Pages

Translate

Tuesday, October 15, 2013

Google စမတ်နာရီ အဆင်သင့်ဖြစ်ကြောင်း ပြောဆိုနေကြ


Google စမတ်နာရီဟာ မိတ်ဆက်ပြသဖို့ အဆင်သင့်ဖြစ်ပြီဖြစ်ကြောင်း သတင်းမီဒီယာများက ဆိုပါတယ်။ Google က တရားဝင်ပြောဆိုခြင်း မဟုတ်သေးပါဘူး။ rumor ပြန့်နှံ့နေခြင်း ဖြစ်ပါတယ်။

Android 4.3 OS ကို အသုံးပြုပြီး Bluetooth 4.0 Connectivity ပါဝင်ကြောင်း ဆိုပါတယ်။ ဒီတော့ စမတ်နာရီနဲ့ အဓိက တွဲဖက် အသုံးပြုရမယ့် ပစ္စည်းကတော့ Android စမတ်ဖုန်း များ ဖြစ်ပါတယ်။ အနီးစပ်ဆုံး အနေနဲ့ Google ရဲ လက်အောက်ကနေ ထုတ်လုပ်ထားတဲ့ Motorolla စမတ်ဖုန်းများနဲ့ တွဲဆက် အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ Google Smartwatch ကနေ အင်တာနက် လည်း အသုံးပြုနိုင်ပါမယ်။ Google Search Engine ပါဝင်တာမျိုး ဖြစ်ပါတယ်။ လက်ရှိ Samsung က ထုတ်ထားတဲ့ Samsung Galaxy Gear နဲ့ အဓိက ကွာခြားချက်အနေနဲ့ ဘယ် Android Device နဲ့မဆို သင့်လျော်မယ့် စမတ်နာရီအဖြစ် ဖန်တီးခြင်း ဖြစ်ပါတယ်။ Samsung Galaxy Gear လည်း အသုံးပြုလို့ရပေမယ့် အချို Device များအတွက် ကန့်သတ်ချက်တွေ ရှိနေအုံး မှာပါ။ သူက Samsung မှာတောင်မှ Galaxy Note 3 နဲ့တွဲဖို့ အဓိက ရည်ရွယ်ထားလို့ ဖြစ်ပါတယ်။
ကျန်းမာရေးအတွက်၊ အားကစားအတွက်များပါ Nike Fuel Band လို့ အသုံးပြုနိုင်မှာ ဖြစ်ပြီး Application များစွာနဲ့ ထွက်ရှိလာနိုင်ချေ ရှိတဲ့ စမတ်နာရီ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: mashable
Aung Kham ( TSJ Team)

0 comments:

Post a Comment