Pages

Translate

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label Network. Show all posts
Showing posts with label Network. Show all posts

Thursday, July 3, 2014

LANState.7.01_Fullversion Software လိုချင်သူများအတွက်


ကျွန်တော် Network နဲပတ်သက်တဲ့ Software လေး တစ်ခုရလိုတင်ပေးလိုက်ပါတယ်။ 
ဒီ software လေးကတော့ ကျွန်တော်အရင် တင်ပေးဖူးတဲ့ Netscan software တွေ လို network ကို 
Scan လဲစစ်လိုရတယ် ဒီ software လေး ထူးခြားထားကတော့ မိတ်ဆွေတို့ ရဲ့ Network ကို Scan 
စစ် ပြီး Network Diagram အနေနဲ ဖော်ပြပေးတဲ့ Software လေးပါ။ လိုချင်သူများ ဒေါင်းနိုင်ပါပြီး။ 

Saturday, June 14, 2014

Network Time Protocol (NTP) Amplification Attack အကြောင်းသိကောင်းစရာ


Abstract

မကြာသေးမီက၊ DNS Amplification Attack နှင့်ပတ်သက်ပြီး Incident များနဲ့ ၄င်းတို့ရဲ့ နောက်ကွယ်မှ နည်းပညာအကြောင်းများဟာ လူပြောများရေပန်းစားခဲ့ပါသည်။ ယခုအချိန် လတ်တလော ပိုင်းတွင်တော့ NTP Amplification Attack သည် Internet Security နယ်ပယ်တွင် သတိထားရမည့် အခြေအနေတွင် ရောက်ရှိနေ ပါသည်။

Network Time Protocol (NTP) Amplification Attack ဆိုသည်မှာ Attacker များသည် Vulnerable NTP Server များဆီသို့ UDP Traffic များပေးပို့ခြင်းဖြင့် Access များပြုလုပ်ကာ DDoS ပုံစံမျိုးဖြင့် Attack လုပ်ခြင်း ဖြစ်ပါသည်။ Amplification Attack များကြောင့် Victim User များနှင့် Organization များသည် ဆုံးရှုံးနစ်နာ မှုများကြီးမားစွာဖြင့် ကြုံတွေ့ခံစားခဲ့ကြရပါသည်။

ပထမဦးစွာ NTP Server အကြောင်းနှင့် ၄င်းအားအသုံးပြုရခြင်း၏ ရည်ရွယ်ချက်ကို တင်ပြပါမည်။ NTP Server များကို မိမိတို့၏ Network အတွင်းရှိ Computer များနှင့် Server များသည် System Time ကို Synchronize ဖြစ်စေရန် အသုံးပြုထားခြင်းဖြစ်ပါသည်။ သို့မှသာ Network Administrator များအနေဖြင့် မိမိ Network Infrastructure တွင် အချိန်တိကျမှန်ကန်စွာဖြင့် Monitoring လုပ်နိုင်မှာဖြစ်ပါသည်။

NTP Server သည် UDP Transport (Port no:123) ကိုအသုံးပြုပါသည်။ Client များမှ NTP Server ဆီသို့ “monlist” ဆိုသည့် Command ဖြင့် Query လုပ်ခြင်းဖြင့် ၄င်း NTP Server နှင့် Time Synchronize ဖြစ်စေပါသည်။ ထိုသို့ Synchronize လုပ်ခြင်းဖြင့် UDP Packet များကို Request လုပ်ပါသည်။ အောက်ပါပုံတွင် UDP Packet ကို Request လုပ်ခြင်းနှင့် Response ပြန်ခြင်းများကို တွေ့ရှိနိုင်ပါသည်။



Figure 1: NTP Monlist Request and Response Packets

NSFOCUS Threat Response Center မှစာရင်းပြုစုချက်အရ တစ်ကမ္ဘာလုံးတွင် NTP Amplification Attack များဖြစ်စေနိုင်သော NTP Server အရေအတွက်သည် (၄ သိန်း) ကျော်ရှိကြောင်း အောက်ပါပုံဖြင့် သိရပါသည်။



Figure 2: Worldwide Distribution of NTP Amplifiers

အောက်ပါပုံတွင် Attacker များမှ မိမိတို့၏ IP Address များကို Spoof/Fake လုပ်ပြီး NTP Server ကို Monlist Request ပေးပို့ခြင်းကို တွေ့ရှိနိုင်ပါသည်။



Figure 3: Increase NTP Magnification by Sending Monlist Request with Spoofed Source IP Address

