လင်းနို့်တွေဟာ အလွန်ကိုစိတ်ဝင်စားစရာကောင်းမွန်တဲ့ကောင်တွေပါ။သူတို့ရဲ့ 
အထူးခြားဆုံး စွမ်းရည်ကတော့ သူတို့ဟာ အရာဝတ္ထုတစ်ခုရဲ့တည်နေရာကို 
ပဲ့တင်သံဖမ်း နည်းစနစ် အသုံးပြုပြီး ရှာဖွေနိုင်စွမ်းပါပဲ။ ဒါကို 
(EcholocativeAbility) လို့ခေါ်ပါတယ်။ သူတို့ရဲ့ ဒီစွမ်းရည်ဟာ ဘယ်လောက်တောင်
 ကောင်းမွန်ပါသလဲဆိုတာကို သိရှိနိုင်ဖို့အတွက် ပညာရှင်တွေဟာ 
စမ်းသပ်ချက်တွေအများကြီးလုပ်ခဲ့ပါတယ်။
အခု ကျွန်တော်တို့ဒီအကောင်တွေရဲ့အံဖွယ်ဒီဇိုင်းတွေကို သေချာကြည့်ရအောင်
 (J.A.Summer Maria Torres, Scientific Research about bats, Boston: 
National Academic Press ,September 1996, pp 192-195) ပထမဆုံး 
စမ်းသပ်ချက်မှာ လင်းနို့တစ်ကောင်ကို လုံးဝမှောင်မိုက်နေတဲ့ အခန်းတစ်ခုထဲမှာ
 ထည့်ထားလိုက်ပါတယ်။အဲဒီအခန်းရဲ့ ထောင့်တစ်နေရာမှာ ယင်ကောင်တစ်ကောင်ကို 
လင်းနို့ရဲ့သားကောင် (အစာ)အဖြစ် ထားရှိလိုက်ပါတယ်။ နောက်တော့ ဒီအခန်းထဲက 
အဖြစ်အပျက်တွေကို ညဘက်ကြည့် ကင်မရာတွေထားရှိပြီး ပညာရှင်တွေဟာ လှို့ဝှက် 
စောင့်ကြည်ခဲ့ကြပါတယ်။ သူတို့ တွေ့ရှိလိုက်တာကတော့ ယင်ကောင်ဟာလေထဲက 
စတင်ရောက်ရှိတာနဲ့ တပြိုင်နက် တခြားထောင့်ကနေရာမှာ ရှိတဲ့လင်းနို့ဟာဒီ ယင် 
ကောင်ဆီကို တိုက်ရိုက်ချက်ချင်း လျှင်မြန်စွာသွားပြီး ချက်ချင်း 
ဖမ်းဆီးလိုက်နိုင်ပါတယ်။
ဒီစမ်း သပ်ချက်အရ လင်းနို့တွေဟာ အလွန်ကောင်းတဲ့ 
အာရုံခံနိုင်မူစွမ်းရည်ဟာပိန်းပိတ်တဲ့ အ မှောင်ထဲမှာ တောင် 
ရှိတယ်လို့ကောက်ချက်ချ ကြပါတယ်။ ဒါပေမယ့် ဒီ အာရုံခံနိုင်မူ စွမ်းရည်ဟာ 
အကြားအာရုံ ကြောင့်လား ဒါမှမဟုတ် လင်းနို့မှာ ဇီးကွက်တွေလို အမှောင်ထုထဲမှာ
 မြင်နိုင်စွမ်းရှိတဲ့ မျက်လုံးများ ရှိနေလို့လားဆိုတာ ပညာရှင်တွေအနေနဲ့ 
မဝေခွဲနိုင်ကြသေးပါဘူး။
ဒါကြောင့်ဒီမေးခွန်းတွေရဲ့ အဖြေကိုရရှိဖို့အတွက် ဒုတိယ 
စမ်းသပ်ချက်ကိုဆောင်ရွက်ကြပါတယ်။ အဲဒီအခန်းထဲမှာပဲ ခူကောင် 
