သူငယ်ချင်းတို့ရဲ့ ဖုန်းထဲမှာ SMS application တွေကတော့ အများကြီးရှိမှာတော့မလွဲဘူးနဲ့တူတယ်နော်။
 SMS
 ပို့တာတို့ free call application တို့မျိုးစုံနေမှာပါ။ အခုလည်း 
ထပ်ပြီးထွက်လာတဲ့ application လေးက GO ရဲ့ product တဲ့ GO SMS Pro version 
လေးပါ။ သိကြတဲ့အတိုင်းပဲ application တွေကတော့ function
 စုံအောင်လို့တော့ ထုတ်လုပ်နေကြတာပဲလေ။ ဒီ Pro version လေးမှာလည်း  
function အသစ်အဆန်း တွေပါဝင်လာတာကိုတွေ့ရပါတယ်။ ဒီဇိုင်းကအစပေါ့နော်။
function အသစ်အဆန်း တွေပါဝင်လာတာကိုတွေ့ရပါတယ်။ ဒီဇိုင်းကအစပေါ့နော်။
 ဒီ
 application လေးထဲမှာ ကိုယ်လက်မခံ ချင်တဲ့ SMS တွေကို block 
လုပ်ထားနိုင်ခြင်း၊ ကိုယ်သတ်မှတ်ထား အချိန်အတိုင်း message တွေကို auto 
reply လုပ်ထားနိုင်ပါတယ်ဗျာ။ 
ိကိုယ်ပို့ထားတဲ့ message တွေကို အခြားသူတွေမကြည့်စေချင်ဘူးဆိုရင် Gesture (ပုံသဏ္ဍန်ဖြင့် ရေးဆွဲရသော) နှင့် Lock လုပ်ထားနိုင်ခြင်း၊SMS တွေကို ပျောက်သွားမှာစိုးရိမ်တဲ့ သူတွေအတွက် SMS တွေကို cloud ပေါ်မှာ backup လုပ်၍ သိမ်းဆည်းနိုင်ခြင်းတွေက ဒီ app လေးထဲမှာပါဝင်တဲ့ feature တွေပဲဖြစ်ပါတယ်ဗျာ။ ဒီ app လေးကိုအသုံးပြုချင်တယ်ဆိုရင်တော့ android version 1.6 နဲ့အထက်ဆိုရင်
လုံလုံလောက်လောက် အသုံးပြုနိုင်ပါပြီဗျာ။

အောက်က link တွေကနေ download လုပ်နိုင်ပါတယ်ဗျာ။
အားလုံအဆင်ပြေပါစေဗျာ။ 
Aung Ko Htet (IT Studier)

0 comments:
Post a Comment