Pages

Translate

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Wednesday, April 9, 2014

ဆေးလိပ်ဖြတ်ခြင်း အကျိုး (၁၀) ပါး




၁)အသက်ရှုလို့ ကောင်းလာပြီး ကျန်းမာရွှင်လန်းလာမယ်။
ဆေးလိပ်ဖြတ်ပြီး ရင်...........

က) မိနစ်နှစ်ဆယ်အတွင်းမှာကို Blood Pressure သွေးပေါင်ချိန်က ပုံမှန်ပြန်ဖြစ်သွားနိုင်တယ်။

ခ) ၈ နာရီအတွင်းမှာ Nicotine နီကိုတင်းဓာတ်နဲ့ CO ကာဘွန်မိုနောက်ဆိုက် ဓာတ်တွေက တစ်ဝက်ကျသွားမယ်။ Oxygen အောက်စီဂျင်ကပုံမှန် ပြန်ဖြစ်သွားမယ်။

ဂ) ၄၈ နာရီအတွင်းမှာ Nicotine နီကိုတင်း ဓာတ်တွေ ကိုယ်ထဲက ရှင်းသွားမယ်။

ဃ) ၇၂ နာရီအတွင်းမှာ အဆုတ်ပြွန်တွေ တောင့်တင်းတာလျော့သွားပြီး အသက်ရှူလို့ ကောင်းလာမယ်။

င) ၂ ပါတ်ကနေ ၁၂ ပါတ်ကြာရင် သွေားလှည့်ပတ်မှုက ပုံမှန် ပြန်ဖြစ်သွားလိမ့်မယ်။

စ) ၃၉ ပါတ်ကြာရင် Cough ချောင်းဆိုး၊ Wheeze ရင်ကြပ်တာတွေကောင်းလာပြီး အဆုပ်ရဲ့  ၁၀%ပိုကေင်းလာမယ်။

ဆ) ၅ နှစ်နေရင် ဆေးလိပ်သောက်တဲ့သူတွေထက် နှလုံးသွေးကြောပိတ်တဲ့နှုန်းက တစ်ဝက်ကျသွားလိမ့်မယ်။

ဇ) ၁၀ နှစ်နေရင် Lung Cancer အဆုပ်ကင်ဆာဖြစ်တဲ့နှုန်းက ဆက်သောက်သူတွေထက် ထက်ဝက်ကျသွားမယ်။ 


၂) သွေးလေလှည့်ပတ်တာ မကောင်းတဲ့ရောဂါကြောင့် ခြေလက် ပုပ်တာ၊ ဖြတ်ရတာတွေ နည်းသွားမယ်။


၃) ကိုယ်နဲ့ အတူနေထိုင်တဲ့သူတွေကို ဆေးလိပ်ပြာတွေ၊ မီးခိုးတွေကတစ်ဆင့် အန္တရာယ်ဖြစ်စေတာတွေကို နည်းသွားစေမယ်။ ဆေးလိပ်ပြာတွေ၊ မီးခိုးတွေထဲမှာ Arsenic အာဆင်းနစ်ဓာတ်၊ Benzene ဘင်ဇင်းဓာတ် နဲ့ Cyanide ဆိုင်ယာနိုက်ဓာတ် တွေပါတယ်။ Arsenic အာဆင်းနစ်ဓာတ် နဲ့ Benzene ဘင်ဇင်းဓာတ် တွေက ကင်ဆာဖြစ်စေတတ်တယ်။


၎) ကိုယ့်ရဲ့  ရင်သွေးတွေ Bronchitis အဆုတ်ပြွန်ရောင်၊ Pneumonia အဆုတ်အအေးမိ၊ Asthma ပန်းနာရောဂါ၊ Meningitis ဦးဏှောက်အမှေးရောင်ရောဂါနဲ့ Ear Infection နားပြည်ယိုတာတွေ နည်းသွားစေမယ်။


၅) ကလေးလိုချင်တဲ့သူတွေ ကလေးမြုံတာနည်းသွားပြီး ကိုယ်ဝန်ဆောင်ရင်လည်း ရင်သွေးက ကျန်းမာမယ်။



၆) အဆုပ်ကင်ဆာ၊ နှလုံးနဲ့ အဆုပ်ရောဂါတွေကြောင့်ဖြစ်မဲ့ မကျန်းမာမှု၊ သေဆုံးမှုတွေ နည်းသွားမယ်။


