Pages

Translate

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label Android wifi. Show all posts
Showing posts with label Android wifi. Show all posts

Sunday, December 22, 2013

Wifi Password တွေကို 95%အမှန်အကန် Hack ပေးနိုင်တဲ့ WIBR+ WIfi BRuteforce Hack APK

WIBR+ WIfi BRuteforce hack APK Download
အခုတင်ပေးလိုက်တဲ့ Application လေးကတော့ ကျွန်တော့်ဆရာသမားလည်းဖြစ် ဆေးထိုးဖော်လည်းဖြစ်တဲ့
အိုင်တီ မုဆိုးပေးတဲ့ Application လေးဖြစ်ပါတယ်။ Hacker ကြီးသုံးနေတဲ့ Application ဆိုတော့ နယ်နယ် ရရတော့ မဟုတ်လောက်ဖူးနော်။ ကျွန်တော်ကလည်း ရရချင်းစမ်းသပ်ကလိနေတုန်းပါဘဲ။ အခု Application နဲ့ ရခဲ့ဖူးတဲံWifi Password တွေရှိတယ်လို့ Hacker ကြီးကပြောပါတယ်ဗျာ။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ Wifi တွေရှိတဲံ ဘော်ဒါများ အတွက် ဒေါင်းယူထားသင့်ပါတယ်ဗျာ။ တစ်ခုတော့ကြိုပြီးပြောပါရစေနော် Hacking ဆိုတာလွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ ကလိချင်သူများကလိနိုင်ပါပြီဗျာ။ File Size ကလည်း 146KB လေးဘဲရှိလို့လွယ်ကူ စွာဒေါင်းယူနိုင်ပါတယ်ဗျာ။ သူက Wifi Signal Strength အနည်းဆုံး 50 ရှိမှ Hack ပေးနိုင်မှာပါ။ ဒီကောင်လေး ကိုအသုံးပြီး Hack နေတဲ့အတွက် Phone ကိုမထိခိုက်စေပါဘူး။ Android OS 4.0 နှင့် အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ အခု Application လေးအကြောင်း သိချင်ရင် တော့ ကျွန်တော့်ဆရာ အိုင်တီမုဆိုးကိုမေးမြန်းနိုင်ပါတယ်ဗျာ။ ဖြစ်နိုင်ချေရှိတာတွေကို ဦးနှောက် သုံးပြီး Hack ကြတာပေါ့ဗျာ။

အရေးကြီးတာတစ်ခုကတော့ သူ Hack ပေးနိုင်တဲ့ Wifi အမျိုးအစားတွေကတော့ WPA-PSK-WPA2-PSK စတာတွေကိုဘဲ Hack ပေးနိုင်ပါတယ်ဗျာ။
View bigger - WIBR+ WIfi BRuteforce hack for Android screenshot

View bigger - WIBR+ WIfi BRuteforce hack for Android screenshot

View bigger - WIBR+ WIfi BRuteforce hack for Android screenshot

 View bigger - WIBR+ WIfi BRuteforce hack for Android screenshot
 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Saturday, July 27, 2013

WiFi Key Recovery For Android (WiFi Password မေ့သွားရင်)

 


ဒါလေးကတော့ Android ဖုန်း / Tablet တွေမှာ အကြောင်းအမျိုးမျိုးကြောင့် WiFi Password မေ့သွားရင် အလွယ် ပြန်ရှာနိုင်တဲ့ App လေးပါ...ဟိုနေ့က တင်ပေးထားတဲ့ နည်းလေးက အလုပ်ရှုတ်ပါတယ် ဒါလေးကတော့ လွယ်တာလေးမို့ ထပ်တင်ပေးလိုက်ပါတယ်... သူ့ကို အသုံးပြုနိုင်ဖို့ဆိုရင်တော့ မိမိတို့ ဖုန်း/Tablet က  Root လုပ်ထားဖို့ လိုမှာပါ...။
 ** You need root to use this application.
** You need to have connected to the
network in the past.
** This app cannot "hack" into an
unknown/new network.
I cannot help you with getting root. Have
a look at http://forum.xda-
developers.com for that.
Have you ever forgotten the password of
your home WiFi network, or the one you
setup for your parents a few months
back?
This application will help you recover the password of a wireless network you have connected to with your device
in the past.
You can then either tap on an entry to copy it, or export the list to SD, or share it using the standard Android

