုကျနော်ပြောပြမဲ့ နည်းလမ်းလေးတွေနဲ့ ကျော်ဖြတ် ရှောင်ကွင်းနိုင်ပါလိမ့်မယ်....။

Download  ဆွဲရတာ အဆင်မပြေတာလေးနဲ့  ဆက်စပ်လို့ နောက်တစ်ခု ပြောခွင့်ပြုပါ........

ကျနော်တို့ Website ကနေ Software တွေ PDF စာအုပ်တွေ နဲ့ တခြားလိုအပ်တာတွေ ဒေါင်းယူဖို့  Download Link တွေ ပြန်ညွှန်းကြတဲ့ အခါ ... တိုက်ရိုက် Download Link ကို မရောက်စေပဲ မရောင်ခင်စပ်ကြား Adf.ly နဲ့ adfoc.us ဆိုတဲ့ ကြော်ငြာဆိုက်ဒ် နှစ်ခုကို ကျော်ဖြတ်စေတာပါ....

(ကျနော်တို့ ဝက်ဘ်ဆိုက်ဒ် တစ်တည်းမှ မဟုတ်ပါဘူး အင်တာနက်ပေါ်က ဝက်ဘ်ဆိုက်ဒ်တွေရဲ့ ၈၅% ကနေ ၉၀% ထိ ဒီကြော်ငြာဆိုက်ဒ်တွေကို ကျနော်တို့လိုပဲ ကြားခံ အသုံးပြုနေကြပါတယ်) 

 ဒါကို တချို့က Website ထောင်ပြီး ငွေရှာနေတယ် ၊ စီးပွားရေး လုပ်နေတယ် လို့ ထင်နေ ၊ပြောနေကြပါတယ်... တကယ်တော့ ဒီမဖြစ်စလာက်ငွေလေးနဲ့ ဘာစီးပွားမှ မဖြစ်နိုင်ပါဘူးးးခင်မျာ....

ဘာ့ကြာင့် စီးပွားမဖြစ်နိုင်တာလဲ ?
adf.ly ဆိုတဲ့ ကြော်ငြာဆိုက်ဒ်တစ်ဆိုက်ဒ်ကိုပဲ ဗဟုသုတအဖြစ် ကြည့်ကြည့်ရအောင်ပါ....
(ဒီ http://adf.ly Link ကို နှိပ်ပြီး လေ့လာလိုသူများ မူရင်း ဝက်ဘ်ဆိုက်ဒ်မှာ လေ့လာနိုင်ကြပါတယ်)