ရ) ငွေကြေးကုန်ကျတာ နည်းသွားမယ်။


ဂ) အသားအရည် စိုပြေလာပြီး သွားတွေလည်း ပိုလှလာမယ်။ ဆေးလိပ်သောက်တဲ့သူတွေက ရုပ်ရင့်တယ်။


၉ ) လျှာက အရသာခံနိုင်တာ ပိုကောင်းလာလို့ အစားအသောက်တွေစားတာ ပိုပြီး အရသာရှိလာမယ်။


၁၀) ကိုယ်စီးတဲ့ကားနဲ့ မိမိအိမ် အနံ့အသက်တွေ ကောင်းလာပြီး မီးဘေးအန္တရာယ်ကလည်း နည်းသွားမယ်။


မြန်မာနှလုံးဖောင်ဒေးရှင်း


HIV ရှိ မရှိကို အိမ်မှာ ကိုယ့်ဖါသာကိုယ် စမ်းသပ်နိုင်တဲ့ကိရိယာ အလွယ်ဝယ်လို့ရပြီ


• ဗြိတိန်မှာ ပဌမဆုံးအကြိမ်ခွင့်ပြုလိုက်တာပါ။ ၁၉၉၂ ကတည်းကတားမြစ်ထားတာကို ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။

• သူတို့နိုင်ငံမှာ HIV ပိုးရှိနေသူပေါင်း တစ်သိန်းရှိတယ်။ ရှိမှန်းမသိသူ ၂ သောင်း ၅ သောင်းအထိ ရှိနိုင်တယ်လို့ မှန်းဆထားပါတယ်။

• ဒီစမ်းသက်စရာတခုကို အရင်က အွန်လိုင်းကနေဝယ်ရင် ၇၅ ပေါင်ပေးရတယ်။ အခုစမ်းသပ်စရာကိုတော့ လာမဲ့နှစ်မှာသာ ဆေးဆိုင်တွေပ်ါရောက်ပါမယ်။

• ယူကေ NHS ကနေ စက္ကန့် ၆ဝ အတွင်း ရှိ-မရှိသိနိုင်တဲ့ကိရိယာကို ၂ဝ-၃-၂ဝ၁၄ ကတည်းက အသိအမှတ်ပြုခဲ့ပါတယ်။

• US FDA ကတော့ OTC HIV test kit ကိရိယာကို ၂ဝ၁၂ ကတည်းကခွင့်ပြုခဲ့ပါတယ်။ OraQuick ကိရိယာက ပါးစောင်နေရာက သွားရည်ကိုစမ်းရတာဖြစ်ပါတယ်။ မိနစ် ၂ဝ-၄ဝ သာကြာမယ်။


ဒေါက်တာတင့်ဆွေ
၇-၄-၂ဝ၁၄

http://www.mirror.co.uk

Friday, March 21, 2014

လည်ချောင်းတွင် အရိုးဆူးပါလျှင်


(၁) ရေများများသောက်ပါ။ ရေတွင် ဆားအနည်းငယ် ရောထည့်ပါ။ အရိုး တော်တော်များများသည် လည်ချောင်း မှအစာအိမ်သို့ ဆားကြောင့် နူးပျော့၍ အကုန်အကျမြန်မည်ဖြစ်သည်။
(၂)ထမင်းကို ထမင်းဆုပ်လုပ်၍ လည်းကောင်း၊ ငှက်ပျောသီး၊ ပေါင်မုန့်တို့ကို မြိုခြင်းကပ်နေသည့်နေရာမှ အရိုးသည် အစာအိမ်သို့ ရောက်ရှိသွားပေမည်။ ဤသို့ မြိုပြီးတိုင်း ရေ(၁)ဖန်ခွက် သောက်ရန်မမေ့ပါ နှင့်။



(၃)ဗနီကာကို ရေတွင်ရော၍သောက်ပါ။ ဗနီကာတွင်ပါဝင်သော Acetic Acid က အရိုးကို ပျော့သွားစေပြီး လည်ချောင်းတွင်း၌ လွယ်ကူစွာ ကြေ ပျက်သွားသည်။

(၄)လိမ္မော်ရည် (သို့) သံပရာရည် သောက်ခြင်းသည်လည်း အရိုးကိုဖယ်ရှားပေးနိုင်သည်။ ယင်းတို့ထဲမှ citric acidက အရိုးကိုပျော့သွားစေနိုင်သည်။