Click Here to Download
 
 

Xiaopan OS ဖြင့် WPA/WPA2-PSK ပတ်စဝေါ့အား အလစ်သုတ်နည်း အဆင့်ဆင့်


 မင်္ဂလာပါ....
ဟိုတလောတုန်းက Beini နဲ့ WEP ပတ်စဝေါ့အလစ်သုတ်နည်း ပြောပြပြီးတဲ့နောက် အခုတခါ ဘော်ဘော်တွေက WPA/WPA 2-PSK တွေကိုပါ အလစ်သုတ်ချင်လာနေကြတယ်.... အဲ့ဒီတုန်းက Beini 1.2.3 ပဲထွက်သေးတော့ wpa ကိုရယူဖို့ ရာ Distionary Attack နဲ့ ပဲရသေးတော့ အဲ့ဒီမှာ ခေါင်းစားကုန်ကြတယ်.... အဲ့ဟာကြီးက ဘာကြီးမှန်းမသိဘူးပေါ့... အဲ့ဒါနဲ့ ပဲ လက်လျော့လိုက်ရတယ်...

အခုတခါတော့ Beini 1.2.5 ထွက်ရှိလာတဲ့အခါ wpa ပတ်စဝေါ့ကို အလစ်သုတ်ဖို့  Reaver ဆိုတဲ့ဖန်ရှင်ပါလာတဲ့အခါ အရင်လို ခေါင်းမစာတော့ပဲ ကလစ်တစ်ချက်နှိပ်တာနဲ့  အလစ်သုတ်လို့ ရလာတော့ အဲရစ်လို လူပြိန်းငတက်ပြားအတွက် အဆင်ပြေလာတယ်.... ဒါနဲ့ ပဲ တစ်ရက်တော့ မလေးရှားမှာနာမည်ကြီး ယူနီဖိုင်ဆိုတဲ့ wpa2-psk ပတ်စဝေါ့ကို အလစ်သုတ်ကြည့်မိတယ်..... ဒါနဲ့ ပဲ နေ့ လည် ၁၂ နာရီလောက်မှာ စပီး ခိုင်းတော့တာပဲ...... တစ်နေကုန်လွှတ်ထားလိုက်တယ်... ဖြစ်ချင်တာဖြစ်ဆိုပြီး.... ညနေ ၅ နာရီလောက် ကြည့်လိုက်တော့ ၃၀ % ပဲရှိသေးတယ်..... ဒါနဲ့ ဆက်လွှတ်ထားလိုက်တယ်..... ည ၁၀ နာရီကျပြန်တော့ ၅၅ % ... စောင့်ကြည့်မနေတော့ပဲ လွှတ်ထားလိုက်တော့တယ်.... မနက်မိုးလင်းကြည့်လိုက်တော့ ပတ်စဝေါ့ရပြီးဖြစ်နေတယ်.... မနက် ၃း၁၅ မှာရနေပြီးဖြစ်ပြီးတော့ ၉၂.၈၆ % မှာ ပတ်စဝေါ့ထွက်တာကိုတွေ့ ရတယ်..... ဆိုတော့ နာမည်ကြီး ယူနီဖိုင်ကို အလစ်သုတ်တာ ၁၅ နာရီလောက် ကြာတယ်လို့ ပြောရမယ်.....

နောက်တခါ ယူနီဖိုင်မဟုတ်ပဲ ရိုးရိုးလိုင်း wpa2-psk ကျတော့ ကြာချိန် ၇ နာရီရှိတယ်.... ဒါကြောင့် wpa2-psk ကိုအလစ်သုတ်ဖို့ ကြာချိန် အနည်းဆုံး ၇ နာရီကနေ အများဆုံး ၁၆ နာရီလို့ ဆိုလိုရမယ်ထင်တယ်.... စိတ်ရှည်ဖို့ နဲ့ အလစ်သုတ်မယ့်လိုင်းက ၂၄ နာရီဖွင့်တဲ့လိုင်းဖြစ်မယ်ဆို အဆင်ပြေပြေနဲ့ အလစ်သုတ်နိုင်မှာပါ....

