Pages

Translate

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label ATM ကဒ်ဖြင့် ငွေထုတ်ယူနည်း. Show all posts
Showing posts with label ATM ကဒ်ဖြင့် ငွေထုတ်ယူနည်း. Show all posts

Monday, June 23, 2014

ATM ကဒ်ဖြင့် ငွေထုတ်ယူနည်း

ယနေ့ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်အမြောက်အများကို နိုင်ငံတော်မှ လုပ်ကိုင်ခွင့် ချထားပေး ပြီးနောက်ပိုင်း တွင်ကျယ်လာသော
ငွေကြေး ပိုင်းဆိုင်ရာ ၀န်ဆောင်မူကို သူသူ ငါငါ အပြိုင် အဆိုင်လုပ်ကိုင်လာကြရာတွင် ATM ကဒ်သည် တစ်ခုအပါအ၀င် ဖြစ်သည်။
မိမိအပါအ၀င် နှစ်ပေါင်းများစွာ အဆိုပါ ကဒ်သုံးငွေကြေးထုတ်ယူမူ စနစ်များဖြင့် အတော့်ကို အလှမ်းကွာဝေးခဲ့ရပါတယ်။ ထို့ကြောင့်
စာဖတ်သူ မိဘပြည်သူအများ ရင်းနှီးကျွမ်းဝင်စေရန်

ရည်ရွယ်ကာ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

(၁) ပထမဦး ဆုံး ( Welcome Screen )ကြိုဆိုပါ၏ စာသားကိုမြင်ရသော အခါတွင် ကဒ်ကိုထည့်သွင်းရန်ပြထားပါမ
ည်။

(၂) မိမိ၏ ကဒ်တွင်ပါရှိသော မြှားပုံပါအတိုင်း ထည့်သွင်းရမည်။

(၃) အင်္ဂလိပ် / မြန်မာ နှစ်ဘာသာ အနက် ကြိုက်နှစ်သက်ရာကို ရွေးချယ်ပါ။

(၄) ဘာသာစကား ရွေးပြီးပါက ( Personal Identification Number - PIN NO )ရိုက်ထည့်ပါ။

(၅) PIN NO ရိုက်ထည့်ပြီးပါက ခေတ္တစောင့်ဆိုင်းရ ပါမည်။

ထို့နောက် မိမိလုပ်ဆောင်လိုသော လုပ်ငန်းကို ရွေးချယ်ပေး ရပါမည်။
(က) ငွေထုတ်ယူလိုပါက ( ငွေထုတ်ယူမည်) ကိုရွေးချယ်ပေးပါ။

(ခ) ငွေလက်ကျန်သိလိုပါက ( ငွေလက်ကျန်ကြည့်ရူမည် ) ကိုရွေးပေးပါ။

(ဂ) ငွေလွှဲပြောင်း မည်ဆိုပါက ( ငွေလွှဲပြောင်းမည် ) ကိုရွေးပေးရမည်။

(ဃ) မိမိကဒ်၏ PIN NO ပြောင်းလိုပါက ( PIN နံပါတ် ပြောင်းမည် ) ကိုရွေးပေးရမည်။

(င) မိမိကဒ်၏ အကြောင်းအချက်အလက်ကို သိလိုပါက ( Mini Statement ) ကိုရွေးလိုက်ပါ။

(၆) ငွေထုတ်ယူ မည်ကိုရွေးချယ် ခဲ့သည်ဖြစ်ပါက ဘဏ်မှ သတ်မှတ်ထားသော ငွေပမာဏ ဥပမာ။ ။ ၅၀၀၀ ၊ ၁၀၀၀၀၊ ၃၀၀၀၀... စသည့်ဖြင့် ရွေးလိုက်နိုင်သလိုမိမိ စိတ်ကြိုက်ရွေးချယ်လိုပါက ( အခြား)
ဟူသော စာသားကို ရွေးပြီး မိမိထုတ်ယူလိုသော ပမာဏကို ရိုက်ထည့်နိုင်
ပါသည်။

(၇) မိမိထုတ်ယူလိုသော ငွေသားပမာဏကို ရွေးပြီးပါက ခေတ္တစောင့်ဆိုင်း ရမှာဖြစ်ကာ များမကြာမှိ သင့်ငွေသားများ စက်အတွင်းမှ ထုတ်ပေးပါ လိမ့်မယ်။

(၈) ငွေသားလက်ခံ ပြေစာကို ရယူလိုပါက ( သဘောတူပါသည်) ကိုရွေးပေး လိုက်ခြင်းဖြင့် စလစ်ကလေးတစ်ခု ထုတ်ပေးပါလိမ့်မည်။

(၉) အခြား သောဝန်ဆောင်မူများကိုဆက်လက် လုပ်ဆောင်ခြင်း မပြုလုပ်လို တော့ပါက (မပြုလုပ်ပါ) ကိုရွေးချယ် လိုက်ပါ။ ထို့နောက် သင့်၏ ATM ကဒ်ထွက်လာ ပါလိမ့်မည်။

သတိပြုရန်အချက်။ ။ ( မိမိကဒ် အားသတ်မှတ်ထားသော (၁) မိနစ် အတွင်း မထုတ်ယူမိပါက စက်မှ အလိုအလျေက် ကဒ်ကို သိမ်းယူသွားမှာ ဖြစ်တဲ့ အတွက် သတိပြုစေခြင်ပါသည်။ )

အထက်ပါ လုပ်ဆောင်မူများသည် CB Bank ATM ကဒ် စနစ်သုံးပြုခဲ့ခြင်း ဖြစ်ကာ အခြားသော ဘဏ်များ၏ လုပ်ဆောင်မူများမှာလည်း အလားတူ ဖြစ်ကာ ထင်သာမြင်သာလောက်အောင် ခြားနားမူ သိပ်မရှိကြာင်း သတင်းပေးလိုက်ပါတယ်။

Hau Sian Siam (MM Social Sky )