Pages

Translate

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label Attacker အကြောင်းတစေ.စောင်း. Show all posts
Showing posts with label Attacker အကြောင်းတစေ.စောင်း. Show all posts

Saturday, June 14, 2014

Network တစ်ခုဆီသို့ အခွင့်မရှိဘဲ ရပိုင်ခွင့်များကို အသုံးပြုသွားသော နည်းလမ်းများမှ တစ်ခုဖြစ်သော Backdoors Attack ၏လုပ်ဆောင်ချက်


Backdoors Attack ဆိုတာဘာလဲဆိုတော့ Hacker များသည် ထိန်းချုပ်ထားသော နေရာများမှ Network တစ်ခုဆီသို့ အခွင့်မရှိဘဲ System Administrator အနေဖြင့် အသုံးပြုသွားနိုင်သော နည်းလမ်းတစ်မျိုးဖြစ်သည်။ ထို Hacker များသည် System Administrator Access ရပိုင်ခွင့်များကို အသုံးပြု၍ Remote Control လုပ်သွားနိုင်ခြင်းကို Backdoors လုပ်သွားသည်ဟု ခေါ်ဝေါ်ကြပေသည်။

Backdoor ဘယ်လိုအလုပ်လုပ်သွားသလဲ။

Backdoors သည် ဘယ်လိုအလုပ်လုပ်သွားသလဲဆိုတာတော့ Hacker များသည် အားနည်းချက်များကို အသုံးပြု၍ System များပေါ်တွင် Backdoors ဖြစ်အောင် ဖန်တီးပြီး Network တစ်ခုထဲသို့ဝင်ရောက်သွားမည်။ ထိုမှတစ်ဆင့် အသုံးမပြုသော Account များ၏ Password များကို အလွယ်တကူ Crack လုပ်လိုက်ပြီး Network အတွင်းရှိ အားနည်းချက်များကို ရှာဖွေသည်။ ထို့နောက် ခန့်မှန်းဝင်ရောက်နိုင်ရန် ခက်ခဲ မည့် Password တစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။

System Administrator သည် Network အတွင်းသို့ ၀င်ရောက်မည်ဆိုသောအခါ Account အတွက် Password သည် Hacker များမှ ပြောင်းလဲထားသောကြောင့် ၀င်ရောက်နိုင်ခြင်း မရှိတော့ပေ။ သို့ပါ၍ ထိုသို့ မပြုလုပ်နိုင်စေရန် Account လုပ်ထားပြီး အသုံးမပြုခြင်း နည်းပါးသော Account များကို ရှင်းလင်းထားသင့်ပြီး သင်၏ Network အား Lock ချထားသင့်ပေသည်။

Backdoor သည် Hacker များအနေဖြင့် Malware ကို Install လုပ်လိုက်ပြီး Network အတွင်းမှ သတင်းအချက်အလက်များကို ခိုးယူခြင်း၊ ဖျက်ခြင်း၊ ပြင်ခြင်းစသည့် Administrator တစ်ယောက်ကဲ့သို့ ပြုလုပ်နိုင်ကြသည်။ Backdoor ဖြင့် သင်၏ Network အား DoS attack ဖြစ်အောင်ပြုလုပ်နိုင်ပေသည်။ DoS attack သည် များစွာသော သတင်းအချက်အလက် Packet များကို Network ပေါ်သို့ပေးပို့ခြင်းအားဖြင့် Network ကို ပျက်တောက်သွားအောင် စွမ်းဆောင်နိုင် ပေသည်။

Hacker များက Network ၏ အားနည်းချက်ကို ဘယ်လိုရှာဖွေမလဲ။

Hacker များသည် Network တစ်ခုပေါ်တွင် Backdoor တစ်ခုကို ဖန်တီးရန် သင့် System ၏ အားနည်းချက်ကို ရှာဖွေမည်။ Hacker များသည် Network System ထဲရှိ အားနည်းချက်များ (OS, Application Software, Hardware, Network, Server အစရှိသဖြင့်) ကို ရှာဖွေရာတွင် အထူးပြုလုပ်ထားသော Software များကို အသုံးပြုခြင်းအားဖြင့် အားနည်းချက်များကို သိရှိသွားမည် ဖြစ်သည်။ ၄င်းတို့၏ အဓိက ပစ်မှတ်သည် အသုံးမပြုသော Account များနှင့် Service များကို ရှာဖွေကြသည်။ ထို့နောက် တွေ့ရှိချက်များမှု တစ်စုံတစ်ခုသော အားနည်းချက်ကို ရွေးချယ်၍ သင်၏ မူလ System ကို ဖယ်ရှားလိုက်ပြီး တူညီသော အမည်ဖြင့် ၄င်းတို့ ဖန်တီးထားသော System အသစ်တစ်ခုကို အစားထိုးလိုက်သည်။