(၅)သံလွင်ဆီကိုသောက်ပါ။ အရိုးက ချောပြီး လည်ချောင်းထဲမှ ထွက်သွားသည့်အပြင် အရိုးဆူးဒဏ်ကြောင့် လည်ချောင်းအထဲ၌ ထိခိုက်နာကျင်မှုကိုလည်း သက်သာစေသည်။

(၆)ယခုခေတ်တွင် coke အအေး အချို့ကို သောက်ခြင်းဖြင့် အရိုးပျော့သွားစေနိုင်သည်။

(၇)အဓိကအရေးကြီးသည့် အချက်မှာ လည်ချောင်း၏ အပြင်ဖက်မှ လည်ချောင်းကို နှိပ်နယ်ခြင်းမပြုပါနှင့်။

ဒေါန
Health Updates Journal November

ခြေစွယ်ငုတ်ခြင်း မဖြစ်ရလေအောင်


 ခြေစွယ်ငုတ်ခြင်း ခြေမများတွင်အဖြစ်များသည်။ခြေစွယ်များနီရဲ၊ရောင်ရမ်း၊နာကျင်လာတတ်သည်။
ခြေသည်းညှပ်စဉ်ကျန်ခဲ့သောခြေသည်းစွယ်ကအသားထဲတိုးဝင်ရာကခြေစွယ်ဝန်းကျင်တွင်၊ရောင်လာတတ်သည်။တစ်ခါတစ်ရံပြည်တည်လိုက်လာသည်။ခြေသည်းညှပ်ရာတွင်ခြေစွယ်ကျန်ခြင်းနှင့်၊ရှုးဖိနပ်ကျပ်ကျပ်စီးသည့်အခါ၊ခြေချောင်းဖျားများစုညှစ်ခံထားရခြင်းတို.မှာခြေစွယ်ငုပ်စေသောအရင်းခံအကြောင်းများဖြစ်ကြပါသည်။ ဆရာဝန်နှင့်အရင်ပြရန် -ခြေစွယ်ပိုးဝင်၊ရောင်ရမ်းနေလျှင်ထိုသို.ဝေဒနာရနေသူတွင် ဆီးချို၊သွေးကြော ကျဉ်းရောဂါစသည်တို.ရှိလျှင်။
မိမိဘာသာဆောင်ရွက်နိုင်သောကိစ္စရပ်များ ခြေစွယ်ငုပ်မှန်းစောစီးစွာခန်.မှန်းသတိထားမိပါက
အောက်ပါတို.ကိုဆောင်ရွက်ခြင်းဖြင့်ခြေစွယ်ငုပ်ဝေဒနာပိုဆိုးမလာအောင်ဟန်.တားပေးထားနိုင်သည်။ ၁။ခြေစွယ်ငုပ်နေသောခြေထောက်ကိုရေနွေးထဲဆားရည်နွေးနှစ်ဇွန်း၊သုံးဇွန်းထည့်မွှေထားသော
ဆားရည်နွေးဖြင့်တစ်ခါစိမ်ဆယ်မိနစ်ခန်.ကြာတစ်နေ.နှစ်ကြိမ်ပုံမှန်စိမ်ပေးပါ။
နာနေ၊ရောင်စပြုနေသောပလာစတာကပ်ထားပါ။ ၂။ခြေညှပ်ဖိနပ်၊ကွင်းထိုးဖိနပ်စီးပါ။ ၃။ခြေစွယ်ငုပ်နာလုံးဝပျောက်မှခြေသည်းညှပ်ပါ။ ၄။ခြေသည်းဆိုးခြင်း၊ခြေသည်းဆိုးဆေးချွတ်ခြင်းတို.ကိုခြေစွပ်ငုပ်နေစဉ်မပြုလုပ်ရ။ ကာကွယ်ခြင်း အကောင်းဆုံးကာကွယ်နည်းမှာခြေထောက်ကိုဂရုစိုက်နည်းသာဖြစ်ပါသည်။ -နေ.စဉ်ခြေဆေးပါ။ခြေဆေးပြီးနောက်ရေစင်အောင်သုတ်၊ရေခြောက်အောင်ထားပါ။ -ရှေ.ဘက်တွင်ခြေချောင်းလေးများကိုစုညှစ်ထားတတ်သည့်ဖိနပ်၊ဦးချွတ်၊ဒေါက်မြင့်၊ဖိနပ်စသည်တို.မစီးသင့်။ -ချည်ထည်ခြေစွပ်၊စကော့ကင်များကိုသာဝတ်ပါ။နေ.စဉ်လဲပါ။ခြေဦးပိုင်းဖွင့်ထားသောခြေစွပ်၊
စကော့ကင်များဝယ်၍ရသည်။ယင်းအမျိုးအစားကိုအသုံးပြုပါ။ -ခြေသည်းညှပ်လျှင်အသေအချာညှပ်ပါ။ ခြေသည်းညှပ်နည်း (၁)ခြေသည်းမညှပ်မီခြေသည်းနူး၊ပျော့သွားစေရန်ရေနွေးဇလုံထဲတွင်ဆယ်မိနစ်ခန်.စိမ်ထားပါ။ (၂)တုံးသောခြေသည်းညှပ်၊ဓား၊ကပ်ကြေးတို.မသုံးသင့်။တစ်ခါညှပ်လျှင်တစ်ချက်တည်းပြတ်မည့်ခြေ
သည်းပြတ် မည့်ခြေသည်းညှပ်ကိုသုံးပါ။ခြေသည်းကိုကွေးဝိုက်ညှပ်သွားပါ။ထောင့်ဘက်များကို
ဂရုစိုက်ညှပ်ပါ။ထောင့်ဘက်ဖျားများကိုတစဉ်းတိုက်ပါ။ (၃)ခြေစွယ်ကုပ်နေလျှင်၊ခြေသည်းညှပ်၊ဓား၊ကပ်ကြေးစသည်တို.ကိုဇွတ်ထိုးမထည့်ရ။
ရေနွေးစိမ်ပြီးခြေသည်းနူးညံ့ နေချိန်မှာထိုခြေစွယ်ကိုညှပ်ပါ။
မာခေါက်ကွေးကုပ်နေသောခြေစွယ်အောက်သို.မည်သည့်အရာမှထိုးမသွင်းရ။
credit to Wellness Health & Beauty Magazine