တွေကိုထားရှိပြီး အဲဒီ ခူကောင်တွေရဲ့အပေါ်ကိုသတင်းစာ စာရွက် တစ်ထပ်နဲ့ 
လင်းနို့အနေနဲ့ မမြင်နိုင်အောင်လုံလုံခြုံခြုံ အုပ်ထားလိုက်ပါတယ်။ ပြီးတော့
 ပညာရှင်တွေဟာ ကင်မရာကနေ တစ်ဆင့်စောင့်ကြည့်ကြပါတယ်။ ဒီအခါမှာ 
သူတို့တွေ့မြင်ကြ ရတာကတော့ လင်းနို့ဟာ လွှတ်လိုက်တာနဲ့ တစ်ပြိုင်နက်၊ 
အချိန်လုံးဝ မဆွဲပဲ သတင်းစာရှိရာ သို့သွားရောက် ဖယ်ရှားပြီး၊ခူ ကောင်တွေကို
 စားသောက် ပစ်လိုက်ပါတယ်။ ဒါကြောင့် ဒီစမ်းသပ်မူအရ လင်းနို့တွေရဲ့ 
လမ်းကြောင်းရှာဖွေနိုင်မူ စွမ်းရည် ဟာ အမြင်အာရုံကြောင့် မဟုတ် ဘူးဆိုတာ 
ပညာရှင်တွေ သိရှိခဲ့ကြပါတယ်။
သိပံ္ပညာရှင်တွေဟာတတိယမြောက် စမ်းသပ်ချက်ကို ထပ်မံပြုလုပ်ပါတယ်။ 
ရှည်လျားတဲ့ လျှောက်လမ်းတစ်ခုရဲ့တစ်ဘက်ခြမ်းမှာ တစ်ဖက်ခြမ်းမှာ လင်းနို့ 
တစ်ကောင်ကို ထားရှိပြီး တစ်ခြား တစ်ဘက်ခြမ်းမှာတော့ လိပ်ပြာတစ်ကောင်ကို 
ထားရှိလိုက်ပါတယ်။ ပြီးတော့ လင်းနို့နဲ့ လိပ်ပြာကြား လမ်းတစ်လျှောက်မှာ 
နံရံများစွာကို အစီအစဉ်အလိုက် ထားရှိလိုက်ကြပါတယ်။နံရံတစ်ခု 
ဆီမှာလင်းနို့တစ်ကောင်သာ ၀င်နိုင်လောက်တဲ့ အပေါက်ငယ်လေးကိုပဲ ထားထားပါတယ်။ 
ဒါပေမယ့် ဒီပေါက်တွေရဲ့ တည်နေရာဟာ နံရံတစ်ခုစီမှာ တည်နေရာထားရှိပုံတွေ 
မတူညီကြပါဘူး။ ဆိုလိုတာက လင်းနို့ဟာလိပ်ပြာဆီရောက်ချင်တယ်ဆိုရင် 
တည့်တည့်ခြင်းပဲ သွားလို့မရဘူးပေါ့။ Zigzag ပုံစံသွားရပါမယ် သိပ္ပ 
ံပညာရှင်တွေဟာ ဒီမှောင်နေတဲ့လျှောက်လမ်း ထဲမှာ လင်းနို့ကို လွှတ်ပြီး 
စတင်စောင့်ကြည့်ကြပါတယ်။ အံ့ဖွယ်ပါပဲ။ လင်းနို့ဟာ ပထမအကန့်နံရံ 
ကိုရောက်တာနဲ့ အပေါက်ဆီကိုအေးဆေးဖြစ်သန်း သွားပါတယ်။ 
အကန့်နံရံအားလုံးကိုသူဟာ လွယ်ကူစွာပဲ ဖြစ်သန်းသွားနိုင်ပါတယ်။လင်းနို့ဟာ 
နံရံရှိတယ်ဆိုတာ သိရုံမက အပေါက်ဘယ် မှာရှိနေတယ်ဆိုတာကိုပါ 
သိရှိနေပါတယ်။နောက်ဆုံး အပေါက်ကို ဖြစ်ကျော်ပြီးတဲ့ အခါမှာတော့ သူဝမ်းစာ 
ပြည့်ပြီပေါ ။့
အရမ်းအံသြသွားတဲ့ သိပံ္ပပညာရှင်တွေဟာလင်းနို့ရဲ့ အာရုံခံနိုင်မူ 