တစ်ချိန်တည်းမှာဘဲ Hacker များသည် System Directory များထဲတွင် ၄င်းတို့ ဖန်တီးထားသော File များကို အမည်များပေးပြီး ၀ှက်ထည့်ထားကာ Network ၏ ရပိုင်ခွင့်များကို ပြုလုပ်သည်။ ထိုနည်းဖြင့် ရှာဖွေ၍ ရရှိလာသော Port တစ်ခုမှ Backdoor ရရှိအောင် ဖန်တီးတော့သည်။ System Administrator မှ ၄င်း၏ Network အား စစ်ဆေးသောအခါ Hacker များမှ သိုဝှက်စွာ ဖန်တီးထားသော File များကြောင့် System Log တွင် မည်သည့် အမှားအယွင်းမှ တွေ့ရှိမည် မဟုတ်ပေ။ ထို့ကြောင့် သင့် Network အား Backdoor ဖြစ်ခြင်းမှ ကာကွယ်ရန် အောက်ပါအချက်များကို ယေဘုယျအားဖြင့် ပြုလုပ်ထားသင့်ပါသည်။

၁။ Latest Update ဖြစ်သည့် Virus Protection Software ကိုအသုံးပြုပါ။
၂။ Firewall ကို အသုံးပြုပါ။
၃။ မိမိနှင့်မသိသောသူများဆီမှ Email Attachments များကို မဖွင့်ကြည့်သင့်ပါ။
၎။ Hidden လုပ်ထားသော Filename များ၏ extensions များကို Disable လုပ်ထားပါ။
၅။ မိမိ OS အတွင်းရှိ Application များ၏ Patch များကို Update လုပ်ပါ။
၆။ သင်သည် ကွန်ပျူတာ အသုံးမပြုပါက သင့် ကွန်ပျူတာနှင့်ချိတ်ဆက်ထားသော Network ကို ဖြုတ်ထားပါ။
၇။ Java, JavaScript အစရှိသော Script များ အလွယ်တကူ အလုပ်လုပ်မလုပ်နိုင်စေရန် ပိတ်ထားပါ။
၈။ Email Program အတွင်းရှိ Scripting Features များကို ပိတ်ထားပါ။
၉။ မိမိ၏ Data များကိုပုံမှန် Backup ပြုလုပ်ပေးပါ။

Hacker များ သည် Backdoor ပုံစံ အမျိုးမျိုးရှိ ဖြင့် မိမိစက်ကို Full Access Right ရရှိသွားခြင်းပင် ဖြစ်သည်။ ထို့ကြောင့် System Administrator သည် မိမိ၏ Network အား ကာကွယ်ရန် Latest Technique များ၊ Latest Software များ နှင့် Latest Version များကို အသုံးပြုသင့်ပေသည်။ ထို့အပြင် အသစ်အသစ်ဖြစ်နေသည့် လိုအပ်သော နည်းပညာနှင့်ဆိုင်သော သတင်းများကိုလည်း Internet တွင် အမြဲစောင့်ကြည့် လေ့လာသင့်ပေသည်ဟု အကြံပြုတင်ပြရင်း ဒီတစ်ပတ် ဆောင်းပါးကို အဆုံးသတ်လိုက်ပါသည်။

Portspoof ဖြင့် Attacker များအားလှည့်စားခြင်း

Portspoof ဆိုသည်မှာ ပေါ့ပါးသော Tool တစ်ခုဖြစ်ပြီး Firewall System နှင့် Security System ကို အထောက်အကူပေးသော Tool တစ်ခုလည်းဖြစ်သည်။ ၄င်း Tools ၏ရည်ရွယ်ချက်မှာ Information-gathering ကိုတတ်နိုင်သမျှနှေးကွေးစေပြီး Attacker များအားအနှောင့်အယှက်ဖြစ်စေသည်။ Portspoof ၏ အလုပ်လုပ်ပုံမှာ Firewall မှ Forward လာသော Resquest များကို Fake Response ပေးခြင်းဖြစ်သည်။ Attacker သည် Portspoof စက်ကို Port Scan ပြုလုပ်သာအခါတွင် iptables သို့ပထမဦးစွာဖြတ်သန်းသွားသည်။ ၄င်း iptables မှ Rule အတိုင်း Server သည် Response ပြန်သည်။ iptables တွင် လာသမျှ Port Resquest များကို Portspooof ၏ Default Port ဖြစ်သော 4444 သို့ Forward လုပ်ထားသောကြောင့် Portspoof မှ Port များအားလုံးအမှန်တကယ် ပွင့်မနေပဲ ပွင့်နေပါသည်ဟု Fake Response ပေးခြင်းဖြစ်သည်။