အနှိပ်ခံခြင်းကြောင့် သက်သာလျော့ ပါးနိုင်သော ရောဂါဝေဒနာများ

အနှိပ်ခံတာကြောင့် အောက်ပါ ရောဂါဝေဒနာတွေကို သက်သာ လျော့ပါးစေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ရောဂါ



မကြာခဏ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကြောင့် နာကျင်နေရင် အနှိပ်ခံပါ။ ပြင်းထန်ဆိုးဝါးတဲ့ ခေါင်းကိုက်ဝေဒနာ ဖြစ်သူတွေအနေနဲ့ အနှိပ်ခံတဲ့ကုထုံးကို သီတင်းပတ်များစွာ ခံယူပြီးချိန်မှာ ဝေဒနာသက်သာပြီး အိပ်မောကျသွားသက်သာပြီး အိပ်မောကျသွားကြောင်း အော့ခ်လန်းတက္ကသိုလ်ရဲ့ လေ့လာမှုအရ သိရပါတယ်။ 


ခန္ဓာကိုယ် ကိုက်ခဲနာကျင်မှု

အနှိပ်ခံတာကြောင့် လေ့ကျင့်ခန်း လုပ်တဲ့အတွက်ကြွက်သား ရောင်ရမ်းမှုနဲ့ ကိုက်ခဲနာကျင်မှုကို လျော့ပါးသက်သာစေတယ်လို့ လေ့လာမှုက ဖော်ပြထားပါတယ်။ ကနေဒါနိုင်ငံ၊ အွန်တယ်ရီယို တက္ကသိုလ်ရဲ့လေ့လာမှုအရ အနှိပ်ခံတဲ့ ကုထုံးဟာ လေ့ကျင့်ခန်းလုပ်ပြီး ဖြစ်တတ်တဲ့ ရောင်ရမ်းနာကျင်မှုကို သက်သာစေတယ်လို့ တွေ့ရပါတယ်။ အနှိပ်ခံတာဟာ ရောင်ရမ်းမှု သက်သာစေတဲ့ ဆေးဝါးတွေနဲ့ အာနိသင်တူပါတယ်။ 

အိုမင်းရင့်ရော်သည့် အသွင်အပြင်

အနှိပ်ခံတာကြောင့် သွေးစီးဆင်းမှုကို လှုံ့ဆော်ပေးနိုင်ပြီး မျက်နှာပြင်ကို တောက်ပကြည့်ကောင်းစေပါတယ်။ အနှိပ်ခံတာကြောင့် အရေပြား ဖောင်းအစ်မှုကို သက်သာစေတာ၊ ဆဲလ်ထဲက အဆိပ်တွေ ထွက်ရှိစေတာစတဲ့ အကျိုးကျေးဇူးတွေ ရရှိစေကာ နွမ်းနယ်နေတဲ့ အသားအရေကို ကြည်လင် တောက်ပစေပစေပါတယ်။ 