အခုအဲရစ်ပေးမယ့်နည်းလမ်းက Xiaopan ဆိုတဲ့ iso လေးနဲ့  မိတ်ဆက်ပေးမယ်..... Beini နဲ့ တူတူပဲ.... သူ့ ကို ဒေါင်းပီးတော့ CD တစ်ချပ်လုပ်.... ပီးရင် CD ကနေ Boot တက်ပေးဖို့ ပဲ..... ဒေါင်းဖို့ က အောက်က လင့်မှာနော်.... 68MB ရှိတယ်...
CD ကတော့ လူတိုင်နီးပါးလုပ်တတ်လို့ မပြောပြတော့ဘူး.... အဲ.... CD ရှာရခက်တယ်... လောလောဆည် မရှိသေးဘူးဆိုရင်လဲ USB Pendrive နဲ့ လဲ အဆင်ပြေပါတယ်..... Pendrive ကို bootable လုပ်ဖို့ ကျတော့ အောက်မှာ ဒေါင်းလိုက်.... 5MB ရှိတယ်....
ဒေါင်းတဲ့အခါ ပြန်ရှာရလွယ်အောင် desktop ပေါ်မှာပဲသိမ်းထားတာ ကောင်းပါတယ်....
၂ခုစလုံး ဒေါင်းပီးပီဆိုရင် ပထမဦးဆုံး bootable pandrive လုပ်ဖို့ အတွက် unetbootin ကိုဖွင့်ပါ....

အောက်ကပုံစံအတိုင်း ၁း Diskmiage ကို click နှိပ်ပါ.... ၂း မျှားပြထားတဲ့နေရာကိုနှိပ်ပီး ခုနက ဒေါင်းထားတဲ့ Xiaopan ကို ရှာပီးရွေးပေးပါ.... ၃း pendrive ရဲ့ တည်နေရာပါ.... ပီးရင်တော့ ၄ အတိုင်း Ok နှိပ်ပါ....

အောက်ကပုံကတော့ bootable pendrive လုပ်နေတာပါ... ပီးရင်တော့ Reboot Now ကိုနှိပ်လိုက်ပါ... 

Boot ပြန်တက်လာရင် ကျွန်တော်တို့ က Boot Order ပြန်ပြောင်းပေးရပါမယ်.... အဲရစ်စက်က boot order ပြောင်းဖို့  F12 ကိုနှိပ်ရပါတယ်.... စက်အမျိုးအစားအလိုက် Boot order ပြောင်းရင် နှိပ်ရတဲ့ခလုတ် မတူညီပါဘူး... Desktop ကျပြန်တော့ F11. ဒါလဲ ပုံသေပြောလို့ မရပါဘူး.... အဲရစ်စက်ကတော့ Acer ပါ.... ဒါကြောင့် Boot တက်တက်ချင်း F12 ကိုနှိပ်ပါတယ်....
အောက်ကပုံကတော့ Boot Order ထဲဝင်သွားပုံပါ...

ရောက်သွားရင် USB ရဲ့ တည်နေရာနံပါတ်ကိုကြည့်ပါ... နံပတ် 3 ဖြစ်တဲ့အတွက် နံပတ် 3 ဆီအောက်မြှားနှိပ်သွားပြီး Enter ကိုနှိပ်ပါ....

အော်တို Boot လုပ်ပေးပါလိမ့်မယ်...

boot လုပ်ချိန် ခဏလေးစောင့်ပါ.... 
Xiaopan ထဲ ရောက်သွားပါပြီ...

ရောက်သွားရင် အောက်ကပုံမှာပြထားတဲ့အတိုင်း minidwep-gtk ကို နှိပ်ပါ...

Ok ကိုနှိပ်ပါ....

တကယ်လို့ စက်မှာ wireless card တစ်ခုထက်ပိုတပ်ထားရင် wlan0 ဆိုတာကိုနှိပ်ပီး wireless ကိုရွေးချင်ရွေးနိုင်ပါတယ်.... တစ်ခုထက်ပိုရင် wlan0, wlan1, wlan2 စသဖြင့် မြင်ရပါမယ်.... ကြိုက်နှစ်သက်ရာ ကဒ်ကိုရွေးချယ်ပါ... 

