
Samsung Galaxy S4 ကို စတင်ရောင်းချခဲ့တာ ၆ လပြည့်ပြီးချိန် 
စာရင်းထုတ် ကြေညာချက် အရ အလုံးရေ သန်း ၄၀ ရောင်း ချခဲ့ပြီး ဖြစ်ကြောင်း 
သိရပါတယ်။ 
အလုံးရေ သန်း ၅၀ ပြည့်ဖို့အတွက် ဦးတည်နေပါတယ်။
 ဒါကြောင့်မို့ တစ်နစ်တာ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း အဖြစ် 
စံချိန်တင်စေ ရန်လည်း Samsung တို့ မျှော်လင့်လျက် ရှိပါတယ်။ ထုတ်လုပ်မှု 
တိုးမြင့် လျက် ရှိပြီး ကမ္ဘာတစ်လွှားမှ ဝယ်လိုအားလည်း များပြားနေပါတယ်။ ယခင်
 က Record လုပ်ထားတဲ့ ၇ လအတွင်း Samsung Galaxy S3 အလုံးရေ သန်း ၄၀ 
ရောင်းချနိုင်တဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ 
Samsung
 Galaxy S4 ရောင်းအားနဲ့အတူ အခြား မော်ဒယ်မြင့်ဖုန်း နဲ့ မော်ဒယ်နိမ့်ဖုန်း
 အမျိုးအစား အားလုံး ရောင်းအား မြင့်တက်လျက်ရှိပြီး ကုမ္မဏီရဲ့  Operating 
Profit ရော Total Revenue လည်း မြင့်တက်နေ ပါတယ်။ ဒါကြောင့်မို့ ၂၀၁၃ 
ခုနှစ်မှာလည်း ရောင်း အား အကောင်းဆုံး စမတ်ဖုန်း ထဲမှာ Samsung ကုမ္မဏီကပဲ 
စံချိန်တင်နိုင်ဖွယ် ရှိတယ်လို့ ခန့်မှန်း ထားကြကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham ( TSJ Team )
Aung Ko Htet 
 






 
 
 
 
 
 
 

 
0 comments:
Post a Comment