Pages

Translate

Wednesday, June 26, 2013

ကိုရီးယားတယ်လီကွန်းကုမ္ပဏီ SK Telecom Co., မှ ကမ္ဘာ့ ပထမဦးဆုံး သော LTE-Advanced Network ကိုစတင်

 
 ကိုရီးယားတယ်လီကွန်းကုမ္ပဏီ SK Telecom Co., မှ ကမ္ဘာ့ ပထမဦးဆုံး
သော LTE-Advanced Network ကိုစတင်


မြန်မာနိုင်ငံတွင် မကြာမီ ရက်ပိုင်းအတောအတွင်း Telecomတင်
ဒါလိုင်စင် နှစ်ခုကိုရွေးချယ်တော့မည့် ကာလမှာပဲ ကိုရီးယားနိုင်ငံတွင် SK Telecom ကုမ္ပဏီသည် 4G Network ၏ နောက်ဆုံးမျိုးဆက် LTE-Advanced မိုဘိုင်းနက်ဝပ်ဝန်ဆောင်မှုကို ယနေ့တွင်စတင်လိုက်ပြီဖြစ်
သည်။

LTE-Advanced သည် ယခင်LTEထက် အမြန်နှုန်းနှစ်ဆပိုမြန်ကာ
အခြားသော 3G Networksများထက် 10ဆပိုမြန်ပါသည်။ အမြန်နှုန်း 150Mbps ရှိသည်။

ယခုအခါတွင် LTE-Advanced Network ၀န်ဆောင်မှုများအားကို
ရီးယားနိုင်ငံရှိ ဆိုးလ်မြို့ အပါအ၀င် အခြားသောမြို့ကြီးပေါင်း 43 မြို့တွင် ရရှိနေပြီဖြစ်ပြီး မကြာမီ နောက်ထပ်မြို့များစွာသို့ထပ်မံတိုးချဲ့သွားမည်ဖြစ်
ကာ တက္ကသိုလ်ပေါင်း 103ခု ကလည်း အဆိုပါ LTE-Advanced Network
ဝန်ဆောင်မှုကို ရရှိနေပြီဖြစ်သည်။

Samsung Galaxy S4 ဖြင့်စမ်းသပ်ချက်များအရ အမြန်နှုန်း 150Mbps ရှိကြောင်းသိရသည်။LTE-A အနေဖြင့် Carrier Aggregation နည်းပညာကိုသုံးစွဲထားပြီး ယင်းနည်းပညာသည် မိုဘိုင်းနက်ဝပ်အတွင်းရှိ
မတူညီသော Frequencies များကို ပေါင်းစပ်ထားကာ ထိရောက်မှု အရှိဆုံး
သော 20MHz Spectrum band ကို10MHz channel band နှစ်ခုပေါင်းစပ်
ကာ ရရှိနိုင်မည်ဖြစ်သည်။ ပိုမိုမြင့်မားသော အမြန်နှုန်းများအား မကြာမီ ကာ
လ အတောအတွင်းရရှိ နိုင်တော့မည်ဖြစ်ပြီး လက်ရှိစံနှုန်းများအရ 20MHz Band ငါးခု အထိပေါင်းစပ်နိုင်သည်။

LTE-Advanced သည် LTE ပြီးနောက်ထပ်မံပေါ်ထွက်လာသော
Standard တစ်ခုဖြစ်ပြီး LTE အနေဖြင့် လက်ရှိ High-Speed Network များ
တွင် အမြန်ဆုံး အဖြစ် သတ်မှတ်ထားသည်။

Samsung Electronics မှ CEO J.K.Shin က ရိုက်တာသတင်းဌာန
သို့ ပြီးခဲ့သည့်တနင်္လာနေ့ အင်တာဗျူးတွင် ပြောကြားရာ ၌ Samsaung အ
နေဖြင့် မကြာမီ LTE-Advanced အတွက် Galaxy S4 ကို အထူးဒီဇိုင်းချပြု
လုပ်ကာ ထုတ်လုပ်သွားမည်ဟု ဆိုခဲ့ပြီး ၄င်းကဆက်လက်၍ LTE စနစ်တွင်
3 မိနစ်ကြာ download လုပ်ရသော ဗီဒီယိုဖိုင်တစ်ခုကို LTE-A မှာ 1မိနစ်သာ
ကြာသည်ဟု ဆိုခဲ့သည်။

ဂျပန် Telecom ကုမ္ပဏီ NTT DoCoMoကလည်း လက်ရှိ LTE Network ကို download speed 115.5 Mbps အမြန်နှုန်းဖြင့် ၀န်ဆောင်မှုများပေးနေပြီး LTE-Advanced Network ကို 1Gbps ဖြင့် 2015
မှာ ရရှိနိုင်အောင်လုပ်ဆောင်ပေးသွားမည်ဟု ပြောကြားမှုများရှိခဲ့သလို ကမ္ဘာ
တစ်လွှား နာမည်ကြီး Carriersများဖြစ်သည့် Sprint နှင့် AT & T တို့ကလည်း ယခုနှစ် အတွင်းမှာပင် LTE-Advanced Networkများကို တည်
ဆောက်သွားမည်ဟု ပြောကြားထားခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေကာမူ ကိုရီးယား SK Telecomကတော့ကမ္ဘာပထမဦး
ဆုံးသော LTE-Advanced Network ၀န်ဆောင်မှုကိုစတင်နိုင်ခဲ့သော ကုမ္ပ
ဏီအဖြစ်မှတ်တမ်းဝင်ခဲ့ပြီး မကြာမီ ကာလများမှာ ကမ္ဘာတစ်ဝှမ်းLTE-A အမြန်နှုန်း များရရှိနိုင်စေဖို့ သက်ဆိုင်ရာ Telecom ကုမ္ပဏီကြီးများမှလုပ်ဆောင်သွားတော့မှာဖြစ်ပါတယ်။

=====================

Nyein Chan(TSJ Tech Team)

=====================
ကိုလတ်(ကျွဲဆင်း)

0 comments:

Post a Comment