Pages

Translate

Friday, June 28, 2013

Access Denied ဆိုပြီး အနီရောင်ကြီးပေါ်နေသူများအတွက် ကျော်ခွနည်း


 
Access Denied ဆိုပြီး အနီရောင်ကြီးပေါ်နေသူများအတွက် ...
ဒီနည်းလေးက ကျွန်တော်သိထားတာ ကြာခဲ့ပါပြီ သိပြီးတဲ့သူတွေလည်းသိမှာပါ ...
2005 ၀န်းကျင်လောက်က သိထားတဲ့အရာလေးပါ ....
ပထမဆုံး .... https://www.your-freedom.net/ မှာ Register လုပ်လိုက်ပါ ...
ပြီးရင်  ftp://ftp.your-freedom.net/pub/freedom-20130618-01.exe  ဒေါင်းလိုက်ပါ ...
Install လုပ် .. Install လုပ်ပုံက အရမ်းလွယ်လို့ မပြောပြတော့ဘူးနော် ...
ပြီးတော့ သူ့ကိုဖွင့်လိုက်ရင် ... Language ရွေးခိုင်းပါမယ် ကိုယ်ကြိုက်ရာ Language ကိုရွေးပေါ့ ...ကျွန်တော်ကတော့ Eng ပဲသိလို့ Eng ပဲရွေးတယ် ....ပြီးတော့ Welcome screen လေးပေါ်လာပါပြီ .... Next ...
Proxy Address နဲ့ Port မှာ မိမိအသုံးပြုတဲ့ proxy နဲ့ port ကိုရွေးပေးပါ ...
ပြီးတော့ Next ..... ပြီး ဆက် Next ... ဆက် Next .....
အဲဒီ အခါမှာ Freedom က သူ့ဟာသူ မိမိနဲ့သင့်တော်မယ့် proxy ရှာပေးပါလိမ့်မယ် ... ခေတ္တစောင့်ပါ ...
တော်တော်ကြာပါလိမ့်မယ် .... ပြီးရင် Freedom server proxy တွေအများကြီးကျလာပါလိမ့်မယ် ...
တစ်ခုကိုရွေးချယ်လိုက်ပါ ... Next .. ဒီတခါ အစောက register ပြုလုပ်ထားတဲ့ username နဲ့ password ပေးလိုက်ပါ ...
Next and Save Exit ....
ပြီးရင် .. Ports ကိုသွား Socks 4/5 Port မှာ 1080 အဲဒီဟာကို အမှန်မခြစ်ရသေးရင်ခြစ်ပေးပါ ...
အောက်က Web Proxy 8080ကိုလည်း အမှန်ခြစ်ပါ ... ဒါပြီးရင်
Applications ကိုသွား ... Freedom proxy အသုံးပြုလိုတဲ့ browser တွေကို အမှန်ခြစ်ရွေးပေးပါ ...
ပြီးရင် Status ကိုသွား ... Start Connection ကို နှိပ်လိုက်ပါ ... ခေတ္တစောင့်ပါ ...
Freedom ရဲ့ တံခါးလေးက အစိမ်းရောင်လေးနဲ့ ပွင့်သွားပါလိမ့်မယ် ...
ဒါဆိုရင် မိမိ အသုံးပြုလိုတဲ့ browser ကိုသွားပြီး ဖွင့်လိုရာဖွင့် ... Access Denied စာသားမပေါ်တော့ပါဗျားးးးး
အကုန်ပွင့်ပါလိမ့်မယ် ... ကျော်ချင်ခွချင်သူများ ကျော်ကြခွကြပါ ...
အကယ်၍ Freedom တံခါးပွင့်ရယ်သားနဲ့ Browser မှာ မကျော်ဘူးဆိုရင် ..
ဥပမာ Firefox နဲ့ပြောမယ် .. Tool > Options > Advanced > Network > Connection > Setting
အဲဒီမှာ Manual Proxy ကိုရွေး အောက်က HTTP proxy မှာ 127.0.0.1 port မှာ 8080
