Pages

Translate

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label Virus သတ်နည်းစာအုပ်. Show all posts
Showing posts with label Virus သတ်နည်းစာအုပ်. Show all posts

Saturday, June 14, 2014

Virus ကင်းစင်သော Computer ဖြစ်လာစေရန် လုပ်ဆောင်သင့်သော အချက်များ

မိမိ လက်ရှိ အသုံးပြုနေသော Computer မှာ Virus ကူးစက်ခံနေရပြီလား? Error Messages တွေရော မကြာခဏ လက်ခံ ရရှိနေပြီလား ? ထိုကဲ့သို့ ဖြစ်ပေါ်မူ့များသည် ကမ္ဘာ တစ်ဝှမ်းလုံး တွင်ရှိသော Computer အသုံးပြုသူ Users တိုင်းလိုလို ကြုံတွေ့နေရသော ပြသာနာပင် ဖြစ်ပါသည်။



ထိုကဲ့သို့ Virus ကူးစက်ခံရခြင်းကြောင့် မိမိစက်ထဲရှိ အရေးကြီးသော Data များ ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း များ နှင့် ကြုံတွေ့လာကြရပါသည်။ ထို့ကြောင့် မိမိ၏ Computer ကို Viruses နှင့် အခြား Malware များကူးစက်ခြင်းမှ ကာကွယ်ရန် ပြုလုပ်သင့်သော အချက်များကို အောက်တွင် ဖော်ပြထားပါသည်။



ပထမဦးစွာ Virus ကူးစက်ခံရသည့် နည်းလမ်းများ ထဲမှ တစ်ခုမှာ E-mail မှ ကူးစက်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် Virus ကူးစက်ခံရမူ့ကင်းဝေးစေရန် အတွက် မိမိ၏ Contact Lists တွင်ရှိသော ယုံကြည်ရသော နေရာမှ လာသော E-mail များကိုသာ ဖွင့်ဖတ်သင့်ပါသည်။ မိမိက Private email host (eg- Gmail, Yahoo, Hotmail) များကို အသုံးပြုမည် ဆိုလျှင်လည်း Spam Filter ဖြင့်သာ အသုံးပြုသင့်ပါသည်။ ထို့အပြင် မယုံကြည်ရသော နေရာမှ လာသော E-mail များတွင် ပါဝင်သော Link များကို မည်သည့် အခါမှ မနှိပ်သင့်ပါ။



နောက်ထပ် Virus များကို လျှင်မြန်စွာ ကူးစက်စေနိုင်သော နည်းလမ်းတစ်ခုမှာ USB/pen drives များကို အသုံးပြုခြင်း မှဖြစ်ပါသည်။ ထို့ကြောင့် USB/pendrives များကို အသုံးပြု၍ data များကို copy မကူးယူခင် အရင်ဆုံး Virus Scan စစ်ပြီးမှသာ အသုံးပြုသင့်ပါသည်။ ထို့အပြင် pen drive ကို ဖွင့်ရာတွင်လဲ မည်သည့် အခါမှ Double Click ကို သုံး၍ မဖွင့်သင့်ပါ။ ၄င်း အစား Right-Click မှ Open Option ကိုသာ အသုံးပြု၍ ဖွင့်သင့်ပါသည်။ ထိုကဲ့သို့ နည်းလမ်းကို အသုံးပြုခြင်ဖြင့် pen drive ဖွင့်ရာတွင် Safe ဖြစ်စေနိုင်ပါသည်။



MS Outlook ကိုအသုံးပြုရာတွင်လည်း ဂရုပြု၍ အသုံးပြုသင့်ပါသည်။ မိမိစက်တွင် Antivirus Program ကို အသုံးပြု မထားဘူး ဆိုလျှင် MS Outlook သည် အခြား E-mail Program များထက်ပို၍ Worms ဖြစ်နိုင်ခြေ ပိုများသောကြောင့် ဖြစ်ပါသည်။


ယခုအခါ မိမိတို့ သိရှိလိုသည်များကို Search Engine များ (ဥပမာအားဖြင့် Google) အသုံးပြု၍ ရှာဖွေရာတွင် Malicious Website List များလည်း ရောနှော၍ ပါဝင်နေတက်ပါသည်။ ထိုကဲ့သို့ မယုံကြည်ရသော Untrusted Malicious Website များကို ရှောင်ကြဉ်ရန်အတွက် AVG LinkScanner ကဲ့သို့သော Scanner ကို Install ပြုလုပ်ထားသင့်ပါသည်။ ၄င်း Tool ကို Install ပြုလုပ်ထားခြင်းဖြင့် Malicious Website များကို ရှောင်ရှားနိုင်မည် ဖြစ်ပါသည်။




