
ရန်ကုန်၊ စက်တင်ဘာလ ၃၀
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲကာလ သုံးအတွင်းသာ အသုံးပြုနိုင်မည့် ကျပ်နှစ်သောင်းတန် GSM မိုဘိုင်းလ် ဆင်းမ်ကတ်များကို အားကစားသမားများနှင့် နည်းပြ အုပ်ချုပ်သူများအား အခမဲ့ပေးမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဒုတိယ အထွေထွေမန်နေဂျာ ဦးသိန်းဟုတ်က ပြောကြားသည်။
မြန်မာ အားကစားသမားများ၊ နည်းပြနှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များအတွက်
အခမဲ့ပေးမည် ဖြစ်သော် လည်း ဒေသတွင်း ပြိုင်ပွဲဝင် နိုင်ငံများမှ
ကစားသမားများ၊ အားကစား အဖွဲ့ချုပ်များက အဖွဲ့ဝင်များနှင့် လာရောက်
ကြည့်ရှုမည့် ပရိသတ်များ အသုံးပြုနိုင်ရန်မူ ကျပ်နှစ်သောင်းဖြင့်
ရောင်းချမည် ဖြစ်ရာ လက်ရှိထုတ်ဝေလျက် ရှိသည့် GSM ငွေဖြည့်ကတ်များဖြင့်
အသုံးပြုနိုင်မည်ဟု ၎င်းက ဆိုသည်။
ယင်းသုံးလခံ GSM ဆင်းမ်ကတ်များကို ခုနစ်ကြိမ်မြောက် မသန်စွမ်း SEA Games တွင် ပါဝင် မည့် မြန်မာမသန်စွမ်း အားကစား အဖွဲ့များ၏ အုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမားများကိုလည်း အခမဲ့ပေး မည် ဖြစ်ရာ နိုဝင်ဘာလမှစ၍ ဇန်နဝါရီလကုန်အထိ အသုံးပြုနိုင်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲကို အားကစားနည်း ၃၃ မျိုးဖြင့် ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် ငွေဆောင် ကမ်းခြေတို့တွင် ကျင်းပမည်ဖြစ်ရာ ယင်းပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ အားကစားသမား ၉၀၀ ကျော် အပါအဝင် အာဆီယံ အားကစား သမားပေါင်း ငါးထောင်ကျော် ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
Ref :The Voice Weekly
0 comments:
Post a Comment