Pages
Translate
This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
Showing posts with label ဖုန်း ဗဟုသုတ. Show all posts
Showing posts with label ဖုန်း ဗဟုသုတ. Show all posts
Friday, January 17, 2014
GSM/ WCDMA လိုင်းကတ်နှစ်ကတ်သုံး Huawei 730 အမျိုးအစား နှစ်မျိုးဝင်ရောက်လာ
မျက်နှာပြင်ကျယ်တဲ့ GSM/ WCDMA လိုင်းကတ်နှစ်ကတ်သုံး Huawei G730 ဟန်းဆက် ဝင်ရောက်လာပါတယ်။ စကရင် ၅.၅  လက်မအရွယ်အစားဖြစ်ပြီး Android Version 4.2 လည်ပတ်မှုစနစ်နှင့် Emotion UI-2.0 ဗားရှင်းဖြစ်ကာ မြန်မာဖောင့်လည်း အဆင်ပြေစေမယ်လို့ သိရပါတယ်။ RAM 1 GB ထည့်သွင်းပေးထားပြီး ဟန်းဆက်အတွင်း မှတ်ဉာဏ်ပမာဏ 4GB ပါဝင်လာကာ Micro SD ကတ်ဖြင့် 32GB အထိ ထပ်မံတိုးမြှင့်နိုင်မယ်လို့ သိရပါတယ်။ Quad Core 1 GHz CPU ထည့်သွင်း အသုံးပြုထားပါတယ်။
8MP autofocus with flash နောက်ကင်မရာနဲ့ ရှေ့ကင်မရာတွေ ပါဝင်လာပါတယ်။ ဟန်းဆက်မှာ Globe Touch စနစ်ပါဝင်တာကြောင့် လက်အိပ်စွပ်ထားပေမယ့် Touch စကရင်ကို တို့ထိအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 
အဖြူ၊ အနက် အရောင်နှစ်မျိုး ရှိပါတယ်။ Service အာမခံ (၆) လ စနစ်နဲ့ဖြစ်ပြီး၊ ဈေးနှုန်းက ကျပ်တစ်သိန်းခွဲ ဝန်းကျင်ဖြစ်ပါတယ်။ Huawei G 730 နဲ့ ဖန်ရှင်တူတဲ့ CDMA 800 MHz နှင့် WCDMA ကတ်နှစ်ကတ် သုံးနိုင်မယ့် Huawei G730C လည်း ဝင်ရောက်လာပါတယ်။ ဈေးနှုန်းက ကျပ်တစ်သိန်းရှစ်သောင်း ကျော်ဝန်းကျင် ဖြစ်ပါတယ်။ 
MOBISTAR ဖုန်း-၀၉-၇၃၉၀၃၇၀၀ သို့ ဆက်သွယ် စုံစမ်းဝယ်ယူနိုင်ပါတယ်။
ကောင်းမြတ်ထွန်း၊ မန္တလေး
အင်တာနက်ဂျာနယ်
Wednesday, October 9, 2013
Android Phone တစ်လုံးမှာရှိတဲ့  Mode (၅)မျိုးအကြောင်း
Android Phone တစ်လုံးမှာ Mode (၅)မျိုးရှိပါတယ်
(၁)Power mode
(၂)Charging mode
(၃)Recovery mode
(၄)Bootloader mode(or)Downloading mode(or)fastboot mode
(၅)Adb mode တို့ဘဲ ဖြစ်ကြပါတယ်
(၁)Power mode
-----------------------------------
Power mode ဆိုတာကတော့ ပါဝါဖွင့်ဖွင့်ချင်း စတတ်တဲ့ mode ကို ပါဝါ mode
လို့ ခေါ်ပါတယ်
(၂)Charging mode
----------------------------------------
Charging mode ကတော့ ဖုန်း ကို ပါဝါပိတ်ပြီး အားသွင်းရင်
charger လေး ဖုန်းမှာ ပြေးနေပါလိမ့်မည် အဲဒါကို Charging mode လို့ခေါ်
ပါတယ်
(၃)Recovery mode
----------------------------------------------
Recovery mode ဆိုတာကတော့ ပုံမှန်ဖုန်းဖွင့်ရင် မြင်တွေ့ရမှာ မဟုတ်ပါဘူး
Samsung မှာဆိုရင် Home+Volume up+Power , Sony မှာဆိုရင်တော့
သူ့အတွက် Partation မပါပါဘူး , HTC မှာဆိုရင်လည်း သူ့အတွက် partation
က သက်သက် မထည့်ပေးထားပါဘူး အဲဒီအတွက် သက်ဆိုင်ရာ key ကိုနှိပ်ပြီး
မှ ၀င်လို့ ရမှာ ဖြစ်ပါတယ် ဒီကောင်အတွက် အကျယ်ချုပ်ကိုတော့ နောက်မှ
ရှင်းပြပါမယ်
(၄)Bootloader mode(or)Downloading mode(or)Fastboot mode
-------------------------------------------------------------------------------------------
bootloader mode ကို ဘယ်မှာ သုံးလဲဆိုရင်တော့ Huawei မှာသုံးပါတယ်
ဒီကောင်ကို ဘာလို့ခေါ်သေးလဲဆိုရင် Fastboot mode လို့ခေါ်ပါသေးတယ်
Vol Down + Power လေး နှိပ်လိုက်တာနဲ့ Huawei Logo လေးမှာ ရပ်နေပါ
လိမ့်မည် အဲကောင်လေးကို bootloader mode(or)Fastboot mode လို့ခေါ်
ပါတယ် Downloading mode ကျတော့ Samsung မှာ အသုံးများပါတယ်
Vol Down+ Home +Power key ကိုနှိပ်ပြီး Vol Up ကိုတစ်ချက်နှိပ်လိုက်တာနဲ့
စက်ရုပ်ပုံစံလေးနဲ့ Downloading mode လေးပေါ်နေတာကို Downloading mode
လို့ခေါ်ပါတယ် Fastboot mode ကျတော့ Sony,Huawei,Htc တွေမှာ အသုံးများ
ပါတယ် အကျယ်ချုပ်ကို နောက်မှ ရှင်းပြပေးပါမည်
(၅)ADB mode
-------------------------------------------
ADB ဆိုတာကတော့ Android debug bridge လို့ အဓိပ္ပါယ်ရပါတယ်
bridge ဆိုတာကတော့ developerသမားတွေ အလုပ်လုပ်တဲ လုပ်ဆောင်ချက်တွေကို
ရည်ညွန်းတဲ့သဘောဖြစ်ပါတယ် အဲဒါကြောင့်မို့adb ဆိုတာကတော့ PC Comment Line
တွေပေါ်မှာ အဓိက လုပ်ဆောင်တာ ဖြစ်ပါတယ်.အလွယ်ပြောရရင် USB debuging on ထားတယ်
ကွန်ပြူတာနဲ့ ဖုန်းနဲ့ သိတယ်ဆိုရင် အဲဒါကို ADB mode လို့ခေါ်ပါတယ်။
အပိုင်း(၂ ) ကိုဖတ်ချင်ရင်ဒီမှာ သွားလိုက်ပါ။
 CREDIT T0- ခင်မောင်စိုး 
အသစ်တင်တိုင်း FACEBOOK ကနေဖတ်မယ်ဆိုရင်
ဒီမှာ LIKE လုပ်ပေးပါ။  
Wednesday, October 2, 2013
Sony Company ကတော့ လုပ်ချလိုက်ပြန်ပြီ (Sports W Series Waterproof MP3 Player)
ကမ္ဘာကျော် နည်းပညာ Company ဆိုနီ ကတော့ နားမှာတစ်ခါတည်း တပ်ဆင်လို့ရတဲ့ ရေစိုခံ Walkman (Sports W Series Waterproof MP3 Player) တစ်ခုကို ကြေညာပွဲထုတ်လိုက် ပါတယ်။ တစ်လက်စတည်း ပြောရမယ်ဆိုရင် ယနေ့ခေတ်မှာ လူတွေ သွားလေရာ သီချင်းနားထောင်နေကြခြင်းရဲ့ကနဦးအစ အိုင်ဒီယာဟာ Sony Walkman တွေကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။
အခု ထုတ်လုပ်လိုက်တဲ့ နားကြပ်ပုံစံ Walkman ကတော့ ရေကူးနေရင်းနဲ့တောင် သီချင်းတွေ နားဆင်နိုင်မှာ ဖြစ်တယ်လို့ SONY က ပြောကြားထားပါတယ်။ အဲဒီထဲမှာ သီချင်းပုဒ်ရေ နှစ်ထောင်ကျော်လောက် ဆန့်မယ့် 8GB Memory လည်း ပါဝင်တဲ့အပြင် နားကြပ်တွေဟာ ရေစိုခံပြီး အထူးကောင်းမွန်အောင် သေချာစီမံ ဖန်တီးထားတာ ဖြစ်ပါတယ်။ ရေအောက် အနက် နှစ်မီတာအထိ သွားနိုင်ပြီး ရောင်းဈေး ယူရို ၈၀လို့ သတ်မှတ်ထားကြောင်း သိရပါတယ်။ ကဲ… ဒီတော့ Music Crazy တွေ လက်မလွှတ်သင့်တဲ့ ရေစိုခံ Walkman လေး တစ်ခုပါ…
kangyi (MM Social Sky)
Ref: http://shannnews.blogspot.com
မန်းတွင် မိုဘိုင်းဟန်းဆက်များကို ဘဏ်နှင့် ချိတ်ဆက်ကာ အရစ်ကျ ဝယ်ယူနိုင်ပြီဟုဆို
မန်းတွင် မိုဘိုင်းဟန်းဆက်များကို ဘဏ်နှင့် ချိတ်ဆက်ကာ အရစ်ကျ ဝယ်ယူနိုင်ပြီဟုဆို
===============
မိုဘိုင်းဟန်းဆက်များ၊ Tablet များကို အရစ်ကျစနစ်ဖြင့် ဝယ်ယူလိုသူများအတွက် MOBISTAR Mobile မှ မြန်မာ့ရှေ့ဆောင်ဘဏ် (၂) မန္တလေးမြို့နှင့် ချိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သိရသည်။