ထိုကဲ့သို့ Attacker များသည် Monlist Request များကို NTP Server သို့ပို့ခြင်းဖြင့် DDoS ပုံစံ Amplification Attack များကို ဖြစ်စေနိုင်ပါသည်။

NTP Amplification Attack ကိုမည်သို့ကာကွယ်မည်နည်း။
NTP Amplification Attack မျိုးမှ မကြုံတွေ့ရန် Network Administrator များအနေဖြင့် မိမိတို့၏ NTP Server ကို နောက်ဆုံး NTP Software Version များအသုံးပြုရပါမည်။ ထို့အပြင် NTP Server Configuration တွင်လည်း Client ဖက်မှ Query/Request လုပ်ခြင်းများကို Disabled (သို့မဟုတ်) Restrict လုပ်ထားရပါမည်။ Client Query ဟုဆိုရာတွင်လည်း Local Query Only သာပေးထားသင့်ပါသည်။ “Monlist” ကို Disable လုပ်ရန် “ntp.conf” File ထဲတွင် အောက်ဖော်ပြပါအတိုင်း ထည့်သွင်းနိုင်ပါသည်။

o restrict default kod nomodify notrap nopeer noquery

o restrict -6 default kod nomodify notrap nopeer noquery

NTP ရဲ့နောက်ဆုံး Version ဖြစ်တဲ့ (4.2.7) တွင်တော့ “Monlist” Function ကို Disable လုပ်ပြီးသားဖြစ်ပါသည်။ ထိုသို့အားဖြင့် NTP Amplification Attack ကိုကြိုတင်ကာကွယ်နိုင်ပါသည်။

References: http://www.us-cert.gov/ncas/alerts/TA14-013A

http://nsfocusblog.com/2014/02/04/ntp-amplification-attacks-are-on-the-rise-part-1/#more-4451

http://nsfocusblog.com/2014/02/07/ntp-amplification-attacks-are-on-the-rise-part-2/#more-4468

Friday, October 4, 2013

RJ 45 Network ခေါင်းညှပ်နည်း

 
Network အကြောင်းကိုပြန်လေ့လာရင်းနဲ့ အရင်တုန်းက သင်ထားတာလေးတွေပြန်အသုံးချပြီး post အဖြစ်ပြောင်းလဲလိုက်ပါတယ်ဗျာ။
အခြေခံလေးဖြစ်ပေမဲ့လည်း ကျွန်တော် site လေးမှာစုံသွားအောင်တင်ပေးလိုက်တာပါ။ Network အကြောင်းကို အခုမှ စပြီးလေ့လာ
နေကြတဲ့ သူငယ်ချင်းတွေအတွက်ရယ်၊ သတိလက်လွှတ်မေ့သွားကြတဲ့ ဘော်ဒါတွေအတွက်ပါအဆင်ပြေအောင်လို့ရေးပေးလိုက်တာပါ။ ကျွန်တော်က Youth Computer Center
ကနေမွေးဖွားပေးလိုက်ကတည်းက  IT နယ်ပယ်မှာ IT နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို လေ့လာနေဆဲ IT studier တစ်ယောက်ပါ။

Network ခေါင်းညှပ်တဲ့နေရာမှာ အမျိုးအမျိုးရှိပါတယ်။ ကိုယ်ချိတ်ဆက်မဲ့ ပစ္စည်းတွေအပေါ်မှာ မူတည်ပြီးတော့ Network ခေါင်းတွေကို
Stright နဲ့ cross ဆိုပြီး နှစ်မျိုးနဲ့ ချိတ်ဆက်ပါတယ်။




Cable
====

Cable မှာတော့ တူရင် Stright ၊ မတူရင် cross ဆိုပြီးနှစ်မျိုးနဲ့ချိတ်ပါတယ်။ ခေါင်းညှပ်တဲ့နေရာမှာလည်း Type A နဲ့ Type B ဆိုပြီးနှစ်မျိုးရှိပါတယ်။
Cable ခေါင်းမှာဆိုရင်..........
A Type to A Type ဆိုရင် Stright ,
B Type to B Type ဆိုရင် Stright ,
A Type to B Type ဆိုရင် Cross ပေါ့ဗျာ။



PC, Switch , Router , Hub
================

ဒီနေရာမှာတော့ cable နဲ့ပြောင်းပြန်ဖြစ်သွားပြီဗျ။ တူရင် Cross ၊ မတူရင် Stright ဆိုပြီး ပြောင်းပြန်ဖြစ်သွားပြီဗျ။ 
ဥပမာ.........
PC to PC ဆိုရင် cross
switch to switch ဆိုရင် cross
Hub to Hub ဆိုရင် cross
PC to Switch / Hub ဆိုရင် stright
Router to Router ဆိုရင် cross
Router to PC ဆိုရင် Cross (ဒီနေရာမှာ မတူရင် stright ဆိုပြီးဘာလို့ cross လို့ပြောတာလဲဆိုရင် ဒီနေရာမှာတောာ့ cross နဲ့ချိတ်မှ အဆင်ပြေတာမို့လို့ပါ။ )