မြှားပြထားတာကိုနှိပ်ပီး WEP or WPA/WPA2 စဖြင့်လည်း ရွေးချယ်နိုင်ပါတယ်... အခုက WPA2 ကိုအလစ်သုတ်မှာဖြစ်လို့  ရွေးချယ်စရာ မလိုပါ....

ပီးရင်တော့ Scan နှိပ်ပါမယ်...

Scan လုပ်ပီး လိုင်းတွေတက်လာပုံပါ.....

မြင်ရတဲ့ လိုင်း၂လိုင်းမှာ အပေါ်ကလိုင်းက WPA2-PSK ဆိုပြီး နောက်မှာ Client Address နဲ့  wps ဆိုတာပါတယ်....
အောက်ကလိုင်းက WPA နောက်မှာ wps ပဲပါတယ်....
ဘာထူးခြားလဲဆိုတော့ အနောက်မှာ wps ပါတဲ့လိုင်းတွေက အလစ်သုတ်ရတာလွယ်တယ်....
အဲ့ထဲကမှ အပေါ်ဆုံးကလိုင်းလို Client Address လဲပါမယ်.... သုနောက်ကမှ wps ပါတဲ့လိုင်းဆို ပိုအသေချာဆုံးပါပဲ....
ဒါကြောင့် အပေါ်ဆုံးကလိုင်းကို click နှိပ်ပီး Reaver ကိုနှိပ်လိုက်ပါ.....

Ok ကိုနှိပ်ပါ...

Ok နှိပ်ပီးတဲ့နောက် စတင် အလုပ်လုပ်နေပါပြီ.... Trying Pin ဆိုပြီး ဂဏန်းလေးတွေတက်နေပါမယ်....

ပုံမှာမြင်ရတဲ့အတိုင်း 0.04% ကို ၃၆ စက္ကန့် ကြာတယ်ဆိုတော့ ၁၀၀% ဖြစ်ဖို့ တော်တော် အချိန်ယူရမှာပါ....
အဲရစ်စမ်းသပ်ပီးသလောက်တော့ ၉၂% ကျော်ကျော်လောက်မှာ ပတ်စဝေါ့ ထွက်ပါတယ်.....


အောင်မြင်သွားပြီဆိုရင်တော့ အောက်ကပုံအတိုင်းထွက်လာပါမယ်.... အားလုံးကို ရေးမှတ်ထားဖို့ လိုပါတယ်.... အလည်က WPA PSK က သုပတ်စဝေါ့ပါ.... ဒါကတော့ Beini 1.3.5 ရဲ့ နမူနာပုံစံပါ... အဲ့လိုမြင်ရပါ့မယ်.... ၉၅% မှာ ပတ်စဝေါ့ထွက်ကြောင်းလဲ လေ့လာမှတ်သားမိပါတယ်...


အခုဆိုရင် အားလုံလိုချင်နေတဲ့ wpa/wpa2-psk ကိုအောင်မြင်စွာ အလစ်သုတ်နိုင်ပြီဖြစ်လို့  မလေးရှားက သူငယ်ချင်းတွေ အကန့် အသတ်မရှိ သုံးနိုင်တဲ့ သာမာန်လိုင်းတွေထက် ပိုမြန်တဲ့ ယူနီဖိုင် ဆိုတာကြီးနဲ့ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.... အကန့် အသတ်မရှိသုံးနိုင်တော့ သူလဲမသိသာတော့ဘူးပေါ့.....
အဓိကကတော့ အလစ်သုတ်မယ့်လိုင်းက ၂၄ နာရီဖွင့်တဲ့လိုင်းဖြစ်ဖို့ နဲ့  စိတ်ရှည်ရှည်နဲ့ ဇွဲမလျော့ပဲ မနားတမ်း ထိုးဖောက်ရမှာဖြစ်တဲ့အကြောင်း အသိပေးလိုက်ပါတယ်....

ခင်တဲ့..

အဲရစ် ( Eric Kim )