Android ဖုန်းကို Profile တွေနဲ့ သုံးမယ်
**************************
Profile Scheduler
Profile
 ဆိုတာ နေရာတိုင်းမှာ ရှိနေတတ်ပါတယ်။ facebook မှာလဲ ကျွန်တော်တို့တွေ 
Profile ကိုယ်စီနဲ့ ၊ Viber , Tango , Wechat စသဖြင့် 
နေရာတော်တော်များများမှာ ကျွန်တော်တို့တွေ ကိုယ့် Profile နဲ့ကိုယ် 
အသုံးပြုကြတယ်။ Profile ဆိုတာ ကိုယ်သတ်မှတ်ပေးထားတဲ့ အချက်အလက်တွေ၊ 
ကိုယ်နဲ့သက်ဆိုင်တဲ့ အကြောင်းရာတွေ စုစည်းထားခြင်းလို့ ကျွန်တော် အလွယ် 
ဘာသာပြန်ပါမယ်။ 
အိုကေဗျာ
 .. အခု ကျွန်တော်တို့ ဖုန်း system ကိုလဲ Profile သတ်မှတ်ကာ 
အသုံးပြုရအောင်။ ဘယ်လို Profile မျိုးလဲဆိုတော့ .. Ringtones သံ၊ Volume 
အတိုးအကျယ်၊ whitelist , blacklist၊ wifi အဖွင့်အပိတ်၊ 
အင်တာနက်အဖွင့်အပိတ်၊ မှန်ပြင်အလင်းအမှောင်၊ screen timeout , wallpaper 
စတာတွေကို Profile တွေခွဲပြီး ကိုယ့်စိတ်ကြိုက်သတ်မှတ်ထားလို့ရတယ်။ အလွန် 
အသုံးဝင် ထိရောက်ပါတယ်။ 
အလုပ်ထဲမှာဆိုရင်
 အသံကို တိုးထားတယ်။ သူငယ်ချင်းတွေ ဖုန်း call တွေကို blacklist 
ခဏလုပ်ထားမယ် .. စသဖြင့် သတ်မှတ်ပေးထားလို့ရတယ်။ ချစ်ချစ်နဲ့ 
တွေ့နေတဲ့အချိန်မှာ အနှောင့်ယှက်ကင်းအောင် call volume ကို silent 
လုပ်ထားမယ်၊ ဘယ်ဘော်ဒါမှ ဖုန်းမဆက်အောင် ပိတ်ထားမယ် နောက် ချစ်သူပုံလေးကို 
wallpaper ထည့်ပစ်လိုက်မယ် .. အဟဲ အဲ့လိုသတ်မှတ်ပေးထားပြီး ထို profile ကို
 ရွေးလိုက်တာနဲ့ system setting တွေ အလိုအလျောက် ပြောင်းလဲပြီး 
ချိန်ပေးသွားပါတယ်။ ဖုန်းတိုင်းမှာ အသုံးပြုသင့်ပါတယ်။ 
ညအိပ်ရာဝင်ခါနီးရင်လဲ Night Profile ကို ရွေးလိုက်မယ်ဆိုရင် screen 
အလင်းကို အဆုံးထိ လျော့ပေးသွားမယ်။ volume တွေကို အကုန် တိုးပစ်လိုက်မယ်၊ 
wifi / data ကို off လုပ်ပစ်မယ် ဆိုတော့ အနှောင့်ယှက်ကင်းကင်း battery 
မကုန်စေပဲ အိပ်လို့ရသွားပါပြီ။
App
 မှာပါတဲ့ Profile တွေကို ပြုပြင်လို့ရတဲ့အပြင် ကိုယ့်စိတ်ကြိုက် Profile 
အသစ်များကိုလဲ ထပ်မံ ထည့်သွင်း သတ်မှတ်ပေးလို့ရပါတယ်။ ဒီလောက်ဆို Profile 
သတ်မှတ်ပြီး သုံးတာက ဘယ်လို ကောင်းလဲ နားလည်မယ်လို့ထင်ပါတယ်။ Android 2.2 
နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။
download - (1MB)
ပျော်ရွှင်ပါစေ။
အိုင်တီခေတ်
cradit 
winkabarkyaw.net 

 






 
 
 
 
 
 
 

 
0 comments:
Post a Comment