စကြမယ်ဗျာ..........
မစခင် network ခေါင်းညှပ်တဲ့အခါ မှာလိုအပ်တဲ့ပစ္စည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်ဗျာ။
ခေါင်းတွေကိုညှပ်ဖို့အတွက် Crimping Tools (or ) Crimper
Cable တွေညှပ်ပြီးတဲ့အခါမှာ Type တွေမှန်မမှန် စစ်ကြည့်နိုင်ဖို့အတွက် Cable tester တို့တော့လိုအပ်ပါလိမ့်မယ်။


ကျွန်တော်အပေါ်မှာပြောခဲသလိုပဲနော်။ Cable ခေါင်းညှပ်တဲ့နေရာမှာ Type A နဲ့ Type B ဆိုပြီးနှစ်မျိုးရှိပါတယ်။
အခုတော့ Type A ညှပ်နည်းကိုအရင်ပြောပြပေးမယ်နော်။

Type A (EIA / TIA 568 A )
================

          ဖြုစိမ်း      ( White Green ) 
          စိမ်း     ( Green)          
         ဖြူမော်      (White Orange)
ပြာ      (Blue)
      ဖြူပြာ      (White Blue )
မော်     (Orange)
       ဖြူညှိ    (White Brown)
ညှိ       (Brown)

နောက်တစ်ခုက Type B ညှပ်နည်းလေးပါ။

Type B (EIA / TIA 568 B )
================

       ဖြူမော်  ( White Orange )
  မော်      (Orange)
    ဖြူစိမ်း   (White Green)
 ပြာ        (Blue)
   ဖြူပြာ    (White Blue )
စိမ်း       (Green)
   ဖြူညို     (White Brown)
ညို         (Brown)


အပေါ်ကပေးထားတဲ့နည်းအတိုင်း ထားပြီး cable ခေါင်းတွေကို ညှပ်နိုင်ပါပြီဗျာ။ Cable ကြိုးကို ခွာတဲ့အခါမှာလည်း အထဲက ၀ါယာကြိုးလေးတွေ မထိအောင် သတိ
ထားသင့်တာကိုတော့ သတိပေးလိုက်ပါရစေ။ ကျွန်တော်က Network Cable ခေါင်းညှပ်တာကိုပဲရေးပေးတာဖြစ်တဲ့အတွက် လိုအပ်တာတွေရှိရင်တော့ အနူးညွှတ်တောင်းပန်ပါတယ်ဗျာ။
တကယ်လို့ network အကြောင်းကို အသေးစိတ်သိရှိလိုပါက Youth Computer Center ကနေ ဆရာဦးဇော်လင်းကိုယ်တိုင်ရေးသားထားတဲ့
Computer Network Fundamentals စာအုပ်ကို ဖတ်ပြီးလေ့လာနိုင်ပါတယ်ဗျာ။ Ebook ကိုလိုချင်ရင်တော့ နောက်နေ့ကျရင်ကျွန်တော်တင်ပေးပါ့မယ်။

