Pages

Translate

Friday, October 4, 2013

How To Burn ISO Image To CD/DVD (ISO ဖိုင်လ်များ ဘန်းနည်း)

 

Myo Lwin : IOS file ဖြည်နည်းနဲ့ DVD ခွေထဲ Burn နည်းလေး တင်ပေးပါအကို ကူညီပါဦး ကျေးဇူးတင်ပါတယ်အကို...

ISO ဖိုင်ဆိုတာ CD/DVD အခွေ က ဖိုင်တွေကို ပေါင်းစုပြီး ဖိုင်တစ်ခု အနေနဲ့  ပြုလုပ်ထားတဲ့ Disk Image ဖိုင်အမျိုးအစားတစ်ခု ပါ။  အင်တာနက်ကနေ Windows OS တွေကို ဒေါင်းလုပ်ရရှိတဲ့အခါမှာ ISO ဖိုင်အနေနဲ့ ရရှိတတ်ပါတယ်။အဲဒီ အခါကျရင် ရရှိလာတဲ့ ISO ဖိုင်ကို CD/DVD မှာ ဘန်းပြီးတော့ Windows ကို အင်စတောလုပ်နိုင်ပါတယ်။

CD/DVD မ သုံးဘဲ  USB Stick  ကနေလည်းအင်စတောလုပ်နိုင် ဖို့ အတွက်လည်း ISO ဖိုင်ကို သုံးနိုင်ပါတယ်။ Windows 7 နဲ့  8 မှာတော့ ISO ဖိုင်တွေကို တစ်ခြားဆော့ဝဲတွေ သုံးစရာမလိုဘဲ ဘန်းနိုင်ပါတယ်။တစ်ခြား Windows OS တွေ မှာ တော့ ISO ဖိုင်တွေကို ဘန်းဖို့  third party software တွေကို သုံးရမှာပါ။ISO ဖိုင်တွေကို ဘန်းပေးနိုင်တဲ့ Burner တွေကိုလည်းတင်ပေးထားပါတယ်။


Burning ISO In Windows 7 & 8

CD/DVD အခွေ အလွတ် ကို drive ထဲထည့်ပါ။Windows Explorer ကနေ ISO ဖိုင်ပေါ်ကို right click နှိပ်ပြီး Burn disc image ကိုနှိပ်ပါ။

ashampoo 02

နောက်တစ်ဆင့်မှာတော့ CD/DVD drive ကိုရွေးပေးပြီး Burn ကိုနှိပ်ပါ။ဘန်းပြီးတဲ့ အခါမှာ verify လုပ်ချင်ရင်တော့ “Verify disc after burning” ဆိုတဲ့ check box မှာ အမှန်ခြစ်ပေးပါ။ 

1

ဘန်းပြီးတဲ့အခါမှာတော့ အောက်ကပုံမှာလို မြင်တွေ့ ရမှာပါ။

2

Using ImgBurn 

ဒီ ဆောင်းပါးမှာတော့  ImgBurn  ဆိုတဲ့ freeware ကို သုံးပြီး ISO ဖိုင်တွေကိုဘန်းနည်းကို ရေးပေးပါမယ်။CD/DVD အခွေကို drive ထဲထည့်ပြီး ImgBurn ကို run ပြီး Write image file to disc ကိုနှိပ်ပါ။

ashampoo 03

နောက်အဆင့်မှာ Source နေရာမှာ  iso ဖိုင် ကိုရွေးပေးပါ။Destination နေရာမှာ cd/dvd drive ကိုရွေးပေးပါ။ပြီးရင်အောက်ဆုံးက  Write button ကိုနှိပ်ပါ။

ashampoo 04

ဒါဆိုရင် iso ဖိုင်ကို cd/dvd မှာ စပြီးဘန်းပါပြီ။

1

ဘန်းပြီးသွားရင်တော့ အောက်ကပုံမှာလို မြင်တွေ့ နိုင်ပါတယ်။

2

Credit : http://thuyatest1.blogspot.com

0 comments:

Post a Comment