Iptables ကို အောက်ပါအတိုင်း Forward Rule ရေးနိုင်သည်။


Portspoof ကို www.portspoof.org တွင် download ပြုလုပ်ကာအောက်ပါအတိုင် Compile ပြုလုပ်နိုင်သည်။



Portspoof သည် အဓိက File နှစ်ခုဖြင့်အလုပ်လုပ်ခြင်းဖြစ်သည်။၎င်း File များမှာ /etc/ အောက်တွင်ရှိသည်။ /etc/portspoof.conf တွင် Portspoof ၏ Reply ပြန်မည့် rule များကိုရေးသားထားပြီး /etc/portspoof_signatures တွင် Scanning Tool များ၏ Signature များကိုရေးသားထားသည်။ Portspoof ကို အောက်ပါ command ဖြင့်စတင်အသုံးပြုနိုင်သည်။
portspoof -c /etc/portspoof.conf -s /etc/portspoof_signatures -D
-c file_path : Portspoof configuration file
-s file_path : Portspoof service signature regex. file
-D run as daemon process


Attacker မှ Portscan ပြုလုပ်သောအခါတွင်အောက်ပါအတိုင်းတွေ့ရမည်ဖြစ်သည်။ပုံတွင်တွေ့ရသော Port များမှာ အမှန်တကယ်ပွင့်မနေသော Port များဖြစ်သည်။ Iptables တွင် Forward လုပ်ထားသော Port များဖြစ်သော 1 to 65535 အထိ ပွင့်နေသည်ဟု Reply ပြန်မည်ဖြစ်သည်။




Reference:

http://resource.infosecinstitute.com/fool_network_hunters_hackers.html

Vulnerability Management အကြောင်း သိကောင်းစရာ (Risk များကို အဆင့်သတ်မှတ်၍် Attacker ရှုထောင့်မှ သုံးသပ်ခြင်း)



Vulnerability Management ဆိုသည်မှာ အားနည်းချက်များပေါ်တွင် identifying,classifying, remediating နှင့် mitigating ပြုလုပ်ကြခြင်းဖြစ်ပါသည်။ အထူးသဖြင့် Software နှင့် Firmware များပေါ်တွင် ရှာဖွေလုပ်ဆောင်ခြင်းဖြစ်ပါသည်။ Vulnerability Management သည် Computer Security နှင့် Network Security များအတွက် အရေးကြီးသော လုပ်ဆောင်ချက်တစ်ခုဖြစ်ပါသည်။

System များနှင့် Network များကို Configure ပြုလုပ်ကြရာတွင် မိမိတို့ အသုံးပြုထားသည့် Network နှင့် System များ၏ အားသာချက်၊ အားနည်းချက်များကို သိရှိထားရန်လိုအပ်ပေသည်။

အဘယ်ကြောင့်ဆိုသော် Attacker အများစုသည် Time Investment နှင့် Resource များကို ဖြစ်နိုင်သမျှ အနည်းဆုံးဖြင့်သာ Attack ပြုလုပ်ရန် ရည်ရွယ်လေ့ရှိသည်။ ထို့အတွက် Vulnerability များကို ပြင်ဆင်၊ ထိန်းသိမ်း၊ ကာကွယ်နိုင်ရန် အတွက် Attacker ရှုထောင့်မှ နေ၍ စဉ်းစားတွေးခေါ် နိုင်ရန်လိုအပ်ပါသည်။

Attacker ရှုထောင့်မှ စဉ်းစားကြည့်မည်ဆိုပါက မိမိတို့အနေနှင့် မည်သို့သော Compromising System များ၊ အကျိုးရှိနိုင်သော အားနည်းချက်များ ကိုမည်သို့အသုံးချကြမည်နည်း ။ မိမိတို့ Network အတွင်းတွင် မည်သည့်အချက်အလက်၊ စနစ်များသည် အဓိကအရေးကြီးသော သော့ချက်များဖြစ်သနည်း။ ထိုအားနည်းချက်များကို မည်သို့ ထိန်းချုပ်မည်နည်း။