ရာသီအကြို ဝေဒနာ

အနှိပ်ခံတာကြောင့် ရာသီအကြို ဝေဒနာတွေဖြစ်တဲ့ လေပွတာ၊ ခေါင်းကိုက်တာ၊ ကိုယ်အလေးချိန် မြင့်တက်တာနဲ့ စိတ်ကယောက်ကယက် ဖြစ်တာတို့လို ဝေဒနာတွေကို လျော့ပါးစေတယ်လို့ မီယာမီ ဆေးကျောင်းတက္ကသိုလ်က ဆိုပါတယ်။ ပုံမှန်အနှိပ်ခံတာကြောင့် အသက် ၁၉ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသမီးတွေမှာ ခံစားရတဲ့ ရာသီအကြိုဝေဒနာကို သက်သာ လျော့ပါးစေသက်သာ လျော့ပါးစေပါတယ်။ 

နာတာရှည် ကိုက်ခဲခြင်း

နာတာရှည် တစ်သျှူးနာကျင်မှု (အဆစ်ရောင်နာ၊ နာတာရှည် နုံးချည့်ညောင်းညာတာ၊ အဆစ်ဝေဒနာ) စတာတွေ ခံစားနေရသူတွေမှာ အနှိပ်ခံတာကြောင့် ဝေဒနာ လျော့ပါးသက်သာတာကို တွေ့ရပါတယ်။ နာတာရှည် နာကျင်ကိုက်ခဲမှု ဝေဒနာခံစားရသူတွေ အနေနဲ့ အနှိပ်ခံတာကြောင့် ဝေဒနာ သက်သာစေသာစေပါတယ်။ ကင်ဆာကုထုံး၏ ဘေးထွက်ဆိုးကျိုးများ ကင်ဆာရှိသူတွေဟာ အနှိပ်ခံတာကြောင့် ဆေးကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေ လျော့ပါးဆေးကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေ လျော့ပါးကာ အိပ်ရေးဝဝ အိပ်ပျော်တာ၊ ကိုက်ခဲနာကျင်မှု လျော့ပါးတာနဲ့ ဘဝနေထိုင်မှုအရည်အသွေး ကောင်းမွန်တာစတဲ့ အာနိသင်တွေ ရရှိကြောင်း ဘော့စတွန် လေ့လာသူတွေက ဆိုပါတယ်။ ညင်ညင်သာသာ ထိတွေ့ပြီး ခြေထောက်ကို နှိပ်နယ်တာကြောင့် ကင်ဆာရှိသူတွေမှာ နာကျင်မှု၊ ပျို့ချင်အန်ချင်ဖြစ်တာ စိတ်ဖိစီးမှုများတာ၊ စိတ်ဓာတ်ကျတာနဲ့ နုံးချည့်ညောင်းညာတာစတဲ့ ဝေဒနာတွေကို လျော့ပါးသက်သာစေပါတယ်။ 

ဇွန်
photo copy from google search
Originally posted by Good Health

အနမ်း


၁) ၃၇ % သောအမျိုးသားတွေဟာ နမ်းနေတဲ့အချိန်မှာ မျက်လုံးတွေပိတ်ထားလေ့ရှိပြိး ၉၇ % သောအမျိုးသမီးတွေကလည်း နမ်းနေစဉ်မျက်လုံးပိတ်ထားတတ်
ကြပါတယ်...
၂) ၁ မိနစ်လောက် နမ်းလိုက်ခြင်းအားဖြင့် ၂၆ ကယ်လိုရီလောက် လောင်ကျွမ်းနိုင်ပါတယ်...



၃) သုတေသနပြုချက်များအရ လူနှစ်ယောက် နမ်းနေတဲ့အချိန်မှာ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားအကုန်လုံးနီးပါးကို အသုံးပြုတတ်ကြပါတယ်...

၎) သင်နဲ့ ဆံပင်အရောင်တူတဲ့ သူနဲ့ နမ်းမယ်ဆိုရင် ချစ်စိတ်တွေပိုပြီးပြင်းပြလာနိုင်ပါတယ်....

၅) ကျွန်တော်တို့ရဲ့ သက်တမ်းတစ်လျှောက်မှာ အနမ်းပေါင်း ၂၅၀၀၀ အထိ လက်ခံရရှိနိုင်ပါတယ်... အဲ့ဒီအနမ်းတွေထဲမှာ ပါးလေးကို ဖွဖွနမ်းလိုက်တာကနေစပြီး ခြေနှစ်ဖက်ညွှတ်ခွေသွားအောင် အားပါးတရနမ်းလိုက်တာမျိုးအထိ ပါဝင်ပါတယ်....