ပြီးတော့ use this proxy server for all protocols ကို အမှန်ခြစ် ...
ဒါဆို OK ပြီ ... ဒီအတိုင်းလုပ်ရင် ....
Applications ကိုသွား ... Freedom proxy အသုံးပြုလိုတဲ့ browser တွေကို အမှန်ခြစ်ရွေးပေးပါ ...
ဆိုတဲ့အဆင့်လုပ်စရာတောင်မလိုပါ ...
IDM မှာ ကျော်ချင်ရင်လည်း IDM ရဲ့ proxy ကို 127.0.0.1 port 8080 နဲ့ သုံးလို့ရပါတယ် ....
တခုထပ်ပြောချင်တာက welcome screen နဲ့ လုပ်တဲ့ Freedom proxy ရှာတဲ့နေရာမှာ တော်တော်ကြာကြာစောင့်ရတာကို
မစောင့်ချင်ရင် ... welcome wizard ပိတ်လိုက်ပြီး ကိုယ့်ဟာကိုယ် setting လိုက်ထည့်လည်းရပါတယ် ...
wizard နဲ့က လွယ်ပေမယ့်ကြာတယ် ...
Status ထဲက Confrigure ထဲမှာ သွားလုပ်လို့ရတယ်
Account Information မှာ username password ထည့် ...
Proxy setting မှာ မိမိရဲ့ မူရင်း proxy ထည့် ...
Server connection မှာတော့ ကိုယ့်ဟာကိုယ် proxy တွေအလွတ်မှတ်ထားပေါ ...
ကျွန်တော်ကတော့ လွယ်တဲ့ Proxy တွေမှတ်ထားလိုက်တယ် ...
Address မှာ ems01.your-freedom.de ... port မှာ 443 ...
connection mode မှာ https ကိုပဲရွေးပါ ... သူကတော့အဆင်ပြေဆုံးပဲ
အဲဒီမှာ ems01 နေရာမှာ 10,11,12,13,02 အဲလိုတွေပြောင်းထည့်ကြည့်ရတယ် ....
ပြီးရင် Save and Exit လုပ်ပြီး start connection ပေါ့ဗျာ ....
မှတ်ချက် ။ ။ သူက ကျွန်တော်တို့အခုလုပ်ထားတဲ့ account က Free မို့လို့ Speed Limit ရှိတယ်။
64 kbit/s ထက်မပိုဘူး ဆိုတော့ ကျော်သုံးစရာရှိတဲ့အခါမှသာဒါကိုဖွင့်သုံး သာမန်အချိန်ဆို ဒါနဲ့မသုံးပါနဲ့ ..
connection အရမ်းနှေးပါတယ် ... ကျော်လည်းသုံးချင် မြန်လည်းမြန်ချင်ရင်တော့ သူ့ဆိုဒ်မှာ မိမိအကောင့်ကို ဒေါ်လာလေးနဲ့ လုပ်လိုက်ပေါ့ ...
အောက်ကလင့်မှာ ကြည့်ပါ ...
http://www.your-freedom.net/index.php?id=account
ပုံနှင့်တကွ ရှင်းမပြနိုင်တာခွင့်လွှတ်ပါ ... သားသားက connection မကောင်းလို့ပါ ... =D
သေသေချာချာတော့ ရှင်းပြထားတဲ့အတွက် ဘော်ဒါတို့အတွက် လွယ်မယ်ထင်ပါတယ် ....
https://www.facebook.com/groups/itnetwork4burma/ 
 မှ 
ကို Thiha Mdy ရဲ့ ပို့စ်ကို အများ ဗဟုသုတ ရစေရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ 
ဒီပို့စ်လေးကို မျှဝေခွင့်ပြုတဲ့ ကိုThiha Mdy ကို ကျေးဇူးတင်ရှိပါတယ်...။

0 comments:

Post a Comment