Pages

Translate

Wednesday, October 9, 2013

C8813 ကို (GSM/CDMA) နှစ်မျိုးလုံးသုံးနည်း{MIUI ROM Android 4.1}


1500 တန် CDMA မဲပေါက်တဲ့အခါ Handset ၀ယ်ဖို့စဉ်းစားပါတယ်။
ဟိုမေးဒီစမ်းနဲ့ နောက်ဆုံး Huawei C8813 ၀ယ်ဖြစ်ပါတယ်။
အဖြူရောင်ဆိုတော့ ၁၁၅၀၀၀ိ ပါ။ CDMA Only (single SIM)ပါ။ မှန်အကျယ် ၄.၅ လက်မ၊
Processor 1.2 Dual Core, Internal Memory 1Gb ဆိုတော့
အလယ်အလတ် Spec ပေါ့ဗျာ။ သုံးကြည့်တော့ Touch တော်တော်ကောင်းပါတယ်။
Process Time လည်းနည်းပါတယ်။ ကင်မရာကလည်း 5Mp ဆိုပေမယ့် ညဖက်တွေရိုက်တဲ့အချိန်မှာ
သာမန်အလင်း(မီးချောင်း)နဲ့တောင် ပြတ်ပြတ်သားသား ထင်ထင်ရှားရှား ရိုက်လို့ရပါတယ်။
Sony Xperia S နဲ့ယှဉ်ရိုက်တော့ ထွက်လာတဲ့ပုံချင်း(သာမာန်အားဖြင့်တော့) သိပ်အကွာကြီးမဖြစ်နေပါဘူး။


သူ့ရဲ့ကောင်းတဲ့အချက်တွေပြောပြီးတော့ မကြိုက်တဲ့အချက်တွေပြောပါဦးမယ်။
ကျွန်တော်က MEB Talk သုံးပါတယ်။ နိုင်ငံခြားကိုဖုန်းခေါ်ဖို့ပါ။ ဒီ Software က
8813 မှာ ကောင်းကောင်းအလုပ်မလုပ်ပါဘူး။ စကားပြောလို့မရပဲ Register ပြန်ပြန်လုပ်နေပါတယ်။
နောက်တစ်ခုက PES 2012 ဘောလုံးဂိမ်းဆော့လို့မရပါဘူး (8813D လည်းမရပါ)။ ဒီဖုန်းထက် Spec နိမ့်တဲ့ဖုန်းတွေမှာတောင်
ဆော့လို့ရနေရဲ့သားနဲ့ ဒီဖုန်းကျမှမရတာပါ။ နောက်တစ်ခုက Compass အလုပ်မလုပ်ပါ(ဒါကတော့ ROM နှင့်မဆိုင်ပါ)။ ထိုအချက်များကြောင့် ကျွန်တော် 8813 ကိုမကြိုက်တော့ပါဘူး။
ROM Change ရင်ရောအဆင်ပြေမလားတွေးရင်း ROM အမျိုးမျိုးပြောင်းစမ်းပါတယ်။ Bootloader Unlock Code တောင်းရပါတယ်။
ပထမဆုံးတော့ Original ROM ကို Backup ထားရပါတယ်။ SIII ROM ဆိုတာတင်ကြည့်ပါတယ်။ ဘာမှမထူးပါဘူး UI ပြောင်းသွားတာပဲရှိပါတယ်။
4.2.2 ROM တစ်ခုရလို့ ပြောင်းကြည့်တော့ ဖုန်းလိုင်းပျောက်သွားပါတယ်။ (8813 ROM တွေက Radio (baseband)ကိုပါ ပြောင်းပေးပုံရပါတယ်)။
ဒါပေမယ့် 4.2.2 မှာ PES 2012 တင်ပြီးဆော့လို့ရပါတယ်။ လိုက်ရှာရင်းနဲ့ နောက်ဆုံး MIUI ROM ကိုသွားတွေ့ပါတယ်။
Android version က 4.1.1 ပါ။