အရစ်ကျစနစ်ဖြင့် ဝယ်ယူလိုသူများအနေဖြင့် မြန်မာရှေ့ဆောင်ဘဏ်ခွဲ (၂) မန္တလေးရှိရာ ၈၄ လမ်းနှင့် ၃၆ လမ်းထောင့်တွင် အသေးစိတ်အချက်အလက်များကို သွားရောက် စုံစမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဘဏ်မှ ဝယ်ယူခွင့် အသိအမှတ်ပြု စာရွက်စာတမ်းရရှိမှသာ MOBISTAR (မန္တလေး) ၈၃လမ်းနှင့် ၃၄ လမ်းထောင့်တွင် လာရောက် ဝယ်ယူနိုင်မည် ဖြစ်ကြောင်းသိရသည်။ အသေးစိတ် အချက်အလက်များကို မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲ (၂) မန္တလေးတွင်လည်းကောင်း၊ MOBISTAR (မန္တလေး) ဖုန်း-၀၉-၇၃၉၀၃၇၀၀ သို့ လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်မည်ဖြစ်သည်။
Ref: Internet Journal
အပူချိန် မြင့်တက်ခြင်းမှ ကာကွယ်ရန် Liquid Cooling စနစ် ထည့်သွင်းပေးထားတဲ့ NEC Medias X စမတ်ဖုန်း
အပူချိန် မြင့်တက်ခြင်းမှ ကာကွယ်ရန် Liquid Cooling စနစ် ထည့်သွင်းပေးထားတဲ့ NEC Medias X စမတ်ဖုန်း
သင့်အနေနဲ့ စမတ်ဖုန်းတွေမှာ CPU တွေကို မြန်နှုန်းမြှင့်ထားတဲ့ ကွန်ပြူတာတွေမှာလို ရေဖြင့် အအေးပေးစနစ် (liquid cooling system) လိုအပ်တယ်လို့ တွေးမိဖူးပါသလား။ မထင်ပါဘူး။ ပြဿနာမရှိပါဘူး။ ကျွန်တော်တို့ မြန်မာ့ စားသုံးသူလမ်းညွှန် အဖွဲ့သားများ အနေနဲ့လည်း လိုအပ်တယ်လို့ မထင်ပါဘူး။
ဒါ့ကြောင့်လည်း ဂျပန်အခြေစိုက် NEC ကုမ္ပဏီကနေ NTT Docomo ဆက်သွယ်ရေးအတွက် ထုတ်လုပ်ပေးထားတဲ့ Medias X N-60E စမတ်ဖုန်းမှာ liquid cooling system ပါဝင်တယ်လို့ ဆိုခဲ့တာကြောင့် အံ့အားသင့်ခဲ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း ဒီစမတ်ဖုန်းဟာ liquid cooling system လိုအပ်တဲ့ မြန်နှုန်းမြှင့်ထားတဲ့ ပရော်ဆက်ဆာ တပ်ဆင်ထားတယ်လို့ မထင်လိုက်ပါနဲ့ဦး။ Medias X စမတ်ဖုန်းဟာ သာမန် 1.7 GHz Qualcomm Snapdragon 600 ပရော်ဆက်ဆာပဲ အသုံးပြုထားတာပါ။ ဒါ့ကြောင့် liquid cooling စနစ် မပါပဲနဲ့တောင် အပူချိန် မြင့်တက်လာစရာအကြောင်း မရှိပါဘူး။
ဒါဆိုဘာလို့များ ဒီဟာကြီးကို မလိုအပ်ပဲ ထည့်ထားသလဲလို့ မေးစရာ ရှိနေပါတယ်။ NEC ရဲ့ အဆိုအရတော့ ယနေ့စမတ်ဖုန်းတွေဟာ အသုံးပြုမှုများတဲ့အချိန်မှာ CPU ရဲ့ အပူချိန် မြင့်တက်လာလေ့ရှိပြီး သုံးစွဲမှုအပေါ် အနှောက်အယှက် ပေးနိုင်တာကြောင့် ယခုလို ထည့်သွင်းပေးထားခြင်းလို့ ဆိုပါတယ်။
Saturday, August 31, 2013
Phone တစ်လုံးမှာဘာအလိုအပ်ဆုံးလဲ ?
Phoneတစ်လုံးမှာမြန်မာစာမှန်ပြီးတည့်တည့်ရဖို့ကအရေးကြီးဆုံးဘာဘဲ။ဘာကိုပြောတာလဲဆိုတာ Android
Jelly Bean User များအသိဆုံးဘာဘဲ။ထိုနည်းတူ
iOS မှာလဲ မြန်မာ Font ရဘို့က အဓိကဘာဘဲ။
အရေးကြီးဆုံးအချက်က မြန်မာစာ ရဖို့ဆိုတာကို Phone တစ်လုံးမဝယ်ခင် အစဉ်းစားသင့်ဆုံး ဘာဘဲ။
Brand Phone တွေမှာ Language ရွေးချယ် စရာထဲမှာအိမ်နီးချင်းနိုင်ငံတွေရဲ့ဘာသာ font အကုန်ပါပေမဲ့ မြန်မာစာဘဲမပါတာပါ။နောင်နှစ်အနည်းငယ်အတွင်းမှာ ပါလာနိုင်တယ်ဆိုပေမဲ့
အခုဖြစ်နေတဲ့ အခြေအနေကို သိစေချင်ပြီး ရွေးချယ်နိုင်အောင် ပြောပြနေခြင်းဖြစ်ပါတယ်။
ပြောချင်တာ Phone ဝယ်တော့မယ်ဆိုရင် အဓိက မြန်မာစာရမရ ရရင် စာတည့်မတည့်မေးပြီးဝယ်ပါ
ပြောသာပြောနေရတာ Jelly Bean မှာမတည့်ပါဘူး။လူတွေက Brand အစွဲအလန်းကလဲရှိတော့
ဘာဝယ်ဘာလို့မပြောချင်ပေမဲ့ ခုလတ်တလောအဆင်ပြေတာကတော့ HTC ဘာဘဲ Built In မြန်မာစာ ပါတော့ ဘာမှကိုပြောစရာမလိုတာ။
ဖြစ်နေတာက နာမည်ကြီးဖုန်းတော့ကိုင်ပါရဲ့ မြန်မာစာက Root လုပ်မှ လုပ်တော့ကော စာတွေကမတည့်။iPhone 5 တော့ကိုင်ဘာရဲ့ 6.1.4 မှာ J B မရ မရတော့ ဘာဖြစ်လဲ Facebook
သုံးချင်ရင် LikeBook ရှိတယ်မိုးကုတ် Browser ရှိရင် မြန်မာစာ တွေ့ရတယ်ဆိုပေမဲ့ Like Book က
Update လဲမပေး Browser ကလဲပြန်ထွက်ရင်ဟိုးတမလွန်ဘဝကိုပြန်ရောက်သွားသလိုပါဘဲ
ဘာမှ အဆင်မပြေဘူး။
တွေ့ရတာ China ဘတ်ဂျက် Ph တွေက မြန်မာစာ ဝေဝေဆာဆာပါဝင်ပြီး High End Ph တွေမှာ
မြန်မာစာမပါတာဟာ ကိုယ့်နိုင်ငံရဲ့အားနည်းချက်သာဖြစ်ပြီး User များကို ကိုယ်အသုံးပြုတဲ့ငွေကြေး နဲ့ အဆင်ပြေစေချင်တဲ့ စေတနာနဲ့ ကိုယ်ဖြတ်သန်းခဲ့တဲ့ အချိန်တွေကိုရင်းပြီး User တွေရဲ့အချိန်တွေ မကုန်စေချင်လို့တင်ပြလိုက်ရ
ပါတယ်။
တန်ဖိုးကြီးတဲ့ Handset ဝယ်ပြီးမှ Note လေး တည့်အောင်မှတ်လို့မရ Contact မှာ အဆင်ပြေ
အောင် မှတ်မရရင်ဘာလုပ်တော့မှာလဲ။
Handset များစွာ လက်တွေ့သုံးပြီး အများအဆင်ပြေစေရန် အကြံပြုလိုက်ပါသည်။
Lin Htet Win
Myanmar it Group
Sunday, June 30, 2013
ကွန်ပျူတာနှင့် ပတ်သက်ပြီး သတိမထားမိသော အချက်လေးများ
------------------------------------------------------
ယနေ့ခေတ်တွင် ကွန်ပျူတာသည် လုပ်ငန်းသုံးရော၊ ဖျော်ဖြေရေးအတွက်ပါ လွန်စွာအသုံးတွင်ကျယ်လာသော စက်ပစ္စည်းတစ်မျိုးဖြစ်သည်။ ကွန်ပျူတာနှင့်ပက်သက်သော software များ၊ Hardware များ တွင်တွင်ကျယ်ကျယ် သိကြသော်လည်း လူသိနည်းသော ကွန်ပျူတာနှင့် ပက်သက်သည့် အကြောင်းအရာ အချို့ရှိပါသည်။
၁။ တစ်လလျှင် ကွန်ပျူတာ ဗိုင်းရက်စ် (Virus) ၆၀၀၀ ဝန်းကျင် ထွက်ရှိလျက်ရှိသည်။
၂။ ကွန်ပျူတာသုံး မော့စ် (mouse) ကို စတင်တီထွင်ခဲ့သူမှာ Doug Engelbart ဖြစ်ပြီး ၁၉၆၄ ခုနှစ်က ဖြစ်ရာ သစ်သားဖြင့် ဖန်တီးခဲ့သည်။
၃။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာ ဗိုင်းရက်စ် ကို ၁၉၈၆ ခုနှစ်က Farooq Alvi ညီအစ်ကိုတို့ စတင်တီထွင်ခဲ့ခြင်း ဖြစ်ပြီး a bood sector virus ဖြစ်သည်။ တီထွင်ခြင်း၏ ရည်ရွယ်ချက်မှာ ၄င်းတို့၏ သုတေသနလုပ်ငန်း များကို ကာကွယ်ရန်ဖြစ်သည်။
၎။ သာမန်လူတစ်ဦးသည် တစ်မိနစ်လျှင် မျက်တောင် အခါ နှစ်ဆယ် ခတ်သော်လည်း ကွန်ပျူတာသုံးသော အခါ တစ်မိနစ်လျှင် ၇ ကြိမ်သာ မျက်တောင်ခတ်သည်။ ၅။ TYPEWRITER ဟူသော စာလုံးသည် ကီးဘုတ်၏ Row တစ်ခုပေါ်တွင် အရှည်ဆုံး ရိုက်နိုင်သည့် စာလုံး ဖြစ်သည်။
၆။ ရေဒီယို နားဆင်သူ သန်း ၅၀ ပြည့်ရန် ၃၈ နှစ်ကြာသည်။ တီဗီ အတွက် ၁၃ နှစ်ကြာသည်။ သို့သော် World Wide Web (www) အသုံးပြုသူ သန်း ၅၀ ပြည့်ရန် ၄ နှစ်သာကြာသည်။
၇။ ပထမဦးဆုံး Domain ၏ နာမည်မှာ Symbolics.com ဖြစ်သည်။
၈။ စာစီစာရိုက် သူတစ်ဦး၏ ပုံမှန် အလုပ်လုပ်သည့်တစ်ရက်အတွင်း လက်ချောင်းများ ၁၂.၆ မိုင်အထိ ခရီးသွားသည်။
၉။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာမှာ Z1 ဖြစ်ပြီး သိပ္ပံပညာရှင် Konrad Zuse မှ ၁၉၃၆ ခုနှစ်က တီထွင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယမျိုးဆက် Z2 ကို ၁၉၃၉ ခုနှစ်က တီထွင်နိုင်ခဲ့ပြီး ကမ္ဘာ့ပထမဦးဆုံး electro-mechnical ကွန်ပျူတာအဖြစ် မှတ်တမ်းတင်ခဲ့သည်။
၁၀။ တစ်လလျှင် Domain name ပေါင်း တစ်သန်းကျော်ထက်မနည်း Register ပြုလုပ်လျက်ရှိသည်။
၁၁။ ဘီလ်ဂိတ်၏ အိမ်ကို Macintosh ကွန်ပျူတာဖြင့် ဒီဇိုင်းရေးဆွဲခဲ့သည်။
၁၂။ IBM PC ကို တီထွင်ခဲ့သည့် အင်ဂျင်နေယာ ၁၂ ဦးအဖွဲ့ကို The Dirty Dozen ဟု အမည်ပြောင် ပေးထားကြသည်။
၁၃။ ကမ္ဘာ့ကျော် ကွန်ပျူတာထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုဖြစ်သည့် Hewlett Packard (HP) သည် ကွန်ပျူတာ အမြောက်အများထုတ်လုပ်မှုကို ၁၉၃၉ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ် Palo Alto မြို့ရှိ ကားဂိုဒေါင်တစ်ခု တွင် စတင်ပြုလုပ်ခဲ့သည်။
၁၄။ ကမ္ဘာ့ပထမဦးဆုံး hard drive များသည် 20MB သာရှိပြီး အမေရိကန်ဒေါ်လာ ၈၀၀ ကုန်ကျသည်။ ယခုအခါ ဈေးနှုန်း အဆတစ်ရာကျဆင်းပြီး သိုလောင်နိုင်စွမ်း Capacity အဆတစ်ရာမက တိုးတက်ခဲ့သည်။
၁၅။ ကွန်ပျူတာ mouse, windowing GUI, Laser printing နှင့် Network card များကို ကယ်လီဖိုးနီးယား ပြည်နယ်ရှိ Xerox ကုမ္ပဏီမှ တစ်ပြိုင်နက်တည်း ထုတ်လုပ်နိုင်ခဲ့သည်။
၁၆။ အွန်လိုင်း exchange တစ်ခုဖြစ်သည့် eBay တွင် တစ်စက္ကန့်၌ ပျမ်းမျှ ငွေ အမေရိကန်ဒေါ်လာ ၆၈၀ တန်ဖိုး အရောင်းအဝယ် ဖြစ်လျက်ရှိသည်။
၁၇။ ဆဲလ်ဖုန်းတွင် ပါဝင်သော ကွန်ပျူတာ Processing power သည် ကမ္ဘာ့ပထမဦးဆုံး လပေါ်သို့ သွားရောက်နိုင်ခဲ့သည့် အာကာသယာဉ် Apollo 11 Lunar Lander တွင် ပါဝင်သော ကွန်ပျူတာအားလုံး၏ Processor များထက် များစွာသာလွန်သည်။
၁၈။ Crash Course သည် Microsoft Window tutorials ၏ အခြား အမည်တစ်မျိုးဖြစ်သည်။
၂၀။ လူတိုင်း ကွန်ပျူတာ Virus များ မိမိကွန်ပျူတာသို့ ဝင်ရောက်တိုက်ခိုက်မည့် အန္တရာယ်ကို စိုးရိမ်သိရှိကြသည်။ သို့သော် ယင်း Virus မည်သို့မည့်ပုံ ပြန့်ပွားသည်ကို သိလျက်နှင့်မေ့နေကြသည်။ Virus ပါသော ဖိုင်ကို Dowload လုပ်ခြင်း (သို့မဟုတ်) Sharing လုပ်ခြင်း စသည့် နည်းလမ်းနှစ်မျိုးဖြင့် ကွန်ပျူတာ၏ system ကို ပျက်စီးစေသည်။
Window ပေါ်မှ တွေ့ရှိချက်တစ်ခု (ONE WINDOWS MAGIC TRICK)
အိန္ဒိယမှ လေ့သာသူတစ်ဦး၏ ရှားရှားပါးပါး တွေ့ရှိချက်တစ်ခုရှိသည်။ ၄င်းမှာ ကွန်ပျူတာ၏ မည်သည့် နေရာ( Desktop, Local Disk C, D, E, etc………………) တွင်မဆို Folder များဖန်တီးရာတွင် CON ဟူသော နာမည်ပေး၍မရပါ။ ယင်းသို့ con ဟု အမည်မပေးနိုင်ခြင်း၏ အကြောင်းအရင်းကိုလည်း Microsoft Team မှ ပြန်လည်မဖြေရှင်းနိုင်ပဲ လေ့လာဆဲသာဖြစ်သည်။
စာဖတ်သူတို့ Folder တစ်ခုကို con လို့အမည်ပေးပြီး ဖန်တီးကြည့်ပါ။ ယင်းကဲ့သို့ အမည်ပေးလို့မရနိုင်ကြောင်း တွေ့ရမည်ဖြစ်သည်။ အဲဒါတင် မကပါဘူး။ ဖိုဒါအမည်ကို အောက်ပါ အမည်များနှင့်လည်း ပေးလို့ မရပါဘူး။ မယုံကြည်က လက်တွေ့ စမ်းသပ်ပြီး Rename ပေးကြည့်ပါ။
CON
PRN
AUX
NUL
COM1
COM2
COM3
COM4
COM5
COM6
COM7
COM8
COM9
LPT1
LPT2
LPT3
LPT4
LPT5
LPT6
LPT7
LPT8
LPT9
နောက်တစ်ခုက Microsoft Word တွင် =rand(200,99) လို့ရိုက်ပြီး Enter ကိုခေါက်ကြည့်ပါတဲ့။ ဘယ်လိုတွေ့ရမလဲဆိုတာကို မြင်ရပါလိမ့်မယ်။
နောက်တစ်ခုက Notepad တွင် Bush hid the facts လို့ရိုက်ပြီး ANSI ဖိုင်အမျိုးအစားနဲ့ သိမ်းလိုက်ပါတဲ့။ ထူးခြားတာကို တွေ့ရပါလိမ့်မယ်။ ထူးခြားတာကိုတော့ မပြောတော့ပါဘူးဗျာ။ သိချင်ရင် လုပ်ကြည့်ပါ။ စိုးရိမ်စရာ မရှိကြောင်းကိုတော့ အာမခံပါတယ်။
မှတ်ချက်။
ကိုမှူးသော်ဘလော့မှ ရေးသားထားချက်ကို အနည်းငယ် ပြုပြင်ရေးသားထားပါသည်။
iT Zone
Laptop အကြောင်းသိကောင်းစရာတချို့
Laptop တွေအတွက် အကြောက်ဆုံး အရာကတော့ အပူချိန် မြင့်မားမှုပါပဲ။
- အပူချိန်မြင့်မားလာလျှင် ဘယ် electronic device တွေမှ ခံနိုင်မှု
မရှိပါဘူး။
တချို့  သော Laptop တွေဟာ အထူနဲ့ ထုပ်လုပ်ပြီး တချို့  Laptop တွေကို ပါးလွှာအောင်
ထုတ်လုပ်ကြပါတယ်။
အပူပိုင်းနိုင်ငံ အသုံးပြုမှုနဲ့ အအေးပိုင်းနိုင်ငံတွေ အသုံးပြုမှုဆိုပြီး ကွဲပြားခြားနားမှုတွေ
ရှိပါတယ်။ အထူပဲဖြစ်ဖြစ်၊ အပါးပဲဖြစ်ဖြစ်၊ အပူချိန်ညှိမှုကိုတော့ အားလုံး
လုပ်ထားပြီးသား ဖြစ်ပါတယ်။
အထူးသဖြင့် ပန်ကာ (fan) တွေနဲ့ အောက်ဘက်၊ ဘေးဘက်တွေမှာ တပ် ထားပြီး
ဖြစ်ပါတယ်။
ဒါတွေကို အသုံးပြုသူတွေဟာ သတိထားကြရပါတယ်။
ဒီ function တွေဟာ power management တွေမှာ
ပါဝင်ပါတယ်။ အဓိက အပူချိန်ကို ထိန်းဖို့ လုပ်ခြင်းဖြစ်ပါတယ်။
- Laptop တွေကို မျက်နှာပြင်ညီညာတဲ့ နေရာတွေမှာ အသုံးပြုပါ။
မျက်နှာပြင် မညီညာတဲ့ နေရာတွေမှာ အသုံးပြုပါက အောက်လက်မှာရှိတဲ့ လေဝင်လေထွက်ပေါက်တွေ ပိတ်ပြီး အပူချိန် တက်ပါလိမ့်မယ်။
- Laptop ဝယ်လာတဲ့အခါမှာ display screen နဲ့ keyboard ကြားမှာ ခံထားတဲ့ keyboard protector တွေကို ဖယ်ရှားပြီး သုံးပါ။
အောက်ဘက်က fan တွေအတွက်အပေါ်ဘက်ကနေပြီး လေဝင်၊
လေထွက်တွေကို ပိတ်ထားသလိုဖြစ်နေပါလိမ့်မယ်။
- Laptop fan တွေရဲ့ ဆူညံသံကို နားထောင်ပါ။
Rpm မြင့်လာလေ အသံကျယ် လာလေ ပါပဲ။
Rpm ဘာကြောင့် မြင့်သလဲဆိုရင် အပူချိန် တက်ပြီး fan တွေပို အလုပ်လုပ်လို့ ဖြစ်ပါတယ်။
- Fan တွေမှာ ဖုန်တွေ အမှိုက် တွေကို ၆လ တစ်ခါ၊ ၁နှစ်တစ်ခါ maintain လုပ်ပေးပါ။ Rpm ကျလာပါက အအေးပေးစနစ် ချွတ်ယွင်းလာပြီး Laptop ကို အပူချိန် တက်လာပါလိမ့်မယ်။
- အရေးအကြီးဆုံး အချက်ဖြစ်တဲ့ Laptop ဝယ်တဲ့အခါမှာ Laptop ကို တပ်မယ့်
သို့မဟုတ် ထည့်သွင်းထားမယ့် အိတ်ကို ဝယ်ယူဖို့ပါပဲ။
ဒီအိတ်ဟာ သယ်ယူမှုအတွက် အသုံးဝင်ခြင်း တစ်ခုတည်းမဟုတ်ပါဘူး။
Laptop တစ်ခုလုံးအတွက် အလေးချိန် ဖိမှု၊ ပြုတ်ကျမှု၊ အပူချိန် ထိန်းညှိမှု၊ ESD (ElectroStatic Discharge),
EMI (Elictromagnetic Interfrence) သို့မဟုတ် RFI (Radio Frequency Interferce) စတဲ့ ဘေးပြင်ပ နှောက်ယှက်မှု တွေကိုပါ ဝန်ဆောင်မှု တွေ ပေးပါတယ်။
မိမိဝယ်လိုက်တဲ့ Laptop အတွက် တစ်ပါတည်း ထုတ်လုပ်ထားတဲ့ Laptop ကို ဝယ်တာ အကောင်းဆုံး ဖြစ်ပါတယ်။
နောက်ထပ်တစ်ခု အနေနဲ့ ကျွန်တော်တို့ အဒီ Laptop ရဲ့ board Driver Cd လေးပါယူဆောင်ကျစေချင်တယ်..။
နောက်တစ်ခါ Window တင်တဲ့အခါမှာ အခက်အခဲ တစ်ခုဖြစ်နေတယ်...။
Driver Backup software တွေရှိပေမဲ့ အကောင်းဆုံးက မိမိlaptop ရဲ့ Driver Cd လေးတော့ သိမ်းထားကြပါ...။
ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့လို Service လုပ်တဲ့သူတွေ အခက်အခဲ တွေ့လို့ပါ....။
ရှာပေးလို့လုပ်ပေးလို့တော့ ရပါတယ်..ဒါပေမဲ့ Fix သိပ်မဖြစ်လို့ပါ... ။
Credit : aksthutakabar
Ref: http://mobileitnew.blogspot.com/2013/06/laptop.html
Friday, June 28, 2013
Root လုပ်တယ်ဆိုတာ ဘာလဲ …? ဘာကြောင့် Android ကို root လုပ်ရတာလဲ…..?
Android မှာ root လုပ်တာဆိုတာ ဘာလဲ …… ?
ပထမဆုံးအနေနဲ့ Android မှာ root လုပ်တာဆိုတာဘာလဲ တာကို အလွယ်တကူရှင်းပြထားပါတယ်။
root ဆိုတဲ့စကားလုံးက linux သုံးတဲ့ User တွေကနေ ထွက်ပေါ်လာတဲ့ စကားလုံးပါ။
Android OS က linux အသုံးပြုေ၇းသားထားတဲ့ system တစ်ခုပါ။
” Root ” ရဲ့သဘောတရားက သင့်ရဲ့ device ကို “Superuser” ရရှိအောင်လုပ်တာဆိုလဲ မှန်ပါတယ်။
သင့်ရဲ့ Android Software မှာ permissions ရအောင်ပြုလုပ်တာပါ။
root လုပ်ပြီးတာတဲ့ user အတွက် အထူး မြှင့်တင်ထားတဲ့ အခွင့်အရေးနဲ့အတူ ၊ စွမ်းရည်မြင့်တင်ထားတဲ့
custom software (ROM) ၊custom themes , Performance ၊ battery life တွေရဲ့
အရည်အသွေးမြှင့်တင်ထားတဲ့အရသာကိုခံစားရမှာပါ။
အခြေံအားဖြင့် သင့်ရဲ့ Android device ကို ” Hacking ” ပြုလုပ်တာပါ။
root လုပ်ပြီးတာနဲ့ မိမိဖုန်းကို administrator အနေနဲ့ system တခုလုံးကို အပြည့်အဝ
အသုံးပြုနိုင်သလို လိုအပ်သလိုလဲပြုပြုနိုင်ပါတယ်။
ဥပမာအနေနဲ့ နိုင်းယှဉ်ပြရရင် apple iPhone ရဲ့ iOS ကို jailbreak လုပ်တဲ့ အလားအလာ ပုံစံနဲ့အတူတူပါပဲ။
Root လုပ်လိုက်တဲ့အတွက် သင့် ၀ယ်သုံးတဲ့ Android device ရဲ့ manufacturers or mobile operators
တွေက တစ်စုံတစ်ခုအတွက် အားပေးအားမြှောက်ပြီး သဘောတူညီမူမပေးပါဘူး။
ပြီးတော့ Root လုပ်ပြီးအသုံးပြုတဲ့အတွက် သူတို့က သင့်ကို တားဆီးပိတ်ပင်တာတာတွေ မလုပ်နိုင်ပါဘူး။
ဒါကြောင့် သင့်ရဲ့ Android Phone ရဲ့ တချို့ service တွေကိုအသုံးချဖို့ သင့် root လုပ်ချင်တဲ့ စိတ်ဆန္ဒရှိရင် သင့်ပြုလုပ်နိုင်ပါတယ်။
အခုလို root user အနေအထားအထားရဖို့ သင့်ရဲ့ ဖုန်းကို root ပြုလုပ်ရတဲ့ အစီအစဉ်ကို
Android rooting လုပ်ပြုလုပ်တာလို့ခေါ်ပါတယ်။
သင့်ရဲ့ဖုန်းကို Root မလုပ်ခင် သတိထားရမဲ့အချက်
သင့်ရဲ့ဖုန်းကို root မလုပ်ခင်မှာ အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေဖတ်ထားဖို့လိုပါတယ်
၁. သင့်ရဲ့ဖုန်းက Warranty void ဖြစ်သွားပါမယ်။
၂. သင့်ရဲ့ဖုန်းကို root လုပ်ဖို့အတွက် ဘာကြောင့်သင့်ရဲ့ဖုန်းကို root လုပ်ချင်တာလဲစတဲ့
သင့်ကိုယ်တိုင်ယုံကြည်စိတ်ချမူရှိဖို့လိုပါပါတယ်။
၃. သင့်ရဲ့ဖုန်းကို root လုပ်ဖို့အတွက် သေချာတဲ့ သင့်ဖုန်းနဲ့ ပတ်သက်တဲ့ root လုပ်နည်း
guide ရှိဖို့လိုပါတယ်။
သင့်ဖုန်း မော်ဒယ်အမျိုးအစားကြည့်ဖို့အတွက် အလွယ်တကူကြည့်နည်းက ဖုန်းရဲ့
အပေါ်ယံကာဘာ (သို့မဟုတ်) အများအားဖြင့် ဘတ်ထ္ထရီအောက်မှာ ရှိပါတယ်။
၎. root လုပ်တဲ့အခါ သေချာဂရုစိုက်ပြီး ၊ အဆင့်တွေကို ၂ခါပြန်စစ်ပေးပါ။
၅. root မလုပ် မိမိဖုန်းထဲမှာရှိတဲ့ အရေးကြီးတဲ့ datas တွေကို backup လုပ်ထားပေးပါ။
Android ကို root လုပ်လို့ရလာမဲ့ အကျိုးကျေးဇူးများ
1. Total control over system
root လုပ်ပြီးတဲ့ ဖုန်းတစ်လုံးက သင့်ကို administrator အဆင့်အနေအထားနဲ့သင့်ကိုပေးနိုင်ပါတယ်။
root လုပ်ထားတဲ့ ဖုန်းကို ၀င်ရောက်ပြီးတော့ system file လေ့လာနိုင်သလို၊ system file တွေကို
တဖန်ပြန်လည်ပြီး modify ပြုလုပ်ပေးနိုင်ပါတယ်။
( ဥပမာ : Android phone / tablet ကို root လုပ်ပြီး
system file ကို modify ပြုလုပ်ပြီး မြန်မာဖောင့်ထည့်ပြီးအသုံးပြုနိုင်ပါတယ် )
2. Remove Unwanted apps
ကျွန်တော်တို့ ဖုန်းတွေမှာ Original ပါလာတဲ့ applications ရှိပါတယ်။
တချို့ apps တွေက အရမ်းရေးကြီးတဲ့အပိုင်းတွေမှာပါသလို တချို့က ကျွန်တော်တို့ရဲ့
phone memory ကိုအလဟဿဖြစ်စေပါတယ်။
ဒါကြောင့် သင့် phone ကို root လုပ်ပြီးတဲ့အခါ သင့်မကြိုက်နှစ်သက်တဲ့
applications တွေကို ပြန်ပြီး ဖြုတ်ပစ်နိုင်ပါတယ်။
3. Change Themes
ကျွန်တော်တို့ ဖုန်းက နေ့စဉ်အသုံးပြုကိုင်နေရတာပါ။
နေ့စဉ် ကြည့်နေရပြီး စတိုင် အနေအထားတွေက ရိုးအီနေပါပြီ။
ကျွန်တော်တို့ ပုံစံအသစ် ၊ စတိုင်အသစ်နဲ့ ပြောင်းလဲဖို့က တချို့ဖုန်းတွေက
ပြသာနာ အနည်းငယ်ရှိပါတယ်။ ဒါပေမဲ့ root လုပ်ပြီးတဲ့အခါ သင့်စိတ်ကြိုက် themes နဲ့
သင့်ဖုန်းစတိုင်ပြောင်းလို့ရပါတယ်။
4. Backup Whole System
Android မှာ root လုပ်ပြီးလို့ မိမိ total system ကို backup လုပ်ပြီး SD Card မှာ
သိမ်းထားလို့ပါတယ်။ အလွယ်ပြောရင် သင်ရဲ့ iimage ကို hard disk မှာ သိမ်းတာပါ။
အထူးသဖြင့် new ROM ကိုအစမ်းသုံးကြည့်ဖို့အတွက် system အားလုံးကို သင့် backup လုပ်ထားပြီး
SD Card မှာ သိမ်းထားလို့ရပါတယ်။ new ROM ကိုအစမ်းသုံးကြည့်လိုက်ပါ။ ကြိုက်နှစ်သက်လား … ?
OK.. မကြိုက်နှစ်သက်တော့ဘူးဆိုရင် သင့်ရဲ့ Old System ကိုပြန်ပြီးအသုံးပြုလို့ရပါတယ်။
သင့် SD Card ထဲမှာ backup လုပ်ပြီး သိမ်းထားတဲ့ ” image ” ရှိလို့ပါ။
သင့်ရဲ့ မူရင်း old system ကို ပြန်ပြီး အသုံးပြုလို့ရပါတယ်။
5. Installing Special Applications
Android Phone ကို root လုပ်ပြီးတဲ့အခါ အရမ်းအသုံးဝင်ပြီး သင်ကြိုက်နှစ်သက်တဲ့ applications
တွေကို သင့် install ပြုလုပ်နိုင်ပါတယ်။
( ဥပမာ : fullversion အသုံးပြုလို့ရတဲ့ crack application တွေကိုဆိုလိုတာပါ )
အရမ်း လွယ်ကူပြီး ၊ free ရတဲ့ applications တွေကို သင့်ရှာနိုင်ပါတယ်။
6. Install New ROM , Interference
သင့်ဖုန်းမှာ Original ပါလာတဲ့ ROM ကိုသုံးလို့အားရတဲ့အခါ (သို့)
အခြား New Rom အသစ်သုံးချင်တယ်ဆိုရင်လဲ သင့်ရဲ့ Android device ကို
ချိန်းပြီးသုံးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုဆိုရင် သင့် Android device နဲ့
ပတ်သက်တဲ့ ROM တွေက Online မှာ အလွယ်တကူရှာဖွေနိုင်ပါတယ်။
အခုဆိုရင် Android developers တွေအများအပြားရှိပါတယ်။
ကဲ ..ဒီလောက်ဆိုရင် Android မှာ root လုပ်ရတဲ့အကြောင်းအရင်း
အနည်းအကျဉ်းသဘောပေါက်လောက်ပါပြီ။
အားလုံးအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။
Source: http://www.myanmarmobileapp.com
ဖုန်းတစ်လုံး ရေထဲ ကျသွားတဲ့အခါ သိထားသင့်တဲ့ အချက်များ
ဖုန်းတစ်လုံး ရေထဲ ကျရင် ပျက်တာ များပါတယ်။ အချို့ ကျတော့လည်း ဆိုင်ပြန်မပို့ရပဲ အလိုလို ပြန်ကောင်းသွားတယ်ဆိုပါတယ်။ သို့ပေမယ့် မိမိ သုံးနေတဲ့ ဖုန်းတစ်လုံးသာ အကြောင်းအမျိုးမျိုးကြောင့် ရေထဲကျသွားရင် ဘာလုပ်ရမလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။
...
အိမ်မှာနေရင်း ဖုန်းက ရေထဲ ကျသွားတယ်ဆိုပါစို့။ ပေါက်ပေါက် ရှာရှာ အိမ်သာခွက်ထဲ ကျတဲ့ သူတွေတောင် ကြံဖူးပါတယ်။
ပါဝင်မဖွင့်ရ
အဲ့ဒီအချိန်မှာ လုံးဝ မလုပ်ရမယ့် အလုပ်က ပါဝါ ဖွင့်ခြင်း ဖြစ်ပါတယ်။ ဖုန်းရေထဲ ကျသွားပြီ ဆိုရင် ရေဘယ်လောက်ပဲ နှစ်နှစ်၊ ဘယ်လောက်ပဲ တိမ်တိမ်၊ နည်းနည်းပဲ စိမ်စိမ်၊ များများပဲစိုစို ပါဝါလုံးဝမဖွင့်မိဖို့ အရေးကြီး
ပါတယ်။
ဖြုတ်နိုင်သမျှဖြုတ်
ဖုန်းရဲ့  ဘက်ထရီကို ဖြုတ်လိုက်ဖို့ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း ဘက်ထရီနဲ့ ဖုန်းက တစ်ဆက်တည်းလို့ ဆိုပါတယ်။ ဒီတော့လည်း မဖြုတ်ယုံပဲ ရှိပါတယ်။ အများစုကတော့ ဘက်ထရီက သက်သက် ဖြစ်ပါ တယ်။ ဘက်ထရီတင်မကပဲ SIM ကဒ်ကိုလည်း ဖြုတ်ရ ပါမယ်။ ဒါမှ SIM ကဒ်မှာ မှတ်ထားတဲ့ Contact များ မပျောက်ဆုံးမှာ ဖြစ်ပါတယ်။ Micro SD ကဒ်လည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။ ဖြုတ်လို့ရတာ မှန်သမျှ အကုန် ဖြုတ်ပေးရပါမယ်။
ရေငွေ့မြန်မြန်ပြန်
ရေငွေ့မြန်မြန်ပြန်မယ့် နည်းက နေပူအောက်ထားခြင်း လုံးဝ မဟုတ်ပါဘူး။ ဒါက ဖုန်းကို လုံး ထိခိုက်စေပါတယ်။ နေရဲ့  အပူဒဏ်ကို ဖုန်းမှာ ပါဝင်တဲ့ သတ္တုများက မခံနိုင်ပါဘူး ပိုလို့တောင် ပျက်ဆီးစေပါတယ်။ ဒါကြောင့်
ရေငွေ့ အစုပ်မြန်တဲ့ နေရာတစ်ခုခုမှာ ထားရပါမယ်။ အနီးစပ်ဆုံး ဥပမာ ကတော့ ဆန်အိုးပဲ ဖြစ်ပါတယ်။ ဆန်အိုးထဲ နှစ်ထည့်ထားလိုက် ရင် ရေငွေ့ကို အမြန်ဆုံး စုပ်ပေးပါတယ်။ သို့ပေမယ့် ဆန်စေ့များ မဝင်စေဖို့လည်း သတိထားရပြန်ပါတယ်။ ဒီမှာ လေမှုတ်စက်လည်း လုံးဝ အသုံးမပြုရပါဘူး။ လေမှုတ်စက်က အပူဒဏ်လည်း နေပူနဲ့ မခြားပါဘူး။ ပန်ကာနဲ့တော့ ရပါမယ်။ ဘက်ထရီကိုလည်း ထိုနည်းတူစွာ ပါပဲ။ နေပူထဲ လုံးဝ မထုတ်ပဲ ရေငွေ့စင်အောင် ကြိုးစားရပါမယ်။ ဥပမာ- အဝတ်ခြောက်၊ လက်ကိုင်ပုဝါ ခြောက်နဲ့ ထိုင်သုပ် ပေးတာမျိုးတို့ ဖြစ်ပါတယ်။
ရေငွေ့ပြန်အောင် လုပ်တဲ့အဆင့်က အနည်းဆုံး ၂ နာရီလောက်တော့ ကြာပါတယ်။ ရေဝင်တဲ့ အတိုင်းအတာ အလိုက်၊ ရေငွေ့ပြန်နိုင် တဲ့ နှုန်းထားအလိုက် အချို့ ဆို ၂၄ နာရီကြာမှ ပြန်ဖွင့် ပါတယ်။ ဒီတော့ မိမိဖုန်း ရေငွေ့ကုန်စင်မှု ရှိမရှိက မိမိရဲ့  ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။
အထက်ပါ ပြီးလို့ ဖုန်းရဲ့  ပါဝါကို ပြန်ဖွင့်ကြည့်တဲ့အခါ ပုံမှန်အတိုင်း အလုပ်ပြန်လုပ်တယ်ဆိုရင်တော့ ကံကောင်းသွားသူ ဖြစ်ပါတယ်။ သို့ပေမယ့် ပါဝါ ပွင့်မလာဘူး။ မီးလင်းလာတော့လည်း Welcome ကနေ တက်မလာဘူး။ စက်က ထစ်နေတယ်ဆိုရင်တော့ တကယ် စိတ်မကောင်းစရာ ပါပဲ။ ဒါဆိုရင် နီးစပ်ရာ ဖုန်းပြင်ဆိုင်တွေမှာ သွားရောက် ပြသနိုင်ပါတယ်။
ဒါဆို အထက်ပါနည်းက ဘာထူးလို့လဲလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ အများကြီး ထူးပါတယ်။ ကိုယ့်ဖုန်းကို ရေကုန်အောင် အတတ်နိုင်ဆုံး ကြိုးစားထားပြီး ဖြစ်တဲ့အတွက် ဆိုင်မှာ ပြင်တဲ့အခါ ပြန်အသက်ရှင်ဖို့ လွယ်ကူပါတယ်။ ရေခြောက်ပြီး ပုံမှန်အလုပ်လုပ်တယ်ဆိုရင်တောင် ဆိုင်ကို တစ်ခေါက်တော့ သွားပြသင့်ပါတယ်။ အချို့ ဆို ရေတစ်ခါ ထိထားတဲ့အတွက် နောက်မှ touch အလုပ်မလုပ်တော့တာမျိုးတို့
ဖြစ်တတ် လို့ ဖြစ်ပါတယ်။
အထက်ပါ နည်းလမ်းများအတိုင်း ပြုလုပ်သွားမယ်ဆိုရင် မိမိရဲ့  ရေစို
ဖုန်းများ မြန်မြန်အသက်ပြန်ရှင်နိုင်ပါတယ်။ သို့တည်းမဟုတ် အပြင်မှာ သွားရင်း လာရင်း ဖြစ်တယ် ဆိုရင်လည်း အိမ်မှာရှိတဲ့ facility များလို အနီးစပ်ဆုံး နည်းလမ်းများကို အသုံြး့ပုရမှာ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း သွားရင်းလာရင်း ဖြစ်တတ်လို့ ဖြစ်ပါတယ်။ ကိုယ်ဖြစ်တဲ့နေရာက ဆိုင်နဲ့နီးနေရင် ပိုတောင်အဆင်ပြေပါသေးတယ်။
Mobile Network အကြောင်း
ကျနော်အခုပြောမှာကတော့ Phone Network တွေအကြောင်းပါ။ကျနော်တိုမြန်မာနိုင်ငံမှာအသုံးပြုနေတဲ့ ဖုန်းအမျိုးအစားတွေကတော့ GSM | WCDMA | CDMA 800MHZ | CDMA 450 MHZ စတဲ့ဖုန်းတွေပဲဖြစ်ပါတယ်။ဖုန်းအမျိုးအစားတွေအကုန်လုံး အင်တာနက် (Data) အသုံးပြုနိုင်ပေမယ့် CDMA 450 MHZ မှာတော့ အသုံးမပြုနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ သူက လှိုင်းအလျား နိုမ့်လိုပါ။Mobile Phone Data စနစ်မှာ GPRS,EDGE နဲ့ 3G ယခုဆိုလျင်နိုင်ငံရပ်ခြားတွေမှာ 4G စနစ်ကိုတောင်အသုံးပြုနေပီဖြစ်ပါတယ်။ကျနော်တိုပြည်သူတွေကိုတော့ 4G စနစ်ဘယ်တော့ပေးသုံးမလဲမသိသေးပါဘူး။ဆီးဂိမ်းနဲ့ပဲကိုင်ကိုင်ပေါက်နေတာပါ။ဒါတွေကထားပါ..............
GPRS(General Packet Radio Service)
GPRS ဆိုတာကတော့ Packet-based ၀ါယာလက်စနစ်ကို အခြေခံထားပါတယ်။ကျနော်တိုအသိများတာကတော့ 2G Network လိုခေါ်ပါတယ်။အမှန်တကယ် 2G Network ဆိုလျင် Download Speed 144 Kbps လောက်ထိရနိုင်ပါတယ်။GPRS ကတော့ ကန်သက်ချက်တွေရှိပါတယ် ကျနော်တိုဖုန်းပြောနေရင်း Data စနစ်ကိုအသုံးမပြုနိုင်ပါဘူး။
EDGE(Enhanced Data GSM Evolution)
GPRS နဲ့ EDGE ဆိုတာ 2G နက်ဝက်နည်းပညာတစ်ထည်းပါပဲ။ဒါပေမယ် EDGE က GPRS ထက် Download Speed ပိုများပါတယ်။384Kbps နည်းပါးလောက်ရနိုင်ပါတယ်။တစ်ခါတစ်ရံမှာ EDGE ကို 2.5G Network လိုလည်းခေါ်ဆိုကြပါတယ်။
3G
3G နက်ဝက်ဆိုတာကတော့ Video Calling,MMS စတဲ့ လုပ်ဆောင်ချက်တွေအများကြီးအပိုပါလာပါတယ်။မြန်မာနိုင်ငံမှာတော့ ချပေးထားခြင်းမရှိပါဘူး။Download Speed ကတော့ အနည်းဆုံး 3.1Mbps အထိရနိုင်ပါတယ်။မြန်မာနိုင်ငံမှာတော့ ကျနော်မပြောတက်ဘူးပေါ့နော်.....
HSDPA(Hight-Speed-Down-link Packet Access)
HSDPA ဆိုတာကတော့ 3G နက်ဝက်အပေါ်အခြေခံထားပါတယ်။ရိုးရိုးသာမန် 3G နက်ဝက်ထက်ပိုမြန်ပါတယ်။Download Speed 14Mbps အထိရရှိနိုင်ပါတယ်။HSPDA ကိုတစ်ခါတစ်ရံမှာ 3.5G နက်ဝက်လိုလည်းခေါ်ကြပါတယ်။
HSPA+(Evolved High-Speed Packet Access)
HSPA+(Evolved High-Speed Packet Access)         ဆိုတာကလည်း 4G Nework နည်းပညာကိုအသုံးပြုထားပါတယ်။သူရဲ့ အမြင်ဆုံးရနိုင်တဲ့ Download Speed ကတော့ 168Mbps ပဲဖြစ်ပါတယ်။WCDMA ရဲ့အရှည်ကောက်ကတော့ "Wideband Code Division Multiple Access" လိုခေါ်ပါတယ်။
4G LTE(Long Term Evolution)
LTE ဆိုတာကတော့ 4G Network အပေါ်အခြေခံပြုလုပ်ထားသောစနစ်ဖြစ်ပါတယ်။HD ဇာတ်ကားတွေကိုအထစ်ငပေါ့မရှိကြည့်ရှုနိုင်ပါတယ်။သူရဲ့အမြင့်ဆုံး Download Speed ကတော့ 222.96Mbps ပဲဖြစ်ပါတယ်။
 ကျနော်တို အားလုံးကိုခြုံငုံကြည့်မယ်ဆိုရင်တော့
GPRS(114Kbps) < EGDE(368Kbps) < 3G(3.1Mbps) < HSDPA(14Mbps) < HSPA+(168Mbps) < 4G/LTE(299.6Mbps)
အားလုံးပဲအဆင်ပြေကြပါစေ................
Android အစစ်ဖြစ်ကြောင်း ဘယ်လို စမ်းရင်သိနိုင်မလဲ
Android ဗဟုသုတပေါ့ဗျာ။ သိထားသင့်တယ်ထင်ပါတယ်။ Handsetတွေ ဒီလောက် တံဆိပ်မျိုးစုံ၊ Model မျိုးစုံများပြားလွန်းတဲ့ ခေတ်ကြီးထဲမှာ Android အစစ်ဖြစ်ကြောင်း ဘယ်လိုစမ်းရင်သိနိုင်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။ တစ်ချို့JAVA ဖုန်းတွေက Android ဖုန်းတွေလို အသွင်အပြင်တွေ တော်တော်ဆင်ပါတယ်။ ရုတ်တရက် ကြည့်ရင် Androidလို့ ထင်ရနိုင်ပါတယ်။ Touch Screenကို စမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာသိရှိနိုင်ပါတယ်။ ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ်ဖြစ်တယ်ဆိုတာကို သိနိုင်ဖို့ခက်ပါတယ်။ တစ်ချို့ Handsetsတွေက များသောအားဖြင့် Clone Handsets တွေမှာတွေ့ရတတ်ပါတယ်။ Androidအစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေ အကုန်ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Androidဖုန်းတွေက Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြပါဘူး။ Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ဖုန်းတွေက ဘာတွေကွဲပြားလဲဆိုရင်တော့ ကွဲလွဲတာတွေသိပ်မရှိပေမဲ့။ Brand အစစ်နဲ့ခွဲခြားလို့မရအောင်တူတဲ့ Clone Handsetsတွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားတာဖြစ်တဲ့အတွက် Brand အစစ်ဆိုပြီး ၀ယ်လိုက်မိသွားမှာ စိုးရိမ်တဲ့ Android User တွေ အတွက်ဒီနည်းလမ်းလေးကို ပြောပြလိုက်ပါတယ်။
အခုနောက်ပိုင်းဝင်လာတဲ့ Samsung Galaxy Mini တွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားပါတယ်။ လုံးဝကို အစစ်နဲ့တူပါတယ်။ အဲ့လိုဖုန်းတွေကို အစစ်မဟုတ်ကြောင်း ဘယ်လိုစမ်းနိုင်လဲဆိုရင်၊ အလွယ်ဆုံးက Setting ထဲကိုဝင်ပြီး Display ကိုရှာလိုက်ပါ။ Samsung Galaxy Series တွေအတွက်ဒီနည်းနဲ့ စမ်းကြည့်လို့ရပါတယ်။ Display ထဲမှာ Font Style ကိုရှာကြည့်လိုက်ပါ။ တွေ့ရင်အစစ်ဖြစ်ကြောင်း ယုံလို့ရပါတယ်။ မတွေ့ရင် အစစ်မဟုတ်ဘူးပေါ့ဗျာ။ နောက်တနည်းကတော့ လုံးဝအစစ်ဖြစ်တယ်ဆိုတာကို စမ်းကြည့်လို့ရပါတယ်။ Setting ထဲကိုဝင်လိုက်ပါ။ About Phone ကိုတွေ့ပါလိမ့်မယ်။ Android Version 4.0.4 စသဖြင့်ရေးထားတဲ့ နေရာလေးကို ၃ခါ လေးခါလောက် ဆက်တိုက်နှိပ်ကြည့်ပါ။ စက်ရုပ်ပုံလေးပေါ်လာပြီး Android Versionရယ် ICS, Jelly Bean ဆိုတာကို ဖေါ်ပြပေးပါလိမ့်မယ်။ နောက်ပြီး စက်ရုပ်ပုံလေးကို ဆက်ဖိထားလိုက်ရင် စက်ရုပ်ပုံလေးတွေပြေးနေတာကို တွေ့ရပါလိမ့်မယ်။ Clone Handsetsတွေမှာ အဲ့ဒီလိုဖြစ်အောင်မလုပ်နိုင်ပါဘူး။ ဒီနည်းလမ်းတွေက Android ဖုန်းတွေကို အစစ်ဟုတ်မဟုတ် စစ်ကြည့်လို့ရနိုင်ပါတယ်။
By: Myanmar ICT and AMT
ANDROID 4.2နှင့် အထက် OS များတွင် USB DEBUGGING MODE ကို Enable လုပ်ခြင်း
Nexus 4 မှာ ပါဝင်လာတဲ့ Android 4.2 မှာ USB Debugging Mode ကို Google က ဖွက်ပြီး ဖျောက်ထားတာ တွေ့ရပါတယ်။
Developer တွေအတွက် အဲ့ဒီ option ရမှပဲ အဆင်ပြေမှာ ဖြစ်တဲ့အတွက် USB debugging mode ကို Android 4.2 နဲ့ အထက် OS အသုံးပြုသူတွေအနေနဲ့ အောက်ပါအတိုင်း လုပ်ယူနိုင်မှာ ဖြစ်ပါတယ်။
၁။ “Settings” ထဲကိုသွားပါ။ Home Screen ကနေ Menu button ကို နှိပ်ပြီး “System settings” ကိုရောက်နိုင်ပါတယ်။
၂။ Setting စာမျက်နှာရဲ့ အောက်ဆုံးပိုင်းကို ဆင်သွားမယ်ဆိုရင် “About phone” သို့မဟုတ် “About tablet” ကိုရှာဖွေပါ။
၃။ “About” screen မှာ ရှိတဲ့ “Build number” ကို (၇)ကြိမ်တိုင်တိုင် နှိပ်ယူရမှာ ဖြစ်ပါတယ်။
၎။ အကြိမ်အရေအတွက် ပြည့်သွားတယ်ဆိုရင် “You are now a developer!” ဆိုတဲ့ messageပေါ်လာမှာ ဖြစ်ပါတယ်။
၅။ ယခု အဆင့်ပြီးသွားရင် Setting Page မှာ {} Developer Options ဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
၆။ အဆင့်အားလုံး ပြီးသွားပြီဆိုရင်တော့ Developer Options အတွင်းမှာ USB Debugging Mode ကို အဖွင့်အပိတ် လုပ်ယူနိုင်ပြီ ဖြစ်ပါတယ်။
Refer : THA : TSJ ( Tech Space Journal )
Virus ကာကွယ်ရေးအတွက် လမ်းညွှန်၂၃ ချက်
၁။ Anti-virus ဆော့ဖ်ဝဲလ်တွေဟာ မလုံလောက်ပါ။ ‘Removal tools’ ကိုinstall လုပ်ပါ။ (virus ကာကွယ်ရေး ဆော့ဖ်ဝဲလ် တွေဟာ ပီစီ ကို spyware ဒါမှမဟုတ် adware တွေငြိကပ် ကူးစပ် တဲ့အခါ မဆိုင်သလို လုပ်နေလေ့ ရှိတတ်ပါတယ်။
၂။ spyware/adware removal tools ကိုအနည်းဆုံး၂ခုထားပါ။ (anti-virus tool တွေ ကသာ အချင်းချင်း ရန်စောင် ပြဿနာ တက်တတ် ကြပေမယ့် spyware ကာကွယ်ရေး ဆော့ဖ်ဝဲလ်တွေ ကတော့ အချင်းချင်း သင့်မြတ် ကြလေ့ ရှိပါတယ်။
၃။ Firefox လား? IE လား? သေချာစွာ စဉ်းစားပါ။ (များသောအားဖြင့် spy-ware တွေဟာ အဲဒီလို browser နှစ်ခုအကြား ဗျာများ နေတဲ့ အချိန်မှာ ဝင်လာ တတ်ပါတယ်။ တချို့ website တွေဟာ IE နဲ့အလွမ်း သင့်ပြီး တချို့ကျတော့ firefox နဲ့မှ အဆင်ပြေ တတ်ကြတဲ့ အတွက် တွေဝေမှုကို လျှော့ချပါ။
၎။ P2P ကွန်ရက်ကို သတိထားပါ။ (’.torrent’ တွေကနေ တစ်ဆင့် adware/spyware တွေ ကူးစက်တတ်တာ ခုနောက်ပိုင်းမှာ ပုံပြင် သစ်တွေ ဖြစ်လာနေပါပြီ။ မလိုအပ်ရင် P2P မသုံး ဘဲ ရိုးရိုးသာ download ချပါ။
၅။ Bazooka Scanner ကို down-load ရယူပါ။ (spyware,adware) ရှိမရှိ အဓိက စစ်ဆေးပေးတ bazooka scannerကိုအခမဲ့ ရနိုင် ပါတယ်။
၆။ ဆော့ဖ်ဝဲလ် update ကို ကိုယ်တိုင်တိုင် လုပ်ပါ။ (တစ်ခါတလေမှာ ဆော့ဖ်ဝဲလ် update လုပ်ပေးပါမယ် ဆိုတိုင်း အတင်းကာရာ လက်မခံ လိုက်ပါနဲ့။ အရင်ဆုံး ကိုယ့်ရဲ့ anti-spyware ဟာ update ဖြစ်မဖြစ် စစ်ဆေးပါ။)
၇။ firewall ကို ကိုယ်ကိုယ်တိုင် တည်ဆောက်ပါ။ (ဥပမာ Zonealarm လိုမျိုး firewall ဟာ အမြင်ကတ်စရာ ကောင်းလောက်အောင်ကို တာဝန်ကျေပြီး ကိုယ်သုံးစွဲ ချင်တဲ့၊ ယုံကြည်ရတဲ့ software list တွေကို သူ့ကို ပေးထား လိုက်ရုံနဲ့ အဆင်ပြေပါတယ် firewall ထားရှိတဲ့အတွက် RAM ကတော့ မသိမသာ ထပ်လိုပါမယ်။)
၈။ EULA ကို ဖတ်ပါ။ (end user license agreement ဆိုတာဟာ ဆော့ဖ်ဝဲတိုင်းနဲ့ website အတော် များများမှာ ပါဝင် တတ်ပါတယ်။ ဆော့ဖ်ဝဲလ် အသစ်တစ်ခုဟာ ကိုယ့်နဲ့ မရင်းနှီးသေး ရင် EULA ကို အဓိကထားပြီး ဖတ်ရှုပါ။
၉။ back up လုပ်ပါ။ back up လုပ်ပါ။ back up လုပ်ပါ။ (ပညာရှင်တိုင်း လိုလိုက data တွေကို back-up လုပ်ဖို့ အကြံပြုခဲ့ပေမယ့် user တိုင်းလိုလိုက မေ့လျော့ နေကြဆဲပါ။ အရေးကြီးတဲ့၊ တန်ဖိုးရှိတဲ့ အချက်အလက်တွေ မဆုံးရှုံးစေဖို့ နည်းလမ်းကောင်းတွေထဲက တစ်ခုက back up လုပ်ခြင်းပဲဖြစ်ပါတယ်။)
၁၀။ home page ပြောင်းလဲ သွားတာမြင်တာနဲ့ scan လုပ်ပါ။ (ကိုယ်တိုင်မသိလိုက် ပါပဲနဲ့ home page ပြောင်းလဲ သွားပြီ ဆိုတာနဲ့ ချက်ချင်း scan လုပ်ပါ။ အဲဒါဟာ spyware ဖြစ်ဖို့ အခွင့်အလမ်း များနေပါပြီ။)
၁၁။ window ကို အဆင့်မြှင့် တင်ပါ။ (အကယ် XP သုံးစွဲနေရင် service pack 2 ကို ပြောင်းလဲ သင့်ပြီး XP SP2 သုံးစွဲနေရင် vista ကို အဆင့်မြှင့် တင်သင့် ပါတယ်။ လူသိ နည်းနေတဲ့ OS ဟာ အတိုက်အခိုက် ခံရမှု နည်းပါး နေဦးမှာပါ။)
၁၂။ ကြော်ငြာတွေဟာ spyware တွေလား။ (မသေချာပါ။ ကြော်ငြာတိုင်းဟာ spyware မဟုတ်သလို spyware တိုင်း ကတော့ Advertising တိုင်းဆီကနေ ၀င်ရောက် လာတာပဲ ဖြစ် ပါတယ်။)
၁၃။ Keylogger တွေကို ကာကွယ်လို့ ရနိုင်ပါတယ်။ (တကယ်လို့ကိုယ်ပိုင် ဗဟုသုတ နည်းပါး နေရင် keylogger တွေ ရဲ့ သွင်ပြင် လက္ခဏာ တွေကို ရှာဖွေ ဖတ်ရှုပါ။ ‘Ctrl+Alt+Del’ သုံးစွဲပြီး system မှာ run နေတဲ့ မသင်္ကာတဲ့ ‘exe’ ဖိုင် မှန်သမျှကို ဖယ်ရှား ပစ်ပါ။ အဲဒီလို ဖယ်ရှား ပစ်ခြင်း အားဖြင့် system ဖိုင်အစစ်တချို့ ဆိုရင် လတ်တလောမှာ အလုပ် မလုပ် တော့တာကလွဲပြီး ဘာမှ မဖြစ်နိုင်ပါ။)
၁၄။ အများသုံး ကွန်ပျူတာတွေ ဆီမှာ ကိုယ်ပိုင် အချက်တွေ မသုံးစွဲ ပါနဲ့။ (လူအများနဲ့ စပ်တူ သုံးစွဲရတဲ့ ကွန်ပျူတာ တွေဆီမှာ လိုအပ် ချက် ကြောင့် (ဥပမာ cyber cafe လိုမျိုး နေရာ) ကိုယ်ပိုင် အချက်အလက်တွေ သုံးစွဲ ရမယ်ဆိုရင် သတိ ထားပါ။ ကွန်ပျူတာကနေ ထွက်ခွာ မယ်ဆိုင်ရင် ကိုယ့် history တွေကို ရှင်းလင်းပစ်ခဲ့ပါ။
၁၅။ Upload ဖိုင်တွေကိုလဲ သတိထားပါ။ (ဓာတ်ပုံ သို့မဟုတ် အခြား အချက် အလက်များ မဖြစ်မနေ တင်ပို့ ရပြီ ဆိုပါရင် secure ရှိတဲ့web host တွေကို သုံးစွဲပါ။)
၁၆။ anit-spyware software အခမဲ့ပေးတဲ့ website- ဥပမာအားဖြင့် AVG anit-spyware website ကနေ အခမဲ့ ပေးထား ပါလျက်နဲ့ download ချလို့မရနိုင်တာမျိုးရှိပါတယ်။ (အဲဒါဟာ သိပ်ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ပီစီမှာ spyware ၀င်နေတာကို AVG ကသိနေ လို့ပါ။ နောက်တစ်မျိုးက ကိုယ့်ရဲ့ spyware က anti-spyware ကိုလက်မခံလို့ပါ။ ဒါဆိုရင်တော့ သတိကြီးကြီးနဲ့ ရှင်းလင်းပစ်ရပါလိမ့်မယ်။)
၁၇။ DOS တိုက်ခိုက်မှု ရှိလာနိုင်သလား။ ကွန်ပျူတာရဲ့ အတွင်းပိုင်းစနစ်အထိ နက်နက်ရှိုင်းရှိုင်း ၀င်ရောက်တိုက်ခိုက်မှု ဖြစ်ပါတယ်။ P2P network မှာ ကိုယ်မသိတဲ့ လူတွေဆီကို sharing မလုပ်ဖို့နဲ့ အခမဲ့ရတဲ့ software တိုင်းကို မယုံကြည်ဖို့ zip/ rar file တွေကို သတိ ထားဖို့ လိုပါမယ်။
၁၈။ icon တွေကို desktop ပေါ်မှာအတင်းအကျပ် နေရာယူပြီဆိုရင် spyware ဖြစ်နေပါပြီ။ (ဆော့ဖ်ဝဲတိုင်းမှာ desktop icon shortcuts သဘောမျိုးဖန်တီးပေးပေမယ့် သုံးစွဲသူ ခွင့်မပြု ဘဲ နေရာ မယူတတ်ကြပါ။)
၁၉။ အချက်ပေးပုံသဏ္ဍာန်တွေ မှားယွင်နေတဲ့အခါ anti-spyware ဆော့ဖ်ဝဲလ်တွေဟာ ပြီးပြည့်စုံမှု မရှိပါ။ သူတို့ကိုရှင်းလင်း ပစ်တိုင်းမှာ uninstall ကို အသေအချာ ပြုလုပ်ပါ။ သဘောတရား အရပြောရရင် anti-spyware ဆော့ဖ်ဝဲလ် ကိုယ်က spyware တစ်ခုပါပဲ။
၂၀။ Remote Access Trojan ဆိုတာ virus လိုမျိုး။ program ငယ်ကလေး တစ်ခုကို ကွန်ပျူတာ စနစ်အတွင်း ကိုယ်မသိ လိုက်ရပါပဲ ၀င်ရောက်စေခဲ့ပြီး အဲဒီပရိုဂရမ်ကလေးဟာ ကိုယ်လုပ်နေ သမျှသတင်းအချက်တွေနဲ့ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စ၀ိစ္စ မှန်သမျှကို ပိုင်ရှင် ဆီကို သတင်းပြန် လည်ပေးပို့နေလေ့ ရှိပါတယ်။
၂၁။ Drive-By Download ဆိုတာ အဓိက အားဖြင့် ပုဂ္ဂလိက အချက်အလက်တွေနဲ့ လုံခြုံမှုကို ထိပါးစော်ကားတဲ့ တိုက်ခိုက်မှုတစ်မျိုး ကို ခေါ်ဆိုပါတယ်။ တကယ်လို့ ကြော်ငြာ pop-up တွေကို သတိထားပြီး တားဆီးမယ်ဆိုရင် တိုက်ရိုက်ထိတွေ့ခံရမှု မရှိနိုင်ပါ။ Pop-up blocker ပါဝင်တဲ့ firefox လို borwser မျိုးကို သုံးစွဲသင့်ပါတယ်။
၂၂။ Search bar တွေကို မယုံကြည်ပါနဲ့။ google.com နဲ့ google toolbar… Yahoo နဲ့  Yahoo toolbar တို့လို ယုံကြည်စိတ်ချ ရတဲ့ အရာတွေ ရှိနေပြီးတဲ့ အချိန်မှာ web ကို အထူး ရှာဖွေပေး မယ် ဆိုတဲ့ toolbar တွေကို ယုံကြည်ကိုးစား မနေပါနဲ့တော့။ www.google.com လို့ address bar မှာ ရိုက်လိုက်ရတာဟာ မရေရာ မသေချာတဲ့ toolbar တွေကို install လုပ်လိုက်နေတာထက် အများကြီး လုံခြုံမှုရှိပါတယ်။
၂၃။ Virus နဲ့ ပတ်သက်ပြီး အကောင်းအဆိုးတွေကို ပုံမှန် သတင်းပေးရင်း ကာကွယ် ဖို့နည်းလမ်းတွေကို အခမဲ့ ဖြန့်ချီနေ တဲ့ နေရာတွေ ရှိ.. website တွေ spyware, adware, malware စတာတွေကို ရင်ဆိုင် ဖြေရှင်းဖို့ သတင်း တွေ၊ tools တွေ၊ update new တွေ ရနိုင်ပါတယ်။
Credit to : www.lubo601.com
(ကွန်ပျူတာ ဂျာနယ် ၂၀၀၈ခုနှစ်၊ မေလ၊ အမှတ် ၁၇၁)
https://www.facebook.com/groups/technologymynoat/
http://kolinthalarwaddythar.blogspot.com/
ကွန်ပျူတာကို ဝယ်ကာစလို မြန်စေချင်တယ်ဆိုရင်
Laptop, Desktop ဘယ်လို ကွန်ပျူတာပဲ ဖြစ်ဖြစ် PC အားလုံးဟာ ဝယ်ပြီး ကြာလာတဲ့အခါ လုပ်ဆောင်ချက် နှေးသထက် နှေးကွေးလာပါတယ်။ တစ်ခါခါဆို ဘာမှ လုပ်လို့မရအောင် စက်ရပ်သွားတာမျိုးတို့တောင် ဖြစ်တတ် ပါတယ်။ ဒီလို အခြေအနေကနေ ရုန်းထွက်နိုင်ပါတယ်။ ဒါက ပြုပြင်ယူလို့ ရတဲ့ အခြေအနေဖြစ်ပါတယ်။ ကွန်ပျူတာ လုပ်ဆောင်ချက် နှေးသွားရတဲ့ အဓိကအကြောင်းအရင်း နှစ်ခု ရှိပါတယ်။
၁။ registery errors
Registery Errors က ပိုအဖြစ်များပါတယ်။ ကိုယ်က ကွန်ပျူတာမှာ ဂိမ်း တစ်ခုခုဆော့ခဲ့မယ်ပြီးတော့ ပြန်ပိတ်ပါတယ်။ သာမန် ဖြစ်ရိုးဖြစ်စဉ်လို့ ဆိုပေမယ့် အမှန်တော့ ကွန်ပျူတာဟာ ယင်း ဂိမ်းနဲ့ ပက်သက်တဲ့ အချက်အလက်များကို အလိုအလျောက် သိမ်းဆည်းပေးသွားပါတယ်။ ဂိမ်း ရယ်လို့မှ မဟုတ်ပဲ ကိုယ်သုံးလိုက်တဲ့ ပရိုဂရမ်နဲ့ သက်ဆိုင်တဲ့ အချက်လက်/ Data အားလုံးကို အလိုအလျောက် မှတ်သားပါတယ်။ အချို့ ဟာတွေက မမှတ်သားအောင် Option ပေးနိုင်ပေမယ့် သတိမထားမိလိုက်တဲ့ အရာတွေ ပိုများပါတယ်။
ဥပမာ- ကိုယ်က ဓာတ်ပုံ တစ်ပုံကို ဖျက်လိုက်ပေမယ့် Recycle Bin မှာ ရှိပါတယ်။ Recycle Bin မှာ မရှိတော့ဘူးဆိုရင် လုံးဝ မရှိတော့ဘူးလို့ မထင်ပါနဲ့။ သူက သိမ်းဆည်းရ အနည်းနိုင်ဆုံး အနေအထား ထိ ကျစ်လိုက်ပြီး Chip / Hardware များရဲ့  တစ်နေရာရာမှာ Register လုပ် သိမ်းဆည်းထားပေးတတ်ပါတယ်။ တစ်ခါခါ စက်တွေ အဖွင့်များပြီး ခလုပ်အနှိပ်များရင်၊ Command အပေးများရင် ပြဿနာက စဖြစ်ပါတယ်။ ကိုယ် Register လုပ်ထားတာရော၊ သူ့အလိုအလျောက် Register လုပ်ထား တာရော အားလုံးပေါင်းပြီး ကမောက် ကမတွေ ဖြစ်ပါတော့တယ်။ ဒီတော့ အကျိုးဆက်က ကွန်ပျူတာ ထစ်ငေါ့ထစ်ငေါ့ဖြစ်ခြင်း၊ စက်ရပ်သွားခြင်းတို့မျိုး ဖြစ်ပါတယ်။
ဒါကို ဖြေရှင်းရန် နည်းလမ်း ရှိပါတယ်။ အဓိကကတော့ ကိုယ် Register လုပ်ထားတဲ့ ဟာတွေအားလုံး ပြန်ဖျက်ပေးဖို့ ရှိပါတယ်။ ဒါကို ဆော့ဖ်ဝဲ စီဒီ ဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ အွန်လိုင်းမှာပဲ အခမဲ့ ဒေါင်းချင်တယ်ဆိုရင်လည်း Advanced Registry Optimizer free download လို့ Google search မှာ ရိုက်ပြီး ရှာဖွေနိုင်ပါတယ်။
ဥပမာ - http://download.cnet.com/Advanced-Regist...61245.html
http://www.softpedia.com/get/Tweak/Regis...izer.shtml
ဆိုင်ကနေ ဝယ်တာကို ပိုပြီးတော့ recommand ပေးထားပါတယ်။ အွန်လိုင်းကနေ ယူတာက မလိုအပ်တဲ့ Freeware, spyware တွေ ပါဝင်မှာ စိုးလို့ ဖြစ်ပါတယ်။
၂။ ဗိုင်းရက်စ်နှင့် Spyware များ ကြောင့် စက်နှေးခြင်း
ဒါကတော့ ရှင်းပါတယ်။ အဓိကက အွန်လိုင်းသုံးရာမှာ သတိထားရ မှာ ဖြစ်ပါတယ်။ အွန်လိုင်းသုံးတဲ့အချိန်တင်မကပဲ USB နဲ့ အခြားသော Input များမှာ သတိထားဖို့ လိုအပ်ပါတယ်။ ကိုယ်က အင်တာနက်ကနေ သီချင်းတစ်ပုဒ် ကြိုက်လို့ ဒေါင်းပေမယ့် သူနဲ့ တွဲပါလာနိုင်တဲ့ အရာများ ကို သေချာ သတိထား လေ့လာသင့်ပါတယ်။ သီချင်းတင်မကပဲ အခြားသော Software, application များရော ဖြစ်ပါတယ်။ USB ပေါက်ကို memory stick တို့ ထိုးမယ်ဆိုရင်လည်း Scan ဖတ်ပြီး Virus တွေကို Detect လုပ်ပေး မယ့် ဆော့ဖ်ဝဲ တစ်ခု တော့ ရှိနေသင့်ပါတယ်။ အင်တာနက် သုံးရင်လည်း Spyware, Virus တို့က တစ်ခါခါကျရင် ဝင်လို့ ဝင်မှန်းတောင် မသိပါဘူး။ အချိန်တော်တော်ကြာမှာ သူပုန်းနေတဲ့ နေရာတွေကနေ ထပြီး သောင်းကျန်း တတ်ပါတယ်။ ဒါကြောင့်လည်း စက်ကနှေးပါတယ်။
ပို့လာတဲ့ အီးမေးလ်၊ app, software, သီချင်း၊ ဓာတ်ပုံ နဲ့ ကိုယ်တိုင် ရှာဖွေ မှု ပြုတဲ့အခါ ယုံကြည် စိတ်ချရတဲ့ ဝဘ်ဆိုဒ်ကိုပဲ ရွေးချယ်သင့်ပါတယ်။ Offline အနေနဲ့လည်း ကိုယ့် PC နဲ့ သင့်တော်မယ့် Anti virus ဆော့ဖ်ဝဲများ ဆောင်ထားသင်ပါတယ်။
အထက်ပါ အချက်နှစ်ချက်ကို သိရှိလိုက်နာပြီး မိမိ PC ကို ဂရုစိုက်မယ်ဆိုရင် ကွန်ပျူတာ နှေးလာစရာ အကြောင်း မရှိတော့ပါဘူး။
Credit to : www.lubo601.com