ခု ကျနော်တို့တင်ပေးနေတဲ့ Download Link တွေကို .... လူပေါင်း တစ်သောင်း  (၁၀၀၀၀) (သို့) Click (နှိပ်) တဲ့ အကြိမ်ပေါင်း တစ်သောင်း (၁၀၀၀၀) (ကြိမ်) ပြည့်ရင် $5.00 ရပါတယ်... ကျနော်တို့ ဆိုက်ဒ်ကတော့ တစ်ရက်ကို တစ်သောင်းမပြောနဲ့ ၁၀၀၀ ပြည့်အောင်နှိပ်မဲ့လူ  ရှိမယ်မထင်ပါဘူးး ... ဘာဖြစ်လို့လဲဆိုတော့ တချို့က  Download လုပ်ဖို့ထက် ကွန်ပျူတာ ပြဿနာ ဖြေရှင်းနည်းတွေ ဖတ်ဖို့ ၊ နည်းပညာ သတင်းတွေ ဖတ်ဖို့ ၊လေ့လာဖို့ရောက်လာတဲ့ လူတွေလည်း ရှိနေနိုင်လို့ပါပဲ ..... သူတို့တွေကတော့  Download Link ကို နှိပ်ဖို့ မဖြစ်နိုင်ပါဘူး.... ကဲဗျာ.... ပျမ်းမျှ တစ်ရက်ကို လူ အယောက် (သို့) အကြိမ် (၁၀၀၀) ပဲနှိပ် တယ်ပဲ ထားတော့ ... တစ်ရက် (၁၀၀၀ x ၃၀ =  ၃၀၀၀၀) ၁၀၀၀၀ ကို $5.00 နှုန်းနဲ့ ဆိုတော့ တစ်လကို $15.00 .....:(     တစ်လ ဝင်ငွေ $15.00 နှုန်းနဲ့  စီးပွားဖြစ်နိုင် မဖြစ်နိုင်ဆိုတာ.... အားလုံး စဉ်းစားလို့ ရနိုင်ကြပါတယ်ခင်ဗျာ.....:D
 အဲ့ဒါဆိုရင် ဘာ့ကြောင့် အဲ့ဒီ ကြော်ငြာ Link တွေ ခံထားရတာလဲ ? စေတနာနဲ့ မျှဝေနေတာမဟုတ်လား ? စေတနာပါလို့ မျှဝေနေတာဆိုရင် ဘာ့ကြောင့် တိုက်ရိုက် Download Link ကို မရောက်စေတာလဲ ?
အချိန်ပေးပြီး တည်ဆောက်လာခဲ့ရတဲ့ ဒီ Website လေးကို ထာဝစဉ် တည်မြဲနေစေချင်တာရယ် , တစ်နှစ်စာ နှစ်နှစ်စာ ဒိုမိန်းဖိုးလေးများ ရနိုင်မလားဆိုတဲ့ မျှော်လင့်ချက်လေးတွေနဲ့  ရည်ရွယ်ပြီး ဒီလို ကြော်ငြာ ဆိုက်ဒ်လေးတွေကို ကြားခံပေးထားရတာပါ.... ကိုယ်ကျိုးအတွက် လုံးဝမပါပါဘူးးး....  Credit Card မသုံးနိုင်သေးတဲ့  ကျနော်တို့ကို အားလုံးနားလည်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်...:(
နောက်ဆုံးတစ်ခုကတော့......
Download Link ကို တစ်ချက် နှိပ်လိုက်တာနဲ့ Link နှစ်ခု သုံးခုပွင့်သွားစေတာလေးပါ... ဒါကတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်စေဖို့  တမင် ဖန်တီးထားတာပါ...။
 ဒိအတွက် မြန်မာပြည်က သူငယ်ချင်း၊မိတ်ဆွေများအားလုံးကို အထူးတောင်းပန်ပါတယ်.....။
ဟိုနေ့က မြန်မာပြည်မှ သူငယ်ချင်းတစ်ယောက်က ဝင်းကမ္ဘာကျော် Website မှာ Download ဆွဲရတာ နဲ့ ပါတ်သက်ပြီး  စိတ်မချမ်းမြေ့စွာ အခုလို ငြီးငြူ သွားပါတယ်... .... လိုင်းက မကောင်းရတဲ့ အထဲ နှိပ်လိုက်တာနဲ့  Link နှစ်ခု ၊ သုံးခု တပြိုင်တည်းပွင့်တော့ အဝိုင်းလေး လည်နေတာကိုပဲ ကြည့် ကြည့်နေရပါတယ်တဲ့.... ပြီးတော့..
 မြန်မာနိုင်ငံမှ MPT ဆိုတဲ့ အင်တာနှေး ကြီးက ဒီလို ဒီလို ကောင်းကြောင်း (စိတ်ပျက်ဖို့) ၊ တစ်မိနစ် (၄) ကျပ် နှုန်းနဲ့ အဝိုင်းလေး လည်နေတာကြည့်ကြည့်ပြီး သာသနာ့ဘောင်ကို ဝင်သွားတဲ့ လူတွေလည်း မနည်းတော့တဲ့အကြာင်း ၊ မြန်မာပြည်သူ ပြည်သားများ အားလုံးက မည်သို့ပင် မေတ္တာဓာတ်တွေ ကြီးမားစွာနဲ့ ပို့သ အမျှပေးဝေ နေပါသော်လည်း ကြီးမားလှတဲ့ အကုသိုလ်ကံ အရှိန်အဟုန်ကြောင့် အမျှကုသိုလ် မရနိုင်ပဲ မကျွတ်မလွတ်ဖြစ်နေတာဟာ နှစ်ပေါင်းများစွာပင် ရှိနေပြီဖြစ်ကြောင်း  ....စ,တာ စ,တာ တွေကို သဘင်သံမနှော နတ်သံမနှောပဲ ရိုးရိုးလေးပြောပြသွားပါသေးတယ်...:D 

