မြန်မာပြည်က သူငယ်ချင်းတွေ ဒီ ပြဿနာကို "Sorry Windows 8 isn't available for purchase in the country/region you're in" ခဏ ခဏ မေးနေကြလို့ အဆင်ပြေအောင် ထပ်တင်ပေးလိုက်ပါတယ်....။
အဆင်ပြေတဲ့ သူငယ်ချင်းတွေ ရှိရင် Comment မှာ ရေးသွားပေးစေလိုပါတယ်ခင်မျာ.... အရင်တစ်ခေါက်တင်ပေးထားတဲ့ ပို့စ်ကို ကြည့်ရှု့တဲ့ အကြိမ်ပေါင်း ထောင်ကျော်ပေမဲ့ အဆင်ပြေကြောင်း/မပြေကြောင်း တစ်ယောက်မှ ရေးမသွားတော့ မြန်မာပြည်မှာ အဆင်ပြေ/မပြေဆိုတာ အတိကျ မသိရပါဘူး .. အဆင်ပြေခဲ့တယ်ဆိုရင် Comment လေးချန်ထားပေးခဲ့ကြပါဦးလို့ တောင်းဆိုပါရစေ... အားလုံးကို ကျေးဇူးတင်ပါတယ်...။
Windows 8 Store ကိုဖွင့်ပါ...
Settings ဆိုတဲ့ Gear Icon လေးကို နှိပ်ပါ...
Preferences ကို ဆက်နှိပ်ပါ...
“Make it easier to find apps in my preferred languages” နေရာမှာ NO ကိုရွေးပေးလိုက်ပါ...
အားလုံး ပိတ်ပြီး Window Store ကို ပြန်ဖွင့်ကြည့်ပါ... ။ အဆင်မပြေသေးရင်တော့ အရင်ကတင်ထားတဲ့ ဒီပို့စ်မှာ ဖတ်နိုင်ပါတယ်...။
အဆင်ပြေကြပါစေ...
ခင်မင်လျှက်
ဝင်းကမ္ဘာကျော်
www.winkabarkyaw.net
setting ကိုဖွင့်လိုက်ရင် permission ပဲတွေ့တယ် preferences ကိုမတွေ့တော့ဘယ်လိုလုပ်ရမလဲ ကူညီပါအုန်း ...........
ReplyDelete