၆) ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲမှာ အမှောင်ထဲက တခြားနှုတ်ခမ်းတစ်စုံကို အလိုလိုရှာဖွေနိုင်တဲ့ အာရုံကြောစနစ်တွေပါဝင်ပါတယ်....

၇) အနမ်းတစ်ခုဟာ နာကျင်မှုကို သက်သာစေတဲ့နေရာမှာ မော်ဖင်းထက် ဆယ်ဆ ပိုထိရောက်ပါတယ်... ဘာကြောင့်လဲဆိုတော့ အနမ်းဟာ ခန္ဓာကိုယ်ရဲ့ နာကျင်မှုပပျောက်စေတဲ့ ဓာတ်တွေကို နှိုးဆွပေးနိုင်လို့ပါပဲ... ဒါကြောင့် မိခင်တွေဟာ သူတို့ရဲ့ ကလေးငယ်လေးတွေ ဒဏ်ရာအနာတရဖြစ်လာရင် အနမ်းလေးနဲ့ နှစ်သိမ့်ပေးတာဟာ ထိရောက်တဲ့ လုပ်ဆောင်ချက်တစ်ရပ်ဖြစ်နေရခြင်း ဖြစ်ပါတယ်....

၈) ရှေးအီဂျစ်လူမျိုးတွေဟာ သူတို့ရဲ့ နှာခေါင်းတွေကို အသုံးပြုပြီးနမ်းကြပါတယ်.... နှုတ်ခမ်းနဲ့ မနမ်းကြပါဘူး....

၉) လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် သူတို့သက်တမ်းတစ်လျှောက်လုံးမှာ နမ်းဖို့အတွက် ၁၄ ရက်လောက် အချိန်တွေသုံးကြရပါတယ်...

၁၀) အကြာဆုံးအနမ်းဟာ ၁၉၈၄ ခုနှစ်က ချီကာဂိုမြို့မှာဖြစ်ခဲ့ပြီး ၁၇ ရက်နဲ့ ၁၀ နာရီခွဲ ကြာခဲ့ပါတယ်... ရုပ်ရှင်ကားထဲက အကြာဆုံးအနမ်းဟာ ၁၉၄၀ ခုနှစ်က You're in the Army Now ဆိုတဲ့ ဇာတ်ကားမှာ Jane Wyman နဲ့ Reg Toomey တို့ နမ်းခဲ့ပြီး ၁၈၅ စက္ကန့်ကြာ ရင်ချင်းအပ်ပြီး နမ်းခဲ့ကြတာဖြစ်ပါတယ်... 

၁၁) အလယ်ခေတ် (အေဒီ ၁၁၀၀-၁၄၀၀ ခန့်) ရဲ့ အီတလီနိုင်ငံမှာ နမ်းနေတာကို တွေ့မြင်တဲ့ စုံတွဲတွေဟာ အတင်းလက်ထပ်ပေးစားခြင်းခံခဲ့ရပါတယ်...

၁၂) ရုပ်ရှင်ဇာတ်ကားတွေထဲက အကြော်ကြားဆုံးအနမ်းဟာ Gone With the Wind ဇာတ်ကားထဲက Clark Gable နဲ့ Vivien Leigh တို့ရဲ့ အနမ်းဖြစ်ပါတယ်... တကယ်တော့ Gable ရဲ့ သွားတုနဲ့ ဝီစကီနံ့ထွက်တဲ့လေတွေကြောင့် Leigh ကို တုန်ခါနေတဲ့အထိ မသက်မသာဖြစ်စေခဲ့ပါတယ်....

၁၃) အနမ်းပေးခြင်းဟာ အလှအပကုထုံးတစ်ရပ်လည်းဖြစ်ပါတယ်... နမ်းခြင်းဖြင့် သင့်ရဲ့ မျက်လုံးတွေကို တောက်ပစေပြီး သင့်အရေပြားကို ဝင်းမွတ်စေပါတယ်...

၁၄) အနမ်းခံရတာများတဲ့ ကလေးတွေဟာ နောက်ပိုင်းမှာ ပိုပြီးကြင်နာတတ်တဲ့သူတွေဖြစ်လာကြပါတယ်....

နှိုင်းရင့်နွေ