ဖိုင်များအားUSB Drives ဖြင့်ကူးယူလို့မရအောင်လုပ်ခြင်း
ကိုယ့်စက်က ဖိုင်တွေကို USB Drives နဲ့ကူးယူလို့မရအောင် လုပ်ကြမယ်/တခါတလေ
ကိုယ့်စက်ထဲက ဒေတာတွေကို သူများတွေ USB Drives နဲ့ကူးသွားမှာမလိုလားဘူး။
အထူးသဖြင့် လူဝင်လူထွက်များတဲ့ရုံးတွေမှာဆိုပိုဆိုးတယ်။ ဒါဆိုရင် အဲလို
USB Drives နဲ့ ကော်ပီကူးလို့မရအောင် Registry ထဲမှာသွားပြင်ကြရအောင်။
1) Start –> Run ကိုသွားလိုက်ပါ။ regedit လို့ ရိုက်ပြီး Enter ခေါက်လိုက်ပါ။
2) ဒီလမ်းကြောင်းအတိုင်း တဆင့်ပြီးတဆင့်သွားလိုက်ပါ “HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control”
3) key အသစ်တခုဖန်တီးလိုက်ပြီး StorageDevicePolicies လို့ နာမည်ပေးလိုက်ပါ။
4) StorageDevicePolicies ကို ရွေးခြယ်လိုက်ပြီး DWORD (32-bit) Value ကို
ဖန်တီးလိုက်ပါ။ ပြီးရင် အဲဒီ DWORD (32-bit) Value ကို WriteProtect
ဆိုပြီး အမည်ပေးလိုက်ပါ။ 5) အဲဒီ WriteProtect ရဲ့တန်ဖိုးကို " 1 " လို့ပြောင်းပေးလိုက်ပါ။
ပြီးရင် Registry Editor ကိုပိတ်လိုက်ပါ။ တခါတရံ ကိုယ်ပြောင်းထားတဲ့ setting
အလုပ်လုပ်ဖို့ computer ကို restart ချပေးဖို့လိုပါတယ်။
စက်ပြန်တက်လာတဲ့အခါ သင့်စက်ထဲက ဘယ်ဖိုင်ကိုမှ USB Drives
တွေနဲ့ကူးလို့ရမှာ မဟုတ်တော့ပါဘူး။ ကူးလိုက်ရင်အောက်ပါအတိုင်း error
message တက်ပါလိမ့်မယ်။ ဒီနည်းကို Window XP SP 2 မှ Vista
အထိသုံးလို့ရပါတယ်။ ဒါပေမဲ့ ဖိုင်ကူးမဲ့လူက administrator status
ရထားရင်တော့ ဒီ setting ကိုအလွယ်တကူပြန်ပြင်လို့ရပါတယ်။
မှတ်ချက်။ ။ Registry တွင် ဝင်ရောက်ပြင်ဆင်ချင်းမှာ မှားလုပ်မိလျှင် Windows
မတက်သည်အထိ ဖြစ်တတ်သောကြောင့် မကျွမ်းကျင်သူဖြစ်ပါက Registry ကို ကြိုတင်၍
backup လုပ်ထားရန်လိုအပ်ပါသည်။
ပြန်ဖြတ်ခြင်ရင်

3) key အသစ်တခုဖန်တီးထားသော StorageDevicePolicies ကိုပြန်ဖြတ်ပေးလိုက်ပါ ကွန်ပျူတာကို Restart ပြန်ချလိုက်ပါ Write Protect ပြန်ပြက်သွားပါလိမ့်မယ်
မိမိ စတက်ကို win 7 မှာထိုးမိလို့ Write Protect Error ပြနေတယ်ဆိုရင် Win 7 မှာ အစအဆုံးတစ်ခါပြန်လုပ်လိုက်ပါ Win Xp မှာမိတယ်ဆိုရင် XP မှာ ပြန်လုပ်ပါ Sp1 Sp2 Sp3 အဲ့ဒါလည်းတူရပါမယ် 32bit နဲ့ 64 bit ဒါလေးတွေလည်း တူရပါမယ်
အလွယ်နည်းလေးတစ်နည်း (ရခြင်ရပါတယ် မရခြင်ရင်လည်းမရပါဘူး)
ကွန်ပျူတာကိုဖွင့် Safe Mode နဲ့ဖွင့် ပြီးတော့ Cmd >> G: ကိုရိုက် Enter ပေါ့ G: နေရာမှာ မိမိ စတစ်ထိုးထားတဲ့ Drive နာမည်ကိုထည့်ရပါမယ် ပြီးရင် format g: လို့ရိုက်လိုက်ပါ
နောက်တစ်နည်း Linux Os (သို့မဟုတ်) Mac Os မှာ Format ချလိုက်ပါ အဆင်ပြေကြပါစေဗျာ

0 comments:
Post a Comment