Pages

Translate

Thursday, June 13, 2013

Facebook ရဲ့အသစ်တိုးလာတဲ့ "Trusted Contacts" ဆိုတာ


 Facebook ကအကောင့် လော့ကျသွားတဲ့ အခါ ကိုယ်အယုံကြည်ဆုံး၊ အခင်ဆုံး သူငယ်ချင်းတွေက ကိုယ့်အကောင့်ကို ပြန်ရအောင် လုပ်ပေးမယ့် "Trusted Contacts" ဆိုတဲ့ feature ကိုထပ်တိုး လိုက်ပါပြီ။

Facebook ကကိုယ့် Account Security ကိုကိုယ့်သူငယ်ချင်းတွေ လက်ထဲကို ထည့်ပေး လိုက်ပါပြီ။ ကိုယ့်ရဲ့ Account လော့ကျ သွားတဲ့အခါ ကိုယ်အယုံဆုံး၊ အခင်ဆုံး သူငယ်ချင်း တွေက Account ကိုပြန်ရအောင် လုပ်ပေး နိုင်တော့မှာပါ။

ဒီနေ့မှာပဲ Facebook က "Trusted Contacts" လို့ခေါ်တဲ့ လုံခြုံရေး Feature တစ်ခုကို ထပ်တိုး လိုက်ပါပြီ။ ဒီ Feature ကအခင်ဆုံး သူငယ်ချင်း တွေဆီက အကူအညီနဲ့ ကိုယ့်ရဲ့ Passwords တွေကို ပြန်ပြင်လို့ ရအောင် လုပ်ဆောင် ပေးမှာပါ။ ဒီ Feature ကအသစ်တော့ မဟုတ်ပါဘူး။ ၂၀၁၁တုန်းက လုပ်ခဲ့တဲ့ Trusted Friends ကိုပြန်လည် ဆန်းသစ် ထားတာ ဖြစ်ပြီး ဒီနေ့မှာ တစ်ကမ္ဘာလုံးကို ဖြန့်ပေး တော့မှာပါ။ နောက်ပိုင်း Facebook ကိုဝင်တဲ့အခါမှာ ပြဿနာ တက်နေရင်ဒီ Trusted Contacts ထဲမှာ ကိုယ်အယုံကြည်ဆုံး သူငယ်ချင်း သုံးယောက် ကနေ ငါးယောက် အထိကို ရွေးထား ပြီးတော့ သူတို့တွေက ကိုယ့်ရဲ့ အကောင့်ကို ပြန်ရအောင် ကူညီပေး မှာပါ။ 
 Lock ကျ သွားတဲ့ အခါမျိုး တွေမှာ ကိုယ်ရွေးထားတဲ့ သူငယ်ချင်း တွေဆီကို Security Codes တွေကို ပို့ပေးမှာ ဖြစ်ပြီး သူတို့တွေက ကိုယ့်ဆီကို အဲ့ Security Codes တွေပြန်ပို့ ပေးရမှာပါ။ ကိုယ့်အကောင့်ကို ပြန်ရဖို့ အတွက် Codes စုစုပေါင်း ၃ခု လိုပါမယ်။ ဒါတင်မက Trusted Contacts ကိုသုံးတာကြောင့် အရင်လို ကိုယ့်ရဲ့ Security Question တွေရဲ့ အဖြေကို မှတ်ထားစရာ မလိုတော့တဲ့ အပြင် ကိုယ်ဘယ်သူ ဘယ်ဝါ ဆိုတာ သက်သေ ပြရတဲ့ ဖောင်အရှည်ကြီး တွေလည်း ဖြေပေးစရာ မလိုတော့ ပါဘူးလို့ Facebook ကဆိုပါတယ်..
  1. On your Facebook profile Go To – Settings.
  2. Choose Security Settings and then ‘Trusted Contacts’.
  3. Click on ‘Choose Trusted Contacts’ and going forward you can add 3-5 friends whom you trust can help you in need.


Facebook's Trusted Contacts - Steps 
ဒီ feature ကိုသုံးမယ် ဆိုရင် security settings ထဲသွားပြီး ကိုယ်ယုံကြည် ရတဲ့ သူတွေကို ရွေးလိုက်ပါ။ ကိုယ်ရွေးလိုက်တဲ့ သူငယ်ချင်းတွေ ဆီကို notifications လေးတွေ ပို့ပြီး အကြောင်းကြား ပေးပါလိမ့်မယ်။ Facebook ကအမှန်တကယ် ယုံကြည်ရတဲ့ သူတွေကိုပဲ ရွေးချယ်ပါ ဆိုပြီး သတိပေး ထားပါတယ်။ ဒါဟာ ကိုယ့်ရဲ့ အိမ်သော့ အပိုတွေကို ပွားပေးထား ရတာနဲ့ ဆင်တူပြီး လော့ကျ သွားတဲ့အခါ သူတို့ဆီက ကိုယ့်သော့ကို ပြန်တောင်း ရတာမျိုးပါ။ ဒီလုံခြုံရေး စနစ် အသစ်က ကြည့်ရတာ ထူးဆန်းပေမယ့် ခုခေတ်ရဲ့ အခြေအနေနဲ့ ကိုက်ညီမှု ရှိပါတယ်။ အသုံးပြုသူတွေကို လွယ်လွယ်နဲ့ လုံလုံခြုံခြုံ ကိုယ့်အကောင့်ကို ပြန်ရအောင် လုပ်ဆောင် ပေးထား ပါတယ်။ ဒီပုံစံ အသစ်ကို မကြိုက်တဲ့ သူတွေ အတွက်တော့ အရင်ပုံစံ security questions တွေဖြေ တာကို ပြန်သုံးလို့ ရပါတယ်။

Credit to: MYMC

0 comments:

Post a Comment