အဲ့ဒါကြောင့် ခုနောက်ပိုင်း မြန်မာပြည်က သူငယ်ချင်းများ လိုချင်တာတွေ Download လုပ်ရတာ အဆင်ပြေစေဖို့ ရည်ရွယ်ပြီး ခုလို Link ကို တစ်ချက် နှိပ်လိုက်တာနဲ့ သုံးခုပွင့်အောင် တမင်လုပ်ထားရတာပါ.... :D  

 ဘယ်လို အဆင်ပြေစေမှာလဲ ?
ဒီလိုပါ အရင်က ဆိုရင် Download Link ကို နှိပ်လိုက်တာနဲ့  Adf.ly ကို အရင်ဝင် (၅) စက္ကန့်စောင့် .....  ပြီးမှ adfoc.us ကိုနောက်တစ်ခါ ထပ်ဝင် (၅)စက္ကန့် ထပ်စောင့်ရပါတယ် စောင့်ရတဲ့ အချိန်က နှစ်ဆိုက်ဒ်ပေါင်း (၁၀) စက္ကန့်ဖြစ်သွားပါပြီ .... 
 ခုလို Click တစ်ချက် နှိပ်လိုက်တာနဲ့ Link နှစ်ခု သုံးခု ပွင့်စေတာက ပိုကောင်းတယ် ထင်ပါတယ် ....  (၅)စက္ကန့် တစ်ကြိမ်ပဲစောင့်ရလို့ ပိုအဆင်ပြေစေမလားလို့ပါ... Download Link ကို နှိပ်လိုက်တာနဲ့ Link သုံးခုပွင့်လာပြီး အဝိုင်းလေး လည်နေတာကို နှေးသွားစေတယ်ဆိုရင်တော့ ဒီလိုလုပ်ပေးနိုင်ပါတယ်...  ပွင့်လာတဲ့  Link သုံးခုထဲက ကြိုက်တဲ့ နှစ်ခုကို ချက်ချင်း ပိတ်ပစ်လိုက်ပါ Down ရမဲ့နေရာက အတူတူပါပဲ (၅) စက္ကန့်စောင့်ပြီး Download Link ကို တန်းရောက်သွားမှာပါ.... ဒါမှ အဆင်မပြေသေးဘူးဆိုရင်တော့  နောက်တစ်ခါ Software တွေတင်ရင် Link တစ်ခု လျှော့တင်ပေးလိုက်ပါ့မယ်... :D

ကဲဗျာ... မလိုအပ်ပဲ စာတွေ ရှည်နေပြီ...ဖတ်နေတဲ့သူငယ်ချင်းတွလည်း ..ပျင်းနေရောပေါ့....:) 
 Download  ဆွဲရတာ အဆင်မပြေဘူး ၊ Download Link ရှာမတွေ့ဘူး ၊ ဒေါင်းမရဘူး  ဆိုတဲ့ သူငယ်ချင်းများ အတွက် .... 

ကွန်ပျူတာကနေ အင်တာနက်ကို စ,ဖွင့်လိုက်တာနဲ့  ဘယ် Website က Link ကိုမှ မနှိပ်ခင်... အောက်မှာ တင်ပေးထားတဲ့  Extensions ခေါ် Add On လေးတွေကို သက်ဆိုင်ရာ Browser တွေမှာ  အရင်ဆုံး Add  ပေးလိုက်ပါ....။