အားလုံးထက် ပိုကောင်းတဲ့အချက်က CDMA တစ်မျိုးသုံးကို GSM ပါသုံးလို့ရအောင်ပြောင်းပေးပါတယ်။
ပုံမှာတော့ Launcher ပြောင်းထားလို့နှစ်ခုမတူပါ။

SIM Card ပေါက်ကတော့ တစ်ပေါက်ထဲပါ။ ဒါပေမယ့် စက်မပိတ်ခင်မှာ ကိုယ်သုံးချင်တဲ့ SIM အမျိုးအစား(CDMA/GSM)ကို သတ်မှတ်ပေးလိုက်ပါ။ ပြီးတော့ SIM ကိုလဲပြီးသုံးလိုက်ရုံပါပဲ။
(*#*#4636#*#* နဲ့ပြောင်းရတာမဟုတ်ပါဘူး၊ ဖုန်းထဲမှာပါပြီးသားပါ Setting>Additional>Main Network မှာ GSM or CDMA ပြောင်းပြီး Restart ချရုံပါပဲ။



Network Change တာကို SIM ပြောင်းသုံးခါနီးမှလုပ်ရတာပါ၊ နောက်ထပ် ပြန်မပြောင်းသမျှ ဘာမှထပ်လုပ်စရာမလိုပါဘူး Restart, Power Off ဘာလုပ်လုပ် ပြန်မပြောင်းသွားပါဘူး)
နှစ်မျိုးစလုံးမှာ အင်တာနက်သုံးလို့ရပါတယ်။ APN Setting ကိုတော့ သက်ဆိုင်ရာ APN ပြောင်းပေးရပါမယ်။
WCDMA ထည့်ရင်တော့ EDGE Network နဲ့ပဲအလုပ်လုပ်ပါတယ် (HSPDA မရပါဘူး) ဖုန်းပြောရတာတော့ အဆင်ပြေပါတယ်။

နောက်ပြီး ကိုယ်သုံးနေတဲ့ Internet Download Speed ကိုလည်း Notification Bar မှာ ပြခိုင်းလို့ရပါတယ်။


Battery Level ကို Percent နဲ့ပြပေးပါတယ်။
တခြားအားသာချက်သေးသေးလေးတွေအများကြီးရှိပါသေးတယ်(ဥပမာ ဖုန်းနံပါတ်တွေနှိပ်ရင် စန္ဒယားသံထွက်တာတို့၊ Music Player မှာ ဖုန်းကိုလှုပ်လိုက်တာနဲ့
အပုဒ်ကျော်ပေးတာတို့ စသည်ဖြင့် ....)

C8813 ကို MIUI ROM ပြောင်းလိုက်ခြင်းဖြင့် ကျွန်တော်တွေ့သလောက်တော့ Error မရှိပါ။ Face Unlock အတွက်တော့ application မပါပါ။ မူရင်း ROM မှ
Face Unlock နှင့်အဆင်မပြေပါ။ ထိုအချက်ကို Error ဟုမသတ်မှတ်လိုပါ။ (ROM ပြောင်းလျှင်ဖြစ်တတ်သော Camera, Wifi, Wifi Tether, Bluetooth, Bluetooth Tether
အဆင်မပြေခြင်းများမရှိပါ)။ MIUI version က 3.7.5 ပါ။

ဖိုင်ပမာဏ 232.451 မီဂါဘိုက်ရှိပါတယ်။  (ယခုပြောပြထားတာတွေဟာ ဖုန်းကို ကိုယ်တိုင် ROM change ဖူးတဲ့အတွေ့အကြုံရှိသူတွေကိုသာ ရည်ရွယ်ပြီးပြောပြတာပါ၊ ဘာမှမလုပ်ဖူးရင်တော့
မစမ်းကြည့်တာအကောင်းဆုံးပါ။ နောက်တစ်ခုက ROM မပြောင်းခင်မှာ Original Huawei Emotion Icon C8813 ROM ကို Backup လုပ်ထားစေချင်ပါတယ်။
အဆင်မပြေရင်ပြန် restore လုပ်လို့ရအောင်လို့ပါ)


Click Here Download Link

ref: http://www.myanmaridroidappfree.com



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

1 comment: