Pages

Translate

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label နည်းပညာ သတင်း. Show all posts
Showing posts with label နည်းပညာ သတင်း. Show all posts

Thursday, July 16, 2015

၂၀၁၅ ခုနှစ်ပထမလေးလ မိုဘိုင်းဖုန်း အသုံးပြုမှု ဖွံ့ဖြိုးဆုံးနိုင်ငံများတွင် မြန်မာပါဝင်

 
မိုဘိုင်းဖုန်းအသုံးပြုမှု ဖွံ့ဖြိုးလာခြင်းတွင် မြန်မာ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ် နှင့် ဗီယက်နမ်တို့သည် ၂၀၁၅ ခုနှစ် ပထမလေးလအတွင်း တစ်ကမ္ဘာလုံး အတိုင်းအတာ၌ ထိပ်တန်းမှရပ်တည်နေသော နိုင်ငံများအဖြစ် ပါဝင်နေကြောင်း Ericsson Myanmar မှ သတင်းထုတ်ပြန်သည်။


“လက်ရှိ အရှေ့တောင်အာရှနဲ့ သမုဒ္ဒရာ ကျွန်းနိုင်ငံတွေမှာ သုံးနေကြတဲ့ ဟန်းဆက်တွေရဲ့ ၂၅ ရာခိုင်နှုန်းက စမတ်ဖုန်းတွေပါ၊ ကျွန်တော်တို့ ခန့်မှန်းတာကတော့ အဲဒီဒေသတွင်းမှာ ၂၀၂၀ မရောက်ခင် စမတ်ဖုန်းသုံးစွဲမှုက သုံးဆလောက် မြင့်မားလာပြီး သန်း ၈၀၀ လောက်ထိ ရှိသွားမယ်လို့ ယူဆပါတယ်” ဟု Ericsson ၏ အရှေ့တောင် အာရှနှင့် သမုဒ္ဒရာ ကျွန်းနိုင်ငံများဆိုင်ရာ တာဝန်ရှိသူ Sam Saba က ပြောသည်။


စမတ်ဖုန်းအသုံးပြုမှုနှင့် ပတ်သက်၍ Ericsson မှ စစ်တမ်းကောက်ယူမှုအရ ထိုကဲ့သို့ ထုတ် ပြန်ပြောကြားခြင်းဖြစ်ကြောင်း သိရသည်။ ဒေသတွင်း မိုဘိုင်းဖုန်း အသုံးပြုမှု၏ ၂၅ ရာခိုင်နှုန်းခန့်ကို LTE စနစ် အသုံးပြုမှုက အစားထိုး ဝင်ရောက်လာမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
Ericsson ၏ တိုင်းတာချက်များအရ လူမှုဆက်သွယ်ရေးကွန်ရက်၊ စာတိုပို့စနစ်၊ အင်တာနက်မှ ဗီဒီယို ကြည့်ရှုခြင်းတို့မှာ အဆိုပါဒေသများ၌ စမတ်ဖုန်းသုံးစွဲမှုကို လွှမ်းမိုးထားပြီး သုံးစွဲသည့် Application များမှာ ဈေးကွက်အလိုက် ကြိုက်နှစ်သက်မှုကွာခြားသည် ဟုဆိုသည်။


အရှေ့တောင်အာရှနှင့် သမုဒ္ဒရာ ကျွန်းနိုင်ငံများရှိ မိုဘိုင်းဖုန်းသုံးစွဲမှု၏ သုံးပုံနှစ်ပုံမှာ ၂၀၂၀ ခုနှစ်မတိုင်မီ စမတ်ဖုန်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ SMS၊ အင်တာနက်မှ ဗီဒီယိုကြည့်ရှုခြင်းတို့တွင် စမတ်ဖုန်းကို ပိုမိုအသုံးပြုမည်ဖြစ်ပြီး ထိုစစ်တမ်းကောက်ယူထားသော နိုင်ငံများ၌ Facebook နှင့် YouTube တို့မှာ ထိပ်တန်းမိုဘိုင်း Application များအဖြစ် ဆက်လက်တည်တံ့နေဦးမည် ဟုပြောကြားထားသည်။



Ref;internetjournal

Friday, July 4, 2014

စမတ်ကျတဲ့ တိုက်ခိုက်ရေး လက်အိတ်



iPunch ဟု အမည်ပေးထားသည့် စမတ်ကျတဲ့ တိုက်ခိုက်ရေး လက်အိတ်ကို တီထွင်လိုက်ကြောင်း သိရပါ သည်။ iPunch တွင် Sensor များတပ်ဆင်ထားပြီး လက်သီးထိုးသည့် ပြင်းအားကို တိုင်းတာပေး မည်ဖြစ် ပြီး အဆိုပါ သတင်းအချက်အလက်ကို iPhone နှင့် Android Device ရှိ App ထံသို့ Bluetooth ဆက် သွယ်မှုမှတစ်ဆင့် ပေးပို့မည်ဖြစ်သည်။

Wired.com ၏ ဖော်ပြချက်အရ စမတ်လက်အိတ်တွင် လက်သီးပြင်းအားကို တိုင်းတာပေးနိုင်သည့် Sensor နှင့် လှုပ်ရှားမှုကို တိုင်းတာပေးနိုင်သည့် Sensor နှစ်မျိုးပါရှိပါသည်။ လက်သီး အမျိုးအစားများနှင့် ပြင်းအားကို တိုင်းတာရန် အဆိုပါ Sensor နှစ်မျိုးက ပူးတွဲ အလုပ်လုပ်မည်ဖြစ်သည်။ 

လေ့ကျင့်ရေး အစီအစဉ်များပြီးသည့်အခါ Sensor များမှ ကောက်ယူထားသည့် သတင်းအချက်အလက် များကို စမတ်ဖုန်းတွင် ပြန်လည်လေ့လာနိုင်ပါသည်။ သို့မဟုတ် နည်းပြက သင့်ရဲ့ လေ့ကျင့်မှုများကို စမတ်ဖုန်းမှ စောင့်ကြည့်ပြီး အချိန်ပြည့် လမ်းညွှန်နိုင်ပါသည်။ App တွင် လေ့ကျင့်ခန်း အစီအစဉ်များ ပါရှိပြီး အချိန်အတိုင်းအတာ တစ်ခုအတွင်းတွင် မည်သည့် လက်သီးထိုးချက်ကို လေ့ကျင့်ရမည်ကို ညွှန်ကြားပေးပါသည်။ ထို့အပြင် သူငယ်ချင်းတစ်ယောက်နှင့် ယှဉ်ပြိုင် လက်သီးထိုးနိုင်ပြီး မည်သူ၏ လက်သီးထိုးချက်သည် အကောင်းဆုံးဖြစ်သည်ကို App က အဖြေရှာပေးမည်ဖြစ်သည်။

iPunch ကို တီထွင်သူ Responsive Sports က ကိုယ်ခံပညာပေါင်းစုံ သိုင်းပြိုင်ပွဲများတွင် အသုံးပြုလေ့ ရှိသည့် ပေါ့ပါးပြီး သေးငယ်သော လက်အိတ်ကိုသာ ရောင်းချပေးနေပါသည်။ လက်ဝှေ့လက်အိတ်ကို လည်း တီထွင်နေသည်ဟု သိရပါသည်။ 

စမတ်လက်အိတ်ကို ကြိုတင်ဝယ်ယူသူများအတွက် ဒေါ်လာ ၁၃၉ နှင့် နောက်ပိုင်းမှ ၀ယ်ယူသူများအ တွက် ဒေါ်လာ ၁၄၉ ဖြင့် ရောင်းချပေးနေပါသည်။


သူရ

Myanmar Digital Life Journal

တယ်လီနော၊ အော်ရီဒူးနှင့် မမြင်နိုင်သော လက်နက်ပုန်း ဖုန်းဘေလ်များ

m

မြန်မာ့ဆက်သွယ်ရေး ဆိုတဲ့ MPT ကို လူအများ ကျိန်ဆဲနေတာ ကြာပေါ့ဗျာ။ အဝိုင်း လည်နေတာနဲ့ပဲ ဖုန်းဘေလ်ကုန်လို့ ဆိုတာကိုး။ အရင်ကတော့ ကျွန်တော့်စာတွေကို ပုံနဲ့တွဲသုံးသဗျ။ နောက်ပိုင်း ကျွန်တော့်မြန်မာပြည်က မိတ်ဆွေ စာဖတ်ပရိသတ်ကို အားနာလာတော့ များသောအားဖြင့် ပုံသိပ်မထည့်ဘဲ စာတွေရေးပါတယ်။ အခုနောက်ပိုင်း စက်တင်ဘာလမှာ တယ်လီနောက ဖုန်းကတ်တွေ ရောင်းပေးမယ်ဆိုတော့ မြန်မာနိုင်ငံက မိတ်ဆွေများ ပျော်ကြလေသည်ပေါ့။

 သို့ပေမယ့် အလေးထား ဂရုစိုက်ရမယ့် အချက်တွေ အများကြီး ရှိနေပါလျက်နဲ့ ကုလားပိုင်လို့၊ တရုတ်ပိုင်လို့ မသုံးဘူး အော်နေကြတာတွေကို တွေ့ရပါတယ်။ အထူးအလေးထားသင့်တဲ့ အချက်တွေကို သတိမပြုကြလေတော့ သတိပေးချင်တာလေး တွေကို ရေးသားတင်ဆက် လိုက်ရပါတယ်ဗျာ။
အခုဆောင်းပါးမှာ ဦးတည်ချက်က ဘယ်အဖွဲ့အစည်းကပဲ လာလုပ်လုပ် နိုင်ငံတကာက လာရင်းနှီးလုပ်ကိုင်ပြီး စီးပွားရေးဆန်ဆန် လုပ်မယ်ဆိုရင် လိုအပ်တဲ့ ဝန်ဆောင်မှုတွေ စာဖတ်သူတို့ ရရှိမှာဖြစ်သလို အမျိုးမျိုးသော ဝန်ဆောင်မှုတွေ၊ စကားမရှင်းတရှင်းနဲ့ လည့်ပတ်မှုတွေ၊ သုံးစွဲသူတွေအပေါ် စကားလုံး အသာစီးတွေနဲ့ အမြတ်ကျန်အောင် လှည့်ပတ်ကြဦးမှာ ထုံးစံပါပဲ။ ဒါတွေကို သိထားကြပါသလား၊ လေ့လာဖူးကြပါသလား၊ ကြုံဖူးကြပါသလား။ ဒီလို စကားလုံး တစ်လုံးနှစ်လုံးနဲ့ ကပ်လှည့်စားမယ့် နည်းဗျူဟာတွေ၊ ဖုန်းဘေလ်တွေ အတွက်ရော ကာကွယ်ထား ကြပြီးပါပြီလား။ မတရားကုန်ကျလာမယ့် ကျသင့်ငွေတွေအတွက် တရားမျှတမှုဖြစ်အောင် တိုင်တန်းလို့ရမယ့် အာဏာပိုင် အဖွဲ့အစည်းတွေကိုရော ပြင်ဆင်ပြီးပါပြီလား။

ဘယ်လိုနှုန်းထားနဲ့ သတ်မှတ်လို့ ဘယ်လိုစည်းကမ်းတွေနဲ့ လုပ်ဆောင်ရမယ်၊ အငြင်းပွားလာရင် ဘယ်လိုသုံးစွဲသူတွေ ဘက်က ကာကွယ်ပေးမယ်ဆိုတဲ့ စည်းမျဉ်းဥပဒေ လုပ်ထုံးလုပ်နည်း တွေရော ချမှတ်ပေး ထားပြီးကြပါပြီလား။ ထိုင်းနိုင်ငံမှာ လူဦးရေ ၆၆ သန်းရှိပါတယ်။ ၁၉၉၆ ခုနှစ် လောက်ကတည်းက မိုဘိုင်းလ်ဖုန်းကို စတင်အသုံးပြုခဲ့ပြီး အခုအခါ မိုဘိုင်းလ်ဖုန်းနဲ့ အင်တာနက်ကို လျှောက်ထားအသုံးပြုသူက သန်း ၉၀ ရှိပါတယ်။ ဘက်စုံသုံး Smart Phone တွေ အသုံးပြုသူကတော့ တစ်နှစ်ကို ၃၆ ရာခိုင်နှုန်း တိုးတက်လာပါသတဲ့။ အဲဒီဖုန်းတွေကို ဆက်သွယ်ရေးနဲ့ အင်တာနက် ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီကြီးသုံးခု ရှိပါတယ်။

တယ်လီနောပိုင် (ဒီတက်) (Telenor (DTAC)၊ ထရူး (TRUE) နဲ့ အေအိုင်အက်စ် (AIS) တို့ပါ။ သူတို့ကို ထိန်းချုပ်ပြီး လုပ်ထုံးလုပ်နည်းတွေ စည်းကမ်းဥပဒေတွေ ချမှတ်ပေးတာ၊ ဖုန်းသုံးစွဲသူတွေနဲ့ ကုမ္ပဏီကြီးတွေအကြား ပဋိပက္ခ ဖြစ်လာခဲ့ရင် ဆုံးဖြတ်ဖြေရှင်းပေးတာကတော့ ထိုင်းအစိုးရ အမျိုးသားအသံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင် National Broadcasting and Telecommunications Commission (NBTC) ဖြစ်ပြီး ဒီကော်မရှင်ရဲ့ ထိန်းချုပ်မှုအောက်မှာ ကုမ္ပဏီကြီးတွေဟာ တစ်ခုနဲ့တစ်ခု အပြိုင်အဆိုင် ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကြပါတယ်။ မြန်မာနိုင်ငံမှာ မိုဘိုင်းလ်ဖုန်း၊ အင်တာနက် စတာတွေသုံးစွဲတဲ့သူတွေ ပထမဦးဆုံး သိထားသင့်တဲ့ အချက်က နိုင်ငံတကာက ဆက်သွယ်ရေး လုပ်ငန်းတွေ အခြေတည်လာပြီဆိုရင် သုံးစွဲသူနဲ့စနစ်ကို အခြေခံ နှစ်မျိုးခွဲထားပါတယ်။ Prepaid ကြိုတင်ငွေပေးချေမှုနဲ့ Postpaid သုံးစွဲသမျှ ကျသင့်ငွေ ကောက်ခံမှုပါ။ Prepaid တွေရဲ့ ပွေးဝဲယားနာအကြောင်း အရင်ပြောပါမယ်။

Prepaid ဆင်းမ်ကတ်တွေကို လမ်းဘေးမှာကြိုက်သလို ဝယ်လို့ရပါတယ်။ တစ်ခါတလေ အခမဲ့ပေးပါတယ်။ Postpaid စနစ်နဲ့ ကွာဟချက်က အသုံးပြုခ ဈေးပိုများပါတယ်။ အရေးပေါ် လုံခြုံရေးအတွက် လိုအပ်ခဲ့ရင်တော့ မှတ်ပုံတင်ခိုင်းပါတယ်။ ဒီနေရာမှာ စာချုပ်ချုပ်တာနဲ့၊ မှတ်ပုံတင်တာနဲ့ ကွာခြားကြောင်း သတိပြုစေလိုပါတယ်။ Prepaid စနစ်ကတော့ ရှင်းပါတယ်။ ကိုယ့်ဖုန်းထဲကို ငွေကြိုထည့်၊ ကျသလောက်သုံး၊ ကုန်ရင်ထပ်ဖြည့်ပါ။ ဒါတောင်မှ အရင်က ထိုင်းကဖုန်းနဲ့ အင်တာနက် ကုမ္ပဏီကြီးတွေက ဝယ်ဖြည့်ပြီး ဘယ်နှရက်အတွင်းပဲ ရက်ရတယ်၊ အဲဒီရက်ကျော်ရင် သုံးလို့မရဘူးဆိုတာ ရှိခဲ့ပါတယ်။

ဥပမာ-ဘတ် ၅၀၀ တန် ငွေဖြည့်ကတ် ဝယ်ဖြည့်လိုက်ရင် ဖုန်းထဲမှာ ဘတ် ၅၀၀ ဖြည့်ထားတာ ပေါ်လာပြီး နောက်ဘယ်နှရက်အတွင်းမှာ သုံးပါ၊ နောက်ရက်ထပ်တိုးချင်ရင် တစ်ပတ်ကို ဘတ်ဘယ်လောက် စသဖြင့်ပေါ့ဗျာ။ လူလည်လုပ်ပြီး သုံးစွဲသူတွေဆီက ငွေချူယူကြပါတယ်။ အဲဒီသတ်မှတ်ရက် ကျော်သွားလို့ မသုံးဖြစ်ရင် ဒါမှမဟုတ် ရက်သက်တမ်း ထပ်မတိုးဖြစ်ခဲ့ရင် ထည့်ထားတဲ့ငွေ ပလုံ ပေါ့ဗျာ။ အဲလောက်အထိ လူလည်ကျပါတယ်။
နောက်ပိုင်းမှ တိုင်တဲ့သူတွေများလာတော့ ထိုင်းအစိုးရ NBTC ကော်မရှင်က အဲလိုနည်းနဲ့လုပ်လို့ ဖုန်းသုံးစွဲသူတွေဆီက အလကားရလိုက်တဲ့ငွေဟာ တစ်နှစ်တစ်နှစ် ဘတ်သန်းရာကျော်ရှိလို့ အဲဒီလို မလုပ်ရဘူးလို့ တားမြစ်လိုက်တာ သိပ်မကြာလှသေးပါဘူး။ ဒီနည်းဟာ ဖုန်းသုံးစွဲသူတွေကို တန်ရာတန်ကြေး ဝန်ဆောင်မှု မပေးလိုက်ဘဲ မတရား အမြတ်ရသွားတဲ့ နည်းတွေထဲက တစ်နည်းပါ။ မြန်မာနိုင်ငံမှာရော…။

လာတော့မယ့် အော်ရီဒူးတို့၊ တယ်လီနောတို့ရော ဒီလိုအချိုးမျိုးလာမှာ လား……။ ဒါ့အပြင် ကြော်ငြာကုမ္ပဏီ တွေနဲ့ ဆက်စပ်ပြီး မိတ်ဆွေတို့ရဲ့ ဖုန်းနံပါတ်ကို ရောင်းစားတဲ့သကာလ မိတ်ဆွေတို့ဖုန်းထဲမှာ တစ်နာရီကို နှစ်ခါသုံးခါလောက် ကြော်ငြာမက်ဆေ့ခ်ျတွေ ဝင်လာပါတော့မယ်။
ဒါတွေကို သုံးစွဲသူဘက်က ရပ်တည်ပြီး သမာသမတ်ကျကျ တိုင်တောလာရင် ရပ်တည်ဖြေရှင်းပေးဖို့ ကော်မရှင်တစ်ရပ်ဟာ မဖြစ်မနေ အရင်ဖွဲ့စည်းထားရမှာပါ။ လွန်ခဲ့တဲ့ ၂ ရက်လောက်က ထိုင်းလယ်သူမကြီး တစ်ယောက်ရဲ့ သား၊ အမေ့ဖုန်းနဲ့ အင်တာနက်ဂိမ်းက စိန်ရမှတ်တွေကို ဘုမသိဘမသိ ဝယ်ဆော့နေတာ လကုန်ငွေရှင်းဖို့ တောင်းခံစာလာတော့ ဘတ် ၂ သိန်းကျော် (မြန်မာငွေ သိန်း ၆၀ ကျော်) တောင်းလာပါတယ်။ ဖုန်းကုမ္ပဏီရုံးခွဲကို သွားပြောတော့ သုံးပြီးဖြစ်နေလို့ မတတ်နိုင်ဘူး။ ပေးရမှာပဲလို့ ဆိုပါသတဲ့။ ဒီအဖြစ်အပျက်ကို စာနယ်ဇင်းတွေကတစ်ဆင့် ထိုင်းအစိုးရ NBTC ကော်မရှင်က သိသွားတော့ ကော်မရှင်အတွင်းရေးမှူးချုပ် တာကွန်တန်တာစစ်က ကုမ္ပဏီကို ခေါ်ပြောတော့မှ လယ်သူမ သားအမိ ဘုမသိဘမသိ လုပ်မိတဲ့အတွက် အဲဒီငွေတွေ မပေးပါနဲ့။ လျှော်ပစ်ပါတယ်လို့ အကြောင်းပြန်လာပါတယ်။ ဒီလိုနောက် ထပ်မဖြစ်အောင် ဖုန်းကုမ္ပဏီတွေကို အမြင့်ဆုံးဖုန်းကနေ ဝယ်ယူနိုင်တဲ့ ငွေပမာဏကို သတ်မှတ်ပေးဖို့ အမိန့်ထုတ်ပါတယ်။

အစိုးရကော်မရှင် ကနေ ပြည်သူတွေ မနစ်နာရအောင် ကြားဝင်ရပ်တည်ပေးတာပါ။
မြန်မာပြည်မှာ ဆိုရင်ရော ကလေးတစ်ယောက် အူကြောင်ကြောင် သုံးမိတဲ့အတွက် တစ်အိမ်သားလုံး ဆယ်သက်ဆပ်မကုန် ဘဝပျက်ရမှာပါလား။ ဘယ်အဖွဲ့အစည်းက ဝင်ရောက် ရပ်တည် ဖြေရှင်းပေးမှာပါလဲ။ မင်းတို့ လက်ကမြင်းတာ မင်းတို့ဘာသာ ခံပေရော့လို့ အကြောင်းပြန်မှာပါလား။

မြန်မာပြည်မှာ ဒီလုပ်ငန်းကြီးတွေက လုပ်လာမယ့် ဒီလိုအချိုးမျိုး လူလည်ကျမှုတွေကို စနစ်တကျ ထိန်းချုပ်ပြီး တိုင်တောလို့ရမယ့် အစိုးရ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ လုပ်ထုံးလုပ်နည်းတွေ ကြပ်မတ်ပြီး သုံးစွဲသူတွေဘက်က ရပ်တည်ဖို့ ပြင်ဆင်ပေးပြီးကြပြီလား။ ဖြစ်လာမှာနော်..။ နိုင်ငံခြားက လာတည်ထောင်လို့ သူတို့လက်သိပ်ထိုးတဲ့ ဂေါက်ဆက်ကလေးနဲ့ ဂေါက်သီးရိုက်လိုက် ဂျော်နီဝါးကား ဒဗယ်ဘလက်လေးနဲ့ နေနေရင်တော့ ဖုန်းသုံးမယ့်သူတွေကို သနားလှပါသဗျာ။ ဖုန်းသုံးသူတွေ … ထူးမခြားနားသီချင်းဆိုပြီး ငိုချင်းသာ ချနေပါတော့။ ကဲ… နောက် အကြောင်းဆက်ရေးမယ်ဗျာ။
နောက်တစ်မျိုးကတော့ Postpaid အကြောင်းဗျ။ နိုင်ငံတကာကနေပြီး ဆက်သွယ်ရေး လုပ်ငန်းတစ်ခုခုကို တခြားတစ်နိုင်ငံမှာ ဝန်ဆောင်မှု လာပေးလာဟာ အဲဒီနိုင်ငံသားတွေ အတွက် ဝန်ဆောင်မှုပေးပြီး အကျိုးအမြတ်ကို ရယူတာဖြစ်ပါတယ်။ ဒီတော့ လာရောက် ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီကြီးတွေ အခြေတကျ ဖြစ်တာနဲ့ နိုင်ငံသားတွေအတွက် Postpaid စနစ်ကို အမြန်ဆုံး ပူးတွဲ အကောင်အထည် ဖော်ကြပါတော့တယ်။ သုံးစွဲသူတွေကို နည်းမျိုးစုံနဲ့ မက်လုံးပေးကြတာပါ။

 ဥပမာအားဖြင့် ကျွန်တော် အသုံးပြုတဲ့ မိုဘိုင်းလ်ဖုန်းဆိုရင် 3G အင်တာနက်ကို ကြိုက်သလောက်သုံး၊ ပြီးရင်ဖုန်းက ပြည်တွင်းမှာကြိုက်တဲ့ မိုဘိုင်းလ်ဖုန်းနံပါတ်ကို မိနစ် ၅၀၀ အခမဲ့ခေါ်၊ ပြည်တွင်း ကြိုက်တဲ့နံပါတ်ကို မက်ဆေ့ခ်ျ အစောင် ၅၀၀ အထိ အခမဲ့ပို့ စတဲ့အတွဲကို ယူထားတာ တစ်လကို ၅၉၉ ဘတ်ပေးရပါတယ်။ ပိုသုံးရင် ပိုတာထပ်ပေး၊ ပြည်ပခေါ်တာ သတ်သတ်ပေးပေါ့ဗျာ။ အင်တာနက်လည်း သုံးချင်သုံး မသုံးချင်နေပါ။ အဲဒီတော့ အခြေခံအားဖြင့် တစ်လ ၅၉၉ ဘတ်ကတော့ ပေးနေပေါ့ဗျာ။
ဒါက သူတို့ပေးတဲ့ ဝန်ဆောင်မှု ဥပမာပါ။ အများကြီး ရှိပါတယ်။ တစ်လ ဘတ် ၁၀၀ တန်၊ ၂၀၀ တန်၊ ၃၀၀ တန် ဝန်ဆောင်မှုတွေကနေ ဘတ် ၁၅၀၀ ကျော် ဝန်ဆောင်မှုတွေအထိ ရှိပါတယ်။

 ကိုယ်ကြိုက်တာ ကိုယ်ရွေးယူပြီး လူတန်းစား အသီးသီးအတွက် ဘယ်ဘက်ကမှ လွတ်မသွားရအောင် ဈေးကွက်ရှာကြတာပါ။ ခက်တာက အဲဒီလိုင်းတွေကို ကိုယ်ကနှစ်သက်လို့ တစ်ခုခုရွေးပြီး ဝယ်လိုက်မိရင် အတိုင်းအတာတစ်ရပ် အထိပဲ 3G 4G စသဖြင့် သုံးလို့ရပါတယ်။ သူတို့သတ်မှတ်တဲ့ မီဂါဘိုက် ဂစ်ဂါဘိုက် အရေအတွက်ပြည့်တာနဲ့ အဲဒီ 3G 4G Speed တွေကို ရပ်ဆိုင်းလိုက်ပြီး GPRS 2G အဆင့်ကို ပြောင်းချလိုက်တော့တာပါပဲ။ အဲဒီနောက်မှာတော့ ဖုန်းကနေတစ်ဆင့် အပိုထပ်ဝယ်ချင်ရင် ဘယ်နံပါတ်ကို နှိပ်ပါဆိုပြီး မက်ဆေ့ခ်ျတွေ အဆက်မပြတ် ပို့ပါတော့တယ်။

အဲဒီသုံးစွဲမှုစနစ်တွေ အနေနဲ့ မြန်မာအစိုးရကရော သတ်မှတ် ထားပေးပါပြီလား။ အဲလို သတ်မှတ်ပေးခြင်း မရှိလို့ကတော့ မြန်မာပြည်က သုံးစွဲသူတွေ နစ်နာစေမှာ ဖြစ်ပါတယ်။ ကျွန်တော်တင်ပြတာ အများစုဟာ မြန်မာပြည်က စာဖတ်သူတွေအနေနဲ့ တွေ့ကြုံဖူးခြင်း မရှိသေးတဲ့အတွက် အထူးအဆန်းလို ဖြစ်နေဖို့ များပါတယ်။ နောက်တစ်ခုက အင်တာနက် ကုမ္ပဏီတွေရဲ့ မစားရ ဝခမန်း ရန်ကုန်တစ်မြို့လုံးပဲ ရမလို၊ မြန်မာပြည် နေရာအနှံ့ပဲ ရမလိုနဲ့ ပြောတတ်ကြပါတယ်။ ထိုင်းလို မိုဘိုင်းလ် အင်တာနက် အသားကျပြီးနေတဲ့ နိုင်ငံမှာတောင် ဘန်ကောက်မြို့ တချို့နေရာတွေမှာ လိုင်းမမိတာတွေ ရှိပါတယ်။ အဲဒီတော့ အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီကနေ လိုင်းတစ်ခု ဝယ်တော့မယ်ဆိုရင် မိမိနေတဲ့ အရပ်ဒေသမှာ လိုင်းမိ မမိ လွှင့်အား ဘယ်လောက်ရတတ်လဲ မေးကြည့်ရပါတယ်။

တချို့နေရာတွေမှာ ကုမ္ပဏီ တစ်ခုနဲ့တစ်ခု ဈေးကွက်မျှတဲ့ အနေနဲ့ တယ်လီနော လိုင်းမိတဲ့နေရာမှာ အော်ရီဒူးမမိ၊ အော်ရီဒူးမိတဲ့ နေရာမှာ တယ်လီနောမမိ ဖြစ်တတ်ပါတယ်။ ဖြစ်တတ်တယ် ဆိုတာထက် ဖြစ်ကိုဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ တင်ပြချင်တဲ့ အကြောင်းအရာက Roaming လို့ဆိုတဲ့ ကိုယ့်ဖုန်းနံပါတ်ကို တခြားနိုင်ငံမှာ သယ်သွားချင် ကြတဲ့သူတွေအတွက် ဖုန်းကုမ္ပဏီတွေက ပေးတဲ့ ဝန်ဆောင်မှုပါ။ ဒီဝန်ဆောင်မှုကို တော့ မိမိဖုန်းနံပါတ်ကနေ အလုပ်လုပ်နေကြတဲ့ တကယ့်ကို ကိုယ့်ဖုန်းနံပါတ်က အရေးပါတဲ့ အနေအထားမှာ ရှိနေသူတွေ သုံးကြတာပါ။ သာမန်လူတွေကတော့ မသုံးသင့်လှပါဘူး။

ဒီကနေ့ပဲ ထိုင်းသတင်းစာမှာ သတင်းတစ်ပုဒ် ပါလာပါတယ်။ လုပ်ငန်းရှင်တစ်ယောက်က နိုင်ငံခြားကို သွားပါတယ်။ မြန်မာနိုင်ငံမှာတော့ မသိဘူးပေါ့ဗျာ။ ဒီမှာကတော့ Roaming ဝန်ဆောင်မှုကို ဖုန်းကနေ ဖွင့်လိုက်တာနဲ့ တိုက်ရိုက် တန်းရနေတော့ အဲဒါကို ဖွင့်မိပါတယ်။ အဲဒါကြီးနဲ့ နိုင်ငံခြားမှာ အဆက်အသွယ်လုပ်တော့ လုပ်လို့လည်း မရပါဘူးတဲ့။ မရလေ ဖုန်းကို Restart ချပြီး ဖွင့်ချည် ပိတ်ချည်နဲ့ လုပ်လေနဲ့ နိုင်ငံခြားမှာ တစ်လကြာသွားပါတယ်။ ပြန်လာတော့ ရောက်လာတဲ့ ဖုန်း ဘေလ်တောင်းခံလွှာမှာ ဘတ် ၁၄ သန်း Roaming ကျသင့်ငွေအဖြစ် တောင်းခံထားပါသတဲ့။ မကျေနပ်လို့ ထိုင်းအစိုးရ NBTC ကော်မရှင်ကိုတိုင်တော့ ကော်မရှင် အတွင်းရေးမှူးချုပ် တာကွန်တန်တာစစ်က အခု လုပ်ငန်းရှင်ကိုင်တဲ့ ဖုန်းကို အင်တာနက်နဲ့ ဖုန်းဝန်ဆောင်မှုပေးတဲ့ တယ်လီနောရဲ့ ဒီတက် (DTAC) နဲ့ TRUE ပိုင် (TRUE MOVE) တို့ကို ဆင့်ခေါ်ပြီး ဒီလုပ်ငန်းရှင်က ဒေတာ အချက်အလက်တွေကို တကယ်သုံးခဲ့တာလား၊ ဒါမှမဟုတ် ဖုန်းကပဲ ပျက်ယွင်းနေလို့ ကောင်းကောင်း အလုပ်မလုပ်ဘဲ ကြောင်နေတာလား ပြန်စစ်ဖို့ အမိန့်ပေးထားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံဆိုင်ရာ ဂူဂဲလ်ပလေးစတေရှင် ကိုယ်စားလှယ်နဲ့ တခြားဖုန်းလုပ်ငန်း လုပ်ကိုင်နေကြတဲ့ မိုဘိုင်းလ်ဖုန်း ကုမ္ပဏီတွေကိုခေါ်ပြီး ဖုန်းကနေ အများဆုံး သုံးနိုင်မယ့် ငွေကြေးပမာဏကို သတ်မှတ်ဖို့လာမယ့် ကြာသပတေးနေ့မှာ အစည်းအဝေး ခေါ်ထားပါတယ်။ ဒီတော့ မလိုအပ်ရင် Roaming ဝန်ဆောင်မှုကို မသုံးသင့်ကြောင်းလည်း အသိပေးချင်ပါတယ်ဗျာ။


နောက်တစ်ချက်က ဖုန်းတွေကို လျှော့ဈေးနဲ့ ပေးပါတယ်။ ဥပမာ- iPhone 5S ဖုန်းမျိုးကို ပေါက်ဈေးထက် ထက်ဝက်လောက် လျှော့ပေးပြီး သူတို့ရဲ့ အင်တာနက်စနစ်ကို ဝယ်ယူအသုံးပြုရပါတယ်။ အဲလို ဘယ်နှနှစ် တောက်လျှောက် အသုံးပြုပါ့မယ်ဆိုတာ စာချုပ်ရပါတယ်။ စာချုပ်အတိုင်း မသုံးခဲ့ရင် တရားစွဲပါတယ်။ ရှုံးရင် တရားစရိတ်ကအစ ကျခံရပါတယ်။ တခြားအင်တာနက် ပက်ကေ့ဂ်ျတွေမှာလည်း အဲလိုစာချုပ်နဲ့ တွဲဝယ်ရတာမျိုး ရှိပါတယ်။ ၆ လ အနည်းဆုံး သုံးရမယ်တို့၊ တစ်နှစ် အနည်းဆုံးတို့ ချည်ပြီးတုတ်ပြီး သုံးခိုင်းကြတာပါ။ ကိုယ်က လစဉ်မပေးနိုင်ရင် သတိပေးစာ ပို့ပါတယ်။ ပျက်ကွက်ခဲ့ရင် တရားစွဲပါတယ်။ အဲလိုမျိုးတွေမှာ စေ့စေ့စပ်စပ် လှည့်ကွက်တွေကို ကြည့်ပြီးမှ ဝယ်သင့်ပါတယ်။
Postpaid ဖုန်းရဲ့ ဆင်းမ်ကတ်တစ်ခု ဝယ်ရင် မှတ်ပုံတင်ပြပြီးမှ ကျား၊ မ နေရပ်လိပ်စာ ဖြည့်စွက်ပြီး ဝယ်ရတာနဲ့ ပတ်သက်လို့က ကျွန်တော်သိသလောက် တခြားနိုင်ငံတွေမှာလည်း လုပ်ရပါတယ်။

ဆင်းမ်ကတ်ကို ဖုန်းအနေနဲ့ သက်သက်အသုံးပြုရင် သိပ်အကြောင်း မဟုတ်ပေမယ့် အင်တာနက်လိုင်းဖွင့်ဖို့ လျှောက်တော့မယ် ဆိုရင်တော့ အော်ရီဒူးမှ ကွက်တောင်းတာ မဟုတ်ပါဘူး။ တယ်လီနောရော၊ ထရူးရော အကုန်တောင်းကြရပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ လုံခြုံရေးနဲ့ ပတ်သက်နေပါတယ်။ ဒီလိုလုပ်ဆောင်မှုကြောင့် အကြမ်းဖက်မှုတွေ၊ ရာဇဝတ်မှုတွေကို ကာကွယ်ရာမှာ အများကြီး အထောက်အကူပြုပါတယ်။ နောက်ပိုင်းမှာ တွင်ကျယ်လာမယ့် မိုဘိုင်းလ်ဖုန်းသုံး ဘဏ်စနစ်တွေ၊ ငွေပေးချေမှုစနစ်တွေမှာ အများကြီး အထောက်အကူပြုပါတယ်။ ဘယ်လုပ်ငန်းကြီးလာလာ ဒီအချက်ကတော့ အခုမဟုတ်တောင် နောက်က လိုက်လုပ်ကြမှာပါ။

ဒီတော့ မရောင်ရာဆီလူး အစိုးရိမ်ပိုပြီး အဆုံးစွန်တွေ ကြိုတွေးမပူသင့်ပါဘူး။ ဒီစနစ်တွေအားလုံးရဲ့ အဓိက လိုအပ်ချက်ဟာ ကျွန်တော် အပေါ်မှာပြောခဲ့တဲ့ ဖုန်း၊ အင်တာနက် သုံးစွဲသူနဲ့ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်မယ့် ကုမ္ပဏီကြီးတွေကြားမှာ စံနှုန်း၊ လုပ်ထုံးလုပ်နည်း၊ စည်းစနစ် ချမှတ်ပေးမယ့်အပြင် အထက်က ဖော်ပြခဲ့တဲ့ ဖြစ်ရပ်တွေလို ဖြစ်လာရင် ညှိနှိုင်းပေးနိုင်မယ့်၊ ဖြေရှင်းပေးရမယ့် သြဇာအာဏာရှိတဲ့ အမှုဆောင် ကော်မရှင်တစ်ရပ်က လိုကိုလိုအပ်ပါတယ်။ ကုမ္ပဏီဖွင့်ဟ… လုပ်ကြဟ… ငါတို့ကို နှစ်စဉ်ကြေးသွင်း၊ အခွန်အကောက်သွင်း၊ ကျန်တာ…မင်းတို့ အဆင်ပြေသလို စိတ်ကြိုက် လုပ်ထုံးလုပ်နည်း ချမှတ်ကြ ဆိုရင်တော့ ဖုန်းသုံးသူတွေနဲ့ ကုမ္ပဏီတွေကြားမှာ ကုမ္ပဏီတွေက သူတို့ကြိုက်သလို မိုဘိုင်းလ် အင်တာနက် ဝန်ဆောင်မှု စာချုပ်တွေကို ရေးချင်သလို အသာစီး ရေးဆွဲသွားရင် မြန်မာပြည်သား ဖုန်းသုံးစွဲသူတွေ နစ်နာမှာပါ။ ဘယ်နိုင်ငံမှာမဆို ဖုန်းသုံးစွဲသူတွေ အင်တာနက် ဝန်ဆောင်မှုကို ရယူကြတော့မယ်ဆိုရင် စာချုပ်ချုပ်ဆိုကြရတာ ထုံးစံပါ။ ကုမ္ပဏီတွေလည်း ရတဲ့နည်းနဲ့ အမြတ်ထုတ်ကြမှာပါ။

နိဂုံးချုပ်အနေနဲ့ တိုက်တွန်းရရင်တော့ ဘယ်ကုမ္ပဏီက ဝယ်သုံးသုံး အထက်ဖော်ပြခဲ့တဲ့ ဝဲကွက်၊ ပွေးကွက်တွေတော့ ပါမှာဖြစ်ပါတယ်။ အလောတကြီး ဝမ်းသာအားရ မဝယ်ကြဘဲ သေသေချာချာမေးမြန်းပြီး ကိုယ်နဲ့သင့်တင့်မယ့် ဝန်ဆောင်မှုကိုသာ စောင့်ကြည့် ဝယ်သူသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

Ref & Credit: The Voice Weekly Journal

Saturday, May 31, 2014

Ooredoo မှ စွန့်ဦးတီထွင် IT ပညာရှင်များအား ကျပ်သိန်းတစ်ထောင်စီ ထောက်ပံ့မည်


 
Ooredoo မှ လုပ်ငန်းသစ်များ ပျိုးထောင် ပေးရန် စွန့်ဦးတီထွင် IT ပညာရှင် များအား ကျပ်သိန်း တစ်ထောင် စီ ထောက်ပံ့ပေး မည်ဖြစ်ကြောင်း ယင်း ကုမ္ပဏီက ထုတ်ပြန်သည်။ IT နှင့်ပတ်သက်သော ပြည်သူများ အကျိုး ရှိစေမည့် ဆန်းသစ် တီထွင်မှုများ ပြုလုပ် နိုင်မည့် သူများအား ငွေကြေး ထောက်ပံ့ရုံ သာမက အထောက်အကူပြု ပစ္စည်းများ၊ နည်းပညာ သင်ကြားပေးမှုများနှင့် ရုံးခန်း စသည်တို့ကို ကူညီ ထောက်ပံ့ မည် ဖြစ်ကြောင်း Ooredoo မြန်မာ မှသိရသည်။
 
 ““ကျွန်တော်တို့ လုပ်ငန်း ဆောင်ရွက်နေတဲ့ ဒေသတိုင်း မှာ နယ်မြေခံ စွန့်ဦးတီထွင်သူတွေဟာ ထူးခြား ဆန်းသစ်တဲ့ ICT လုပ်ငန်း နဲ့ မိုဘိုင်း Application တွေ ဖန်တီး နေကြတယ်။ ဒါပေမဲ့ သူတို့မှာ ဈေးကွက်ထဲထိ ရောက်အောင် ဒါမှမဟုတ် ကျယ်ကျယ် ပြန့်ပြန့် မဆောင်ရွက်နိုင်ဘူး။ ဒါကြောင့် IT ပညာရှင် အသစ် တွေ ပြုစု ပျိုးထောင် ပေးခြင်းဖြစ်တယ်”” ဟု Ooredoo မြန်မာ၏ အလုပ်အမှုဆောင် အရာရှိချုပ် Ross Cormack ကပြောသည်။

ကူညီမှုများ အတွက် Ooredoo ၏ ထောက်ပံ့မှုဖြင့် ဖွဲ့စည်းထားသော Idea Box အဖွဲ့မှ ကူညီမည်ဖြစ်ပြီး ယင်းအဖွဲ့၏ အဓိကရည် ရွယ်ချက်မှာ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့် 3G ကွန်ရက် ထိုးဖောက်မှုမှ နေ၍ အကျိုးအမြတ်များ ရယူနိုင်ရန် ဖြစ်သည်။ ထောက်ပံ့ ပေးမည့် အကူအညီများကို လေးလမှ ခြောက်လ အတွင်း ဖြည့်ဆည်း ကူညီပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ထောက်ပံရာတွင် IT ပညာရှင် တစ်ဦးလျှင် ကျပ်သိန်း တစ်ထောင် ထောက်ပံ့မည် ဖြစ်ပြီး လူဦးရေကိုမူ လျှောက်လွှာ အပေါ်မူတည်၍ ရွေး ချယ် ကန့်သတ် သွားမည် ဖြစ်ကြောင်း သိရသည်။

““ဒီနိုင်ငံမှာ တကယ်တော်တဲ့ လူတွေ အများကြီး ရှိပါတယ်။ အခုလို ထောက်ပံ့မှုတွေ ရှိလာတဲ့ အခါ လူငယ်တွေ အနေနဲ့လည်း အမှန်တကယ် အသုံးချဖို့ လိုအပ်သလို အရည်အချင်း ရှိတဲ့သူတွေကြောင့် ကိုယ့်နိုင်ငံက မိုဘိုင်းကဏ္ဍ အတွက် အများကြီး အထောက်အကူ ပေးနိုင်မှာပါ””ဟု မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဒေါက်တာ ထွန်းသူရသက် ကပြောသည်။ အဆိုပါ ထောက်ပံ့မှုများဖြင့် လုပ်ငန်း ဆောင်ရွက်မည့် လူငယ်များ အနေဖြင့် www.ideabox.com.mm မှတစ်ဆင့် လျှောက် ထား နိုင်ပြီး၊ လျှောက်လွှာ ပိတ်ရက်မှာ ဇွန်လ (၁၃) ရက်နေ့ဖြစ်သည်။ ရွေးချယ် ခံရသူများအား ဇွန်လ (၂၇) ရက်နေ့တွင် ထုတ်ပြန် ကြေညာပေး သွားမည်ဖြစ်ကြောင်း သိရသည်။

The Messenger Journal

Sunday, April 27, 2014

Telenor ဆင်းမ်ကတ် အသုံးပြုသူများ၏ အချက်အလက်များကို နိုင်ငံတကာ စံနှုန်းနှင့်အညီ ကာကွယ်ပေးမည်


အဲဒီဟာက စာချုပ်ထဲမှာလည်း ပါပြီးသားပါ။ Telenor အသုံးပြုသူ တွေရဲ့ အချက် အလက်တွေ တောင်းခံလာရင် သက်ဆိုင်ရာ တရားရုံးကနေ ချမှတ်ထားတဲ့ ဒီအချက်နဲ့ ပတ်သက်ပြီး သိချင်ပါတယ်ဆိုတဲ့ ကိုယ်စားလှယ် ပဲဖြစ်ဖြစ်၊ စာနဲ့ပဲဖြစ်ဖြစ် လာပြီးတောင်းတော့ မှသာ Telenor အနေနဲ့ ဒီအချက်အလက် တွေကို ပေးမှာပါ ဟု Telenor (မြန်မာ)မှ အမှု ဆောင်အရာရှိ Mr.Petter Furberg က ပြောသည်။

Telenor မြန်မာအနေဖြင့် မြန်မာနိုင်ငံတွင် သာမက အခြားနိုင်ငံများတွင်လည်း ယင်း ကဲ့သို့ပင် တရားရုံးမှ တရားဝင် တောင်းခံသည့် စာပါမှသာ အချက်အလက်များ အားပေးပြီး နိုင်ငံတကာတွင်လည်း ယင်းကဲ့သို့ ကျင့်သုံး ကြောင်း ၎င်း က ပြောသည်။

လက်ရှိ အချိန်တွင် မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်းမှ အော်ပရေတာလိုင်စင်
ရရှိရန် ကြိုးစားနေသကဲ့သို့ ရတနာ ပုံတယ်လီပို့ အများပိုင် ကုမ္ပဏီများကလည်း အော်ပရေတာ လိုင်စင် ရရှိရန် ဆောင်ရွက် လျက်ရှိသည်။

မကြာမီ ကာလတွင် မြန်မာ့ ဆက်သွယ်ရေး ၀န်ဆောင် မှုကဏ္ဍတွင် အော်ပရေတာလေးခုအထိ ရှိ လာမည်ဖြစ်ကာ အပြိုင်အဆိုင် ၀န်ဆောင်မှု များပေးလာနိုင်တော့မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

နိုင်ငံတော်က ချမှတ်တဲ့ မူဝါဒ တွေမှာ ကျွန်တော်တို့နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းနဲ့ ဆိုင် တဲ့ဟာတွေမှာ ဆက်ပြီး ညွှန်ကြားမယ်၊ ကြပ်မတ်မယ်။ သုံးစွဲ သူတွေကို နစ်နာမှု မရှိအောင် ကာကွယ်ပေးဖို့က ၀န်ကြီးဌာနရဲ့ အဓိက တာ ၀န်ပါ ဟု မြန်မာ့ဆက်သွယ်ရေး သတင်း အချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောသည်။

လက်ရှိအချိန်တွင် မြန်မာ့ ဆက်သွယ်ရေး ၀န်ဆောင်မှုများနှင့် ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်း၊ ရတနာပုံတယ်လီပို့ တို့အပြင် ပြည်ပ ကုမ္ပဏီများဖြစ် သော Telenor နှင့် Ooredoo တို့မှ ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိ ထားပြီး ၀န်ဆောင်မှု ပေးနိုင်ရန် ကြိုတင်ပြင် ဆင်မှုများ ပြုလုပ်နေကြောင်း မြန်မာ့ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်း ပညာဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

The Messenger Journal

ကာင်းကင်က အင်တာနက်ကြီး ကျလာတော့မည်


ကမ္ဘာ့ ဝေးလံ ခေါင်သီ ဒေသ များဆီ က ပြည်သူ များ အင်တာနက် ကမ္ဘာကြီး ဆီ အရောက် လှမ်းဖို့ အတိုဆုံးလမ်းကား ကောင်းကင် ခရီးလမ်း ဖြစ်သည်။ အမေရိကန် နိုင်ငံ က နည်းပညာ အင် အားကြီး ကုမ္ပဏီ ကြီး များသည် ထို အတိုဆုံး လမ်းကို အသုံးပြု ရန် စိုင်းပြင်း နေပြီ။

နည်း ပညာ အရောက်အပေါက်နည်းသော ကမ္ဘာ့  ဝေးလံခေါင်သီ ဒေသများဆီ အင်တာနက် ဟူ သော အဆက်အသွယ် ရောက်ရှိရေး အတွက် ကောင်းကင်ခရီး က အရောက်သွားကြ ဖို့ နည်း ပညာ လုပ်ငန်းကြီးများ ပြင်ဆင်နေကြပြီ။ ဝေးလံခေါင်သီ ဒေသများဆီ အင်တာနက် အရောက်ပို့နိုင်ရေး ပြိုင်ပွဲတွင် ပြိုင်ဘက်များ ထက် တစ်လှမ်းကျောသည့်အနေဖြင့် ဂူဂဲ သည် ယခုအပတ် အတွင်းမှာပင် Titan Aerospace ကုမ္ပဏီ ကို ၀ယ်ယူ လိုက် ပြီဖြစ် သည်။ ထိုကုမ္ပဏီသည် နေစွမ်းအင်ဖြင့် မောင်းနှင်နိုင်သည့် မောင်းသူမဲ့ ယာဉ် ပျံငယ် များ စမ်းသပ် ထုတ်လုပ်လျက်ရှိသည်။ ထိုယာဉ် ပျံငယ်များကို ဝေးလံခေါင်သီသော ဒေသ များ၏ ကောင်းကင်ယံများတွင် ပျံ သန်းစေ ကာ ယာဉ်ပျံငယ်များမှတစ်ဆင့် အင်တာနက် စနစ်ကို ထုတ်လွှတ်ပေးမည်ဖြစ်သည်။ ထို နည်းဖြင့် ဝေး လံ ခေါင်သီ ဒေသနေများ အင် တာနက်ကမ္ဘာကြီးထဲ အတိုဆုံးလမ်းဖြင့် ရောက်လာ အောင် ဆောင်ကြဉ်း မည် ဖြစ် သည်။

တစ်ခုခုကို သေသေချာချာပြောရ လောက်အောင် အချိန် အားဖြင့်တော့ အရမ်းကို စောပါသေးတယ်။ လေထုထဲမှာပဲ လှည့်ပတ်ပျံသန်းနေမယ့် မောင်းသူမဲ့ ယာဉ်ပျံ တွေဟာ ဂြိုဟ်တု အငယ်စားလေးတွေလို တာဝန် ထမ်းဆောင်ကြပါလိမ့်မယ်။ ဝေးလံ ခေါင်သီ ဒေသများဆီက လူ သန်းပေါင်း များစွာ အတွက် အင်တာနက် ဖြန့် ကျက် ပေးပါလိမ့် မယ်။ အင်တာနက် လိုအပ်ချက် ဖြည့်ဆည်းရုံ သာမက သဘာဝ ဘေး ကယ်ဆယ်ရေး လုပ် ငန်း တွေအတွက်လည်း သတင်းအချက် အလက် ထောက်ပံ့ပေးနိုင်မယ်၊ တောပြုန်း ခြင်းလိုမျိုး ပတ်ဝန်းကျင် ထိခိုက်မှုတွေကို လည်း စောင့်ကြည့် နိုင်မှာ ဖြစ်ပါတယ် ဟု ဂူဂဲ ပြောရေး ဆိုခွင့်ရှိ သူက ထုတ်ပြန်ပြော ကြား သည်။

Titan ကုမ္ပဏီက စမ်းသပ်နေသော မောင်းသူမဲ့ ယာဉ်ပျံငယ် များသည် မြေပြင် အထက်ပေ (၆၅၀၀၀) နေရာတွင် နေစွမ်းအင် ဖြင့် ငါးနှစ် တိတိ ပျံသန်း နေနိုင် စွမ်းရှိသည်။ ကမ္ဘာ့ အပြင်ဘက် လွှတ်တင်ထားသော ဂြိုဟ် တုငယ်များ နည်းတူလည်း အလုပ်လုပ် နိုင်သည်။ ဂြိုဟ်တု များ လွှတ်တင် ရသည့် ကုန်ကျ စရိတ် ထက် လည်း များစွာသက်သာသည်။ ကောင်းကင်ယံမှတစ်ဆင့် အင်တာနက် ပေးခြင်း လုပ်ငန်း ကို ဂူဂဲအပြင် ဆိုရှယ် မီဒီယာ အင်အားကြီး ဖေ့စ်ဘွတ်ခ် လည်း စမ်းသပ်နေ သလို အခြား နည်းပညာ အင်အားကြီး လုပ် ငန်းကြီး အများအပြားလည်း ယှဉ်ပြိုင်စမ်း သပ်လျက်ရှိသည်။ကမ္ဘာ ပတ်လမ်းကြောင်း ထဲ လွှတ်တင် ထားသော ဂြိုဟ်တု များ မှ အင်တာနက်စနစ် ဖြန့်ကျက်ပေးခြင်း၊ ကမ္ဘာ့  အမြင့်ပိုင်း လေထုထဲ လွှတ်တင် ထားသော မိုးပျံပူဖောင်း များ ဖြင့် လည်းကောင်း၊ အခြား သော ယာဉ်ပျံအမျိုးမျိုးဖြင့်လည်းကောင်း စမ်းသပ်နေကြသည်။

ဂူဂဲသည် Project Loon စီမံကိန်းကို စတင်စမ်းသပ်နေပြီဖြစ်သည်။ ဝေးလံခေါင်သီ သော ဒေသများ ၏ ကောင်းကင်ယံတွင် မိုးပျံပူဖောင်းများ လွှတ်တင် ထားကာ ထိုပူ ဖောင်းများတွင် ဆက်သွယ်ရေးကိရိယာများ တပ်ဆင်ထားပြီး အင်တာနက် ထုတ်လွှတ် ပေးမည့် စီမံကိန်းဖြစ်သည်။ ထို စီမံကိန်း လက်တွေ့ အကောင် အ ထည် ပေါ်လာပါက ကမ္ဘာ တစ်ဝန်း အင်တာနက်နှင့် မထိ တွေ့ဖူး သေးသော နေရာများစွာသည် အင်တာနက် ကွန်ရက်ထဲ ရောက်လာတော့မည်။ ဂူဂဲ၏ အင်တာနက် ပူဖောင်း ကို နယူးဇီလန် နိုင်ငံတွင် လက်တွေ့ စမ်းသပ် လျက် ရှိသည်။ ဂူဂဲ၏ အင် တာနက် မိုးပျံပူဖောင်း သည် (၂၂) ရက် အတွင်း ကမ္ဘာကို တစ်ပတ် လှည့်ပတ် နိုင် စွမ်း ရှိသည်။ မိုးပျံ ပူဖောင်းသည် လေထုထဲတွင် ရက် (၁၀၀) ထိ နေနိုင် အောင် စီစဉ်ထားသည်။ ပူဖောင်း၏ တည်နေရာကို ကွန်ပျူတာစနစ် ဖြင့် ထိန်းချုပ်ထားမည်ဖြစ်သည်။

ဂူဂဲ၏ ပြိုင်ဖက်ကြီးကား ဖေ့စ်ဘွတ်ခ် ဖြစ်သည်။ ပြီးခဲ့သည် လက ဖေ့စ်ဘွတ်ခ်သည် ၎င်း တို့ အကောင် အ ထည် ဖော်လျက်ရှိသော ဆက်သွယ်ရေး ဓာတ်ခွဲခန်းကြီး ကို အများ ပြည်သူ သို့ အသိပေး ပြသခဲ့သည်။ ကမ္ဘာ တစ်ဝန်း အင်တာနက် မရှိသေးသည့် နေရာ များကို မောင်းသူမဲ့ ယာဉ်ပျံ များ၊ ဂြိုဟ်တုများ၊ နေစွမ်း အင် သုံး လေယာဉ်ပျံ များ စသည့် အ မျိုးမျိုးသော နည်းလမ်းများဖြင့် အင်တာနက် ၀န်ဆောင်မှု ပေးနိုင်ရန် စမ်းသပ် နေ မှုများကို တစ်စိတ်တစ်ဒေသ လှစ်ဟပြသွားသည်။ ကောင်းကင်မှ အင်တာနက် ဖြန့်ကျက် ပေး ရာတွင် မိုးပျံ ပူဖောင်းများ သုံးခြင်း ထက် မောင်းသူမဲ့ ယာဉ်ပျံ များ သုံးခြင်း ကို ပိုသဘော ကျကြောင်း ဖေ့စ်ဘွတ်ခ် တည် ထောင် သူ မာ့ခ် ဇက်ကာဘက်ဂ်ျကလည်း ပြောကြား လိုက်သည်။ မောင်းသူမဲ့ ယာဉ်ပျံများသည် 
 
မိုးပျံ ပူဖောင်း များ ထက် အကြမ်းပတမ်း ခံနိုင်သလို၊ တည်နေရာ ထိန်းချုပ် ရန်လည်း ပို လွယ်ကူကြောင်း ဇက်ကာဘက်ဂ်ျက သုံး သပ်သည်။ ဂြိုဟ်တု လွှတ်တင်ခြင်း ထက် လည်း ကုန်ကျ စရိတ်များစွာ သက်သာ သဖြင့် ပိုသဘောကျမိ ကြောင်း ဖြည့်စွက်ပြောသည်။ ဖေ့စ်ဘွတ်ခ် သည် နိုင်ငံတကာ နည်းပညာ လုပ်ငန်းကြီး များ ဖြစ်သော ဆမ် ဆောင်း၊ နိုကီယာ၊ အဲရစ်ဆင်၊ ကွာကွမ်း စသည် တို့နှင့် ပူးပေါင်းပြီး Internet.org အဖွဲ့ကို ထူထောင် ထား သည်။ ကမ္ဘာ့  ဖွံ့ဖြိုးမှု နောက်ကျ ဒေသ များကို အင်တာနက် ချိတ်ဆက် ပေးနိုင်ရန် ထိုအဖွဲ့က နည်းလမ်းရှာ ကြိုး ပမ်းသွားမည် ဖြစ်သည်။ နည်းပညာ လုပ်ငန်းကြီးများ၏ ကြိုးပမ်းချက်များအပေါ် သံသယ၀င်မှုများ လည်း ရှိနေသည်။

အကြောင်းအရာကတော့ စိတ်ဝင်စား စရာ အရမ်းကောင်းပါတယ်။ နည်းပညာက ခုမှ အသစ်ဆိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါ တယ်””ဟု Endpoint Technologies နည်း ပညာလုပ်ငန်းမှ ရော်ဂျာကေးဆိုသူ ကပြော သည်။ ဂူဂဲသည် Titan ကုမ္ပဏီကို ၀ယ်ယူ လိုက်ခြင်း မှာ ဖေ့စ်ဘွတ်ခ်၏ လက်ဦး မှုကို ကာကွယ်ရန် အလို့ငှာ ၀ယ်ယူ လိုက်ခြင်းသာ ဖြစ်နိုင်ကြောင်း၊ Titan ကို ၀ယ်ယူလိုက် ခြင်းမှ ထူးခြားသော ရလဒ်များ ထွက် လာရန် သိပ်မမျှော်လင့်နိုင်ကြောင်းဖြင့် ကေးက သုံး သပ်ပြောကြားသည်။

J. Gold Associates နည်းပညာ လုပ်ငန်းစု မှ ဂျက် ဂိုးလ်ဒ် ဆိုသူ က ပို၍ပင် သံသယ၀င်လျက် ရှိနေ သည်။ ကောင်းကင်ကနေ အင်တာနက် ဖြန့် ကျက်ပေး ဖို့ကိစ္စကို လူတွေ စမ်းသပ် နေကြ တာ ကြာပါပြီ။ ခုထိ ချေချေမြစ်မြစ် လုပ်ပြ နိုင်တာမျိုး မရှိသေးပါဘူး၊ ဂူဂဲအပြင် အခြား နည်းပညာ လုပ်ငန်းတွေအနေနဲ့ ဝေးလံခေါင် သီ ဒေသ များဆီ ကောင်းကင်ယံ ကနေ အင် တာနက် ဖြန့်ကျက် ပေးဖို့ေ မာင်းသူမဲ့ ယာဉ်ပျံ ထောင်ချီပြီး အ သုံး ပြု ရ မှာဖြစ်တဲ့အတွက် ကုန်ကျစရိတ် ကာမိမယ်လို့ မထင်ပါဘူး ဟု မစ္စတာ ဂိုးလ်ဒ်က သုံးသပ် ပြောကြား သည်။ ဂူဂဲအနေနဲ့ စမ်းသပ်မှုတွေ ဆက်လုပ် သွားမှာကတော့ သေချာ ပါတယ်။ သူတို့ မှာ လုပ်နိုင်တဲ့ ငွေကြေး လည်း ရှိတယ်။ စွမ်းအင် ရင်းမြစ်တွေလည်း ရှိနေတယ်။ ဒါပေမဲ့ ဝေးလံ ခေါင်သီတဲ့ ဒေသ တွေက ပြည်သူတွေ အတွက် အင်တာနက် ဖြန့်ကျက် ပေးဖို့ရာမှာ ဒီ နည်း လမ်း တစ်ခုတည်း သာ ရှိတယ်လို့တော့ ကျွန်တော် မထင် ပါဘူး။ ပိုထိရောက်မယ့် နည်းလမ်းတွေ ထွက်ပေါ်လာဦးမယ်လို့ ယုံကြည်ပါတယ်”” ဟု မစ္စတာ ကေးက သုံး သပ်သည်။ ဂူဂဲသည် အင်တာနက် ဖြန့်ကျက်ရေး တွင် ဝေဟင် စစ်ပွဲ သာမက မြေပြင် စစ်ပွဲကို လည်း ဆင်နွှဲနေ သူဖြစ်သည်။ ကယ်လီဖိုးနီး ယားအခြေစိုက် အင်တာနက် အင်အားကြီး ဂူဂဲသည် Google Fiber စီမံကိန်းကို ဆောင် ရွက်လျက်ရှိပြီး မြန်နှုန်းမြင့် အင်တာနက် စနစ်ကို အမေရိကန်မြို့ကြီး အများအပြား တွင် စမ်းသပ်လျက် ရှိသည်။

ဂူဂဲ၏ အင်တာနက်စီမံကိန်းနှင့် နီးစပ် သူများ၏ ပြောကြားချက် များ အရလည်း ဂူဂဲ စီမံကိန်းများသည် စိတ်ကူးပေါက်လို့ စမ်းသပ် နေခြင်းမျိုး မဟုတ်ဘဲ လက်တွေ့ သုံးဖို့ စမ်း သပ်နေခြင်းဖြစ်ကြောင်း သိရသည်။ Loon မိုးပျံပူဖောင်းစနစ်၊ Titan မောင်းသူမဲ့ ယာဉ်ပျံ စနစ်များမှ စုဆောင်းရရှိသော သတင်း အချက် အလက် များ ကို အင်တာနက် ဖြန့်ကျက်ပေး ရန်သာမက အခြားသော ဂူဂဲဝန် ဆောင်မှုများ ဖြစ်သည့် Google Maps ကဲ့ သို့ စနစ်မျိုးကို ပိုအားကောင်း တိကျလာအောင် အားဖြည့်နိုင် မည့် ကောင်းကျိုး များလည်း ရနိုင်သည်ဟု သုံးသပ်မှုများ ရှိသည်။

Ref: Tech giants look to skies to spread Internet

The Messenger

ပါဝါအဖွင့်အပိတ် ချို့ယွင်းနေတဲ့ iPhone 5 တွေကို Apple ပြန်လဲပေးမယ်


 
သီဟနိုင် on 2014-04-26 11:42

iPhone 5 တွေကို ပြန်လဲပေးမယ့် ရှားပါးအစီအစဉ်တစ်ရပ်ကို iPhoneက အစပျိုးနေပါပြီ။ တချို့သော iPhone 5 တွေရဲ့ ပါဝါခလုတ် ချို့ယွင်းမှုရှိနေတဲ့အတွက် ကောင်းကောင်း အလုပ်မလုပ်တဲ့ iPhone 5 တွေကို ပြန်လဲပေးမယ်လို့ Apple က ဧပြီ၂၅ရက်နေ့မှာ ထုတ်ပြန်ပြောကြားသွားပါတယ်။

ဒီလိုပြဿနာ ကြုံနေရတဲ့ iPhone 5 ပိုင်ရှင်တစ်ယောက်အနေနဲ့ Apple’s support ၀ဘ်ဆိုဒ်မှာ ဖုန်း serial နံပါတ်နဲ့ ၀င်ရောက်နိုင်ပါတယ်။ သတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီတယ်ဆိုရင်တော့ Apple က အခမဲ့ ပြုပြင်ပေးသွားမှာပါ။

ပါဝါအဖွင့်အပိတ်ခလုတ်နေရာဟာ မထိတထိဖြစ်နေတာမျိုး၊ အလုပ်မလုပ်တော့တာမျိုး ဖြစ်တဲ့ ပြဿနာဟာ iPhone အသုံးပြုသူ ရာခိုင်နှုန်းအနည်းငယ်ပေါ်သာ သက်ရောက်မှုရှိပါတယ်။



Ref:cnet.com
Trend Myanmar

Wednesday, April 9, 2014

Telenor က ကိုယ်ပိုင်အင်တာနက်လိုင်းကို နိုင်ငံတကာနှင့် ချိတ်ဆက်ပြီး ဝန်ဆောင်မှုပေးရန်ရှိ

နော်ဝေ ဆက်သွယ်ရေးကုမ္ပဏီ Telenor က အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် မရှိသည့် ကိုယ်ပိုင်အင်တာ နက်လိုင်းတစ်ခုကို နိုင်ငံတကာ အင်တာနက်ကွန်ရက်နှင့် ချိတ်ဆက်အသုံးပြုနေပြီဖြစ်ကြောင်း ယခုလ ပထမပတ်အတွင်းတွင် ပြည်တွင်း၊ ပြည်ပသတင်းဌာနအချို့၏ တရားဝင် အင်တာနက်စာမျက်နှာများပေါ် ၌ ရေးသားဖော်ပြလာခဲ့ကြသည်။

Telenor Myanmar ကုမ္ပဏီသည် ၎င်းတို့၏ ကိုယ်ပိုင်အင်တာနက်လိုင်း တစ်ခုကို သီးသန့်တည်ဆောက် ရန်ရှိပြီး အဆင့်မြင့် အင်တာနက်ဝန်ဆောင်မှုကို ပေးနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်တွင်း မီဒီယာသို့ ပြောကြားခြင်းများ ရှိခဲ့သည်။

ယခုထွက်ပေါ်လာသည့် သတင်းများတွင် စင်ကာပူနိုင်ငံရှိ ဆက်သွယ်ရေးကုမ္ပဏီမှဖြစ်သည့် TaTa မှ တစ်ဆင့် နိုင်ငံတကာ အင်တာနက်လိုင်းကို ချိတ်ဆက်ထားခြင်းဖြစ်ပြီး ယင်းချိတ်ဆက်မှုသည် ၂၀၁၃ ခုနှစ်၊ မတ်လ ၈ ရက်က စတင်ခဲ့သည့်ဟု အထက်ပါသတင်းများတွင် ဆက်လက်ဖော်ပြထားကြသည်။

Telenor Myanmar ကုမ္ပဏီသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို မမှီခိုသည့် နိုင်ငံတကာနှင့် ချိတ်ဆက် ထားသည့် ကိုယ်ပိုင်အင်တာနက်လိုင်းတစ်ခုကို တည်ဆောက်ထားခြင်းဖြစ်ပြီး ယခုကဲ့သို့ လုပ်ဆောင်မှု သည် မြန်မာနိုင်ငံ၌ ပထမဆုံးလုပ်ဆောင်လိုက်သည့် အင်တာနက်ဆက်သွယ်မှုနှင့် ပတ်သက်ပြီး ပထမဆုံးခြေလှမ်းဖြစ်သည်ဟု သိရသည်။

ယုဇနကိုကို

Internet Journal

Friday, March 21, 2014

ကွန်ပျူတာတွင် ကပ်ထားရုံဖြင့် ဖိုင်များကို ရွှေ့ပြောင်းနိုင်မည့် Datastickies



ကွန်ပျူတာပေါ်တွင် အချက်အလက်များ လွှဲပြောင်းခြင်းကို ကပ်ခွာမှတ်စု (post-it note) တစ်ခုအနေဖြင့် မကြာမီအသုံးပြု နိုင်တော့မည်ဟု သိရသည်။

သိပ္ပံပညာရှင်များသည် ကပ်ခွာမှတ်စုနှင့် တူညီသည့် အချက်အလက် သိုလှောင်နိုင်သော ထုတ်ကုန်များကို တီထွင်ခဲ့ကြပြီး ၎င်းကိုကွန်ပျူတာ သို့မဟုတ် ထုတ်ကုန်တစ်ခုအရှေ့တွင် ကပ်ထားခြင်းဖြင့် အချက်အလက် များကို ရိုးရှင်းစွာလွှဲပြောင်း နိုင်မည်ဟုသိရသည်။

စက္ကူတစ်ရွက် ကဲ့သို့ပါးလွှာပြီး သေးငယ်သည့် အဆိုပါထုတ်ကုန်များကို Datastickies ဟုခေါ်ဆိုပြီး ၎င်းသည် post-it-note များကဲ့သို့ တစ်ခုပေါ်တွင်တစ်ခု ထပ်ထားပြီးလိုအပ်သည့် အခါတစ်ခုချင်းစီ ခွာပြီးအသုံးပြုနိုင်မည် ဖြစ်သည်။ ထို့နောက်သုံးစွဲသူများသည် ၎င်းတို့ကိုကွန်ပျူတာ၊ တီဗွီ၊ စမတ်ဖုန်းနှင့် tablet ကွန်ပျူတာ၏အရှေ့တွင် ကပ်ထားခြင်းဖြင့် အချက်အလက် များကိုလွှဲပြောင်း နိုင်မည်ဖြစ်သည်။

Datastickies များကိုလျှပ်စစ် စီးဆင်းနိုင်သည့် graphene ဟုခေါ်သောကာဗွန် အက်တမ်အလွှာ တစ်ခုဖြင့် ပြုလုပ်ထားပြီး သိုလှောင်မှုပမာဏ 32 GB အထိရရှိနိုင်မည် ဖြစ်သည်။

လက်ရှိတွင်အဆိုပါ နည်းပညာကိုဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်လျက်ရှိပြီး တစ်ချိန်ချိန်တွင် နာမည်ကျော် USB drive များ၏နေရာ၌ အစားထိုးနိုင်ရန် မျှော်လင့်ထားကြကြောင်း သိရသည်။

Datasitickies ၏ဒီဇိုင်းကိုအိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှ ဒီဇိုင်နာ Aditi Sigh နှင့်တက္ကသိုလ်ပါမောက္ခ Parag Anand တို့ကတီထွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

-နောင်နောင်
 
Ref: DailyMail

Internet Journal

Saturday, March 8, 2014

မြန်မာနိုင်ငံအတွင်း Facebook သုံးစွဲသူ ၁ ဒသမ ၄ သန်းကျော်ရှိ




ကမ္ဘာတွင် အောင်မြင်နေပြီး မြန်မာနိုင်ငံတွင်လည်း လူသုံးအများဆုံး လူမှုကွန်ရက် ဝက်ဘ်ဆိုက်ဖြစ်သော Facebook ကို ပြည်တွင်းသုံးစွဲသူ ၁ ဒသမ ၄ သန်းကျော် ရှိနေကြောင်း Facebook APAC မှ နည်းပညာဌာန အကြီးအကဲဖြစ်သူ Mr. Paul Webster က ပြောကြားသည်။
“မြန်မာနိုင်ငံမှာ Facebook Account ဖွင့်ထားတဲ့သူ အရေအတွက်က လက်ရှိမှာ ၁ ဒသမ ၄ သန်းကျော်အထိ ရှိနေပါပြီ။ အဲဒီထဲကမှ ၁ ဒသမ ၁ သန်းက မိုဘိုင်းလ် ဖုန်းတွေကနေတစ်ဆင့် သုံးစွဲကြတာပါ” ဟု ၎င်းကဆိုသည်။

ပြည်တွင်း ဆက်သွယ်ရေးကဏ္ဍကို ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက် ပြုလုပ်နေပြီး မကြာမီ ပိုမိုကောင်းမွန်သော အင်တာနက် ဝန်ဆောင်မှုများ သုံးစွဲနိုင်တော့မည် ဖြစ်သောကြောင့် မြန်မာနိုင်ငံအတွင်း Facebook သုံးစွဲသူ အရေအတွက် ပိုမို တိုးပွားလာရန်လည်း Facebook APAC က မျှော်မှန်းထားသည်။

အင်တာနက်နှင့် မိုဘိုင်းလ်ဖုန်း သုံးစွဲသူများသည့် မြို့ကြီးများတွင် မိုဘိုင်းလ်ဖုန်း သုံးစွဲသူ စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းမှာ စမတ်ဖုန်း သုံးစွဲသူများ ဖြစ်ပြီး အားလုံးနီးပါး Facebook သုံးစွဲကြကာ ရေရှည်တွင် မိုဘိုင်းလ်ဖုန်း SIM Card နှင့် Handset ဈေးနှုန်းများ ပိုမိုသက်သာလာပါက Facebook သုံးစွဲသူ အရေအတွက် ပိုမိုလာမည်ဟု ပြည်တွင်းရှိ နည်းပညာဆိုင်ရာ ပညာရှင်များက ခန့်မှန်းထားသည်။

Facebook က မြန်မာပြည်မှာ အသုံးအများဆုံး Social Network ပါပဲ။ အများစုက လူငယ်တွေပါ။ င်္ Facebook ကိုယ်တိုင်က Facebook For Business လို့ဆိုထားတော့ ဒီက လူငယ်တွေလည်း ဒီ Social Network ပေါ်ကနေ အခွင့်အလမ်းတွေ ရှာသင့်တယ်။ အခုနောက်ပိုင်းတော့ Online Shopping Page လိုဟာလေးတွေတော့ တွေ့လာနေရပါပြီ” ဟု ကွန်ပျူတာ ပညာရှင် ဦးရဲဝင့်အောင်က ဆိုသည်။

လူဦးရေသန်း ၆၀ ဝန်းကျင်ရှိသော မြန်မာနိုင်ငံအတွင်း လက်ရှိ Internet Penetration (စုစုပေါင်း အင်တာနက် သုံးစွဲသူအချိုး) မှာမူ တစ်ရာခိုင်နှုန်းနှင့် တယ်လီဖုန်း သုံးစွဲသူပမာဏမှာ ဆယ့်တစ် ရာခိုင်နှုန်း ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနထံမှ သိရှိရသည်။

တစ်ကမ္ဘာလုံးရှိ လူဦးရေ ၇ ဒသမ ၈ ဘီလီယံ၏ သုံးပုံတစ်ပုံမှာ အင်တာနက် သုံးစွဲကြပြီး Facebook သုံးစွဲသူ အရေအတွက်မှာမူ ၁ ဒသမ ၂၂၈ ဘီလီယံအထိ ရှိနေကာ အာရှ၊ ပစိဖိတ် ဒေသအတွင်း သုံးစွဲသူ ၃၅၁ သန်းအထိ ရှိကြောင်း Facebook Inc က ထုတ်ပြန်ထားသည်။

The Voice Weekly

Friday, March 7, 2014

GSM / WCDMA / CDMA တို့ရဲ့ ဆက်သွယ်ရေးဝန်ဆောင်မူများကိုဆောင်ရွက်ပေးမယ့် - MPT Service v1.3(Beta)

mptservice
 အခုတင်ပေးလိုက်တဲ့ MPT Service ဆိုတဲ့ Application လေးကိုတော့ မြန်မာပြည်မှာ ရှိတဲ့ သူငယ်ချင်းများရှိ ထားသင့်တဲ့ Application တစ်ခုဖြစ်ပါတယ်ဗျာ။ မြန်မာနိုင်ငံသုံးဆက်သွယ်ရေးဝန်ဆောင်မူများကို Touch တစ် ချက် နှိပ်လိုက်ရုံနဲ့ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်ဗျာ။ သူ့ရဲ့လုပ်ဆောင်ချက်တွေကိုအောက်မှာအသေး စိတ်ရေးပေးထားပါတယ်ဗျာ။ အခု Application လေးကိုတော့ မြန်မာနိုင်ငံရဲ့ Developer တစ်ဦးဖြစ်တဲ့ ကိုဖြိုးချမ်း ကဖန်တီးထားတာဖြစ်ပါတယ်ဗျာ။ Android OS 2.3.3 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါ တယ်ဗျာ။

မြန်မာနိုင်ငံသုံးဆက်သွယ်ရေးဝန်ဆောင်မူများအတွက်ဖြစ်ပါတယ်။
ဒီ App ကနေ Gsm အချင်းချင်းငွေဖြည့်ငွေလွဲလုပ်နိုင်ခြင်း
CDMA ငွေဖြည့်နိုင်ခြင်း
GSM/WCDMA Internet လျှောက်ထားနိုင်ခြင်း
GSM/WCDMA  Internet Setting ချိန်နည်းပါရှိခြင်း
MEC CDMA Internet Setting ချိန်နည်းပါရှိခြင်း
MPT CDMA Internet Setting ချိန်နည်းပါရှိခြင်း
GSM/WCDMA Call Waiting Service လျှောက်ထားနိုင်ခြင်း
GSM/WCDMA Call Forward Service လျှောက်ထားနိုင်ခြင်း
GSM/WCDMA Miss Call Altert Service လျှောက်ထားနိုင်ခြင်း
GSM/WCDMA Voice Mail လျှောက်ထားနိုင်ခြင်း
အပြင် မိမိ လျှောက်ထားပြီးသော်လဲ မကြိုက်သက်ရင် ပြန်ဖျက်နိုင်တဲ့
Function အသစ်ထည့်သွင်းပေးထားပါတယ်။
Developer Feed Back ပြန်ပေးနိုင်ခြင်း အစရှိသည်တို့ကို
လုပ်ဆောင်နိုင်ပါသည်။
အရင် Version တွေမှာထည့်သွင်းမထားသော ၀န်ဆောင်မူ့များကိုလျှောက်ထား
ရာတွင် မြန့်မာ ဆက်သွယ်ရေးကို Message ရောက်မရောက်သိရှိနိုင်မည့်
Function အသစ်ထည့်သွင်းထားပါတယ်။
အရင်က Error တော်တော်များများကိုဖြေရှင်းပေးထားပါတယ်။
App အတွင်းမြန်မာလိုအညွန်းများပါဝင်ခြင်းကြောင့်အဆင်ပြေပြေ
လုပ်ဆောင်နိုင်မှာပါ။
Service တစ်ခုခြင်းဆီရဲ့အချက်အလက်များကို App အတွင်းရေးသားပေးထားပါတယ်။
Google Play Store ကနေ တိုက်ရိုက်ဒေါင်းနိုင်ပါတယ်။
Review နဲ့ Vote လေးပေးသွားပါအုံး =D
Screenshot_1980-01-06-00-50-46 Screenshot_1980-01-06-00-50-54 Screenshot_1980-01-06-00-51-14 Screenshot_1980-01-06-00-51-20 Screenshot_1980-01-06-00-51-28 Screenshot_1980-01-06-00-51-47 Screenshot_1980-01-06-00-51-52 Screenshot_1980-01-06-00-51-58 Screenshot_1980-01-06-00-52-02



 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Download

Download


Playstore ကနေဒေါင်းခြင်းဖြင့်ကူညီပါအုံး။

www.pyaephyo.com

Friday, February 28, 2014

Apple Siri နောက်ကွယ်က အသံပိုင်ရှင်


၂၀၁၁ ခုနှစ် အောက်တိုဘာလက စလို့ iPhone 4S မှာ Siri ဆိုတဲ့ အသံဖြင့် စေခိုင်း Application တစ်ခု ပါဝင် လာပါတယ်။ ယင်းထဲက အမေရိကန် အသံပိုင်ရှင် ကတော့ ပုံမှာ မြင်တွေ့ နေရတဲ့ Susan Bennett လို့ အမည်ရတဲ့ အမျိုးသမီးပဲ ဖြစ်ပါတယ်။

သူမဟာ အသံပိုင်းဆိုင်ရာ အနုပညာ ဂီတမှာ ပရော်ဖက်ရှင် လုပ်ကိုင်နေ သူ ဖြစ်ပြီး စာလည်း ပြန်သင် ပါတယ်။ သူမရဲ့ အသံကို Delta Airline လို ကမ္ဘာ့အကြီးဆုံး လေကြောင်းလိုင်းထဲမှ တစ်ခုကလည်း အသုံးပြုခဲ့ ပါတယ်။ ဒါ့အပြင် Coca Cola, McDonald, CN Cartoon, Discovery Channel အစရှိသဖြင့် ကမ္ဘာ့ အကြီးဆုံး အအောင်မြင်ဆုံး ကုမ္မဏီများရဲ့ ကြော်ငြာ၊ စက်ရုပ်လုပ်ငန်း၊ ရုပ်သံ အစီအစဉ် နဲ့ စက်ပစ္စည်း အတော်များများ မှာ ပါဝင်ခဲ့ ပါတယ်။

Apple ရဲ့ ကမ်းလှမ်းမှုကို လက်ခံပြီး Siri မှာ အသံသွင်းပြီးနောက် ဆူဆန် (Susan Bennett ) ဟာ အောင်မြင်တဲ့ အသံ အနုပညာရှင် တစ်ဦး ဖြစ်လာ ခဲ့ ပါတယ်။
 
 Ref: wiki
International news for Myanmar

Sunday, February 23, 2014

အော်ရီဒူး ဖုန်းကတ်တွင် မိုဘိုင်းလ် ဘဏ်စနစ် ပါဝင်မည်


အော်ရီဒူးက ဆင်းမ်ကတ် စတင် ရောင်းချချိန်တွင် မိုဘိုင်းလ်ဖုန်းမှ တစ်ဆင့် ဘဏ်ဝန်ဆောင်မှု
များ ပေးမည့် Mobile Banking စနစ်နှင့် 3G စနစ်များ ပါဝင်လာမည် ဖြစ်ကြောင်း အော်ရီဒူးမြန်
မာမှ အမှုဆောင် အရာရှိချုပ် Ross Cormack က ပြောကြားသည်။


“ဆင်းမ်ကတ် စရောင်းတဲ့ အချိန်မှာ ပြည်တွင်းဘဏ် Account ရှိသူတွေ သုံးစွဲနိုင်မယ့် Mobile
Banking စနစ် တစ်ပါတည်း ပါဝင်ပါမယ်။ 3G စနစ်နဲ့ စပေးမယ်။ Data ရော Voice ပါ တစ်ပါ
တည်း ပါမယ်” ဟု ၎င်းကဆိုသည်။

သို့သော် မိုဘိုင်းလ် ငွေပေးချေမှု စနစ်များမှာမူ ဆက်သွယ်ရေး နည်းဥပဒေ ထွက်ရှိသည့် အချိန်
ကို စောင့်ဆိုင်းပြီး ဆွေးနွေးမှုများ ထပ်မံ ပြုလုပ်ရဦးမည် ဖြစ်ရာ ယခုနှစ်ကုန်ပိုင်းမှ စတင်နိုင်
မည်ဟု ၎င်းကဆိုသည်။

အော်ရီဒူး ကုမ္ပဏီသည် ဆင်းမ်ကတ်များကို ၁၅၀၀ ကျပ်ဖြင့် ယခုနှစ်လယ်တွင် စတင် ရောင်း
ချမည် ဖြစ်ပြီး ဖုန်းခေါ်ဆိုခများကိုမူ ဆင်းမ်ကတ်များ စတင် ရောင်းချမည့်အချိန်ကာလ နီးကပ်
မှသာ ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရှိရသည်။

“ဒီအတိုင်းဆိုရင် ဘဏ် Account မရှိတဲ့သူတွေအတွက် ဒီ Mobile Banking စနစ်က အသုံး
မဝင်နိုင်ဘူး။ ပြည်တွင်းမှာ ဘဏ် Account ရှိတဲ့သူက ဘယ်နှယောက်ရှိလို့လဲ တယ်လီနော
က လုပ်မယ့် မိုဘိုင်းလ် ငွေလွှဲစနစ်ကို ပိုစိတ်ဝင်စားတယ်” ဟု Star မိုဘိုင်းလ် ဖုန်းဆိုင်မှ ဦး
ဇော်မင်းက ဆိုသည်။

တယ်လီနော ကုမ္ပဏီကလည်း မိုဘိုင်းလ်မှတစ်ဆင့် ငွေကြေး လွှဲပြောင်းသည့် ဝန်ဆောင်မှု
ပေးရန် ပြင်ဆင်နေပြီး 2Gနှင့် 3G စနစ်များ ပါဝင်သော Sim Card များကို လာမည့် ခြောက်
လမှ ရှစ်လအတွင်း စတင် ရောင်းချသွားမည်ဟု ကြေညာထားသည်။

The Voice Weekly

Friday, February 21, 2014

ဖုန်းငွေဖြည့်ကတ်များအား ကုမ္ပဏီကိုးခုမှ ဆောင်ရွက်တော့မည်

ဈေးကွက်အတွင်း ဖုန်းငွေဖြည့်ကတ်များအား ကုမ္ပဏီငါးခုမှ ထုတ်လုပ်ဖြန့်ချိလျက်ရှိရာ ယခုအခါ ကုမ္ပဏီကိုးခုမှ စတင် ဖြန့်ချိပေးသွားတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။   အဆိုပါ ငွေဖြည့်ကတ်များကို လက်ရှိဈေးကွက်တွင် Elite Tech, Asia Mega Link, တာမိုးညဲ၊ ရွှေသံလွင်၊ ရတနာပုံစသည့် ကုမ္ပဏီငါးခုက ဖြန့်ချိပေးလျက်ရှိသည်။ “ငါးခုကနေပြီးတော့ သူတို့ရဲ့ စာချုပ်သက်တမ်းက ပြီးခဲ့တဲ့ ဒီဇင်ဘာလောက်မှာ ကုန်တယ်လို့ကြားရတယ်။ ဇန်နဝါရီလထဲမှာ အသစ်စလုပ်မယ်ဆိုတဲ့ အချိန်မှာ အရင်တုန်းကလို မဟုတ်ဘဲနဲ့ အကုန်လုံးအပြောင်းအလဲတွေ ဖြစ်လာတဲ့အချိန်မှာ ဆက်သွယ်ရေးက ပြုပြင်ပြောင်းလဲရေးတွေ အများကြီးလုပ်တယ်။ အားလုံးကို တင်ဒါစနစ်နဲ့သွားမယ်ဆိုပြီးတော့ တင်ဒါခေါ်လိုက်တော့ ကုမ္ပဏီတွေ အများကြီးလျှောက်ကြတယ်။ လျှောက်တဲ့အထဲမှာ ပထမအဆင့် ဆယ်ယောက်။ အဲဒီကနေ ကိုးယောက်ဆန်ခါတင် ကျန်ခဲ့ပြီးတော့ အဲ့ဒီကိုးယောက်နဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု လုပ်ကိုင်ခွင့်ရ ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူက ပြောသည်။   လုပ်ကိုင်ခွင့်ရ ကုမ္ပဏီကိုးခုတွင် ယခင်ကုမ္ပဏီလေးခု ပါဝင်ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီများအနေဖြင့် ဇန်နဝါရီ ပထမအပတ်မှ စတင်ကာ နှစ်လအတွင်း ဖုန်းငွေဖြည့်ကတ်များကို ဈေးကွက်အတွင်း ဖြန့်ဖြူးသွားရမည် ဖြစ်ကြောင်း၊ ဖြန့်ချိခြင်းအား ဈေးနှုန်းများ ကန့်သတ်ထားပေးခြင်းမျိုး မရှိဘဲ လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်ရောင်းချနိုင်ကြမည် ဖြစ်ကြောင်း သိရသည်။ “ရတနာပုံက အော်ပရေတာအနေနဲ့ သီးခြားပေါ်ထွက်လာတော့မှာဆိုတော့ အခုတင်ဒါမှာ သူတို့မပါဘူး။ လူဟောင်းလေးယောက်၊ လူသစ်ငါးယောက်မှာ ကျွန်တော်တို့ တစ်ဦးအပါအဝင် ဖြစ်တယ်။ ဒီဇင်ဘာလမှာ စာချုပ်ချုပ်ခဲ့ပြီးပြီ။ နှစ်လအတွင်းစပြီးတော့ ဖြန့်ဖြူးသွားမယ်” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။   ကုမ္ပဏီငါးခုမှ ကိုးခုပြောင်းလဲခြင်းသာဖြစ်ပြီး ဈေးကွက်အတွင်း ဖြန့်ချိပေးခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းများ ပြောင်းလဲသွားမည် မဟုတ်ကြောင်း သိရသည်။ “ကတ်ရိုက်တဲ့ စက်ရှိတဲ့သူကိုပဲ ဖြန့်ခွင့်ပေးမယ်ပေါ့။ တချို့ ကုမ္ပဏီတွေမှာ စက်မရှိသေးဘူး။ သူတို့ကို နှစ်လအချိန်ပေးထားတယ်။ အဲဒီနှစ်လအတွင်းမှာ စီမံပြီးတော့ စတင်ရိုက်နှိပ်ဖြန့်ဖြူးမှာ” ဟု ဆိုသည်။ ဖြန့်ချိရာတွင် မည်သည့်ကုမ္ပဏီက မည်သည့်ဒေသတွင် ဖြန့်ဖြူးရောင်းချရမည် စသည့် အချက်များကိုလည်း ကန့်သတ်မထားလည်း လွတ်လပ်စွာရောင်းချ နိုင်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပုံမှန်ဖြန့်ဖြူးလျှက်ရှိသော ဖုန်းငွေဖြည့်ကတ်များအပြင် နောက်ပိုင်းတွင် အီလက်ထရောနစ် ငွေဖြည့်ကတ်များကိုလည်း ဆောင်ရွက်ရန် ကုမ္ပဏီအချို့က စီစဉ်ထားကြောင်း သိရှိရသည်။ 




ကိုထိုက်

အဆင်ပြေပါစေ..




Credit : အင်တာနက်ဂျာနယ်

မလေးရှားနိုင်ငံသို့ သွားရောက်မည့် မြန်မာအလုပ်သမားများအား ဆင်းကတ်များ အခမဲ့ထုတ်ပေးမည်

 
ရန်ကုန် ဖေဖော်ဝါရီ ၁၉

မလေးရှားနိုင်ငံသို့သွားရောက်မည့် မြန်မာပြည်သူများအတွက်မလေးရှား နိုင်ငံသုံး ဆင်းကတ်များကို လာမည့် မတ် ၁ ရက်မှစတင်ကာ အခမဲ့ပေးအပ် သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် မလေးရှားနိုင်ငံရှိ Tone Plus ကုမ္ပဏီတို့၏ ဆင်းကတ်ပေးအပ်ရန် နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှ သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှု ဖူလုံရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော ပင်လုံသင်တန်းကျောင်းတွင် ရုံးခန်းဖွင့်လှစ်ကာ မလေးရှားနိုင်ငံသို့ သွားရောက်မည့် မည်သူ့ကိုမဆို အခမဲ့ ဆင်းကတ်ထုတ်ပေးသွားမည်ဟ Tone Plus ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Tone Plus ငွေဖြည့်ကတ်ကို တစ်ရက်လျှင် မလေးရှားရင်းဂစ်တစ်ရင်းဂစ်၊ တစ်လ ၃၀ ရင်းဂစ်နှုန်းဖြင့် ပုံမှန်သုံးစွဲရမည်ဖြစ်ပြီး ငွေဖြည့် ကတ်သုံးစွဲမှုအပေါ်မူတည်၍ အသက် အာမခံကြေး၊ လေယာဉ်လက်မှတ်၊ ဟိုတယ်အခန်းခ Discount များ ပါဝင်မည်ဖြစ်သည်။ မလေးရှားနိုင်ငံ ၏ယခုလက်ရှိခေါ်ဆိုခများထက် ဈေးနှုန်း လျှော့ထားပြီး မည်သည့် ဟန်းဆက်နှင့်မဆို တွဲ၍သုံးစွဲနိုင်သည်ဟု သိရသည်။

“နိုင်ငံခြားရောက်ရင် ကိုယ့်မိသားစုကိုဆက်သွယ်ဖို့ ဖုန်းကမဖြစ်မနေသုံးစွဲ ရမှာပါ၊ အလုပ်သမားတွေအတွက် အသက်အာမခံတွေ၊ Discount တွေ စတဲ့ ခံစားခွင့်တွေပါဝင်တဲ့အတွက် အကျိုးရှိတဲ့ အစီအစဉ်ဖြစ်မှာပါ” ဟု မြန်မာပြည်ပအလုပ်အကိုင်အေဂျင်စီ အသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောကြားသည်။

အဆိုပါ မလေးရှားဆင်းကတ် အခမဲ့ပေးအပ်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ထရိတ်ဒါးဟိုတယ်၌ ယနေ့တွင်ကျင်းပခဲ့ပြီး အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် တက်ရောက်ခဲ့ကာ မြန်မာပြည်ပ အလုပ်အကိုင်အေဂျင်စီ အသင်းချုပ်ဥက္ကဋ္ဌနှင့် Tone Plus ကုမ္ပဏီမှ Executive Chair Man တို့က နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ကြသည်။

 
MOI Webportal Myanmar

ခြင်ကိုက်တာတာကို ကာကွယ်နိုင်မယ့် LG လေအေးပေးစက် မတ်လတွင် လာမည်


ကမ္ဘာကျော် အီလက်ထရောနစ်ပစ္စည်းတွေထုတ်တဲ့ LG Electronics က မီးအားမမှန်တဲ့ မြန်မာပြည်လိုနိုင်ငံတွေမှာ Safeguard မလိုဘဲ သုံးနိုင်မယ့် လေအေးပေးစက်နဲ့ ခြင်ပြေးစေတဲ့ လေအေးစက်တွေကို မိတ်ဆက်လိုက်ပါတယ်။

Auto Voltage Switcher AVS စနစ်ပါ လေအေးပေးစက်ဟာ အာရှတိုက်အနေနဲ့ မြန်မာပြည်မှာ ပထမဆုံး စတင်မိတ်ဆက်လိုက်တာဖြစ်ပြီး ဗို့အား ၁၆၅အောက်နဲ့ ၂၉ဝအထက်ကို ရောက်ခဲ့ရင် ဒီစနစ်က အလိုအလျောက် စတင်လုပ်ဆောင်မှာဖြစ်တယ်လို့ဆိုပါတယ်။

ကုန်သည်ကြီးများဟိုတယ်မှာ ကုန်ပစ္စည်းမိတ်ဆက်တဲ့အခမ်းအနားမှာ LG Electronics လေအေးပေး စက်တွေကို တင်သွင်းခွင့်ရထားတဲ့ TMW ကုမ္ပဏီက မီးအားမမှန်တဲ့အတွက်လည်း စိတ်ချရသလို ခြင်လည်းပြေးစေတဲ့ ဒီစက်နှစ်မျိုးဟာ လူတွေကို ထိခိုက်မှုမရှိတဲ့ ထောက်ခံချက်ရထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ဈေးကွက်ထဲမှာ AVS စနစ်သုံး လေအေးပေးစက်ရောက်နေပေမယ့် ခြင်ပြေး လေအေးပေးစက်တွေက တော့ လာမယ့် မတ်လမှာသာ ဈေးကွက်ထဲ ရောက်မယ်လို့ ဆိုပါတယ်။

ကုန်ပစ္စည်း မိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၁၇ရက်နေ့ညနေမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရဲရင့်အောင်၊ သန္တာဗိုလ်နဲ့ Life and Dance အဖွဲ့တို့က ဖျော်ဖြေခဲ့ကြပါတယ်။ ကုန်ပစ္စည်းမိတ်ဆက်ပွဲကို တက်ရောက်လာသူတွေကိုလည်း ကံစမ်းမဲတွေ ဖောက်ပေးခဲ့ပါတယ်။

Kamayut Media

Friday, February 14, 2014

အူရီဒူးမြန်မာနှင့် သက်ဆိုင်သည့် အချက်အလက်များလေ့လာနိုင်ရန် ၀က်ဘ်ဆိုဒ်လွှင့်တင်

မောင်မန်း|ဖေဖော်ဝါရီ ၁၃ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၄ ခုနှစ်။

မြန်မာနိုင်ငံတွင် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုပေးမည့် အော်ပရေတာတစ်ခုဖြစ်သော အူရီဒူးမြန်မာ ကုမ္ပဏီက ၎င်းတို့နှင့်သက်ဆိုင်သော အချက်အလက်များလေ့လာနိုင်ရန်အတွက် ၀က်ဘ်ဆိုဒ်လွှင့်တင် လိုက်ပြီဖြစ်သည်ဟု ကုမ္ပဏီက ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ ၀က်ဘ်ဆိုဒ်တွင် အူရီဒူးမြန်မာ၏ အချက်အလက်များ၊ ကုမ္ပဏီကခန့်ထားမည့် အလုပ်အကိုင် အခွင့်အလမ်းများ၊ သတင်းနှင့် လူမှုရေးကဏ္ဍများပါဝင်မည်ဖြစ်ပြီး အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ၀င် ရောက်ဖတ်ရှုနိုင်မည် ဖြစ်သည်။

အူရီဒူးမြန်မာ၏ ၀က်ဘ်ဆိုဒ်ကို လေ့လာလိုပါက http://www.ooredoo.com.mm/ တွင်လေ့လာနိုင်မည် ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းနှင့်ပတ်သက်ပြီး “မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်းများ စွာအတွက် လျှောက်လွှာတင်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု အူရီဒူးမြန်မာဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

လက်ရှိတွင် လူ့စွမ်းအားအရင်းအမြစ်၊ အုပ်ချုပ်ရေး၊ သုံးစွဲသူဝန် ဆောင်မှုပေးရေး၊ ဘဏ္ဍာရေး၊ဆက်သွယ် ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာ၊ ဈေးကွက်မြှင့်တင်ရေးစသည့် နေရာများအတွက် အလုပ် လျှောက်လွှာများကို ၀က်ဘ်ဆိုဒ်မှတဆင့် လျှောက်ထားနိုင်မည် ဖြစ်သည်။

အူရီဒူးမြန်မာ ကုမ္ပဏီအနေဖြင့် ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်အပြင် ဖေ့ဘွတ်ခ်၊ တွစ်တာစသည့် လူမှုကွန်ရက်များ တွင်လည်း ၎င်းတို့နှင့်ပတ်သက်သည့် အချက်အလက်များအား ဖော်ပြပေးနေသည်။

အူရီဒူးမြန်မာကုမ္ပဏီသည် ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသ၊ မြောက်အာဖရိကတိုက်နှင့် အရှေ့တောင် အာရှဒေသနိုင်ငံများတွင် ကြိုးမဲ့အင်တာနက်ဝန်ဆောင်မှု၊ ကြိုးလိုင်းအင်တာနက်ဝန်ဆောင်မှုများပေးနေ သည့် ကုမ္ပဏီဖြစ်သည်။ ဆက်သွယ်ရေးလုပ်ငန်း ၀န်ဆောင်မှုအနေဖြင့် နိုင်ငံပေါင်းကိုးနိုင်ငံခန့်တွင် ၀န်ထမ်းဦးရေ ၉၂ ဒဿမ ၉သန်းခန့် ဖြင့် ၀န်ဆောင်မှုပေးနေသည့် ကုမ္ပဏီ ဖြစ်သည်။

Mizzima

Friday, January 17, 2014

မိုဘိုင်းဖုန်းဆက်သွယ်ပြောဆိုမှု အခက်အခဲဖြစ်ပေါ်ပါက ဖြစ်ပေါ်သည့် နေ့ရက်၊ အချိန်၊ နေရာများကို တိကျစွာ ဆက်သွယ်ပြောကြားခြင်းဖြင့် ကူညီရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကဆို


မိုဘိုင်းဖုန်းဆက်သွယ်ပြောဆိုမှု အခက်အခဲဖြစ်ပေါ်ပါက Call Center ၏ (1876) ဖုန်းနံပါတ်သို့ ဆက်သွယ်ပြောကြားခြင်းဖြင့် ကူညီပေးရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောကြားသည်။

မိမိတို့ ဖြစ်ပေါ်နေသည့် အခက်အခဲများအား နေ့ရက်၊ အချိန်၊ နေရာများကို တိကျစွာပြောကြားခြင်းဖြင့် ကူညီပေးပါရန်နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ GSM/ WCDMA မိုဘိုင်းဖုန်းသုံးစွဲမှု အဆင်ပြေစေရန်အတွက် စက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်ဟု သတင်းထုတ်ပြန်သည်။ ယခုအခါ မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ပြောဆိုမှုများနှင့်အတူ Network Quality Improvement ဖြစ်စေရန်အတွက် Optimization လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

အဆိုပါ လုပ်ငန်းများဖြစ်သော စက်ချိန်ညှိခြင်းလုပ်ငန်း၊ တိုင်းတာစမ်းသပ်ခြင်း လုပ်ငန်းများကို ၃၁.၁.၂၀၁၄ ရက်အထိ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “ဒီရက်ပိုင်း လိုင်းကြပ်တာတော့  တော်တော်ဆိုးတယ်၊ ကိုယ့်ဖုန်းကို မသင်္ကာလို့ သူငယ်ချင်းတွေကို မေးကြည့်တော့ သူတို့ဖုန်းတွေလည်း လိုင်းကြပ်နေတယ်၊ တော်ရုံနဲ့ ခေါ်မရတာတို့ လိုင်းမကြည်တာတို့ ကြုံရတယ်လို့ ပြောတယ်။ 
 
ကျွန်တော့်ဖုန်းဒီလိုဖြစ်တာ နှစ်ပတ် ဝန်းကျင်လောက် ရှိပါပြီ” ဟု ၀၉၄၂ ဖုန်း ကိုင်ဆောင်သူ ကိုဖြိုးက ပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက နေပြည်တော်နယ်မြေနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  GSM/ WCDMA မိုဘိုင်း Network တွင် Vendor နှစ်ခုရှိနေသဖြင့် မိုဘိုင်းဖုန်းခေါ်ဆိုမှု အခက်အခဲရှိနေခြင်း၊ အသံအရည်အသွေး ကောင်းမွန်မှုမရှိခြင်းတို့ကို ပြုပြင်ရန်အတွက် စက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အဆိုပါ ဆောင်ရွက်ချက်နှင့်အတူ ဒေသတစ်ခုအတွင်း အသံအရည်အသွေး (Voice Quality) တစ်ခုတည်းရှိအောင် စက်ပစ္စည်းများ လဲလှယ်တပ်ဆင်ခြင်းတို့ကို တပြိုင်တည်း ဆောင်ရွက်ခဲ့ကြောင်း ဆိုသည်။ နေပြည်တော်နယ်မြေတွင် ၂၇.၁၁.၂၀၁၃ ရက်မှ ၆.၁၂. ၂၀၁၃ ရက်အထိ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၃.၁၂.၂၀၁၃ ရက်မှ ၂၉.၁၂. ၂၀၁၃ ရက်အထိ လည်းကောင်း တိုးချဲ့ လဲလှယ်တပ်ဆင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
 
 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် နေပြည်တော်နယ်မြေအတွင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း မိုဘိုင်းရေဒီယို စက်ပစ္စည်းများ လဲလှယ်တပ်ဆင်ပြီးစီး၍ စက်ချိန်ညှိခြင်း၊ တိုင်းတာစမ်းသပ်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းကို သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။


ထွန်းထွန်း
Internet Journal

Friday, January 3, 2014

အင်တာနက်ပိုမိုမြန်လာဖို့ Google နှင့် Facebook တို့ မြန်မာပြည်တွင်းမှာ ဆာဗာထိုင်ဖို့ ဆွေးနွေး


ရန်ကုန်၊ ဒီဇင်ဘာ (၂၉) ။ ။ ဂူဂဲလ်နဲ့ဖေ့ဘုတ်စ်ရဲ့ ဆာဗာတွေကို ပြည်တွင်းမှာ အထိုင်ထားရှိဖို့အတွက် ဆွေးနွေးနေတယ်လို့ သိရပါတယ် ။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးကျော်စိုးဝင်းက ' ပြည်တွင်းမှာ အခုဂူဂဲလ်တို့၊ဖေ့ဘုတ်စ်တို့ ဘေးချင်းကပ်သုံးနေပေမယ့် တစ်ယောက်နဲ့တစ်ယောက်ပို့ရင်တိုက်ရိုက်ဝင်တာမဟုတ်ဘူး ၊ ဒီကပို့တဲ့ဟာက ဟိုကိုပြန်သွားပြီးမှ ပြန်ဝင်လာတာ ၊ သူတို့ဆာဗာတွေဒီမှာလာထိုင်ဖြစ်ရင်တော့ ပြည်ပက ဆာဗာကိုထွက်စရာမလိုတော့ ပိုမြန်တာပေါ့ 'လို့ပြောပါတယ် ။

အဆိုပါကိစ္စအတွက် ဂူဂဲလ်နဲ့ဖေ့ဘုတ်စ်က စီစဉ်ပေးမယ်ပြောထားပေမယ့် ဆွေးနွေးနေဆဲလို့ သိရပါတယ် ။ အင်တာနေရှင်နယ်ဂိတ်ဝေးအဖြစ် အသံအသုံးပြုတာနဲ့ အင်တာနက်အသုံးပြုတာနှစ်မျိုးရှိပြီး ဂိတ်ဝေးနှစ်ခုလုံးက အမ်ပီတီရဲ့လက်အောက်မှာရှိပါတယ်။

နိုင်ငံတကာအော်ပရေတာတွေအပါအ၀င် အော်ပရေတာလေးဦး ၀န်ဆောင်မှုပေးတဲ့အခါမှာလည်း အမ်ပီတီရဲ့ ဂိတ်ဝေးကိုပဲဌားရမ်းအသုံးပြုဖွယ်ရှိတယ်လို့ သိရပါတယ်။

ဦးကျော်စိုးဝင်းက ' ဂိတ်ဝေးကထွက်မယ့်ဆက်ကြောင်းတွေကလဲ အမ်ပီတီမှာရှိတာပဲ ၊ ဆီးမီဝီသရီးဆိုတဲ့ ပင်လယ်ရေအောက်ကေဘယ်ဆက်ကြောင်းရှိတယ် ၊ ထိုင်း cross-border ဆက်ကြောင်းနဲ့ တရုတ် cross-border ဆက်ကြောင်းရှိတယ်၊ပြီးတော့ ဂြိုဟ်တုကနေသွားတဲ့ဟာရှိတယ် ၊ဆက်ကြောင်းလေးခုလုံးကို အမ်ပီတီတစ်ဦးတည်းပိုင်တာ'လို့ပြောပါတယ်။

လက်ရှိမှာဆီးမီဝီသရီးက မကြာခဏပြတ်တောက်လေ့ရှိတာကြောင့် အင်တာနက်လိုင်းတွေနှေးလေ့ရှိပြီး Bandwidth ပိုင်းမှာလည်း အားနည်းတယ်လို့သိရပါတယ် ။

ပြည်တွင်းမှာ ဒေတာစင်တာတွေနဲ့ ဂူဂဲလ်၊ဖေ့ဘုတ်စ်တို့လို ကုမ္ပဏီကြီးတွေရဲ့ဆာဗာတွေ အထုင်ရှိမယ်ဆိုရင် အင်တာနက်အသုံပြုမှုနှုန်း ပိုမိုလျင်မြန်လာမှာ ဖြစ်ပါတယ် ။ ဂူဂဲလ်မှတာဝန်ရှိသူ Eric Schmidt နဲ့ဖေ့ဘုတ်စ်မှတာဝန်ရှိသူတွေကပြည်တွင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ် ။

Author - ရဲလင်းလင်းသန်း

Kumudra
Ref : http://www.myanmarcnn.com

2014 နှစ်သစ်နဲ့အတူ Samsung ရဲ့ ဖုန်းအသစ်တွေ မကြာမီလာမည်

တောင်ကိုရီးယားမှ စမတ်ဖုန်းထုတ်လုပ်သူကြီး Samsung ကတော့ မကြာခင်အချိန်အတွင်းမှာ ‘Galaxy S5’ စမတ်ဖုန်းနဲ့ အပြိုင် ‘Galaxy F’ ဆိုတဲ့ ဖုန်းအသစ်ကို ထုတ်လုပ်သွားမယ်လို့ သတင်းထွက်လာပါတယ်။ အဆိုပါဖုန်းရဲ့ အပြင်ဘက်ကိုယ်ထည်ဟာ သတ္တုနဲ့ ဖန်တီးထားတာဖြစ်ပြီး တောင်ကိုရီးယား သတင်းဌာန တစ်ခုကနေ ဒီသတင်းကို ရရှိတာဖြစ်ပါတယ်။
Samsung ရဲ့ နောက်ထွက်လာမယ့် Galaxy S5 ဟာလည်း သတ္တုကိုယ်ထည်နဲ့ ထုတ်လုပ်သွားမယ်လို့ သတင်းတွေ ထွက်ထားပါတယ်။ ဒါ့အပြင် Samsung အနေနဲ့ နောက်ထွက်မယ့် စမတ်ဖုန်းတွေမှာ သတ္တုကိုယ်ထည်ကိုသာ အသုံးပြုသွားမှာ ဖြစ်ပြီး သုံးစွဲသူတွေကို တန်ဖိုးကြီးတဲ့ ခံစားမှုမျိုး ပေးစွမ်းတော့မှာပါ။
သတ္တုကိုယ်ထည်နဲ့ ဖန်တီးသွားမယ်ဆိုတဲ့ Galaxy F ဟာ Samsung ရဲ့ 2014 ခုနှစ်အတွင်း ပထမဆုံး High-End စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။ နှစ်သစ်ရောက်လာခြင်းနဲ့အတူ စမတ်ဖုန်းအသစ်နဲ့ နည်းပညာအသစ်တွေဟာလည်း သင့်ရဲ့ လက်ထဲကို ရောက်လာတော့မှာပါ။ ဒီဖုန်းမှာ QHD 2K ရုပ်ထွက် (2560×1600) Display အသုံးပြုသွားမယ် လို့လည်း သိရပါတယ်။ Samsung ရဲ့ တရားဝင် ထုတ်ပြန်ကြေညာချက်ကိုတော့ စောင့်ရမှာ ဖြစ်ပေမယ့် မကြာခင်အတွင်းမှာပဲ ဒီလို အဆင့်မြင့် ဖုန်းတွေကို မြင်တွေ့ရတော့မှာပါ။
Source: gsmarena