 Add ပြီးရင်တော့ စိတ်ကြိုက်မွှေနိုင်ပါပြီ....:D

(တခုတော့ ရှိတယ်နော်....  ဒီ Add On လေးတွေကို Add ထားရင် http://www.adinnwa.com/
က  Ad ကြော်ငြာတွေကိုလည်း မတွေ့မြင်နိုင်တော့ပါဘူး ကြော်ငြာတွေမှ ကြည့်ချင်တဲ့ သူငယ်ချင်းများအတွက်ဆိုရင်တော့ အဆင်မပြေနိုင်ပါဘူးခင်မျာ)



 Firefox Browser အတွက် ဒီနေရာကို နှိပ်ပြီး Install လုပ်ပေးလိုက်ပါ...။


Chrome Browser အတွက်ကိုတော့ ဒီနေရာက တဆင့် ADD TO CHROME ကိုနှိပ်ပြီး Add ပေးလိုက်ပါ..။

 IE (Internet Explorer) Browser အတွက်ကတော့ အပေါ်က Browser တွေလို Add လို့မရပါဘူး ဒေါင်းယူပြီး Double Click နဲ့ မိမိစက်မှာ Install ပေးရမှာပါ...။ ဒီနေရာကနေ ဒေါင်းယူပါ...။

Opera Browser အတွက်ကို ဒီနေရာ ကိုနှိပ်ပါ..။

Maxthon Browser  အတွက်က ဒီမှာပါ...။

Safari Browser  အတွက်ကိုတော့ ဒီနေရာက တဆင့် ညွှန်ကြားချက်အတိုင်း Add  ပေးလိုက်ပါ...။

 

ဒါဆိုရင် အပေါ်က ပုံလေးတွေအတိုင်း မျက်စိနောက်စရာ ဘာကြော်ငြာမှ မတွေ့ရတော့တာကြောင့် Download လုပ်ရာမှာ အဆင်ပြေစေတဲ့အပြင် Browser ကို လေးလန်စေတဲ့ Ad ကြော်ငြာတွေကို မတွေ့ရတော့ပဲ အချိန်ကုန် သက်သာသွားစေမှာပါ....။


ဒီ Extensions လေးတွေကို Add ပေးထားခြင်းဖြင့် ဘယ်လို အကျိုးထူးစေလည်းဆိုတာကိုတော့ ဒီ Video လေးကို ကြည့်ပြီး လေ့လာနိုင်ပါတယ်... (အသံမကြည်မလင်ဖြစ်နေတာကိုတော့ နားလည်ပေးပါ ခင်မျာ)


အားလုံးအဆင်ပြေနိုင်ကြပါစေဗျာ...

ခင်မင်လျှက်

ဝင်းကမ္ဘာကျော်

www.winkabarkyaw.net

2 comments:

  1. မင်္ဂလာပါ ဆရာ ကျနော် လူမှုရေးအသင်းကပါ
    လူမှုရေး ကျန်းမာရေး နာရေးတွေကို website apk
    လေးတစ်ခုလောက်လုပ်စေချင်ပါတယ် ဖုန်းတစ်လုံးရှိရုံနဲ့ ဘယ်နေရာရောက်ရောက် နီးစပ်ရာ
    အသင်းကို ကူညီတောင်းနိုင်မဲ့ apk ကြိုးစားပေးပါလို့
    အကူအညီတောင်းခံအပ်ပါတယ် ကျနော် အသင်းပေါင်း ၃၁၀သင်းစုဆောင်းထားပြီးပါပြီ နည်းပညာကို တတ်စွမ်းတတ်သလောက်ကူညီပေးပါဗျာ တကယ်ကို ကုသိုလ်ရပါတယ် တစ်ဖက်တစ်လှမ်းက
    ကူညီပေးပါလို့ အနုအညွတ်တောင်းပန်းပါတယ်ဗျာ
    အားလုံးကိုလေးစားလျက် ကိုတိုး

    ReplyDelete
  2. ကျေးဇူးပါ အစ်ကို ကျွန်တော်သိချင်တာလေးတွေ သိရတဲ့အတွက် အစ်ကို ဝက်ဆိုဒ်ကိုအမြဲအားပေးနေပါတယ်

    ReplyDelete