စွမ်းရည်ဟာ ဘယ်လောက်ထိနူးညံ့ပါသလဲ ဆိုတာကို နား လည်သိရှိနိုင်ဖို့ 
နောက်ဆုံး စမ်းသပ်ချက် တစ်ခုကို ထပ်မံပြုလုပ်ကြပါတယ်။
ရှည်လျားတဲ့ လှိုဏ်ခေါင်းတစ်ခုမှာ ၀.၆ မီလီမီတာလေးပဲ အချင်းရှိတဲ့ 
စတီးကြိုး များကို အပေါ်ဘက်စီလင်က နေကြမ်းပြင်ပေါ်ဆီသို့ ကျပန်း ပုံစံ 
ထားရှိလိုက်ကြပါတယ်။အဲဒီမှာ ပညာရှင်တွေဟာ ဆထက်ထမ်းပိုး 
အံအားသင့်သွားကြပါတယ်။ လင်းနို့ဟာ (0.6mm) အထူပဲရှိတဲ့ 
အဟန့်အတားတွေကိုတောင် သိရှိရှောင်ကွင်းပြီးသွားနိုင်ခဲ့ ပါတယ်။ အဲဒီ သုသေသန
 အရ လင်းနို့ဟာ မယုံနိုင်ကောင်းလောက်အောင် အာရုံခံ စွမ်းရည်ကို သူတို့ရဲ့ 
ပဲ့တင်သံသုံး တည်နေရာ ရှာဖွေရေး စနစ် (Echolocative Ability) 
နဲ့ချိတ်ဆက်ပြီး ပိုင်ဆိုင် ရရှိနေတယ်ဆိုတာကိုပညာရှင်တွေသိရှိခဲ့ကြပါတယ်။ 
လင်းနို့တွေဟာ သူတို့နား က အရာဝတ္ထုတွေကို ထောက်လှမ်းနိုင် ဖို့ 
မြင့်မားတဲ့ ကြိမ်နှုန်း (Frequency)ရှိတဲ့ အသံလှိုင်း တွေကိုထုတ်လွှတ်ပါတယ်။ 
ဒီအသံလှိုင်းတွေဟာ အရာဝတ္ထုတွေဆီကနေ ပြန်ကန် ထွက်လာပါတယ်။ ပြန်လာတဲ့ 
ဒီအသံတွေဟာ လူသားတွေ မကြားနိုင်ပေမဲ့ သူတို့ အတွက်တော့မြေပုံ တစ်ပုံလို 
အလုပ်လုပ်ဆောင်နေကြပါတယ်။ (Donald Griffin, Animal Engineering, San 
Francisco, The Rockefeller university-W.H freeman Com p72-75)
လင်းနို့ဟာသူထုတ်လွှတ်လိုက်တဲ့ အသံနဲ့ အရာဝတ္ထု 
ဆီမှပြန်ကန်ထွက်လာပြီးသူပြန်လည်ကြားရှိလိုက်ရတဲ့ အသံ၂ခုကြား အချိန်ကို 
မှတ်သားပြီး အဲဒီအရာဝတ္ထုနဲ့ သူနဲ့ကြား အကွာအဝေးကို တွက်ချက်နိုင်ပါတယ်။ 
အဟိတ် တိရစ္ဆာန်တစ်ကောင်ရဲ့ ဒီလိုတွက်ချက်နိုင် စွမ်းရည်ဟာ အံ့ဖွယ်ဒီဇိုင်း 
တစ်ခုပဲဖြစ်ပါတယ်။ လင်းနို့ရဲ့သိနားလည်မူ စွမ်းရည်ဟာ ဒီမှာတင်မရပ်သေးပါဘူး။
 သူဟာ Doppler Effect ကိုပါ နားလည်နေပါတယ်။
ဒီလိုပါ ။ တကယ်တော့ လင်းနို့ရဲ့ ကြားနိုင်သော ကြိမ်နှုန်းဘောင် 
(Spectrumof Frequency) ဟာ အလွန်ကျဉ်းမြောင်းပါတယ်။ Doppler Effect ဆိုတာက 
