Pages

Translate

Friday, October 4, 2013

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်တာနက် အသုံး ပြုနိုင်မှုများ ခေတ္တ ပြတ်တောက်မည်ဖြစ်ကြောင်း အသိပေးကြေညာ


ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသည် အင်တာနက် အသုံး ပြုသူ မိဘပြည်သူ များ၏ အင်တာနက်ချိတ်ဆက်အသုံးပြုမှု မြန်ဆန်တည်ငြိမ်မှုရရှိစေရေး အတွက် ဆက်သွယ်မှုကွန်ရက် တိုးတက်ရေးစီမံကိန်းကို ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ စီမံကိန်းအရ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များတွင် ISP နှင့် National Gateway များ အဆင့်မြှင့် တင်ခြင်းနှင့် အသစ်တပ် ဆင်ခြင်း လုပ်ငန်းများကို သတင်းအချက်အလက်နှင့်နည်းပညာဌာနနှင့် NTT Communications တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့တွင် လက်ရှိ ISP Network နှင့်ချိတ်ဆက်ထား သော POP များအား အသစ် တပ်ဆင်ပြီးဖြစ်သော ISP Network အသစ်ပေါ်သို့ အေဖ်ာပြပါ အချိန်များတွင် ပြောင်းရွှေ့ချိတ်ဆက်ခြင်းလုပ်ငန်းများအား ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း နှင့် အဆိုပါအချိန်များတွင် ပြောင်းရွှေ့ ချိတ်ဆက်မည့် POP ဧရိယာအတွင်းရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်တာနက် အသုံး ပြုနိုင်မှုများ ခေတ္တ ပြတ်တောက်မည်ဖြစ်ပါကြောင်း အသိပေးတင်ပြ အပ်ပါ သည်။

 
Ref : Popular Myanmar News

0 comments:

Post a Comment