အားလုံးအဆင်ပြေကြပါစေ

Aung Ko Htet 


Thursday, September 19, 2013

အများပြောပြောနေတဲ့ 3G NETWORK နဲ့ 4G NETWORK ဘာကွာသလဲ

3G က 3rd generation ကို အစွဲပြုပြီး 3G လို ခေါ်တာ
 ဖြစ်သလို 4G ကလည်း 4rd generation ကို အစွဲပြုပြီး
 ခေါ်ဆိုတာ ဖြစ်ပါတယ်။ နောက်တခုက သူတို့ နှစ်ခုလုံးက
 mobile internet တွေ အတွက် တီထွင်လာခဲ့တာပါ။
ဒီနေရာမှာတော့ 4G က 3G ထက် သာသွားတဲ့
အချက်က 4 G မှာ 3G မှာ ရှိတဲ့ Feature တွေကိုရော
 နောက်ထပ် ပေါင်းထည့် Feature တွေရော ပါဝင်လာတာပါပဲ့ ။
3G ကို ထပ်ပြီး Develop လုပ်ထားတယ်လို့ ဆိုလို့ ရပါတယ်။
ဒုတိယ အချက်…ဒီအချက်အနေနဲ့ကတော့ technologies ပါပဲ့။
3 G မှာ သုံးထားတဲ့ technologies က widespread ကို
အသုံးပြုပေ့မယ် 4G ပေါ်လာချိန်မှာတော့ သူရဲ့
compliant technologies ကို သုံးထားပါတယ်။
သူတို့နှစ်ခုကတော့ မြင်းပြိုင်လိုပါပဲ့။ the horizon technologies လို
ဆိုပါတယ်။တတိယ အချက်..အင်တာနက်
connection speed ပါပဲ့။ သူ့မှာတော့ 3G က download speed က
 14Mbs သာ ရှိပြီး Upload Speed ကတော့ 5.8 Mbs ပဲ့ ရှိပါတယ်။
 ဒီနေရာမှာတော့ 4G ကတော်တော်လေး သာသွားပါပြီ.။
4G က တော့ ပြောမနေနဲ့တော့ Internet speed ကို
100Mb အသုံးချခွင့်ရမှာ ဖြစ်ပါတယ်။ စတုတ္တအချက်..
နောက်ဆုံးအချက်အနေနဲ့ကတော့ သုံးထားတဲ့ Package ပါပဲ့ .။
အင်တာနက်အတွက် 3G က a mix of circuit and packet
switching network ကို အသုံးပြုနေချိန်မှာ 4G ကတော့
a packet switching network တခုတည်းကိုပဲ့ အသုံးပြုထားပါတယ်။
ဖြည်စွက်ချက်…
3GS ဆိုတာ ရှိပါသေးတယ်။ S ဆိုတာကတော့ Speed ကို ဆိုလိုတာပါ။ 3G ရဲ့ Feature တွေနဲ့ အတူတူပါပဲ့။ 3G မှာ youtube ကို Upload တင်လို့မရတာတွေနဲ့ error အနည်းငယ်ကို 3 GS မှာ ပြင်ဆင်ပေးထားပါတယ်။နောက်ဆုံးတခုကတော့ battery life က 3g ထက် 3 GS က ပိုကောင်းပါတယ်
3G နဲ့ 4G ကြားမှာ ကွားခြားချက်ကြီးကြီးမားမားပြပါဆိုရင်တော့ technologies ,data transfer rate နှင့် speed ပါပဲ။ ပုံတွေကိုပါ ကြားညှပ်တခု အနေနဲ့ ထည့်ထည့်ပေးပြီး ကွာခြားချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီလောက်ဆိုရင် လူတိုင်း အကြမ်းဖျင်း နားလည်နိုင်ကြမယ် ဗဟုသုတရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။နောက်ထပ် ပိုပြီး သိနိုင်အောင်လို့ ကျွန်တော် အောက်မှာ အကြမ်းဖျင်းထပ်ဖြည့်ပေးလိုက်တဲ့အပြင် Video လေးနဲ့ ရှင်းပြထားတာကိုပါ ထည့်ပေးလိုက်ပါတယ်။
Generation – Definition – Technologies – Speeds
1G – Original analog cellular for voice (AMPS, NMT, TACS) 14.4 kbps
2G – Digital narrowband circuit data (TDMA, CDMA) 9-14.4 kbps
2.5G – Packet data onto a 2G network (GPRS, EDGE) 20-40 kpbs
3G – Digital broadband packet data (CDMA, EV-DO, UMTS, EDGE) 500-700 kbps
3.5G – Replacement for EDGE is (HSPA) 1-3 mbps
4G – Digital broadband packet data all IP (Wi-Fi, WIMAX, LTE) 3-5 mbps
5G – Gigabit per second in a few years (?) 1+ gbps


Credit >>> YGNBLOGGER

အဆင်ပြေပါစေ..

Sunday, July 7, 2013

အင်တာနက် IP အကြောင်း


(၁) IP address ဆိုတာ ဘာလဲ ?
TCP/IP = Transmission Control Protocol and Internet Protocol ဖြစ်ပါတယ် ။IP တစ်ခု ဟာ 32 bit binary number ဖြစ်ပြီး decimal ဂဏန်း 4 လုံးနဲ့ ဖော်ပြလေ့ ရှိပါတယ် ။decimal ဂဏန်း 1 လုံးစီဟာ 8 bits 0 to 255 (octets) ကိုကိုယ်စားပြုပါတယ် ။အဲလို ဖော်ပြတာကို “dotted decimal” လို့ ခေါ်ပါတယ်



  Example; 140.179.220.200 (Dotted decimal)
                    10001100.10110011.11011100.11001000 (Binary)

(၂) အမျိုးအစား ဘယ်နှခု ရှိပါသလဲ ?