ဒီလိုပါ။ အကယ်၍ အရာဝတ္ထု ၂ ခုသည် ရပ်တည်နေသည်ဆိုပါက 
ပို့လွှတ်လိုက်သောကြိမ်နှုန်း (Frequency) နှင့် ပြန်လည် ကန်ထွက်လာသော 
ကြိမ်နှုန်းသည် တူညီပါတယ်။ သို့သော်လှုပ်ရှားနေသော အရာဝတ္ထုဖြစ်ပါက (ဥပမာ 
ဝဲပျံနေသော ယင်ကောင်)၊ ပြန်ကန်ထွက်လာသော ကြိမ်နှုန်းသည် 
ပို့လွှတ်လိုက်သောကြိမ်နှုန်းနှင့် မတူညီပါ။ ဒီအခါမှာ 
လင်းနို့ကြုံတွေ့နိုင်တဲ့ပြဿနာကတော့ ဥပမာ လှုပ်ရှားနေသော ယင်ကောင်ဆီမှ 
ပြန်ကန်ထွက်လာသော ပဲ့တင်သံသည် သူကြားနိုင်သော ကြိမ်နှုန်းဘောင် 
အတွင်းမဝင်ပါက သူကြားလိုက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ လင်းနို့တွေဟာဒီ Doppler
 Effect ကိုသိနားလည်နေတဲ့အလားလှုပ်ရှားနေတဲ့ အရာဝတ္ထုတွေဆီ ဆိုရင်တော့ 
သူဟာစတင် အသံပို့လွှတ်ကတည်းက သူ့ရဲ့ အမြင့်ဆုံး 
ကြိမ်နှုန်းရှိတဲ့အသံကိုပို့လွှတ်လိုက်ပါတယ်။
ဒါမှသာလျှင်ပြန်ကန်ထွက်လာတဲ့ အသံလှိုင်းဟာ သူကြားနိုင်တဲ့ 
ကြိမ်နှုန်းဘောင်ထက်ကို နိမ့်မကျသွားမှာဖြစ်ပါတယ်။ ဒီလိုချိန်ညှိနိုင်မူကို 
ဘယ်လိုကြောင့်များ ဆောင်ရွက်နိုင်ပါသလဲ။ လင်းနို့တစ်ကောင်ရဲ့ 
ဦးနှောက်မှာသူရဲ့ အသံလှိုင်းအာရုံခံ စနစ်ကိုထိန်းချုပ်နေတဲ့ Neurons 
(အာရုံကြောဆဲလ်) နှစ်မျိုးရှိပါတယ်။ တစ်မျိုးက ပြန်ကန်ထွက်လာတဲ့ 
ပဲ့တင်သံကို ဖမ်းယူပေးပြီးနောက် တစ်မျိုးက ကြွက်သားတွေကို တည်နေရာရှာ 
အသံလှိုင်းတွေကို ထုတ်လုပ်ပါဆိုတဲ့ အမိန့်ကိုပေးနေပါတယ်။ ဒီ Neuron 
နှစ်မျိုးဟာ တစ်ခုနဲ့တစ်ခု ပြီးပြည့်စုံစွာ ချိန်ကိုက်အလုပ် 
လုပ်ဆောင်နေကြပါတယ်။
အောက်မှာ လင်းနို့ရဲ့ စွမ်းရည်ဟာ လူလုပ်ရေဒါတွေ၊ ဆိုနာ တွေထက် 
မနှိုင်းကောင်းလောက်အောင် သာလွန်ကောင်းမွန်နေတဲ့ 
ယှဉ်တွဲပြမူကိုဖော်ပြပေးလိုက်ပါတယ်။
Sunday, March 23, 2014
လူသားတို့တီထွင်ထားသော ရေဒါ၊ ဆိုနာ များထက် ခေတ်ရှေ့ပြေးနေသော လင်းနို့များ
Subscribe to:
Post Comments (Atom)
 






 
 
 
 
 
 
 

 
0 comments:
Post a Comment