Attacker များအနေနှင့် စတင်တိုက်ခိုင်တော့မည်ဆိုပါက အစဦးစွာ အသုံးပြုထားသော System များ နှင့် Network များ၏ အချက်အလက်များမှတစ်ဆင့် မည်သည့် အားနည်းချက်များသည် ရှိနေသနည်း၊ မည်သို့ ထိန်းချုပ်၍ ရနိုင်မည်နည်း စသည်တို့ကို အလွယ်တစ်ကူ သိရှိနိုင်သော၊ အများ သိရှိပြီးသားဖြစ်သည့် အားနည်းချက်များမှ စတင်ကြလေ့ရှိသည်။ သို့သော်လည်း နောက်ပိုင်းတွင် zero-day exploits ကဲ့သို့သော Attack များပို၍ အသုံးပြုလာကြသော်လည်း၊ အများအားဖြင့် ယခင် နည်းဟောင်းများကိုသာအဓိက ရွေးချယ်ကြပေသည်။ အတိအကျအားဖြင့် ဆိုသော် အများဆုံးဖြစ်ပေါ်သော Attack များနှင့် Exploit များသည် ရှင်းလင်းစွာသိရှိထားပြီးဖြစ်သော နည်းစနစ်အဟောင်းများဖြင့် တိုက်ခိုက်ခံရခြင်းများဖြစ်ပေသည်။

မည်သည့် အားနည်းချက်များသည် အဓိက တိုက်ခိုက်ခံရနိုင်ကြောင်းကို မည်သို့ အလွယ်တစ်ကူ သိရှိနိုင်မည်နည်း။

အဓိက သော့ချက်အနေနှင့် Threat Intelligence များကို အသုံးပြု၍ system vulnerability များကို လေ့လာစမ်းစစ်နိုင်ရုံသာမက၊ အားနည်းချက်များကိုလည်း အဆင့်သတ်မှတ်ခွဲခြား နိုင်ပေသည်။ ထိုမှတစ်ဆင့် Attacker များသည် မည်သို့ ၀င်ရောက်နိုင်ကြောင်းကို ကြိုတင်ခန့်မှန်းသိရှိနိုင်မည်ဖြစ်သည်။

AlienVault Unified Security Management(USM) ကိုအသုံးပြု၍ အားနည်းချက်များ အဆင့်သတ်မှတ်ခြင်း
AlienVault Unified Security Management(USM) ဆိုသည်မှာ လက်ရှိဖြစ်ပေါ်နေသော အားနည်းချက်များ ကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်သော Vulnearability Management Software အမျိုးအစားဖြစ်ပါသည်။

၎င်းတွင် asset inventory, host-based IDS, network IDS, netflow analysis, file integrity monitoring နှင့် SIEM event correlation များပါဝင်သည့် အတွက် real-time အချက်အလက်များအားလုံးကို single screen တွင် အလွယ်တစ်ကူ ကြည့်ရှု၊ သိရှိနိုင်သော Software အမျိုးအစားဖြစ်သည်။

ထို Software တွင်ပါရှိသော Alarm စနစ်မှ တစ်ဆင့် မည်သည့် malicious IPs သည် အားနည်းချက်များရှိနေသော မည်သည့် host နှင့် အပြန်အလှန်ဆက်သွယ်မှုရှိနေကြောင်းကို အသေးစိတ်အချက်အလက်များ၊ အားနည်းချက်များ နှင့် ရှာဖွေတွေ့ရှိသော အချက်အလက်များအား တိုက်ရိုက် Report တင်ပေးနိုင်သည်အထိ ပါဝင်ပါသည်။


Built-in Active Vulnerability Scanning and Assessment

AlienVault USM တွင် အခြားသော Function တစ်ခုဖြစ်သော continuous vulnerability monitoring စနစ်လည်းပါဝင်ပါသည်။ ထို စနစ်သည် passive vulnerability detection အမျိုးအစားဖြစ်ပါသည်။