ဆက်လက်၍ Virus များကို ကာကွယ်ရန် အတွက် Antivirus Software Install ပြုလုပ်ခြင်း နှင့် Update ပြုလုပ်ခြင်း တို့ကို အမြဲ ပြုလုပ်သင့်ပါသည်။ ထို့အပြင် Automatic Update Feature ကို on ထားသင့်ပါသည်။ ထိုကဲ့သို့ပြုလုပ်ခြင်းသည် Virus ကို ကာကွယ်ရန်အတွက် အရေးကြီးသော ပြုလုပ်သင့်သည့် အချက် ပင်ဖြစ်ပါသည်။ Antivirus Program အများစုတွင် Auto-protect feature ရရှိနိုင်ပါသည်။ ၄င်း Feature သည် မိမိ PC အတွက် Real-time security ကို ထောက်ပံပေးနိုင်မည် ဖြစ်ပါသည်။




Antivirus ထားရှိခြင်းသည် computer အတွက် အလွန် အရေးကြီးသော အပိုင်းပင် ဖြစ်ပါသည်။ ပို၍ လည်း လုံခြုံစေနိုင်ပါသည်။ အောက်တွင် အသုံးများသော Antivirus အချို့ကို ဖော်ပြထားပါသည်။ ၄င်းတိုမှာ -
• Norton
• McAfee
• Kasperky
• Viper
• Eset
• Avast
• AVG တို့ ဖြစ်ပါသည်။



မယုံကြည်ရသော Source များမှ လာသော E-mail attachment များကို ဘယ်သောအခါမှ မဖွင့်ပါနှင့်။ အကယ်၍ Safe ဖြစ်သည်ဟု ယူဆ၍ ဖွင့်မည် ဆိုလျှင်လည်း မဖွင့်မီ Virus Scan နှင့် စစ်ပြီးမှသာ ဖွင့်ဖတ်သင့်ပါသည်။ ထို့အတူပင် Disk များကို ဖွင့်ရာတွင်လည်း ပထမဦးစွာ Virus Scan ဖြင့် စစ်ဆေးပြီးမှသာ Run သင့်ပါသည်။



မိမိစက်၏ Windows update တွင် Patche များ၊ Upgrade များကို Automatic download ပြုလုပ်ထားသင့်ပါသည်။ ထိုကဲ့သို့ ပြုလုပ်ထားခြင်းဖြင့် Operation System နှင့် Internet Explorer တို့အတွက် လိုအပ်သော Update များကို Auto Download ပြုလုပ်နိုင်သောကြောင့် Security hole များကို fix ပြုလုပ်ပေးနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် file များကို အမြဲ Back-up ပြုလုပ်ထား သင့်ပါသည်။



Double Extension (e.g .jpg.bat) များဆိုလျှင် စစ်ဆေးသင့်ပါသည်။ စစ်ဆေးရန်အတွက် Control panel ထဲမှ Folder Option ကိုသွား၍ hidden လုပ်ထားသော File Type ကို စစ်ဆေး သင့်ပါသည်။



Reference:

http://www.techomag.com/12-tips-to-maintain-a-virus-free-computer/

http://www.wikihow.com/Make-Your-Computer-Virus-Free

Tuesday, September 24, 2013

Virus အမျိုးမျိုးသတ်နည်းစာအုပ် (မြန်မာ Ebook)

ဒီစာအုပ်လေးကိုတော့ ကျွန်တော့်ရဲ့ချစ်ကိုကြီး ကိုအေးလွင် (ဘူးရေမျက်ရွာ) ထံမှ ပြန်လည်မျှဝေပေးတဲ့စာ အုပ်လေးဖြစ်ပါတယ်ဗျာ။ အတော်လေးကောင်းပြီး ကွန်ပြူတာအသုံးပြုတဲ့ User တိုင်းလေ့လာသင့်တဲ့စာ အုပ်လေးတစ်အုပ်ဖြစ်လို့တင်ပေးလိုက်တာပါဗျာ။ ဒီစာအုပ်လေးထဲမှာတော့ အ၀င်များတဲ့ နာမည်ကြီး Virus တွေအပြင် အခြားသော Virus တွေကို ဘယ်လိုသတ်ရမလည်းဆိုတာကိုအသေးစိတ်ရှင်းပြထားတာပါ။ ဖိုင်ဆိုဒ်ကလည်းသေးတဲ့အတွက် အလွယ်တကူဒေါင်းယူနိုင်မှာဖြစ်ပါတယ်ဗျာ။


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။