Classes အမျိုးအစားကို အခုလို ခွဲထားပါတယ် ။

Class Range of Address

A 1 to 126(127) binary 0xxx နဲ့ စ ပါတယ်။
B 128 to 191 binary 10xx နဲ့ စ ပါတယ်။
C 192 to 223 binary 110x နဲ့ စ ပါတယ်။
—————————————————————————-
D 224 to 239 binary 1110 နဲ့ စ ပါတယ်။
E 240 to 254 binary 1111 နဲ့ စ ပါတယ်။
—————————————————————————-
  ကျန်နေတဲ့ 127(localhost) ကို local loopback အတွက်သုံးပါတယ် ။သင် 127.0.0.1 ကို ping ပြီးစမ်းသပ် နိုင် ပါတယ် ။Class D addresses ကို multicasting အတွက် သုံးပါတယ်။ Class E addresses ကိုတော့ future use ဆိုပြီးသတ်မှတ်ထားပါတယ် ။အဲဒါကြောင့်သင့်ရဲ့  IP address ကိုရိုက်တဲ့ အခါ 1 to 223 ကနေပဲ စရိုက်လို့ ရပါတယ် ။ 224 ကနေစပြီး နောက်ပိုင်းကို ရိုက်လို့ မရပါဘူး ။ အလွယ်တကူ စမ်းသပ် ကြည့်နိုင်ပါတယ် ။
Private Network Address ၄ ခုရှိပါတယ် ။

( Local loopback Address )- 127.0.0.1

( Class A )- 10.0.0.0
( Class B )- 172.16.0.0
( Class C )- 192.168.0.0

Class တွေကို ပုံမှန်အားဖြင့် ဘယ်လိုဆုံးဖြတ်သလဲ ဆိုတာ လေ့လာကြရအောင်- (N) က network ကိုကိုယ်စားပြုပြီး (n) က node ကိုကိုယ်စားပြုပါတယ် ။

- Class A — NNNNNNNN.nnnnnnnn.nnnnnnn.nnnnnnn

- Class B — NNNNNNNN.NNNNNNNN.nnnnnnnn.nnnnnnnn

- Class C — NNNNNNNN.NNNNNNNN.NNNNNNNN.nnnnnnnn

အဲဒါကြောင့်
Class A ကိုသုံးမယ်ဆိုရင် network (N) ပေါင်း 2^8 = 255 ကိုသုံးနိုင်မှာဖြစ်ပြီး အဲဒီ network ရဲ့ အောက်မှာ ကွန်ပျူတာပေါင်း (n)255 x 255 x 255 =16581373 လုံးကိုတပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။

Class B ကိုသုံးမယ်ဆိုရင် network (N) ပေါင်း 255 x 255 =65025 ကိုသုံးနိုင်မှာဖြစ်ပြီး အဲဒီ network ရဲ့ အောက်မှာ ကွန်ပျူတာပေါင်း (n)255 x 255 = 65025 လုံးကိုတပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။

Class C ကိုသုံးမယ်ဆိုရင် network (N) ပေါင်း 255 x 255 x 255 =16581373 ကိုသုံးနိုင်မှာဖြစ်ပြီး အဲဒီ network ရဲ့ အောက်မှာ ကွန်ပျူတာပေါင်း (n)255 လုံးကိုတပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။

(IP address မှာ 192.168. တွေပဲ ဘာလို့ ဖြစ်နေရတာလဲ လို့ မကြာခဏ အမေးခံရပါတယ်။ကိုယ်သုံးမယ့်  ကွန်ပျူတာ အရေအတွက် (node) ဟာ 225 လုံးကို မကျော်ဘူး ဆိုရင် Class C ကိုပဲ သုံးကြလို့ပါ။)
နောက်တစ်ခုကတော့ node မှာ decimal no: 0 နဲ့  255 ကိုထည့်လို့ မရပါဘူး။(ဥပမာ- 192.168.1.0* / 192.168.1.255* )

IP address မှာ node portion all Ones (11111111)=255 က Broadcast Address ဖြစ်ပါတယ် ။
IP address မှာ node portion all Zeros (00000000)=0 က Network Address ဖြစ်ပါတယ် ။
စာဖတ်သူအပေါင်း IP address နဲ့ ပတ်သက်လို့  အသိတွေ တိုးပွားနိုင်ကြပါစေ ။ ကျွန်တော်လည်းမှတ်သားထားတာလေးတွေကို ပြန်လည်မျှဝေတာပါ...........