ဒီနည်းလမ်းကိုတော့ မိတ်ဆွေ တော်တော်များများသိပြီးကြလိမ့်မယ်ထင်ပါတယ်..
ဒါပေမယ့် မသိသေးသူတွေအတွက်မျှဝေလိုက်တာပါ.. Computer နဲ့
အင်တာနက်သုံးနေရင်း Google မှာ ရှာစရာလိုလာတဲ့အခါ အသံနဲ့
အမိန့်ပေးစေခိုင်းနိုင်ပါတယ်.. သူက Oweb Voice Input လို့ခေါ်တဲ့ Extension
လေးတစ်ခုဖြစ်ပြီး Google Chrome Browser နဲ့သုံးရတာဖြစ်ပါတယ်..
1. Chrome Browser ကိုအသုံးပြုပြီး အောက်ကလင့်ကို သွားလိုက်ပါ.. ( Skip ကျော်ပြီး Chrome Extension ရှိတဲ့နေရာကို ရောက်အောင်သွားပါ )
Click Here !
2. ရောက်ရင်ညာဘက်နားက Add to Chrome ကိုနှိပ်လိုက်ပါ.. ခဏစောင့်နေလိုက်ပါ..
3. ပြီးသွားရင်တော့ www.google.com ကိုခေါ်လိုက်ပါ.. Search Box ရဲ့ ညာဘက်နားလေးမှာ Mic သင်္ကေတ အရုပ်ကလေးကို တွေ့ရမှာဖြစ်ပါတယ်. ဒါကိုတစ်ချက်နှိပ်လိုက်ရင် Speak Now ဆိုပြီးပေါ်လာမှာဖြစ်ပါတယ်..
မှတ်ချက်= ငါးပိသံ နားမလည်ပါ. (တိန်) !
အဆင်ပြေပါစေ...
0 comments:
Post a Comment