Pages

Translate

Sunday, June 9, 2013

အင်တာနက် ဘယ်လို အလုပ် လုပ်သလဲ

အင်တာနက် ဘယ်လို အလုပ်လုပ်လဲ


အင်တာနက် ဘယ်လို အလုပ်တယ်ဆိုတာကို အကြမ်းဖျင်း ရှင်းပြနိုင်တဲ့ ပုံလေးပေါ့။

Moderm

အင်တာနက်လိုင်း အသွားအပြန် ရဖို့ အတွက် Moderm က End user (ကွန်ပြူတာ)နဲ့ အနီးဆုံး ရှိနေတာ မြင်တွေ့ ရပါမယ်။

Firewall

ပုံထဲမှာတေည့ မပါပါဘူး။ သူက ဝင်လာတဲ့ Data တွေကို စစ်ဆေး ပေးတဲ့ အဆင့်တစ်ခုပါ။ Router တွေမှာလည်း Buit in ပါတတ်တဲ့ Device မို့လို့ ဖြစ်ပါတယ်။ Firewall Device ဆိုပြီးလည်း သီးသန့် ရှိပါတယ်။ 

Router 

မတူညီတဲ့ Network တွေကို ချိတ်ဆက်ပေးမယ့် ပစ္စည်းလေးပါ။

Domain Name System

ကွန်ပြူတာက ပို့လိုက်တဲ့ သတင်းအချက်အလက် ထဲမှာ ဘယ်လိပ်စာကို သွားချင်တာလည်း ဆိုတာကို စာနဲ့ ရိုက်ပေမယ့် DNS က Binary သင်္ချာ IP address အဖြစ်သို့ ပြန်လည်ပြောင်းလဲ ရှာဖွေ ပေးပါတယ်။ ပြီးတော့ လိပ်စာ အမှန်ကို Web Server ဆီပို့ပေးပါတယ်။

Web Server 

Website လိပ်စာ ၊ အချက်အလက် (Web content) များကို သိမ်းဆည်းထားပေးတဲ့ နေရာ ဖြစ်ပါတယ်။ 

ISP

Internet Service Provider ပါ။ လက်ရှိ မြန်မာပြည်မှာ ဆိုရင် MPT, Red Link, Sky Net အစရှိသဖြင့် ကွဲပြား သလိုပေါ့။ ISP မှာ ရှိနေတဲ့ DNS ကို ကျနော်တို့ နေ့စဉ် အသုံးပြု Request တောင်းနေတဲ့ လိပ်စာများ၊ ပို့နေတဲ့ အချက်အလက်များ နေ့စဉ်ပျက်စီးဆင်း နေပါတယ်။

အကြမ်းဖျဉ်း အလုပ်လုပ်ပုံ

အချက်အလက် Packet ကို Computer က ပို့ပြီး Local Router ကိုရောက်ပါမယ်။ ပြီးတော့ နီးစပ်ရာ ISP ကRouterကိုရောက်ပြီး ကမ္ဘာ့ ကွန်ရက် DNS သို့ပို့ပေးပါတယ်။ ယင်း DNS က Web Server ကို တစ်ဆင့်ထပ်ပို့ပါတယ်။ ယင်း ကနေမှ အချက်အလက်မှန် ကို ပြောင်းပြန် ပြန်လည် စီးဆင်း စေပြီး Local က User ဆီ မရောက်ခင် Firewall ကတစ်ဆင့် စစ်ဆေးပြီးမှ user computer ဆီပြန်ပို့ပေးပါတယ်။ ဝဘ်ဆိုဒ်တွေ Ban တယ်၊ ပိတ်တယ်ဆိုတာ Local ISP (ပြည်တွင်းက Internet Service Provider) များက ပိတ်ချင်တဲ့ ဆိုဒ်များကို ရိုက်ထည့်ထားခြင်း ဖြစ်ပါတယ်။ ကိုယ့် Local Network မှာလည်း ပိတ်ချင်ရင် Customize လုပ်လို့ ရပါသေးတယ်။ 

ဒီလောက်ဆို အင်တာနက် အလုပ်လုပ်ပုံ အကြမ်းဖျင်းကို သိရှိပြီမို့ မျှော်လင့် ပါတယ်။


အောင်ခမ်း (TSJ team)

-

ကိုလတ်(ကျွဲဆင်း)

0 comments:

Post a Comment