ထိုစနစ်တွင် USM သည် ၎င်းရရှိထားသော အချက်အလက်များအရ မည်သည့် vulnerability အမျိုးအစားကို အသုံးပြု၍ attacker မှတိုက်ခိုက်နေကြောင်း၊ သို့မဟုတ် မည်သို့ သော traffic များအသွားအပြန်ရှိနေကြောင်းကို Scan ပြုလုပ်ပေးနိုင်ပါသည်။ ထိုသို့ ပြုလုပ်ပေးနိုင်ရာတွင် Unauthenticated Scanning နှင့် Authenticated Scanning စသော ၂ မျိုးစလုံးကို လုပ်ဆောင်ပေးနိုင်ပါသည်။

ထို ၂ နည်း၏ ကွာခြားချက်မှာ Unauthenticated Scanning တွင် Victim Host OS တွင် မည်သည့် အားနည်းချက်ကိုအခြေခံ၍သော်လည်းကောင်း၊ မည်သည့်configuration သို့မဟုတ် အားနည်းချက်ရှိသော Software ကိုအသုံးပြု၍ သော်လည်းကောင်း Remote Attacker နှင့် Host အကြား အပြန်အလှန် Traffic များကို အခြေခံ scan ပြုလုပ်ပေးသည်။

Authenticated Scanning အမျိုးအစားတွင် ထို System အတွင်းရှိ အားနည်းချက်များ၊ မှားယွင်းနေသော Configuration များကို ၀င်ရောက်စုဆောင်း၊ စုံစမ်းသော နည်းဖြင့် Scan ပြုလုပ်ပေးသည်။

ဥပမာအားဖြင့် အသုံးပြုသူအနေနှင့် မိမိ Scan ပြုလုပ်လိုသော compliance-related assets များပေါ်တွင် passive vulnerability assessment အနေနှင့် network traffic နည်းနိုင်သမျှသော နည်းဖြင့် scan ပြုလုပ်၍ vulnerability များကိုရှာဖွေနိုင်သကဲ့သို့၊ အခြားသော schedule scans အနေနှင့်လဲ network segments များကို ပုံမှန်လေ့လာ ဆန်းစစ်နိုင်ပါသည်။

Remediation Advice for Every Vulnerability

AlienVault USM သည် အခြား စနစ်တစ်ခုဖြစ်သော remediation advice များလည်းလုပ်ဆောင်ပေးနိုင်ပါသည်။ ထိုစနစ်တွင် USM အနေနှင့် ရှာဖွေတွေ့ရှိထားသော vulnerability အမျိုးအစားအရ မည်သို့သော အားနည်းချက်များကို ဖြစ်ပေါ်စေနိုင်ကြောင်းကို dynamic incident response template များ၊ 3rd party references များနှင့်တစ်ကွ အကြံပြုပေးနိုင်သော စနစ်ဖြစ်ပါသည်။

ထို့အပြင် အခြားသော လုပ်ဆောင်ချက်များအနေနှင့် alert mail များပို့ပေးခြင်း၊ ticketing system များ setup ပြုလုပ်ထားပါကလည်း အလိုအလျောက် ticket ဖွင့်ပေးခြင်း၊ သက်ဆိုင်ရာ ပြင်ပမှ help desk သို့မဟုတ် ticketing system များဆီသို့ email ပို့ပေးခြင်းများ ကိုလည်းလုပ်ဆောင်ပေးနိုင်ပါသည်။ ထိုစနစ်တွင်ပါရှိသော vulnerability များနှင့်ပက်သက်သည့် update အချက်အလက်များကို USM Database တွင်အလိုအလျောက် up-to-date ဖြစ်နေစေရန် AlienVault Labs Security Research Team မှစီစဉ်ပေးထားပါသည်။

Learn more about Vulnerability Management with AlienVault USM

Vulnerability management is never “done” ဆိုသည့်အတိုင်း တိုးတက်များပြားလာသော attack vectors များနှင့် ပိုမိုရှုပ်ထွေးသော software စနစ်များအတွက် အချိန်အားလျော်စွာ monitoring ပြုလုပ်နိုင်ရန်လိုအပ်ပေသည်။

အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာ USM စနစ်၏ Website ဖြစ်သော http://www.alienvault.com/ တွင်ထပ်မံလေ့လာနိုင်ပါသည်။


Reference:

http://en.wikipedia.org/wiki/Vulnerability_management
http://thehackernews.com/2014/06/vulnerability-management-think-like.html
https://www.alienvault.com/solutions/vulnerability-management
https://www.alienvault.com/solutions/threat-management
https://www.alienvault.com/solutions/network-security-monitoring